← Chapters

အပိုင်း(၅၄၄)

Vol. 37 Ch. 544

အပိုင်း(၅၄၄)

Vol. 37 Ch. 544

ချူးကျူးဝိညာဉ်၏ ပြောသည့်

ချိတ်ပိတ်ကုန်းမြေ အကြောင်းအား ရှစ်ဖုန့်ကြားလိုက်ရသောအခါတွင်   သူကမေးလိုက်သည်။

“ခင်ဗျားကမဝင်နိုင်ဘူးလား..အဲ့တာဆိုသူတို့ကဘယ်လိုမျိုးဝင်သွားတာလဲ”

“ချိတ်ပိတ်နယ်မြေရဲ့သော့က ချူးမိသားစုထဲမှ မျိုးဆက်အလိုက်လက်ဆင့်ကမ်းပေးတဲ့အရာပဲ..အဲ့တာကအမြဲတမ်းချူးမိသားစုရဲ့ခေါင်းဆောင်ဆီမှာပဲရှိခဲ့တာ”

“ငါတို့ချူးကလန်ရဲ့အရင်ခေါင်းဆောင်က   ချူးယွဲ့ရဲ့အဖေ.. ချူးရှန့်ပဲ.. နှစ်ပေါင်းများစွာအကြာတုံးက ချူးရှန့်က ချိတ်ပိတ်ကုန်းမြေကိုဖွင့်တဲ့သော့ကို ချူးယွဲ့ကိုပေးခဲ့လိမ့်မယ်.. အဲ့တုံးက  ငါချူးယွဲ့နဲတစ်ခြားသစ္စာဖောက်တွေကိုသတ်ဖို့ လူတွေကိုလွှတ်လိုက်တော့ ချူးယွဲ့နဲ့ အခြားသူတွေက  ချိတ်ကုန်းကုန်းမြေကိုဖွင့်ပြီး ဝင်သွားခဲ့ပြီးနေပြီ”

ချူးကျူး၏ဝိညာဉ်က  ရှစ်ဖုန့်အားပြောလိုက်သည်။  ချူးကျူးကထိုသို့ပြောပြီးနောက် ဆက်ပြော၏။

“ငါ့ကိုသတ်ပါ.. သတ်လိုက်ပါ.. ငါပြောဖို့လိုတဲ့အရာမှန်သမျှကိုပြောပြီးပါပြီ.. “

ချူးကျူးမှာဝိညာဉ်အားထပ်မံလောင်ကျွမ်းခြင်းကိုမခံလိုတော့သောကြောင့်   ရှစ်ဖုန့်အား နောက်ထပ်တစ်ကြိမ်သေခြင်း

တရားအတွက်တောင်းပန်သည်။

ထို့နောက် အတွေးတစ်ချက်ဖြင့်  ရှစ်ဖုန့်ကသူ၏ ဝိညာဉ်စွမ်းအင်အား   အသက်သွင်းလိုက်ပြီး   သူ့လက်ထဲရှိဝိညာဉ်က  သူ၏နဖူးထံသို့ပျံသန်းသွားသည်။  မျက်စိတစ်မှိတ်အတွင်း   ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအင်က  ချူးကျူး၏ဝိညာဉ်အား  ဝါးမျိုလိုက်သည်။

ရှင်းယောင်မြို့၏ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော ချူးမိသားစု၏ခေါင်းဆောင်ဖြစ်သူ ကြယ်ကိုးပွင့်သူတော်စင်နယ်

ပယ်ချူးကျူးတစ်ယောက်  ကျဆုံးသွားခဲ့ပြီဖြစ်သည်။

ချူးကျူး၏ဝိညာဉ်အား  ဝါးမျိုပြီးနောက်   ရှစ်ဖုန့်က  နောက်တစ်ကြိမ်ပြင်းထန်စွာ

လောင်ကျွမ်းနေသော  သွေးနီရောင်မီးတောက်ပင်

လယ်ထံသို့ကြည့်လိုက်သည်။ နောက်ထပ်အတွေးတစ်ချက်ဖြင့်မီးတောက်ပင်လယ်က  ပြင်းထန်စွာလှုပ်ရှားလာသည်။  ၎င်းကပြင်းထန်သောဆူနာမီလှိုင်းကဲ့သို့ ရှစ်ုဖန့်ထံပြင်းထန်စွာလှိမ့်ဝင်လာ၏။

ရှင်းယောင်မြို့အတွင်း၌ ဒုတိယအင်အားအကြီးဆုံးမိသားစုဖြစ်သော ထိုက်မိသားစုမှာ လုံးဝသုတ်သင်ခံရလုနီးပါးဖြစ်ခဲ့သည်။  ကံကောင်းထောက်မ၍ အသက်ရှင်ကျန်ရစ်ခဲ့သူများမှာ အနာဂတ်၌ မည်သည့် ရိုက်ခက်မှုအကြောင်းတရားကိုမှလုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ရှင်းယောင်မြို့၌ အင်အားအကြီးဆုံးမိသားစုဖြစ်ခဲ့သော  ချူးမိသားစုမှာသူတို့၏ခေါင်းဆောင်ဖြစ်သူ ချူးကျူးကို ဆုံးရှုံးသွားခဲ့သည်။ချူးကျူးအပြင် ချူးမိသားစု၏ အစွမ်းအထက်ဆုံးကျင့်ကြံသူ

ဆယ့်လေးယောက်လည်းကျဆုံးသွားခဲ့၏။  ယနေ့ညပြီးဆုံးလျှင်  ချူးမိသားစုမှ ရှင်းယောင်မြို့၌ တတိယတန်းစားမိသားစုတစ်ခု

ဖြစ်လိမ့်မည်ဖြစ်သည်။

ချူးကလန်မှာရှင်းယောင်မြို့၌  နံပါတ်တစ်မိသားစုတစ်ခုဖြစ်ခဲ့သည်နှင့်အညီ အမြဲတမ်းသူတို့၏စွမ်းအားအာဏာအား ကြွားလုံးထုတ်ခဲ့ပြီးရှင်းယောင်မြို့အတွင်းအခြားသူများကို အလေးမထားပြုမူခဲ့သည်ဖြစ်သည်။ သူတို့ကလူများစွာအားစော်ကားခဲ့ပြီး  ယနေ့ညပြီးလျှင်  အသက်ရှင်ကျန်ရစ်ခဲ့သောချူး

မိသားစုဝင်များမှာ  အေးဆေးသက်သာလွယ်ကူ

သောအချိန်ကိုရလိမ့်မည်မဟုတ်ပေ။

မီးတောက်ပင်လယ်ကတလိမ့်လိမ့်ဖြင့်ရှစ်ဖုန့်ထံဝင်လာသည်။  မကြာခင်   မီးတောက်ပင်လင်က ရှစ်ဖုန့်၏လုံးဝဝါးမျိုခြင်းခံလိုက်ရပြီး   မြို့အနောက်ဘက်၌ ကြီးမားသောအပျက်အစီးနယ်မြေကြီးတစ်ခုကိုသာချန်ထားရစ်ခဲ့သည်။  ထိုနယ်မြေက  ရှင်းယောင်မြို့၌ဒုတိယအင်အား

အကြီးဆုံးမိသားစုဖြစ်သောထိုက်မိသားစု၏အိမ်တော်နေရာပင်ဖြစ်သည်။

“ရှင်းယောင်မြို့မှာ ထိုက်မိသားစုကတော့လုံးဝသမိုင်းတစ်ခုသက်သက်ဖြစ်သွားပြီ”

တစ်စုံတစ်ယောက်က မီးတောက်များကြောင့်ကျန်ရစ်ခဲ့သော အပျက်အစီးများအားကြည့်၍ တသသပြောလိုက်သည်။

“ဘယ်သူကတွေးမိမှာလဲ.. မိသားစုစွမ်းအားကအထွတ်အ

ထိပ်ပဲလို့ကြွေးကြော်တဲ့ ..ငါတို့ရှင်းယောင်မြို့က နံပါတ်တစ်နဲ့ နံပါတ်နှစ်  တည်ရှိမှုနှစ်ခုက ဒီလိုမျိုးလူတစ်ယောက်ကြောင့် ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့

ဖြစ်ရပ်ဖြစ်သွားရလိမ့်မယ်လို့”

တစ်စုံတစ်ယောက်က ညကောင်းကင်ယံထဲ၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်သော  အနက်ရောင်ပုံရိပ်အားကြည့်၍  စိတ်ခံစားချက်များရောပြွန်း

လျှက်သက်ပြင်းချလိုက်သည်။

“အစကနေအဆုံးအထိ . ဒီရက်စက်အကြင်နာမဲ့တဲ့သူက ဘယ်သူလဲဆိုတာကိုတို့တွေမသိသေးဘူး.. သူကဘယ်နေရာကနေများလာခဲ့တာလဲ”

တစ်စုံတစ်ယောက်က အနက်ရောင်ပုံရိပ်အားကြည့်၍ပြောလိုက်သည်။

ဤအကြင်နာမဲ့သောသူက ထိုက်မိသားစုကိုဖျက်ဆီးပစ်ခဲ့ပြီး ချူးမိသားစု၏ အထွတ်အထိပ်ပြိုင်ဘက်ကင်းကျင့်ကြံသူများကိုသတ်ပစ်ခဲ့သည်။  ရှင်းယောင်မြို့၌  များစွာသောလူများမှာ  ဤအကြင်နာမဲ့သောလူ၏ သရုပ်မှန်နှင့် နောက်ခံတို့ကို ပို၍ပို၍သိချင်လာကြ၏။

“ဒီတော့အဲ့တာသူပေါ့. ကံကောင်းလို့ ငါအလျှင်စလို မလုပ်မိလို့.. “

မြို့အရှင်သခင်အိမ်တော်ဘက်တွင် မြို့အရှင်သခင်မုံ့ယွမ်နှင့်  တပ်မှူး လောရှန်တို့က   မြို့အရှင်အိမ်တော်၏ ခေါင်မိုးထက်၌ရပ်နေဆဲဖြစ်ပြီး ညကောင်းကင်ယံထဲသို့ကြည့်နေသည်။

မုံ့ယွမ်ရှစ်ဖုန့်အားစတင်တွေ့စဉ်က  သူ့အနေဖြင့်လွန်စွာရင်းနီးနေ

သည်ဟုခံစားခဲ့ရသည်။  နောက်ပိုင်း ရှစ်ဖုန့်က သူ၏ထူးခြားအံ့ဖွယ်ခွန်အားကို ချပြခဲ့ပြီးနောက်လွန်ခဲ့သောရက်အချို့မှအလိုရှိအမိန့်ပြန်တမ်းကိုသူဖြည်း

ဖြည်းချင်းသတိရလာသည်။

တစ်စုံတစ်ယောက်အားထိုအရာကိုမုံ့ယွမ်သွားယူခိုင်းလိုက်ပြီးနောက်  ဤရက်စက်သော ပုဂ္ဂိုလ်က မည်သူဖြစ်သည်ကိုမုံ့ယွမ်သိလိုက်သည်။

ဤလူမှာ လွန်ခဲ့သောရက်အချို့က ရှန်းဟွေ့မြို့၏အရှင်သခင်ဖြစ်သူ ရှန်းအောင်ရှင်းအား သတ်ပစ်ခဲ့သည့် သူပင်ဖြစ်သည်။

“ကံကောင်းစွာနဲ့ ကျွန်တော်တို့ အလျှင်စလိုမလုပ်မိလို့.. ဒီတော့ ရှန်းအောင်ရှင်းကိုသတ်

ပစ်လိုက်တာသူပေါ့”

တပ်မှူး လောရှန်က အကြောက်တရားများစွဲကျန်ရစ်

စွာဖြင့် မြို့အရှင် မုံ့ယွမ်၏လက်ထဲမှ အလိုရှိပုံတူပန်းချီအားကြည့်လိုက်ပြီး နောက် ညကောင်းကင်ယံထဲ၌ဝင့်ကြွားစွာရပ်နေသောအနက်ရောင်ပုံရိပ်ကိုကြည့်လိုက်သည်။

ထိုအချိန်ကရှင်းယောင်မြို့ထဲ

၌တစ်စုံတစ်ဦးကပြဿနာလာရှာချိန်တွင်  လောရှန်က မုံ့ယွမ်အား သူဝင်စွတ်ဖတ်ရမည်လားဟု မေးခဲ့သည်။ ကံကောင်းစွာဖြင့် မြို့အရှင် မုံ့ယွမ်၌ မြော်မြင်မှုရှိခဲ့၏။  အကယ်၍သူက သာ “ကြားဝင်လိုက်”  ဟူသောစကားကိုပြောခဲ့လျှင်  ထို့နောက်သူသည်လည်း ချူးမိသားစုကဲ့သို့တူညီသောကံကြမ္မာအား  ခံစားရလိမ့်မည်ဖြစ်ကောင်းဖြစ်နိုင်သည်။

“တို့တွေဒီကိစ္စကို  ဂရုမစိုက်တာပိုကောင်းတယ်..ဒါပေမဲ့.. ငါတို့ ရှင်းယောင်မြို့ကို ဦးဆောင်နေရာဆိုတော့ .. ရှင်းယောင်မြို့ထဲမှာဒီလိုမျိုးတစ်စုံတစ်ခုဖြစ်လာခဲ့ရင်  ငါတို့တွေထျန်းလျန်အင်ပါယာကို သတင်းတော့ပို့ရအုံးမှာပဲ”

မုံ့ယွမ်ကပြောလိုက်သည်။

“အင်း”

မုံ့ယွမ်၏ စကားအားကြားလိုက်ရသောအခါတွင် မုံ့ယွမ်က လေးနက်စွာခေါင်းညိမ့်လိုက်သည်။

“ဟစ်…. သူ.. .ချူးမိသားစုရဲ့ခေါင်းဆောင် ချူးကျူးတောင်အသတ်ခံရတယ်.. ဒီလိုလူမျိုးကငါတို့နဲ့တကယ်ကြီး နေ့လည်ကတွေ့ခဲ့တာတဲ့”

နောက်ထပ်အခြားခေါင်မိုးတစ်ခုပေါ်တွင်   လူငယ်ကိုးယောက်ကရပ်နေကြပြီး  ညကောင်းကင်ယံထဲရှိပုံရိပ်အား

မှင်တွေစွာစိုက်ကြည့်နေသည်။  သူတို့ထဲကတစ်ယောက်က  လေအေးတို့ကိုရှိုက်သွင်းလိုက်ပြီး  ကြက်သေသေစွာဖြင့်ပြောလိုက်သည်။

ဤလူကိုးဦးမှာကန်းချမ်းကြေးစားအဖွဲ့မှ လူကိုးဦးဖြစ်သည်။

“နတ်ဆိုးသားရဲတောင်တန်းမှာသတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေနဲ့ပြည့်နှက်နေပြီး နတ်ဆိုးသားရဲတွေရဲ့အလောင်းတွေကလည်းနေရာတိုင်းပြန့်ကျဲနေတယ်….အဲ့အချိန်တုံးက စွမ်းအားကြီး ကြမ်းကြုတ်တဲ့သားရဲကြီးတစ်ကောင်တောင်အောက်ကိုဆင်းလာတယ်လို့ငါတို့ထင်ခဲ့ကြတာ.. နေရာတိုင်းမှာအသတ်ခံရတဲ့ နတ်ဆိုးသားရဲတွေက  ဒီလူသတ်တာလို့မင်းတို့ထင်ကြလား”

ဤလူငယ်များထဲမှတစ်ယောက်က  ရုတ်တရက်နတ်ဆိုသားရဲတောင်တန်းအတွင်းမှသူမြင်ခဲ့သောအလောင်းများကိုအမှတ်ရလိုက်သည်။ ထို့နောက်  ကျားဖြူအားစိမ်ပြေနေပြေစီးနင်း

ထားသောဤလူအားသူမြင်တွေ့ခဲ့သည်ဖြစ်ပြီး သူကမှန်းဆချက်ထုတ်လိုက်သည်။

“ဒါက”

“ဒါက”

“ဒါက ဖြစ်နိုင်ချေလုံးဝနီးပါးရှိတယ်”

ထိုလူငယ်ကဤကဲ့သို့ပြောသည်တွင် အခြားတစ်ယောက်ကလည်း ပြန်တုန့်ပြန်လိုက်သည်။ ၎င်းကမည်ကဲ့သို့ကြမ်းကြုတ်

သည့်သားရဲမျိုးနည်း။၎င်းကမည်မျှကြမ်းကြုတ်

ခက်ထန်နေပါစေ ဤလူထက်ပို၍ကြမ်းကြုတ်

ခက်ထန်နိုင်မည်လော။ယခုသူတို့ဤအကြောင်းအားတွေးမိသောအခါတွင် ဤနေ့တွင်သူတို့ထွက်ပြေးခဲ့သည်က တကယ်ပဲဤလူကြောင့်ဖြစ်သည်ကို သဘောပေါက်လိုက်ကြသည်။

ထိုအချိန်က ၎င်းအားဤနေရာမှ ထွက်သွားရန်အကြံပေးခဲပြီး အန္တရာယ်များသည်ဟုပြောခဲ့သောလူတစ်ယောက်ပင်သူတို့ထဲ၌ရှိခဲ့၏။  ပြောရလျှင် တကယ်ကြမ်းကြုတ်ခက်ထန်သောသားရဲ ထိုအန္တယ်ရာယ်ဆိုသည်က သူတို့၏ဘက်ခြမ်း၌ရှိနေခဲ့ခြင်းဖြစ်သည်။

………….

“ဒါက. ပြီးသွားပြီလား”

ရှစ်ဖုန့်က ချူးကျူးနှင့်တိုက်ခိုက်ပြီးနောက်  အဝေးသို့ထွက်ပြေးသွားသည့် ကောင်မလေးရှောင်းယီကလည်း  အကွာအဝေးတစ်ခုရှိအနက်ရောင်ပုံရိပ်အား တွေဝေစွာကြည့်၍ပြောလိုက်သည်။

နေ့လည်က သူမအား သူကထိုက်မိသားစုအားဖျက်ဆီးပစ်မည်ဟုပြောခဲ့စဉ်က သူမက သူ၏စကားအားမယုံခဲ့ပေ။ အကယ်၍သူကခေါင်းဆောင်ဖြစ်သူနှင့်အခြားသူများအားအနိုင်ယူနိုင်ခဲ့လျှင်တောင် သူ့အတွက် ထိုက်မိသားစုအားဖျက်ဆီးပစ်ရန်က မဖြစ်နိုင်ဟုသူမထင်ခဲ့သည်။

သို့သော်ယခုအခါတွင်    မိသားစုကြီးတစ်ခုမှ ကျင့်ကြံခြင်းအမှိုက်တစ်ယောက်ဟု သူမထင်ခဲ့သော ဤလူက  တကယ်ကြီးထိုအရာကိုလုပ်ခဲ့သည်။

ထိုသည်သာမက ထိုက်မိသားစုအားဖျက်ဆီးပစ်ရုံတင်မဟုတ်ဘဲ  ချူးမိသားစုပင်သူ့ကောင့်ပျက်ဆီး

လုနီးပါးဖြစ်သွားရသည်။ ချူးမိသားစု၏ခေါင်းဆောင်နှင့်  ချူးမိသားစု၏  ကျွမ်းကျင်သူဆယ့်လေးယောက်တို့ အားလုံးသေသွားခဲ့ပြီဖြစ်သည်။ လက်ရှိချူးမိသားစုမှာ ဖျက်ဆီးခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ဘာမှမခြားနားတော့ပေ။

ထို့နောက် အနက်ရောင်ပုံရိပ်ကအနည်းငယ်တုန်ခါသွားပြီး  အရှိန်အဟုန်ဖြင့်လေကိုထိုးခွင်းပျံသန်းလာသည်ကို ကောင်မလေးတွေ့လိုက်ရသည်။ သူပျံသန်းလာသောဦးတည်ချက်က သူမရှိရာသို့ဖြစ်သည်။

ရှစ်ဖုန့်၏ပုံရိပ်က ကောင်မလေးရှေ့သို့ မျက်စိတစ်မှိတ်အတွင်းရောက်ရှိလာသည်။  သူ့ရှေ့ရှိကောင်မလေးအားကြည့်၍ ထူးမခြားနားစွာပြုံးပြကာ ပြောလိုက်သည်။

“ချူးမိသားစု ကရှင်းယောင်မြို့ဘယ်နေရာမှာရှိတယ်ဆိုတာကိုမင်းသိလား”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ကောင်မလေးတုန်လှုပ်အံ့အားသင့်သွားသည်။ သူမကပြောလိုက်၏။

“ရှင်.. ထိုမိသားစုကိုဖျက်ဆီးပြီးတော့. ရှင်က ချူးမိသားစုကိုဖျက်ဆီးဖို့သွားချင်တာလား. ရှင်ကတကယ်ကို သတ်ဖြတ်ချင်စိတ်တွေများတာပဲ.. တကယ်တော့လူအများကြီးက အပြစ်မဲ့တဲ့သူတွေပါ”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters