← Chapters

ကမ္ဘာငယ်သို့

Vol. 18 Ch. 252

ကမ္ဘာငယ်သို့

Vol. 18 Ch. 252

ရှောက်ယိုစွန်း၏ စကားများက မှန်ကန်ကြောင်း ဟန်မူယဲ့နားလည်သည်။

တိမ်မြုံကမ်းပါး၏လမ်းကြောင်း ပွင့်သွားသောအချိန်မှာ ဟွမ်လောင်လျှို၏ ချိပ်ပိတ်ခြင်းနှင့် ဟန်မူယဲ့၏ ဝင်ရောက်စွက်ဖက်မှုကြောင့်သာ မဟုတ်လျှင် သန်းချီနေသော ကျင့်ကြံသူများက မိစ္ဆာများ၏ အစာဖြစ်သွားပေလိမ့်မည်။

ဤနယ်မြေတွင် ရှိသောချိပ်စည်း ပျက်စီးသွားပြီးနောက် ပြင်ပဘုံ၏ မိစ္ဆာနှင့် ကျင့်ကြံသူများ အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ဆင်းသက်လာလျှင် အခြေအနေများမှာ မှန်းဆရန် ခက်ခဲသွားပေလိမ့်မည်။

“အဲဒီလျှို့ဝှက်နေရာကို မင်းနဲ့အတူတူစူးစမ်းစေချင်တာလား”

ဟန်မူယဲ့က ရှောက်ယိုစွန်းကို ကြည့်လျက် ပြောသည်။

“အဲဒါဆိုရင် လျှို့ဝှက်နယ်မြေမှာ ရှိနေတဲ့အန္တရာယ်တွေနဲ့ လျှို့ဝှက်နယ်မြေက ဘယ်နေရာကိုဦးတည်သွားလဲဆိုတာ ပြောပြရမယ်”

ရှောက်ယိုစွန်းက မော့ယွမ်၏ အမည်ခံတပည့်ဖြစ်နေလျှင်ပင် ဟန်မူယဲ့က စကားတစ်ခွန်းမှမပြောဘဲ သူနှင့်အတူတူ လျှို့ဝှက်နယ်မြေထဲသို့ လိုက်သွားရန် မဖြစ်နိုင်ပေ။

အကယ်၍ လျှို့ဝှက်နယ်မြေတွင် အကျပ်အတည်းတစ်ခုပေါ်ပေါက်လာပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို သက်ရောက်မှုရှိလာလျှင်လည်း ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တစ်ဦးတည်းသော ကျွမ်းကျင်သူမဟုတ်ပေ။

ဟန်မူယဲ့သည် အနောက်ဘက်နယ်စပ်ကုန်းမြေကို ကိုယ်စားပြုနိုင်သော အရည်အချင်းမရှိသလို အနောက်ဘက်နယ်စပ်ကုန်းမြေ၏လုံခြုံရေးကို တာဝန်ယူထားနိုင်သောစွမ်းရည်လည်း မရှိပေ။

ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် ရှောက်ယိုစွန်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီး တီးတိုးပြောသည်။

“အဲဒီလျှို့ဝှက်နယ်မြေက ထန်တောင်ကုန်းဓားဂိုဏ်းနဲ့ နေမင်းရောင်ဝါနန်းတော်တို့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ကမ္ဘာငယ်လေးတစ်ခုပဲ”

ကမ္ဘာငယ်လေးတစ်ခု…။

ထိုနာမည်ကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က လျင်မြန်စွာ ပြောသည်။

“အဲဒါက ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့မတူညီတဲ့ ကမ္ဘာငယ်လေးတစ်ခုလား”

စွန်းယိုရှောက်က ခေါင်းညိတ်သည်။

ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်ကို လှည့်ကြည့်သည်။

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့်မတူသော ကမ္ဘာငယ်လေးတစ်ခုကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

သူ့ကိုလှည့်ကြည့်လာသော ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က ရှင်းပြသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ကျင့်ကြံခြင်းက အရမ်းအားကောင်းခဲ့တယ်။ မရေမတွက်နိုင်လောက်တဲ့ ကျင့်ကြံသူတွေက ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေထွက်သွားပြီး တခြားကမ္ဘာတွေမှာ တိုက်ခိုက်ခဲ့တယ်”

“သိမ်းပိုက်နိုင်ခဲ့တဲ့ကမ္ဘာတွေကို ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ လက်အောက်ခံကမ္ဘာနဲ့ ဂိုဏ်းကြီးတွေရဲ့ လေ့ကျင့်ရေးနယ်မြေအဖြစ် မဟာပုဂ္ဂိုလ်ကြီးတွေက ဖွင့်လှစ်ခဲ့တယ်”

သူက ဟန်မူယဲ့ကိုလှည့်ကြည့်လျက် ပြောသည်။

“အစစ်အမှန်ရှေးခေတ်ဂိုဏ်းတွေရဲ့ ကောင်းကင်ဘုံလိုဏ်ဂူနဲ့ ကောင်းချီးနယ်မြေတွေက တကယ်တော့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့အပြင်ဘက်မှာ ရှိနေတယ်”

“အဲဒါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကျရှုံးမှုကိုလည်း ဖြစ်ပေါ်စေခဲ့တယ်။ ဂိုဏ်းကြီးတွေ ပြန်မလာတော့တဲ့အခါ ကမ္ဘာတွေအကြား အဆက်အသွယ်ပြတ်သွားကြတယ်”

‌ကောင်းကင်အံ့ဖွယ်ကမ္ဘာက အားကောင်းနေသောအခါတွင် ကျင့်ကြံသူများက ကောင်းကင်ဘုံလိုဏ်ဂူများထဲတွင် ကျင့်ကြံခဲ့ကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာက နိမ့်ပါးသွားသောအခါတွင် ကောင်းကင်ဘုံလိုဏ်ဂူနှင့် ကောင်းချီးနယ်မြေများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ထိန်းချုပ်မှုမှ လွတ်ကင်းသွားကြ၏။

ထိုအရာက ကျင့်ကြံသူကြီးများနှင့်  ဂိုဏ်းကြီးများ၏ ဖြစ်တည်မှုကို ဆိုလိုကြောင်း ဟန်မူယဲ့နားလည်သည်။

သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကောင်းကင်တာအို၏ လက်အောက်ငယ်သားများမဟုတ်ကြပေ။

သူတို့က အတူတကွ အလုပ်လုပ်နေရုံသာ ဖြစ်သည်။

ထိုကျင့်ကြံသူကြီးများက ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကောင်းကင်တာအို၏စွမ်းအားများကို ချေးငှားယူနေရသော ယနေ့ခေတ်အဆင့်နိမ့်ကျင့်ကြံသူများနှင့်  မတူညီပေ။

“အဲဒီကမ္ဘာငယ်လေးရဲ့အခြေအနေက ဘယ်လိုလဲ။ ကျင့်ကြံခြင်းက တိုးတက်နေတာလား”

ဟန်မူယဲ့က ရှောက်ယိုစွန်းကို ကြည့်လျက် မေးသည်။

ရှောက်ယိုစွန်းက ဖျော့တော့စွာပြုံးလိုက်ပြီး ခေါင်းခါသည်။

“ကျွန်တော်မသိဘူး”

သူက လက်ဖြန့်လိုက်ပြီး ပြောသည်။

“ထန်တောင်ကုန်းဓားဂိုဏ်းက ကိုယ်ပိုင်နယ်မြေကို ဆုံးရှုံးသွားခဲ့ပြီ။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ လျှို့ဝှက်နယ်မြေကိုတော့ သေချာမသိဘူး”

“လွန်ခဲ့တဲ့နှစ်ထောင်ကျော်တုန်းက အဲဒီကမ္ဘာကို ပြင်ပဘုံကျင့်ကြံသူတွေ ရှာတွေ့သွားခဲ့တယ်။ ပြင်ပဘုံကျွမ်းကျင်သူတွေက ကမ္ဘာပေါ်ကိုဆင်းသက်လာပြီး ဝိညာဉ်ဆေးပင်နဲ့ ဝိညာဉ်ကုန်ကြမ်းတွေကို သိမ်းယူသွားခဲ့တယ်”

“ကံကောင်းတာကတော့ အဲဒီကမ္ဘာငယ်ကို ကောင်းကင်ဘုံတာအိုက ဖိနှိပ်ထားတဲ့အတွက် အသန်မာဆုံးလူက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူပဲ ဖြစ်နိုင်တယ်”

ထိုကမ္ဘာငယ်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကဲ့သို့ ကမ္ဘာကြီးများနှင့် မတူညီဘဲ ပြင်ပဘုံအင်အားစုများက လွယ်ကူစွာရှာတွေ့နိုင်သည်။

ထိုကမ္ဘာငယ်ကို ပြင်ပဘုံအင်အားစုများက ရှာတွေ့သွားသောအခါတွင် ဆက်တိုက်ဝင်ရောက်လာပြီး ကျူးကျော်ကြ၏။ ထန်တောင်ကုန်းဓားဂိုဏ်းနှင့် နေမင်းရောင်ဝါနန်းတော်တို့၏ အင်အားစုများက နောက်ဆုတ်ပေးနေရပြီး လက်လွှတ်လုနီးပါး ဖြစ်သွားသည်။

ထန်တောင်ကုန်းဓားဂိုဏ်းဘက်မှာ အဆင်ပြေပြေ ဖြေရှင်းနိုင်သည်။ ကျွမ်းကျင်သူတစ်ယောက်က လမ်းကြောင်းများကို ချိပ်ပိတ်ကာ ပြင်ပကျွမ်းကျင်သူများအား တားဆီးသည်။

သို့သော်လည်း နေမင်းရောင်ဝါနန်းတော်၏ အမွေအနှစ်က ပျက်စီးသွားသောကြောင့် ပြင်ပဘုံကျင့်ကြံသူများ အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ဝင်ရောက်လာနိုင်သည်။

ထို့ကြောင့် ထန်တောင်ကုန်းဓားဂိုဏ်းက အခြေအနေကိုစစ်ဆေးရန်အတွက် နှစ်တစ်ရာတိုင်းတွင် လူတစ်ယောက် စေလွှတ်လေ့ရှိသည်။

ထိုအံ့ဖွယ်ဘုံကို အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းတစ်ဂိုဏ်းသို့လွှဲပေးနိုင်သော်လည်း ထန်တောင်ကုန်းဓားဂိုဏ်းက ထိုသို့မလုပ်လိုပေ။

အံ့ဖွယ်ဘုံထဲတွင် ရတနာများ ရှိနေသေးသည်။ သူတို့က နှစ်ရာချီတိုင်းတွင် ရတနာများစုဆောင်းရန်အတွက် ကျွမ်းကျင်သူအုပ်စုကို စေလွှတ်လေ့ရှိသည်။ သူတို့က ထိုရတနာနယ်မြေကို တခြားလူများအား မပေးနိုင်ပေ။

ထို့အပြင် အရှေ့ပင်လယ်၏ တိုးတက်မှုနှင့်ယှဉ်လိုက်လျှင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နေမင်းရောင်ဝါနန်းတော်အား အစားထိုးနိုင်သောဂိုဏ်းကြီးများ မရှိပေ။

ရှောက်ယိုစွန်း၏ စကားများကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က အခြေအနေကို အကြမ်းဖျင်းနားလည်သွားသည်။

အသန်မာဆုံးလူက ကောင်းကင်ဘုံတစ်ဝက်အဆင့်စွမ်းအားကိုသာ အသုံးပြုနိုင်ပြီး အမျိုးမျိုးသော ရတနာပစ္စည်းများလည်း ရှိနေသည်။ ထို့ကြောင့် သူ ဝင်‌ရောက်သွားပါက ပြဿနာမရှိနိုင်ပေ။

ထိုကမ္ဘာငယ်လေးကို ဟန်မူယဲ့ကလည်း စိတ်ဝင်စားမိသည်။

“ဒါက ကျုပ်တို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မဟာအကြီးအကဲ ခေါင်းဆောင်တောက်ရင်ပဲ။ ဒါက ဓားစံအိမ်ရဲ့ ဓားထိန်းတစ်ယောက်ဖြစ်တဲ့ ဂိုဏ်းတူညီလေးလုကောပါ”

“ငါတို့က နေမင်းရောင်ဝါနန်းတော်ရဲ့အမွေအနှစ်ကိုရှာဖို့ ဒီကိုရောက်လာခဲ့တယ်”

ဟန်မူယဲ့က သူ့နောက်မှာ ရှိနေသော ခေါင်းဆောင်တောက်ရင်နှင့် လုကောအပြင် ဂိုဏ်းကိုလည်း မိတ်ဆက်ပေး၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ကြောင်း စွန်းယိုရှောက်သိထားသည်။

ခေါင်းဆောင်တောက်ရင်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ ဖြစ်နေသည့်အပြင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာအကြီးအကဲတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါတွင် စွန်းယိုရှောက် ပျော်ရွှင်သွားသည်။

ထိုကျွမ်းကျင်သူမျိုးက သူတို့နှင့်အတူပါလာသည့်အတွက် လုံခြုံမှုပိုရှိလာလိမ့်မည်။

စွန်းယိုရှောက်က ဟန်မူယဲ့တို့ကိုဦးဆောင်သွားပြီး တီးတိုးပြောသည်။

“ဆရာတူအစ်ကိုဟန်ရှာနေတဲ့ နေမင်းရောင်ဝါနန်းတော်ရဲ့အမွေအနှစ်က ကမ္ဘာငယ်လေးထဲမှာပဲ”

သူ့ပြောစကားအရ နေမင်းရောင်ဝါနန်းတော်၏ တပည့်တချို့သည် ကပ်ဘေးမှ လွတ်မြောက်သွားကြသည်။

ထိုလူများသည် ဂိုဏ်းတွင် ကျန်နေသောရတနာနှင့် အမွေအနှစ်အားလုံးကို စုစည်း၍ အင်အားစုတစ်ခုကို တည်ထောင်ရန် ကမ္ဘာငယ်လေးထဲသို့ ထွက်ပြေးသွားကြ၏။

သို့သော်လည်း ကမ္ဘာငယ်လေး၏ အမြင့်ဆုံးအဆင့်က ကောင်းကင်ဘုံတစ်ဝက်အဆင့်ဖြစ်‌သည်။ ထိုအင်အားစုက ပြင်ပဘုံကျင့်ကြံသူများ၏ ကျူးကျော်မှုကို ဆက်တိုက်ခံစားခဲ့ရပြီး ရှင်သန်ရန် ခက်ခဲနေသည်။

စွန်းယိုရှောက်၏ ဦးဆောင်မှုဖြင့် ဟန်မူယဲ့တို့က မြင့်မားလှသောနန်းတော်တစ်ခုသို့ ရောက်လာသည်။

ဟန်မူယဲ့၏ မှတ်ဉာဏ်ထဲတွင် ဤနေရာသည် အမွေအနှစ်စံအိမ်ဖြစ်သည်။

ထိုနေရာက ပျက်စီးနေပြီး အဆောက်အအုံ၏ တစ်ဝက်သာ ကျန်တော့သော်လည်း ယခင်က ခမ်းနားသောပုံစံကို မြင်ယောင်ကြည့်နိုင်သည်။

အမွေအနှစ်စံအိမ်က ဧကထောင်ချီကျယ်ဝန်းပြီးနောက် အုတ်ခဲများပေါ်တွင် ‌ရွှေရောင်အလင်းတချို့ကို မြင်နိုင်သေးသည်။

မရေမတွက်နိုင်လောက်သော အက်ကဲကြောင်းများနှင့်  ဒါဇင်ချီနေသောလှေကားထစ်များလည်းရှိသည်။

ရှောက်ယိုစွန်းက လှေကားပေါ်သို့တက်လိုက်ပြီး လက်မြှောက်၍ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။ သူက မန္တန်အတတ်တစ်ခုကို အသက်သွင်းလိုက်သည်။

“ဟမ် ....”

ရွှေနက်ရောင်တောက်နေသော အလင်းလွှာတစ်ခုသည် အကြွင်းအကျန်ခန်းဆောင်ထဲတွင် ပေါ်လာ၏။

အလင်းလွှာပေါ်တွင် မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ရှိနေသည်။ အက်ကွဲကြောင်းအကြီးတချို့က ပေဒါဇင်ချီ၍ကျယ်သည်။

‘ဒီလိုချိပ်စည်းမျိုးမှာ ဘယ်လိုလုပ်ပြီး အကာအကွယ်ရှိမှာလဲ’

ထိုချိပ်စည်းက ကမ္ဘာငယ်လေး၏ဝင်ပေါက်ကို ဖုံးကွယ်ထားပြီး ပျောက်ကွယ်နိုင်သောစွမ်းရည်ရှိသည်။

“တစ်ယောက်ယောက်က ဒီကနေဝင်သွားတယ်”

ရှောက်ယိုစွန်းက လေးနက်သောအသံဖြင့်ပြောလိုက်ပြီး ရှေ့တွင် ရှိနေသောအလင်းလွှာကို ညွှန်ပြသည်။

“သိပ်မကြာသေးဘူး”

‘တစ်ယောက်ယောက်က အရင်ဝင်သွားခဲ့တယ်တဲ့လား’ ဟန်မူယဲ့က သိချင်မိသည်။

‘ဘယ်သူများလဲ’

အလင်းလွှာထဲသို့ ရှောက်ယိုစွန်းနောက်မှ လိုက်ဝင်သွားသောအခါတွင် ဟန်မူယဲ့က မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းစီးကြောင်းတစ်ခုက ဝိုင်းရံထားကြောင်း ခံစားလိုက်ရသည်။

အလင်းစီးကြောင်းက သူ့ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်ချင်သကဲ့သို့ စွမ်းအားများ ထွက်လာသည်။

ထိုစွမ်းအားက အလွန်သန်မာပြီး ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်မထားသော အဆင့်နိမ့်ကျင့်ကြံသူများက ခုခံနိုင်မည်မဟုတ်ပေ။

ခေါင်းဆောင်တောက်ရင်က လက်မြှောက်လိုက်သောအခါတွင် အနီရင့်ရောင်ဓားအလင်းက လူတိုင်းကို ကာကွယ်ပေးလိုက်သည်။

“ဒါက လေဟာနယ်စွမ်းအားပဲ။ ဒီကမ္ဘာငယ်လေးက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အပြင်မှာ ရှိနေတဲ့အတွက် ဖြတ်သန်းသွားဖို့ဆိုရင် လေဟာနယ်စွမ်းအားကို အသက်သွင်းဖို့လိုတယ်”

ပတ်ဝန်းကျင်မှာ ရှိနေသော အလင်းစီးကြောင်းများကို ကြည့်လျက် ခေါင်းဆောင်တောက်ရင်က ခပ်တိုးတိုးပြောသည်။

“ဒါပေမဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အတော်လေးအားကုန်နေပြီ။ ပြုပြင်မှုမလုပ်နိုင်ရင် အကြာကြီးခံတော့မှာမဟုတ်ဘူး”

“အဲဒီအချိန်ကိုရောက်လာရင် ကမ္ဘာငယ်လေးကို အပြည့်အဝဆုံးရှုံးရလိမ့်မယ်”

ဟန်မူယဲ့က ပတ်ဝန်းကျင်ရှိအလင်းတန်းများကို ကြည့်လျက် မျက်လုံးများတောက်ပလာသည်။

သူက ဤနေရာသို့ဝင်ရောက်လာသောအခါတွင် ဆံပင်ကြားမှာ ရှိနေသော အနက်ရောင်ဓားငယ်လေးက အနည်းငယ်တုန်ခါလာ၏။

ဓားစံအိမ်၏ အမွေခံတပည့်ကို ကိုယ်စားပြုသော ထိုအနက်ရောင်ဓားငယ်လေးက သာမန်ပစ္စည်းတစ်ခုမဟုတ်ပေ။

စပါးစိမ်းတောင်ကုန်းတွင် ဤဓားသည် ယန်ယင်နှင့်ပေါင်းစပ်ပြီး ဝိညာဉ်သူငယ်ကျင့်ကြံသူ၏ ကိုယ်ပွားကို တစ်ချက်တည်းသတ်ပစ်လိုက်သည်။

ထိုဓားအလင်းက အားလျော့မသွားဘဲ အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အလယ်ပိုင်းကုန်းမြေကြားမှာ ရှိသော ကောင်းကင်အရံအတားကိုပင် ဖျက်ဆီး၏။

သို့သော်လည်း ယန်ယင်၏စွမ်းအား မရှိတော့သောအခါတွင် ဓားငယ်လေးသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ဓားချီ၊ ဓားဆန္ဒများနှင့်  ပေါင်းစပ်လို့မရပေ။

ယခုအချိန်တွင် ဟန်မူယဲ့က ဓားနက်လေးထဲသို့ဝင်ရောက်သွားသော မမြင်နိုင်သည့်စွမ်းအားအမျှင်များကို ခံစားမိသည်။

‘ဒါက လေဟာနယ်စွမ်းအားလား’ သူတွေးမိသည်။

‘ဒီဓားငယ်လေးက လေဟာနယ်စွမ်းအားကို စုပ်ယူနိုင်တာလား’

ကျင့်ကြံခြင်းလောကတွင် လျှို့ဝှက်ချက်အများအပြားရှိနေသည်။ ဟန်မူယဲ့က ဗဟုသုတများ စုဆောင်းရန်လိုသေးသည်ဟု ခံစားလိုက်ရသည်။

“ဟမ် ....”

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ သူ့ရှေ့တွင် ရှိနေသောအလင်းလွှာက ပျောက်ကွယ်သွားသည်။ ခြေထောက်အောက်တွင် ရှိနေသော နူးညံ့ပြီး ဗလာဖြစ်နေသည့်လေဟာနယ်က မာကျောလာသည်။

သူက နီရဲနေသောအလင်းရောင်နှင့် မည်းမှောင်နေသောနေရာကို မြင်လိုက်ရသည်။

“ဒါက မိုင်းတွင်းလား”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လျက် ခပ်တိုးတိုးမေးသည်။

“ဒီအံ့ဖွယ်ဘုံရဲ့ တည်နေရာရွှေ့ပြောင်းခြင်းက အတည်တကျမရှိဘူး။ အဲဒါက နောက်ဆုံးတည်နေရာရွှေ့ပြောင်းခဲ့တဲ့အပေါ်မှာ မူတည်နေတယ်”

စွန်းယိုရှောက်က လက်ထဲတွင် ကျောက်စိမ်းပြားကိုကိုင်ထားပြီး ပြောသည်။

“ဒီနေရာကိုရောက်လာခဲ့တဲ့ ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ တပည့်က သနားစရာကောင်းတဲ့အခြေအနေနဲ့ ထွက်သွားခဲ့ပုံပဲ”

ခေါင်းဆောင်တောက်ရင်က ပတ်ဝန်းကျင်နံရံပေါ်မှာ ရှိနေသော ဓားရာများကိုညွှန်ပြလိုက်ပြီး ပြောသည်။

ထိုဓားအမှတ်အသားများက လိုက်ဖမ်းခံရသောကြောင့် ဖြစ်ပေါ်လာပုံရသည်။

မြေကြီးပေါ်မှာ ကျိုးပဲ့နေသည့် ပစ္စည်းအမျိုးမျိုးလည်းရှိသည်။

“အဲဒီတော့ ဒီအံ့ဖွယ်ဘုံကို စွန့်ပစ်တော့မှာပေါ့”

စွန်းယိုရှောက်က ခေါင်းယမ်းလျက် ခါးသီးစွာပြုံးသည်။

“ဒီကမ္ဘာငယ်လေးက ရတနာအများအပြား ထုတ်ပေးလောက်တယ်”

ခေါင်းဆောင်တောက်ရင်က လက်မြှောက်ပြီး လက်ညှိုးညွှန်သည်။ ဓားအလင်းက လိုဏ်ဂူနံရံကို အက်ကွဲသွားစေပြီး မီးတောက်နီသတ္တုရိုင်းတုံးတချို့ ပြုတ်ကျလာသည်။

“မီးအမျိုအးစားဝိညာဉ်သတ္တုဖြစ်တဲ့ မီးကတ္တီပါကျောက်တုံးတွေပဲ။ ဒါက ဈေးမကြီးပေမဲ့ ဆေးလုံးနဲ့ လက်နက်တွေသန့်စင်ဖို့ အသုံးများတယ်။ ဒါက ကျင့်ကြံခြင်းလောကထဲမှာ အရမ်းအသုံးများတယ်”

ဟန်မူယဲ့က သတ္တုရိုင်းကို ကိုင်ထားလိုက်ပြီး ပြောသည်။

ရှေ့သို့ကြည့်လိုက်သောအခါတွင် ထိုသတ္တရိုင်းမျိုးက နေရာတိုင်းမှာ ရှိနေသည်။

ကံမကောင်းစွာဖြင့် ဤပစ္စည်းက တန်ဖိုးသိပ်မရှိပေ။ မဟုတ်လျှင် တူးဖော်၍ယူနိုင်သည်။

သူတို့လေးယောက်က မိုင်းတွင်းလမ်းကြောင်းမှာ လျှောက်လာပြီးနောက် ဝိညာဉ်သတ္တုနှစ်ခုကို နံရံဆီမှ တူးဖော်ယူ၏။

မိုင်းတွင်းထဲတွင် မီးကျောက်တုံးများတင်မကဘဲ ပူးတွဲတည်ရှိနေသော ဝိညာဉ်သတ္တုများပါရှိသည်။ ဟန်မူယဲ့စုဆောင်းသော အကောင်းဆုံးဝိညာဉ်သတ္တုက ဝိညာဉ်နီသံမဏိဖြစ်ပြီး ငါးရာဂရမ်ကို ဝိညာဉ်ကျောက်တုံး တစ်ရာတန်သည်။

“ခလွမ် ...”

“ခလွမ် ...”

ရှေ့မှာ ထုရိုက်နေ‌သောအသံများကို ကြားလိုက်ရသည်။

‘တစ်ယောက်ယောက်က မိုင်းတူးနေတာလား’

ခေါင်းဆောင်တောက်ရင်က လေပြေလေညင်းတစ်ခုကဲ့သို့ ပြေးထွက်သွားသည်။

ဟန်မူယဲ့၊ ရှောက်ယိုစွန်းနှင့် လုကောတို့ရောက်သွားသောအခါတွင် နေရာကျယ်တစ်ခုမှာ စုတ်ပြတ်နေသောအဝတ်အစားနှင့် ဒါဇင်ချီနေသောလူများက ခေါင်းဆောင်တောက်ရင်ကို ဝိုင်းရံထားကြောင်း မြင်လိုက်ရသည်။

ထိုလူများအားလုံးမှာ ပိန်ပါးပြီး ကျေးဇူးတင်သည့် အမူအရာများ ပြသနေကြသည်။ သူတို့က ခေါင်းဆောင်တောက်ရင်ကို ဆက်တိုက်အရိုအသေပေးနေကြ၏။

All Chapters