← Chapters

အခန်း (၂၈၅)

Vol. 19 Ch. 285

အခန်း (၂၈၅)

Vol. 19 Ch. 285

ဟော်ယွမ်ယွမ် ခေါင်းညိမ့်လိုက်ပြီး "ရှင် အဲ့လို ရှင်းပြတော့မှပဲ ကျွန်မလည်း နားလည်သွားတော့တယ်..."

"ကောင်းပြီ..ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့တော့..လုပ်စရာရှိတာ သွားလုပ်ကြတော့..မင်းတို့ အာရုံစိုက်ရမယ့် ကိစ္စတွေ အများကြီး ရှိနေသေးတယ်..."

"အွန်း..."

ကိစ္စတစ်ချို့ ဆွေးနွေးပြီးနောက် သုံးယောက်သား ထွက်လာခဲ့ကြ၏။ သူတို့တွင် လုပ်ရန် ကိစ္စများစွာ ကျန်နေသေးလေသည်။

"ဟျောင့် ..‌အဲ့မှာ ရပ်နေလိုက်စမ်း..."

အလှမ်း သိပ်မကွာဝေးသော နေရာ၌ ရပ်နေသည့် ကျောက်ကျိန်းရန်မှာ လင်းရီမှ သူ့ကို သောက်ရူး ကျပ်မပြည့်ဟု ပြောသံ ကြားတော့ အမျက် ချောင်းချောင်း ထွက်သွားပြီး စောနမှ မကျေနပ်မှုများ ပေါင်းစည်းကာ ပေါက်ကွဲထွက်လာတော့သည်။

"ဘာလဲ..ငါနဲ့ မခွဲရက်လို့လား..."

"ငါ့အထင် ဒီနေ့ ငါတို့ ရန်ကြွေးကို အပြတ်ချေမှ တော်ကာကျမယ်ထင်တယ်..."ကျောက်ကျိန်းရန် မျက်လုံးများ ကျဉ်းမြောင်း၍ ပြောလိုက်လေသည်။

"ဘယ်လိုအပြတ်ချေမှာ...ဂဏန်းတွက်စက် ယူခဲ့လို့လား..."

"ငိုးပဲဟျောင့်..မင်းသောက်ခွက် လာမပြောင်နဲ့ .."ကျောက်ကျိန်းရန် ကျိန်ဆဲလိုက်ပြီး "ငါ့ကို သဘောကောင်းတယ်များ ထင်နေတာလားကွ..ငါ ကျိုးဟိုင်မှာ ကျင်လည်လာတာ နှစ်ပေါင်းမနည်းတော့ဘူး..ငါ့ကို ငတုံးများ အောက်မေ့နေလား..."

"ဘာလဲ...ငါ့ရှေ့မှာ မိမိုက်သလို လုပ်ချင်နေတာလား..."

"ဂျက်ခ်...အဲ့ကောင်ကို ဒီဆွဲခေါ်ခဲ့စမ်းကွာ..ငါတိတ်ဆိတ်တဲ့ နေရာရှာပြီး သူနဲ့ စကားကောင်းကောင်း ပြောချင်တယ်..."

ကျောက်ကျိန်းရန် သူ၏ ကိုယ်ရံတော်ကို အမိန့်ပေးလိုက်၏။

"နာလည်ပါပြီ ဘော့စ်..."

အသားဖြူဖြူနှင့် နိုင်ငံခြားသားမှာ လင်းရီရှေ့သို့ ရောက်လာခဲ့ပြီး အပေါ်စီးမှ ငုံ့ကြည့်ကာ "ဆာ...ဘော့စ်ကျောက်က ခင်များနဲ့ စကားပြောချင်နေတယ်...ဒီတော့ ကျုပ်နဲ့ လိုက်ခဲ့မှ ရမယ်..."

"ဘာတွေ ဖြစ်နေတာလဲ..နင်က ရန်ဖြစ်ချင်နေတာလား..."ဟော်ယွမ်ယွမ် လင်းရီရှေ့၌ ပိတ်ရပ်၍ သူမ၏ အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။

သို့သော်လည်း သူမ ဒီနေ့ ၀တ်လာခဲ့သည့် အင်္ကျီမှာ တော့ လက်တို ဖြစ်နေခဲ့၏။ထို့ကြောင့် မခေါက်တင်နိုင်ပဲ သူမ၏ ဆိုဒ်ထုတ်မှုမှာ ကျရှုံးသွားလေတော့သည်။

ကျောက်ကျိန်းရန် ပခုံးတွန့်လိုက်ပြီး "ငါတို့ အားလုံးက နိုင်ငံကြီးသား ပီသတဲ့ လူတွေပဲလေ..အဲ့လို အတွေးမျိုး မရှိဘူး..ဒီတိုင်း သူနဲ့ စကားအေးဆေး ပြောချင်ရုံပဲ..."

"ဖင်အကြာကြီး ကုန်းလိုက်လေ..ရှင့်မှာ ပိုက်ဆံ ရှိတယ်ဆိုတိုင်း လူပါးလာမ၀နဲ့...ဘယ်သူမှ ရှင့်ကို မကြောက်ဘူး.."

"ကောင်မလေး...ဒါမင်းနဲ့ မဆိုင်ဘူးနော်...မထိခိုက်ချင်ရင် ဝေးဝေးနေတာ ကောင်းမယ်..."

ချီရှန်းကျောက် ဟော်ယွမ်ယွမ်၏ လက်ကို ဆွဲ၍ နောက်သို့ ဆွဲခေါ်သွား၏။

အမျိုးသမီးတစ်ယောက်မှ အမျိုးသားရှေ့တွင် ပိတ်ရပ်၍ ကာကွယ်ပေးနေစရာ အကြောင်းမရှိချေ။

"အစ်ကိုချီ..ကျွန်မကို ဘာလို့ ဆွဲလာတာလဲ..ကျွန်မက မိန်းမသားလေ..သူတို့ သေချာပေါက် ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး...."

"အပိုတွေ မပြောနဲ့..စိတ်ငြိမ်ငြိမ် ထား.."ချီရှန်းကျောက် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။

အဝေးတွင် ကင်မရာ အသိမ်းခံလိုက်ရသည့် သတင်းထောက်များကတော့ နှစ်ဖက်တင်းမာနေသည်ကို ကြည့်ရင်း ပွဲဖြစ်မည်ကို စောင့်မျှော်နေကြ၏။

အကယ်၍ သူတို့သာ ယခု ဖြစ်ရပ်ကို သတင်းပို့နိုင်မည်ဆိုပါက သေချာပေါက် ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။

"ဒီလင်းရီက နည်းနည်းလေး မမောက်မာလွန်းဘူးလားကွ..တစ်ဖက်ကောင်က သခင်လေးချင်းနဲ့တောင် ရင်ဘောင်တန်းနိုင်လောက်တဲ့ ကျောက်ကျိန်းရန်နော်.."

"ကျိုးဟိုင်မှာ ကျောက်မိသားစုရဲ့ အရှိန်အဝါက တော်ရုံတော့ မဟုတ်ဘူး..ဒီငနဲတော့ သွားပြီပဲ.."

"ငါကြားထားတာတော့ အဲ့ဒီ ကိုယ်ရံတော်ကလည်း ဈေးကြီးပေးပြီး ခေါ်ထားရတာဆိုပဲ..သောက်ရမ်းကြမ်းလောက်တယ်...လင်းရီသာ ခေါ်သွားခံရလို့ကတော့ အထုအထောင်း ခံလိုက်ရမယ့် ဖြစ်ခြင်း..အသက်ချမ်းသာပေးဖို့ ဒူးထောက်တောင်းပန်ခိုင်းတာတောင် ဖြစ်နိုင်တယ်..."

"အင်း..ဖြစ်နိုင်လောက်တယ်...ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေ သုံးတဲ့ နည်းလမ်းက ငါတို့လို လူသာမန်တွေ စိတ်ကူးယဉ်နိုင်တဲ့ အရာ မဟုတ်ဘူး..."

လင်းရီ ကျောက်ကျိန်းရန်ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပြီး "ဒီတိုင်း လိုက်ခဲ့ရုံလေးပဲမလား...ဘာ ပြဿနာမှ မရှိဘူး..ဒါပေမယ့် မင်းဒီလို ခေါ်တာကြီးကတော့ အတော်လေး သောက်ရှက်ပဲ့တယ်ဟျောင့်.."

"ဟမ့်...ဘာလို့လဲဆိုတော့ မင်းနဲ့ ထိုက်တန်တဲ့ ပုံစံနဲ့ပဲ ခေါ်လိုက်တာလေ..."

ထိုသို့ပြောပြီးနောက် ကျောက်ကျိန်းရန် သူ၏ ကိုယ်ရံတော်ကို ကြည့်ကာ "ဂျက် ..သူ့ကို ကားထဲ ခေါ်ခဲ့လိုက်ကွာ..."

"နားလည်ပါပြီ..."

လင်းရီ ခေါင်းခါယမ်းလိုက်ပြီး "ငါမင်း ဖိတ်ခေါ်တဲ့ ပုံစံကို မကြိုက်ဘူးလို့ ပြောပြီး‌ပြီနော်ဟျောင့်.."

"ဟက်..ဒါက ငါအတတ်နိုင်ဆုံး ယဉ်ကျေးထာူတာလို့တောင် ပြောလို့ရတယ်..."

ဂျက်ဟု အမည်တွင်သည့် ကိုယ်ရံတော်မှာလဲ တုံ့ဆိုင်းခြင်း အလျင်းမရှိ လင်းရီကို အားဖြင့် ဖမ်းဆုပ်လိုက်၏။

သို့သော်လည်း လင်းရီ၏ တုံ့ပြန်မှုမှာလည်း လွန်စွာ လျင်မြန်သည်။ ဂျက်၏ လက်ကောက်၀တ်ကို ဖမ်းချုပ်ပြီး လိမ်ချိုးပစ်လိုက်၏။

"အာ့..."

ဂျက် နာကျင်စွာ တစ်ချက် မြည်တမ်းလိုက်ပြီး ခန္ဓာကိုယ်မှာတော့ ဝေဒနာကြောင့် တစ်စက်စက် တုန်ခါနေလေသည်။

"ငိုးမသား...ငါ့ကိုလွှတ်‌‌...."

"လွှတ်ပေးလိုက်ရင် ကိုယ့်အရှက်ကို ခွဲသလိုဖြစ်နေမှပေါ့ကွ.."လင်းရီ ပြောလိုက်ပြီး "ငါ ယဥ်ယဉ်ကျေးကျေးလေး ပြောနေတုန်းကကျ ဘာလို့ နားမထောင်ချင်တာ..."

"အာ့....."

နာကျင်စွာ အော်ညဉ်းသံ အရှည်ကြီး ထွက်လာခဲ့ပြီး ဂျက် ဝေဒနာကြောင့် သတိလစ်ချင်သလိုပင် ဖြစ်လာခဲ့သည်။

လင်းရီ ရုတ်တစ်ရက် ဂျက်၏ လက်ကို လွှတ်ပေးလိုက်ပြီး သူ၏ လက်ဖဝါးကြီးဖြင့် ဆံပင်ကို ဆုပ်ကိုင်ကာ မြေပြင်သို့ အားပါးတရ ဆောင့်ချလိုက်၏။

ဘုန်း..

ဂျက် မျက်ခွက် မြေပြင်နှင့် မိတ်ဆက်သွားခဲ့ပြီး နှာခေါင်းရိုးလည်း ကျိုးသွားခဲ့သည်။

မျက်နှာတစ်ခုလုံး သွေးများဖြင့် ပေညံနေပြီး မြေပြင်ပေါ်တွင် နာကျင်စွာဖြင့် လူးလိမ့်နေတော့၏။ စောနက ရှိန်လောက်သော ကိုယ်ရံတော် ပုံရိပ်နှင့် လားလားမျှ မသက်ဆိုင်တော့ချေ။

"ဘယ်..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."

ကျောက်ကျိန်းရန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။

သေစမ်း..ဒီကောင်က ကွန်ဖူးတတ်တယ်ဟ...

ဂျက်ကို တစ်ချက်တည်းနဲ့ အမှောက်သိပ်ပစ်လိုက်တယ်...

"မင်းရဲ့ ကိုယ်ရံတော်က လာခေါ်နိုင်မယ် မထင်တော့ဘူး..မင်းကိုယ်တိုင် လာခဲ့ပါလားကွ....."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"လင်းရီ...မင်း..မင်း မဆင်မခြင် မလုပ်နဲ့နော်..ငါ့မှာ မင်းနဲ့ ဘာမှ ပြောစရာ အကြောင်း မရှိဘူး..."

"တကယ်ကြီးလား..ခုနကပြောတော့ တိတ်ဆိတ်တဲ့ နေရာမှာ စကားအေးဆေး ပြောချင်တယ်ဆို...စိတ်ပြောင်းသွားတာလား..."

"ဟုတ်တယ်...ငါစိတ်ပြောင်းသွားပြီ"ကျောက်ကျိန်းရန် လေးငါးလှမ်းခန့် နောက်ဆုတ်လိုက်ပြီး "ငါ အအေးမိလို့ နှာစေးတာ မပျောက်သေးဘူး.. မင်းကို ကူး နေမှာဆိုးလို့ ဒီနေ့ စကား မပြောသေးဘူး...."

လင်းရီ :"???"

ဖက်ခ်

ပွဲကြည့်ချင်နေသူများ :"????"

ငိုးပဲ

ဒီကောင်က ရောဂါပျံ့မှာကြောက်နေတယ်?..

ခုလေးတင် သောက်ရမ်းတွေ တက်ကြွနေတာ မဟုတ်လားကွ..ဘယ်လိုလုပ်ပြီး အအေးက မိသွားရတာလဲ..

ကြောက်တယ်ဆိုရင်လည်း လက်ခံနိုင်လောက်တဲ့ အကြောင်း ပြချက် ပေးလေကွာ...

ကျောက်ကျိန်းရန် သူ့ကားဆီသို့ ကမန်းကတမ်း ပြေးသွားလိုက်ပြီး ညိုးငယ်စွာဖြင့် မောင်းထွက်သွားတော့၏။ လင်းရီလည်း ထိုငတိလေးနောက် လိုက်သွားဖို့ အစီအစဉ် မရှိချေ။

"သွားစို့..."လင်းရီ ပြောလိုက်၏။

"ဘော့စ်..ရှင်ခုနက ချသွားတာ အရမ်းခန့်တာပဲနော်..ကျွန်မတော့ ခုထိ ဘော့စ်ရဲ့ ခန့်ညားတဲ့ ပုံရိပ်ကို မြင်ယောင်နေမိတုန်းပဲ.. "

"ဘယ်တတ်နိုင်မှာ..ငါကလည်း သောက်ရမ်းတွေ ချောနေတာကိုးကွ..."

ဟော်ယွမ်ယွမ် ရယ်မောလိုက်ပြီး "ဘော့စ် မပူနဲ့နော်..ရှင့်ရဲ့ ငယ်သားက ခုလေးတင် ဖြစ်သွားတဲ့ ကိစ္စကို သေချာပေါက် လျို့ဝှက်ထားပေးမယ်..."

"ဘာဆိုင်လို့..."

"အစ်မကျီက ရန်ဖြစ်တဲ့ သူတွေဆို သိပ်မုန်းတာလေ...ဒီတော့ ရှင့်ရန်ဖြစ်တာ ပြန်မပြောဘူးလို့ ပြောတာ.."

"သောက်ရေး မပါတာ..မင်းသူ့ အကြောင်း နားမလည် သေးပါဘူးကွာ...,"

"ဘာဆိုင်လို့ မသိရမှာ..ကျွန်မက သူ့ရဲ့ ဂျူနီယာညီမ လေးပဲကို..."

"ဟမ့်..တကယ်လို့ မင်းအစ်မသာ ဒီမှာရှိနေကြည့် ငါ့ကို ဖျောင်းဖြမယ့် အစား သူကတောင် ၀င်တွယ်ရင် တွယ်နေဦးမှာ.."

ထိုသို့ ပြောပြီးနောက် လင်းရီ မြောက်ကြွ မြောက်ကြွအမူအရာ ဖြင့် ထွက်လာခဲ့လိုက်၏။

သူ၏ အင်္ကျီပေါ်တွင် သွေးတစ်ချို့ ပေနေသောကြာင့် လင်းရီ ကျောင်းသို့ တန်းမသွားပဲ ကျိုကျုံးဗီလာသို့ပြန်လာကာ အ၀တ်စား လဲလိုက်သည်။ ပြီးမှ ရှာရီလေးဖြင့် ကျောင်းသို့ ထွက်လာခဲ့လိုက်၏။

သူ ရှောင်ထျန်ကို ကြို၍ အတန်း‌ချိန် ရွှေ့ခိုင်းထားသည်မှာ ကွက်တိ ဖြစ်သွားခဲ့သည်။ မဟုတ်ပါက မစ်ရှင်ပြီးမြောက်စေရန် နောက်တစ်ရက် ထပ်စောင့်ရပေဦးမည်။

ညနေ ၂:၃၀ အချိန်တွင်တော့ ခေါင်းလောင်းထိုးသံ ပျံ့လွင့်လာပြီး တစ်ချိန်တည်းတွင် သူ၏ စိတ်ထဲ၌ စနစ်၏ အသိပေးစာ ရောက်ရှိလို့ လာလေသည်။

[အန္တိမ မစ်ရှင် ပြီးမြောက်သွားပါပြီ]

[ဆုလဒ် - အတွေ့ကြုံမှတ် ၃ သိန်း..]

[အလုပ်ပြီးမြောက်နှုန်း - ၁၀၀%]

[ဆုလဒ် Sci-tech အီလက်ထရောနစ် ကုမ္ပဏီ...]

"Sci-tech အီလက်ထရောနစ် ကုမ္ပဏီ"

လုံရှင်း သုတေသန စင်တာကို လက်လွှဲရယူပြီးနောက် လင်းရီ သိပ္ပံနှင့် သုတေသန နယ်ပယ်ရှိ ကုမ္ပဏီတစ်ချို့၏ နာမည်နှင့် ရင်းနှီးလာခဲ့သည်။

သို့သော်လည်း စနစ်မှ ချီးမြင့်ထားသည့် ကုမ္ပဏိ နာမည်ကိုတော့ ဘယ်တုန်းကမျှ ကြားဖူးခြင်း မရှိခဲ့ချေ။

သို့နှင့် လင်းရီလည်း ပိုင်သုကို ဖွင့်ကာ ထိုကုမ္ပဏီ၏ အမည်ကို ရိုက်ထည့်၍ ရှာလိုက်တော့၏။

"အမ်...ဒေဝါလီခံရတော့မယ့် ကုမ္ပဏီလားဟ..."

အင်တာနက် ပေါ်ရှိ သတင်းများ အရတော့ ယင်းကုမ္ပဏီမှာ ကနေဦး၌ သုတေသန နယ်ပယ်တွင် အောင်မြင်ကျော်ကြားခဲ့သည့် ကုမ္ပဏီကြီး တစ်ခုဖြစ်၏။

ချိုင်းနားရှိ လျှပ်ကူးပစ္စည်းများ သုတေသန ပြုသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး အစိုးရ၏ ဥပဒေအရ သီးသန့် ထောက်ပံ့မှုများကို ရရှိရုံတင်မက များစွာသော သိပ္ပံထူးချွန်ဆုများကိုလည်း ဆွတ်ခူးနိုင်ခဲ့လေသည်။

သို့သော်လည်း အဆင့်မြင့် ချစ်ပ်များ ဖန်တီးတော့မည့် အချိန်တွင် ဆုံးဖြတ်ချက် အမှားများ ပြုလုပ်မိသွားပြီး ပြိုင်ဘက် ကုမ္ပဏီများ၏ တိတ်တဆိတ် ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။ ရလဒ်အနေဖြင့် အကြွေးမြောက်များစွာ တင်သွားခဲ့ပြီး ဒေဝါလီခံရလု နီးနီးပင် ဖြစ်သွားခဲ့လေသည်။

မတိုးသာ မဆုတ်သာ အခြေနေမှ ဖောက်ထွက်ရန် ကုမ္ပဏီမှာ ပြန်လည် ဖွဲ့စည်းရန် လိုအပ်၏။ ထို့ကြောင့် ဘဏ်မှ အတိုးဖြင့် ပိုက်ဆံများ ချေးငှားပြီး ပစ္စည်းအသစ်များ ၀ယ်ယူကာ ဟိုင်ဟုန်နှင့် TVB တို့၏ လမ်းစဉ်အတိုင်း ချစ်ပ်များကို ကန်ထရိုက်ဖြင့် ထုတ်လုပ်ရန် ပြင်ဆင်လာခဲ့သည်။

သို့သော်လည်း ပြန်လည် ဖွဲ့စည်းပြီးနောက် တစ်နှစ်အကြာတွင် ချစ်ပ်အရေအတွက် ၃,၀၀၀ ခန့် းလောက်သာ ထောက်ပံ့ပေးနိုင်သောကြောင့် ဆက်လက် မရပ်တည်နိုင်တော့ပဖြ လွန်ခဲ့သော သုံးလခန့်ကပင် ဒေဝါလီခံရတော့မည်ဟု ကြေညာလိုက်ရသည်။

စနစ်၏ ဆုလဒ်ကို မြင်တော့ လင်းရီ ဖက်နမ်းချင်လောက်တဲ့ အထိ ၀မ်းသာသွားခဲ့၏။

ယခု သူလိုအပ်နေသည့် အရာနှင့် အချိန်ကိုက်ပင်။

စနစ်၏ အကျင့်စရိုက်ကို နားလည်သဘောပေါက်စ ပြုလာသောကြောင့် လင်းရီ နောက်ထပ် မစ်ရှင်တစ်ခု မပြီးမြောက်မီ စိတ်ထဲမှ လိုချင်နေသည့် အရာကို တိတ်တဆိတ် ဆုတောင်းထားရန် ဆုံးဖြတ်ထားလိုက်၏။

ကလင် ကလင် ကလင် ..

တစ်ချိန်တည်းတွင် လင်းရီ၏ ဖုန်းမြည်လာခဲ့ပြီး အမည်မသိ ဖုန်းနံပါတ်ပင်။ သို့သော်လည်း လင်းရီကတော့ မည်သူမှ ဆက်လာလဲဆိုတာ ခန့်မှန်းပြီးဖြစ်၏။

"ဟယ်လို မစ္စတာလင်းလားခင်ဗျ..ကျွန်တော်က Sci-tech အီလက်ထရောနစ် ကုမ္ပဏီရဲ့ ဥက္ကဌ ရန်ကော်ဟွားပါ..မစ္စတာလင်းက အခု ကျွန်တော်တို့ ကုမ္ပဏီကို ၀ယ်ယူလိုက်ပြီဆိုတော့ လုပ်ထုံး လုပ်နည်းတွေ ပြုလုပ်လို့ရအောင် ကုမ္ပဏီကို လာခဲ့ပေးလို့ ရမလားခင်ဗျ..."

"အင်း..ရတယ်လေ..ကျုပ်လည်း ခုအားနေတာနဲ့ အတော်ပဲ..ညနေလောက်ကျ Sci-techမှာ တွေ့ကြတာပေါ့..."

"ဟုတ်ကဲ့ ကျေးဇူးပါဗျ မစ်စတာလင်း..."

စကားလုံး အနည်းငယ်ခန့် ဖလှယ်ပြီးနောက် လင်းရီ ဖုန်းချ၍ လုရင်းထံ ဖုန်း ခေါ်ဆိုလိုက်သည်။

"ဘော့စ်..ဘာကိစ္စရှိလို့လဲ..."

" အေး မင်းခု အလုပ်ရှုပ်နေတာလား..."

"ဘော့စ်ပဲ ပြောတော့ သုတေသန စင်တာ အသစ် လုပ်ချင်နေတယ်ဆို..ကျွန်မခု လိုအပ်မယ့် ပစ္စည်းတွေ အတွက်ပလန်လုပ်နေတာလေ..ဘော့စ် ကြည့်ချင်လို့လား..."

"ဘာပလန်မှ မကြည့်ချင်ဘူး.."လင်းရီ ပြောလိုက်ပြီး "မင်းလုပ်နေတာတွေ ခဏ ဘေးချိတ်ထားလိုက်ဦး..ခု မင်းအတွက် တာ၀န်တစ်ခုရှိတယ်..ခဏနေကျ စင်တာမှာ လာကြိုလိုက်မယ်..."

"အမ်....ကျွန်မကအခု စင်တာမှာ မဟုတ်ဘူးနော်..."

လုရင်းပြောလိုက်ပြီး "ဒါတွေ အားလုံးက လျို့ဝှက်ပရောဂျက်တွေလေ..စင်တာမှကျ လူတအားများတော့ ဖော်ထုတ်ခံရမှာဆိုးလို့ အိမ်မှာပဲ လုပ်နေတာ..."

"ကောင်းတာပေါ့..အဲ့လိုဆို မိတ်ကပ်ပုတ်ပြီး အ၀တ်စားလှလှလေး ၀တ်ထား..ခဏနေ ငါနဲ့ အပြင်လိုက်ခဲ့ရမယ်..."

"မိတ်ကပ်နဲ့ အ၀တ်စား လှလှ ၀တ်ထားရမယ်..."လုရင်း အံ့အားသင့်သွားခဲ့ပြီး "ဘော့စ်..ရှင် ကျွန်မကို အနှိပ်ခန်း ခေါ်သွားမလို့တော့ မဟုတ်ဘူးမလား...ကျွန်မတော့ အဲ့နေရာကို သဘောမတွေ့ဘူးနော်...."

စာစဉ် (၁၉)ပြီး၏။

All Chapters