အမွေအနှစ်စံအိမ်
Vol. 18 Ch. 250
မူကျင်းသည် စပါးစိမ်းတောင်ကုန်း၏ မိစ္ဆာတစ်ယောက်ဖြစ်ပြီး လူသားဂိုဏ်းများနှင့် ပတ်သတ်၍ သိပ်မသိပေ။
“မင်းပြောချင်တာက ဓားဘုရင်ယွမ်ထျန်းလား”
တောက်ရင်က ခေါင်းယမ်းလျက် ခပ်တိုးတိုးပြောသည်။
“အဲဒီဓားဘုရင်က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ စောင့်ရှောက်သူပဲ။ သူက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ဂိုဏ်းကြီးကို ဘာဖြစ်လို့ဖျက်ဆီးပစ်ရမှာလဲ”
ခေါင်းဆောင်တောက်ရင်က ဓားဘုရင်ယွမ်ထျန်းအကြောင်းကို သိနေသောကြောင့် ဟန်မူယဲ့က အံ့အားသင့်သွားသည်။
လွန်သောနှစ်တစ်သောင်းခန့်မှာ လောကကိုလွှမ်းမိုးခဲ့သည့် ဓားကျင့်ကြံသူတစ်ယောက်၏ ထက်မြက်မှုကို အချိန်ကပင် တိုက်စားမသွားနိုင်ပေ။
“အဲဒီဓားကျင့်ကြံသူကြီးက အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်မသွားခဲ့ရင် လင်တောက်တာအိုဂိုဏ်းက ငါတို့ဓားကျင့်ကြံသူတွေကို ဘယ်လိုလုပ်ပြီး ဖိနှိပ်နိုင်မှာလဲ”
ခေါင်းဆောင်တောက်ရင်၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်းများပေါ်လာသည်။
“ထွက်သွားတာလား”
ဟန်မူယဲ့က တီးတိုးပြောသည်။
“သေသွားတာလား”
သူ့စကားများကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က ဂုဏ်ယူနေသော မျက်နှာထားဖြင့် ပြောသည်။
“ဓားဘုရင်ယွမ်ထျန်းလိုကျင့်ကြံသူက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ။ သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ တခြားကမ္ဘာကို ထွက်သွားတာပါ”
လေးစားမှုများနှင့် ပြည့်နေသော ခေါင်းဆောင်တောက်ရင်၏ မျက်လုံးကို မြင်လိုက်ရသောအခါတွင် သူပြောလိုက်သောစကားများက အမှန်ဖြစ်သလားဆိုသည်ကို ဟန်မူယဲ့ မပြောနိုင်တော့ပေ။
ဓားဘုရင်ယွမ်ထျန်းသည် လွယ်ကူစွာသေသွားလိမ့်မည်ဟု သူလည်းမယုံပေ။
သို့သော်လည်း ဓားဆေးလုံးထဲတွင် သူမြင်သောမြင်ကွင်းနှင့် ဓားဘုရင်ယွမ်ထျန်းပိုင်ဆိုင်သော ဓားဆေးလုံးသုံးလုံးက အတုမဖြစ်နိုင်ပေ။
သို့သော် ထိုအကြောင်းအရာများကို သေချာလေ့လာနေလျှင်လည်း သူ့အတွက် အသုံးမဝင်ပေ။
ယခုအချိန်တွင် သူက ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ရမည်။
နေမင်းရောင်ဝါနန်းတော်မှာ ရှာဖွေပြီး နေကိုးစင်းနည်းစနစ်ကို ရရှိလာလျှင် သူသည် နောက်ဆက်တွဲကျင့်ကြံခြင်းလမ်းစဉ်ကို တွက်ချက်နိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် သူက ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်မည်။
ထို့နောက် သူက အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်၍ ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံးကို ဖော်စပ်ရမည်။
သူ့ကျင့်ကြံခြင်းပါရမီက အင်မော်တယ်အဆင့်ဗဇပါရမီအဖြစ်သို့ ပြောင်းလဲသွားလျှင် မည်သို့ဖြစ်လာမည်ဆိုသည်ကို သူ သိလိုသည်။
သူ့ကျင့်ကြံခြင်းက အတားအဆီးမရှိဘဲ ခုန်ပေါက်တိုးတက်သွားနိုင်မည်လား။
သင်္ဘောပျံက ရှေ့ဆက်သွားနေသည်။ ဆယ်ရက်အကြာတွင် သူတို့က ကျတ်တီးမြေဖြစ်နေသော တောင်တန်းပေါ်သို့ ရောက်လာသည်။
“နေမင်းရောင်ဝါနန်းတော်ရဲ့အခြေစိုက်စခန်းက မီးတောင်တန်းပဲ”
ခေါင်းဆောင်တောက်ရင်သည် ကုန်းပတ်ပေါ်တွင် ရပ်နေပြီး ရှေ့တွင် ရှိသော နီရဲနေသည့်တောင်နံရံကို ညွှန်ပြလိုက်သည်။
“နေမင်းရောင်ဝါနန်းတော်က ဒီနေရာရဲ့မီးစွမ်းအင်ကို သဘောကျခဲ့တယ်လို့ပြောတယ်။ အဲဒါကြောင့် ဒီနေရာမှာ ဂိုဏ်းတည်ထောင်ဖို့ရွေးချယ်လိုက်တာပဲ”
“မင်းက ဒီမီးတောင်တန်းမှာ ရှိတဲ့ မီးမျိုးဆက်စွမ်းအားကို ခံစားကြည့်နိုင်တယ်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားပေမဲ့လည်း မီးစွမ်းအားတွေက အားကောင်းနေတုန်းပဲ”
ဤနေရာတွင် မြေကြီးထဲမှတိုးထွက်လာသော သွယ်ယှက်နေသည့်မီးစွမ်းအားများကို ခံစားကြည့်နိုင်သည်။
တောင်တန်းတစ်လျှောက်လုံးသည် မီးကဲ့သို့နီရဲနေပြီး အပူငွေ့များက လေထုကို သက်ရောက်မှုရှိနေသည်။
သာမန်လူသားများတင်မကဘဲ အဆင့်နိမ့်ကျင့်ကြံသူများသည်ပင် ဤနေရာ၌ ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။
ကံကောင်းစွာဖြင့် ဤနေရာသည် အလွန်ချောင်ကျပြီး သာမန်လူသားများ မနေထိုင်ကြပေ။
သို့သော်လည်း ဤနေရာရှိ မီးစွမ်းအားကို အသုံးပြု၍ ကျင့်ကြံနေသူများ သို့မဟုတ် ဝိညာဉ်ကုန်ကြမ်းရှာဖွေနေသော ကျင့်ကြံသူများ ရှိနိုင်သည်။
ဤနေရာက များပြားသော မီးအမျိုးအစားဝိညာဉ်ကုန်ကြမ်းများ ထွက်ရှိသည်။
လုကောက သင်္ဘောပျံကို သိမ်းလိုက်သည်။ ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်က နီရဲနေသောတောင်တန်းပေါ်သို့ ဆင်းသက်လိုက်ကြသည်။
အပူလှိုင်းတစ်ခု တိုးဝင်လာသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ဓားချီတချို့ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်သည်။
ဓားချီအတားအဆီး၏ အပြင်ဘက်တွင် အပူချိန်သည် ပြင်းထန်လွန်း၏။ ဤပတ်ဝန်းကျင်မျိုးတွင် ကျင့်ကြံသူများဖြင့် ပြည့်နေသောဂိုဏ်းများသည်ပင် အပူချိန်ကို တောင့်မခံနိုင်လောက်ပေ။
“ဒီနေရာက အရင်တုန်းက ဒီလိုပဲလား”
ဗလာဖြစ်နေသော မီးတောင်တန်းကို ကြည့်လျက် ဟန်မူယဲ့က မေးသည်။
“မဟုတ်ဘူးပေါ့”
ခေါင်းဆောင်တောက်ရင်က ခေါင်းခါသည်။
“ကမ္ဘာမြေမီးတောက်ရဲ့စွမ်းအားကို ကန့်သတ်ထားတဲ့ နေမင်းရောင်ဝါနန်းတော်ရဲ့အစီအရင်က ပျက်စီးသွားတယ်လို့ပြောကြတယ်။ အဲဒါကြောင့် ဒီလိုမီးစွမ်းအင်တွေ ပျံ့နှံ့လာတာပဲ”
ထိုသို့ဖြစ်နိုင်သည်။ မဟုတ်လျှင် နေမင်းရောင်ဝါနန်းတော်၏ အဆင့်နိမ့်ကျင့်ကြံသူများက ဤနေရာတွင် လေ့ကျင့်နိုင်မည်မဟုတ်ပေ။
ယန်မူယဲ့နှင့် လုကောက ဓားအလင်းကိုစီးနင်းပြီး ခေါင်းဆောင်တောက်ရင်၏နောက်မှနေ၍ တောင်အောက်သို့ ဆင်းသက်လာကြသည်။
တောက်အောက်သို့ဆင်းလာသောအချိန်မှာ သူတို့က မိစ္ဆာသားရဲတချို့ကို တွေ့ခဲ့ရသည်။ ထိုသားရဲများက မီးအမျိုးအစား ဝိညာဉ်ကုန်ကြမ်းကိုစားသုံးပြီး မီးတောက်များအား ထိန်းချုပ်နိုင်သည်။
“ဂါး ....”
ပျံသန်းလာသောဓားအလင်းတန်းကို ဆယ်ပေရှိသော အနက်ရောင်မိစ္ဆာဝံပုလွေက တားဆီးလိုက်သည်။
ထိုဝံပုလွေသည် ပါးစပ်ဖွင့်ပြီး အနီရင့်ရောင်မီးလုံးတစ်လုံးကို ခေါင်းဆောင်တောက်ရင်ဆီသို့ မှုတ်ထုတ်လိုက်သည်။
ခေါင်းဆောင်တောက်ရင်က မတိုက်ခိုက်ပေ။ လုကောက ရှေ့တက်လာသည်။
“ဘန်း ....”
လုကောက လက်သီးထိုးလိုက်ပြီး မိစ္ဆာဝံပုလွေမှုတ်ထုတ်လိုက်သောမီးလုံးကို ဖြိုခွဲသည်။
သူက ဝိညာဉ်လက်နက်ဓားနှင့် ပေါင်းစပ်ပြီးသောအခါတွင် ဓားတစ်လက်ဖြစ်လာသည်။
တစ်ဖက်လူ၏ ခွန်အားသည် ဝိညာဉ်လက်နက်ထက် ကျော်လွန်မနေလျှင် သူ့ကို ထိခိုက်အောင်လုပ်ရန် မဖြစ်နိုင်ပေ။
လုကောမှာ အလွန်သန်မာလိမ့်မည်ဟု မိစ္ဆာဝံပုလွေက ထင်မထားခဲ့ပေ။
ထိုခွန်အားက သူ့ကို အနိုင်ယူရန် လုံလောက်သည်။
လုကော ပျံသန်းလာပြီး မိစ္ဆာဝံပုလွေ၏ ဘယ်ဘက်ရှေ့ခြေကို ဆွဲယူလိုက်သည်။ ထို့နောက် သူက အောက်သို့ပစ်ချလိုက်သည်။
“ဘန်း”
မိစ္ဆာဝံပုလွေသည် မီးတောင်တန်းဖြင့် တိုက်မိသွားပြီး မြေကြီးခဲများလွင့်စင်လာစေသည်။
မိစ္ဆာဝံပုလွေက အူလိုက်သည်။ လုကောက ရယ်ပြီး မိစ္ဆာဝံပုလွေ၏ လည်ပင်းကို ထိုးချလိုက်သည်။
မိစ္ဆာဝံပုလွေ၏ ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်လာသည်။ ဝံပုလွေ၏ခြေထောက်များသည် တုန်ခါသွားသော်လည်း ခွန်အားထုတ်မသုံးနိုင်တော့ပေ။
“ဓားစစ်သည်နည်းစနစ်က တိုးတက်မှုကို ကန့်သတ်ထားပေမဲ့ အစောပိုင်းအဆင့်တွေမှာတော့ တကယ့်ကိုအားကောင်းတယ်”
ခေါင်းဆောင်တောက်ရင်က ကမ္ဘာမြေတတိယအဆင့် သွေးကြောဖွင့်နယ်ပယ်မှာ ရှိနေသော မိစ္ဆာဝံပုလွေနှင့်ရင်ဆိုင်နေသည့် လုကောကို ကြည့်ကာ ပြုံးလျက် ပြောသည်။
ကံမကောင်းစွာဖြင့် ထိုနည်းစနစ်မှာ သာမန်မဟုတ်ပေ။
ဝိညာဉ်လက်နက်ဖြင့် ခန္ဓာကိုယ်ကိုပေါင်းစပ်ရသောတန်ဖိုးက မသေးပေ။
သာမန်ဂိုဏ်းများက ထိုကုန်ကျစရိတ်ကို မတတ်နိုင်ပေ။
ထို့အပြင် ဓားစစ်သည်နည်းစနစ်ကိုကျင့်ကြံရန်လည်း မလွယ်ကူပေ။ သင့်တော်သောဓားကို မရှာနိုင်လျှင် သေဆုံးသွားရပေလိမ့်မည်။
လုကောသည် ကောင်းရှောင်ရွှမ်နှင့် ဟန်မူယဲ့တို့၏ အကူအညီဖြင့် ဓားစစ်သည်နည်းစနစ်ကို လေ့ကျင့်နိုင်၏။ ထိုသို့မဟုတ်လျှင် သူ့အတွက်လည်း မဖြစ်နိုင်ပါ။
လုကောသည် မိစ္ဆာသားရဲကို ကျွမ်းကျင်စွာသတ်ဖြတ်ပြီးနောက် မီးကဲ့သို့နီရဲနေသော ကြက်ဥအရွယ်အစားအရိုးလုံးကို ခေါင်းဆောင်တောက်ရင်ဆီသို့ ကမ်းပေး၏။
“ဒီမီးအမျိုးအစားမိစ္ဆာအရိုးက တကယ့်ရတနာကောင်းတစ်ခုပဲ။ ဆေးလုံးနဲ့လက်နက်တွေအဖြစ် သန့်စင်နိုင်တယ်”
တောက်ရင်က ကြက်ဥအရွယ်အစားအရိုးကိုကိုင်ထားပြီး ပျော်ရွှင်စွာ ပြောသည်။
ထိုအရိုးသည် လုံးဝိုင်းနေပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်နေ၏။ ထိုအရာ မီးအမျိုးအစားစွမ်းအင်နှင့် မိစ္ဆာသားရဲ၏ ကျင့်ကြံခြင်းတို့ စုစည်းထားခြင်း ဖြစ်သည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လျက် နောင်တများနှင့် ပြောသည်။
“မီးအမျိုးအစားမိစ္ဆာအမြုတေ တစ်ခုနှစ်ခုလောက် ထပ်ရှာနိုင်ရင် ဒီခရီးက တန်သွားပြီ”
မီးအမျိုးအစား အမြုတေ ဖြစ်ပေါ်ခြင်းအဆင့်မိစ္ဆာသားရဲများတွင်သာ မီးအမျိုးအစားအမြုတေကို တွေ့နိုင်သည်။ ထိုမိစ္ဆာမျိုးကို ရှာတွေ့ရန် မလွယ်ပေ။
ထို့ကြောင့် ခေါင်းဆောင်တောက်ရင်လိုချင်သော မီးအမျိုးအစားသားရဲက ပေါ်မလာခဲ့ပါ။
သူတို့က လမ်းတစ်လျှောက်၌ လူသားကျင့်ကြံသူများကို တွေ့ခဲ့ရသည်။ သူတို့သည် ရတနာရှာရန်အတွက်ဖြစ်ကာ တချို့မှာ အုပ်စုဖွဲ့ထားပြီး တချို့က တစ်ယောက်တည်းဖြစ်သည်။
ဟန်မူယဲ့တို့က တခြားလူများကို ရန်မစချင်ပေ။ တခြားလူများကလည်း သူတို့နှင့် ဆက်သွယ်ရန် စိတ်မပါကြပေ။
ထိုအရာက တောရိုင်းထဲတွင်ကြုံတွေ့သော ကျင့်ကြံသူများ၏ ဓလေ့ထုံးစံဖြစ်သည်။
အရင်ဆုံးစကားလာပြောသောလူက ရည်ရွယ်ချက်တစ်ခုခု ရှိနေခြင်း သို့မဟုတ် အသက်ရှင်ဖို့ ပင်ပန်းနေခြင်းကြောင့် ဖြစ်လိမ့်မည်။
“ငါတို့ရောက်လာပြီ”
ပေသုံးသောင်းမြင့်သော တောင်တစ်လုံးကို ဖြတ်ကျော်လာသောအခါတွင် ခေါင်းဆောင်တောက်ရင်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး နက်ရှိုင်းသောလေသံဖြင့် ပြောသည်။
ဟန်မူယဲ့က ရှေ့သို့ကြည့်သည်။
တောင်ကြောနှင့်တောင်ထွတ်က နဂါးတစ်ကောင်၏ ခန္ဓာကိုယ်ကဲ့သို့ ကွေ့ကောက်နေသည်။
ထိုတောင်ကြောနှင့် တောင်ထွတ်များကြားတွင် ပျက်စီးနေသောနေရာများ ရှိသည်။
ထိုနေရာများတွင် ကျိုးပဲ့နေသောနံရံများသာ ကျန်ရစ်၏။
သို့သော်လည်း ဤနေရာမှ ကြည့်လိုက်လျှင် အတိတ်က ခမ်းနားသောမြင်ကွင်းကို မြင်ယောင်ကြည့်နိုင်သည်။
ထိုအရာက အဆုံးမရှိပေ။
ဟန်မူယဲ့က ထိုနေရာများကို မြင်ဖူး၏။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏ ဓားထဲတွင် သူက ဤနေရာကို မြင်ဖူး၏။
အင်မော်တယ်အလင်းများသည် မျက်စိကျိန်းလောက်အောင် ရစ်ဝဲနေ၏။
ကျင့်ကြံခြင်းများမှာ တိုးတက်ထွန်းကားပြီး ဂိုဏ်းမှာလည်း အဆင့်အတန်းမြင့်သည်။
ထိုစဉ်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ဟုန်ချောင်ယန်သည် ဓားဘုရင်ယွမ်ထျန်း၏ ဓားကို တစ်ဦးတည်းတားဆီးနိုင်၏။
နှစ်တစ်သောင်းကြာသွားသော်လည်း နေမင်းရောင်ဝါနန်းတော်၏ နာမည်ဂုဏ်သတင်းမှာ တည်ရှိနေဆဲဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုသို့ခမ်းနားသောနေရာသည် ယခုအချိန်တွင် ပျက်စီးသွားပြီ ဖြစ်သည်။
လောက၏ တိုးတက်မှုနှင့်ကျရှုံးမှုက လူများအပေါ်၌ မူတည်မနေပေ။
“ဟိုနေရာကို သွားကြည့်ကြရအောင်”
ခေါင်းဆောင်တောက်ရင်က နေမင်းရောင်ဝါနန်းတော်ဟောင်း၏ အပျက်အစီးများအလယ်ကို ညွှန်ပြလိုက်ပြီး တီးတိုးပြောသည်။
“အရင်တုန်းက ခန်းမရဲ့အပျက်အစီးထဲမှာ ဓားနည်းစနစ်တချို့ကို ငါရှာတွေ့ခဲ့တယ်။ မီးအမျိုးအစားကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ ကျောက်စိမ်းပေလွှာတွေလည်း ရှိတယ်”
ဟန်မူယဲ့က ထိုနေရာကို ကြည့်သည်။
ခေါင်းဆောင်တောက်ရင်ညွှန်ပြသောနေရာသည် နေမင်းရောင်ဝါနန်းတော်၏ တိမ်နေမင်းခန်းဆောင်ဖြစ်သည်။ ထိုနေရာတွင် ဂိုဏ်းအစည်းအဝေးပွဲများ ပြုလုပ်၏။
ခန်းမထဲတွင် အမွေအနှစ်များထည့်သွင်းထားသော ကျောက်စိမ်းပေလွှာတချို့ ရှိနေ၏။
သို့သော်လည်း အစစ်အမှန်အမွေအနှစ်က အမွေအနှစ်စံအိမ်မှာ ရှိနေပေလိမ့်မည်။
ဟန်မူယဲ့၏ အကြည့်က အနောက်ဘက်အကျဆုံးအပိုင်းဆီသို့ ရောက်သွားသည်။
“ခေါင်းဆောင်၊ အမွေအနှစ်စံအိမ်ကို သွားကြရအောင်”
ခေါင်းဆောင်တောက်ရင်က အံ့အားသင့်သွားသည်။
“အမွေအနှစ်စံအိမ်၊ မင်းက အမွေအနှစ်စံအိမ်ရှိတဲ့နေရာကို သိတယ်လား”
ဟန်မူယဲ့က စကားမပြောဘဲ ပျံသန်းသွားသည်။
ခေါင်းဆောင်တောက်ရင်၏ အမူအရာက တောက်ပသွားပြီး တီးတိုးပြောသည်။
“နေမင်းရောင်ဝါနန်းတော်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်နဲ့ ဓားနည်းစနစ်တွေအားလုံးက အမွေအနှစ်စံအိမ်မှာလို့ ပြောကြတယ်”
“ငါတို့က အမွေအနှစ်စံအိမ်ကိုရှာနိုင်ရင် နေမင်းရောင်ဝါနန်းတော်ရဲ့ အမွေအနှစ်အများစုကို ရနိုင်လိမ့်မယ်”
ခေါင်းဆောင်တောက်ရင်လိုမျိုး ကျွမ်းကျင်သူတစ်ယောက်အတွက် ဝိညာဉ်ကုန်ကြမ်းနှင့်ရတနာများက လက်ဆင့်ကမ်းလာသော ကျင့်ကြံခြင်းနည်းစနစ်နှင့် ဓားနည်းစနစ်များကို မယှဉ်နိုင်ပေ။
ထိုအရာက ကျင့်ကြံခြင်းအတွက်မဟုတ်ပေ။ အားကောင်းလှသော ထိုကျင့်ကြံခြင်းနည်းစနစ်များနှင့် သူ့ခန္ဓာကိုယ်ကို စစ်ဆေးနိုင်ခြင်းက အလွန်ရှားပါးသော ဆင်ခြင်သုံးသပ်မှုဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က ပိုမိုအဆင့်မြင့်လာလေ နားလည်နိုင်စွမ်းကို ပိုမိုဂရုစိုက်လာလေဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားကျင့်ကြံသူ ထူစွန်းရှစ်သည် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ရောနှောနေခဲ့ကြောင်း သူမြင်တွေ့ရသည်။
ဟန်မူယဲ့သည် အပျက်အစီးများကြားထဲ၌ လျှောက်သွားနေ၏။
သူ့ရှေ့တွင် လွန်သောနှစ်တစ်သောင်းက ခမ်းနားသောပုံရိပ်များ ပေါ်လာပုံရသည်။
ခန်းဆောင်နှင့် စံအိမ်တိုင်းတွင် ကျင့်ကြံသူများ ရှိနေသည်။ သူတို့က ကျင့်ကြံခြင်းနည်းစနစ်များကို မလေ့ကျင့်လျှင် ဓားနည်းစနစ်ကို လေ့ကျင့်နေကြသည်။
ထိုမြင်ကွင်းများက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ဟုန်ချောင်ယန်၏ ဓားမှတ်ဉာဏ်များနှင့် ထပ်တူကျသွားသည်။
ဟန်မူယဲ့၏ ကိုယ်ပေါ်တွင် ဓားချီတချို့ ဖြစ်ပေါ်လာသည်။
သူ့စိတ်နယ်ပယ်ထဲတွင် လူသားလောကမန္တန်၏ ရွှေရောင်အလင်းက မှိတ်တုတ် မှတ်တုတ်လင်းနေသည်။
ထိုအချိန်တွင် သူက လေ့ကျင့်သော မီးအမျိုးအစားဓားနည်းစနစ်ကို ပိုမိုနားလည်လာသည်။
မီးတောက်က ပြင်းထန်စွာလောင်ကျွမ်းပြီး ငြိမ်းသက်သွားလျှင် အေးစက်လာလိမ့်မည်။
လောကထဲတွင် အတက်အကျ များစွာရှိသည်။
“အဲဒီမှာ ဘယ်သူလဲ”