ပိုစတာကောင်လေး
Vol. 9 Ch. 121
အခန်း (၁၂၁) ပိုစတာကောင်လေး
ဟန်ရှောင်းသည် မှန်ပြောင်းမှ မော့ကြည့်ကာ အံ့သြသွားသည်။ ပစ်ခတ်မှုသုံးချက်၏ အစွမ်းကြောင့်လည်း သူ အံ့အားသင့်သွား၏။ ဒုတိယမြောက်ပစ်ချက်သည် Critical ပစ်ချက်ဖြစ်ပြီး ပိုင်ကျင်း၏ ပင်ကိုယ်အရည်အသွေးများကို အလွန်အားနည်းသွားစေသည်။ အမှန်တကယ် ပျက်စီးမှုက နှစ်ဆတိုးလာသလိုပင်။ ပထမနှစ်ချက်က အလွန် ထိရောက်မှုရှိသည်။ အဆင့် ၄၈ တွင်ရှိသော ပိုင်ကျင်းကဲ့သို့သော ကစားသမားသည် တိုက်စစ်တွင် အားကောင်းသော်လည်း ခံစစ်တွင် အားနည်းဖွယ်ရှိသည်ဟု ဟန်ရှောင်းက အကြမ်းဖျင်း ခန့်မှန်းခဲ့သည်။ ထို့ကြောင့်၊ သူ၏ သွေးအမှတ်သည် အကြမ်းဖျင်းအားဖြင့် ၂,၅၀၀ ဝန်းကျင်တွင် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် သူသည် တတိယမြောက် ပစ်ချက်ကို အသေသတ်သော နောက်ဆုံးထိုးနှက်ချက်အဖြစ်ပစ်ခတ်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ပိုင်ကျင်းကို သတ်ပစ်လိုက်သည်။
အဓိက ထိုးနှက်ချက်မှာ ပထမဆုံး ပစ်ခတ်မှုဖြစ်ပြီး ပိုင်ကျင်းကို ပေါက်ကွဲပျက်စီးစေကာ ချက်ခြင်း ပြိုလဲသွားစေ၏။ သူက လွယ်ကူသော ပစ်မှတ်ဖြစ်လာသည်။
_____________________
ပိုင်ကျင်း(အဆင့် ၄၈) ကို သတ်ခြင်းဖြင့် သင်သည် အတွေ့အကြုံရမှတ် ၆၄,၀၀၀ ရရှိခဲ့သည်။
အဆင့် ၁၄ဆင့် ခြားနားချက်ကို သင် ကျော်ဖြတ်ခဲ့သည်။ ထပ်တိုး အတွေ့အကြုံအမှတ် ၃၆၀% ဘောနပ်စ်ကို ရရှိမည်ဖြစ်ပြီး စုစုပေါင်း ၂၃၀,၄၀၀ အတွေ့အကြုံအမှတ် ရရှိမည်ဖြစ်သည်။
သင့် ပံ့ပိုးမှုနှုန်းသည် ၁၀၀% ဖြစ်သည်။
သင်သည် အပို ၂၃၀,၄၀၀ (၁၀၀%) အတွေ့အကြုံရမှတ်များ ရရှိထားပါသည်။
_____________________
ဟန်ရှောင်းကိုယ်တိုင်က အဆင့်ကျော် သတ်ဖြတ်မှုကို အောင်မြင်စွာ ပြီးမြောက်အောင် လုပ်နိုင်မယ်လို့တောင် မထင်ခဲ့မိပေ။ Ghost စနိုက်ပါရိုင်ဖယ်ကို ထုတ်လုပ်ရန်အတွက် ဒီဇိုင်းပုံစံများ ပေါင်းစပ်မှုတွင် သူအသုံးပြုခဲ့သော အတွေ့အကြုံအမှတ်အတွက် စက္ကန့်ပိုင်းအတွင်း အတွေ့အကြုံအမှတ် ၃၀၀,၀၀၀ ကို ပြန်ရလာသည်။ အမှန်တွင် ပို၍ ရနေသေးသည်။
အိမ်ကြီးကို တစ်ချက်ကြည့်လိုက်တော့ အပြင်မှာ တိတ်ဆိတ်နေမှန်း သိလိုက်ရသည်။
လူတိုင်းသည် အံ့အားသင့်လွန်း၍ မလှုပ်ရှားနိုင် ဖြစ်နေကြ၏။ ၎င်းတို့သည် မူလက ခါးသီးဖွယ် တိုက်ပွဲတစ်ခု ဖြစ်လာမည်ဟု တွေးထင်ခဲ့ကြပြီး ယင်းအတွက် ရုန်းကန်ခဲ့ကြရသည်။ သို့တိုင် အဖြစ်အပျက်များသည် လျှပ်တစ်ပြက်အတွင်း ဖြစ်သွားခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ဖျပ် ဖျပ် ဖျပ်
တောအုပ်အတွင်း ခြေသံများ ကြားရပြီး လူတိုင်း၏ မျက်လုံးများသည် စပ်စုခြင်း၊ ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်း အပြည့်ဖြင့် အသံဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် တိမ်ညိုများသည် လရောင်ကို တဖြည်းဖြည်း ဖုံးလွှမ်းလာပြီး ငွေရောင်ရှိသော လရောင်သည် တိမ်များထဲသို့ မှိန်သွားသည်။ အနက်ရောင်ဝတ်စုံဝတ်ထားသည့် ဟန်ရှောင်းသည် သူ၏မျက်နှာအောက်တစ်ခြမ်းတွင် လရောင်လင်းနေလျက် တောထဲမှ ထွက်လာခဲ့သည်။ လရောင်သည် သူရှေ့တက်သွားသည်နှင့် ဝေးကွာသွားပုံရပြီး အမှောင်ထုသည် သူ့ခြေလှမ်းတိုင်းကို လိုက်လာနေသည်။ သူက အမှောင်ထုနဲ့ အိပ်မက်ဆိုးတွေ ယူဆောင်လာသလိုပင်။ သူသည် ညအခါ၌ ဖုံးကွယ်နေသော ဝိညာဉ်တစ်ကောင်ဖြစ်သည်။
ထိုမြင်ကွင်းက သူ့ကို အရမ်း ကြည့်ကောင်းစေခဲ့ပြီး လူတိုင်းကို အဲဒီအခိုက်အတန့်တွင် အသက်ရှုကြပ်သွားစေခဲ့ပါတယ်။ ဤအခိုက်အတန့်သည် လူတိုင်း၏ အမှတ်တရများတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်သည်။
"မစ္စတာဘလက်!"
"သူပဲ"
မစ္စတာဘလက်သည် အလွန်အစွမ်းထက်မှန်း သိသော်လည်း၊ သူသည် ဤမျှ အစွမ်းထက်ကြောင်း နည်းနည်းလေးတောင် မသိခဲ့ကြပေ။ လူတိုင်း အံ့အားသင့်သွားကြသည်။
Bennett အံ့အားသင့်သွားသည်။ ဟန်ရှောင်းကြောင့် သူမှင်တက်သွားလိမ့်မည် မမျှော်လင့်ခဲ့ပေ။ ဟန်ရှောင်း၏ ပေါက်ကွဲနိုင်သော အဖျက်အစီး စွမ်းအားကို အကဲဖြတ်ကြည့်ရသလောက်မှာ၊ သူ့အား ခြိမ်းခြောက်ရန် လုံလောက်သည်ထက်ပိုနေ၏။ ဟန်ရှောင်း နီးကပ်လာသည်နှင့်အမျှ Bennett က သူ့ကို မချီးမွမ်းဘဲ မနေနိုင်တော့ပေ။ "ကောင်းတယ်။"
"အများကြီးမဟုတ်ပါဘူး" ဟန်ရှောင်းက အမြဲတမ်း ကျိုးနွံစွာ ပြန်ဖြေတယ်။
သူ့ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ ဝိုင်းအုံနေတဲ့ ရဲဘော်တွေက သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ ဟန်ရှောင်းက “အဲဒီမှာ ရပ်မနေပါနဲ့။ လုပ်သင့်လုပ်ထိုက်တာကို သွားလုပ်ပါ။”
ကြေးစားသမားများသည် အိပ်မက်မှ နိုးထလာသကဲ့သို့ လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီး အိမ်ကြီး၏ ခံတပ်များကို အဆောတလျင် ပြုပြင်ကြသည်။ သူတို့အားလုံးသည် ဟန်ရှောင်း၏အမိန့်ကို သိပ်ပြီးမစဉ်းစားဘဲ လက်ခံခဲ့ကြသည်။
ဤသူသည် ထိပ်တန်းတိုက်ခိုက်ရေးသမားဖြစ်သည်ကို မည်သူမျှမေ့မည်မဟုတ်ပေ၊ ၎င်းတို့မြင်လိုက်တိုင်း ဟန်ရှောင်းအပေါ် ၎င်းတို့၏လေးစားမှုသည် ပို၍နက်ရှိုင်းလာမည်ဖြစ်သည်။
ရန်သူ၏အလောင်းသည် အောင်မြင်မှုတံဆိပ်တစ်ခု ဖြစ်သည်။
ဟန်ရှောင်းသည် အိမ်ထဲသို့ လျှောက်သွားပြီး ဝမ်ယွမ်ရောက်လာသည်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ အပြုံးဟာ ကြိုဆိုဖိတ်ခေါ်မှုတစ်ခုလို မဟုတ်ဘဲ လေးလေးနက်နက်နဲ့ ရိုးသားမှု အပြည့်ပင်။ "အံ့မခန်းပစ်ချက်သုံးချက်! ဒီအဘိုးကြီးလည်း မင်းကြောင့် ထိတ်လန့်သွားတယ်”
"အဘိုးက ယဉ်ကျေးလွန်းနေပါပြီ။" ဟန်ရှောင်းသည် သူ့လက်ကို ဝှေ့ယမ်းကာ သူ့ဘေးနားရှိ Bennett ကို စိုက်ကြည့်နေသည်။ "သူ့ရဲ့ ဘေးမှာ မင်း အန္တရာယ်တောင် မရှိနိုင်ဘူး"
ဝမ်ယွမ်ပြုံးလိုက်သည်။ “ကျွန်တော် ဖိုင်ကို စစ်ဆေးပြီးပြီ။ Rothschild မိသားစုက မင်းကို ဒီမစ်ရှင်နှင့် မိတ်ဆက်ပေးခဲ့တယ်။ မင်းရဲ့စွမ်းအားက Dark အဆင့်ကို ကျော်လွန်နေတယ်။ ငါ မင်းရဲ့အဆင့်ကို Ghost ဆီကို တိုက်ရိုက်မြှင့်လိုက်မယ်။"
ဤသည်မှာ သူ၏ မျက်နှာသာရရှိရန် ထင်ရှားသောလုပ်ရပ်ဖြစ်သည်။ Ghost အတွက် ချက်ခြင်း ရာထူးတိုးခြင်းက ဟန်ရှောင်းကို အံ့သြသွားစေသည်။ ဝမ်ယွမ်၏ ကြင်နာမှုကို လက်ခံကာ ခေါင်းညိတ်လိုက်သည်။
…
တောအုပ်ထဲတွင် တိစုစုသည် သူမ၏ မျက်နှာတွင် လေးနက်မှုအပြည့် ဖြစ်နေသည်။ ဟန်ရှောင်း၏ စွမ်းဆောင်မှုအကြောင်း သူမတင်ပြခဲ့သည်။
"မစ္စတာဘလက်က ကြီးမားသော စနိုက်ပါစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ သတ်ဖြတ်နိုင်စွမ်းကို တားဖို့ခက်ခဲတယ်။ သူ့ကို 'ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ပစ်မှတ်ဖိုင်'ထဲကို ထည့်ဖို့ အကြံပြုပါတယ်။”
“ခွင့်ပြုချက်ပေးတယ်” ဟု မိုရန်က တုံ့ပြန်ခဲ့သည်။
ဌာန၁၃တွင် အလွန်အန္တရာယ်များသော ပစ်မှတ်များအားလုံးအတွက် ဒေတာဘေ့စ်တစ်ခုရှိပြီး ၎င်းကို ပြင်းထန်တဲ့ခြိမ်းခြောက်မှုဖိုင်ဟုလည်း ခေါ်တွင်သည်။ ဟန်ရှောင်း၏ စွမ်းဆောင်ချက်သည် သူတို့၏ အာရုံစိုက်မှုကို စွဲဆောင်ထားပြီးဖြစ်သည်။ အထူးသဖြင့် သူစနိုက်ပါတစ်ဦးဖြစ်သည်ဟူသော အချက်ပင်။
…
နောက်နေ့မနက်စောစောမှာ ဝမ်ယွမ်က ရဲဘော်တွေအားလုံးကို ခေါ်ယူပြီး အစောင့်တာဝန်တွေအားလုံးကို ယခု ပြီးစီးသွားပြီဟူ ကြေငြာခဲ့ပါတယ်။ အလုပ်မှရရှိသော အကျိုးအမြတ်အားလုံးကို ၎င်းတို့၏အကောင့်များသို့ တိုက်ရိုက်ထည့်သွင်းမည်ဖြစ်သည်။
အဖွဲ့အစည်းထဲက သစ္စာဖောက်တွေကို ဖမ်းဆီးပြီးသွား၏။ ဝမ်ယွမ်၏ ပန်းတိုင်သည် ပြီးမြောက်သွားသည်။
ကိုယ်ပျောက်နတ်ဆိုးအတွက်မူ ပိုင်ရှင်သေဆုံးသွားသောကြောင့် သဘာဝအတိုင်း တိုက်ခိုက်ခြင်းကို ရပ်သွားခဲ့သည်။
ဟန်ရှောင်းသည် စပေါ်ငွေ-ဒေါ်လာနှစ်သန်းကို စစ်ဆေးခဲ့ပြီး ကနဦးသဘောတူညီချက်၏ နှစ်ဆဖြစ်သည်။ ဤသည်မှာ ဝမ်ယွမ်သည် သူ၏ နောက်ဆုံးပစ်ချက်သုံးချက်မှာ ထိုက်တန်သောကြောင့် သူ့ကို တမင်တကာ ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
…
_____________________
ပဉ္စမအကျော့ ပြီးသွားပါပြီ။ သင်သည် အတွေ့အကြုံအမှတ်အမှတ် ၃၀,၀၀၀ ရရှိခဲ့သည်။
Bennett သည် တိုက်ပွဲတွင် ပါဝင်ခြင်းမရှိကြောင်း သေချာစေရန် လျှို့ဝှက်တောင်းဆိုချက် အောင်မြင်ပါသည်။ သင်သည် အတွေ့အကြုံအမှတ် ၃၀၀,၀၀၀ ရရှိခဲ့သည်။
_____________________
ဤတစ်ကြိမ်တွင် အပိုမစ်ရှင် အပိုင်းတစ်ခုမျှ မရှိပေ၊ ကွင်းဆက်မစ်ရှင် ပြီးဆုံးသွားသည်ဟု ဆိုလိုသည်။ ယခုအချိန်အထိ သူစုဆောင်းထားသည့် အတွေ့အကြုံအမှတ်သည် အမှတ်တစ်သန်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်။ ဤမစ်ရှင်၏ ဆုလာဘ်သည် အလွန်အကျိုးဖြစ်ထွန်း၏။
နောက်ဆုံးတော့ ဒီမစ်ရှင် ပြီးသွားပြီ။
ဟန်ရှောင်းက ပိုသက်တောင့်သက်သာရှိလာသည်။ သူက Bennett ကိုရှာပြီး Lock HOC စနိုက်ပါရိုင်ဖယ်ကို ပေးလိုက်သည်။
"မင်းငါ့ကို နောက်ထပ်လက်ဆောင်ပေးမှာလား" Bennett အံ့ဩသွားသည်။ ဒီလက်ဆောင်က သူ့အကြိုက်နဲ့ ထပ်တူကျတယ်လို့ သတိပြုမိပြီး မမေးဘဲ မနေနိုင်တော့ပေ။ “မင်းမှာ ဘာတောင်းဆိုစရာရှိလို့လဲ”
“တိုက်ခိုက်ရေးပညာကို သင်ယူချင်ပါတယ်”
သူဘာလို့ ဒီလိုထပ်ပြောတာလဲ။
Bennett က ခေါင်းကိုက်သွားသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ ဟန်ရှောင်း၏ စနိုက်ပါစွမ်းရည်အတွက် သင့်လျော်သော ကျွမ်းကျင်မှုအစုံလိုက်ကို သင်ကြားပေးရန် ဆုံးဖြတ်ခဲ့ပြီး စတင်ရှင်းပြခဲ့သည်။
“ငါ့ရဲ့ ငယ်ရွယ်စဉ်အချိန်တုန်းက၊ ငါဟာ တစ်ချိန်က ငါရဲ့ ပုန်းကွယ်နိုင်မှုမှာ နာမည်ကြီးတဲ့ လုပ်ကြံသတ်ဖြတ်သူ ဖြစ်ခဲ့တယ်။ ဒီအရည်အချင်းတွေက မင်းကို နည်းနည်းလောက် ကူညီပေးနိုင်လိမ့်မယ်…”
Bennett ၏ ရှင်းပြချက်ကို တစ်နာရီကျော်ကြာ နားထောင်ပြီးနောက် ဟန်ရှောင်းသည် မစ်ရှင်အသစ် ပေးအပ်ခြင်းခံရသည်။
_____________________
သင်သည် အဆင့် D မစ်ရှင် [Night Stalker (Class Change)] ကို စတင်လိုက်ပါပြီ။
လုပ်ဆောင်စရာ အနှစ်ချုပ် - Bennett ၏ ရှင်းလင်းချက်မှ အထူးကျွမ်းကျင်မှုအချို့ကို သင်သင်ယူခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့ကို ပြီးပြည့်စုံစေရန် လေ့ကျင့်ရန် လိုအပ်နေသေးသည်။
မစ်ရှင်လိုအပ်ချက်များ - အမှောင်ထဲတွင် လုပ်ကြံသတ်ဖြတ်ခြင်း မစ်ရှင် ၅ ခုကို အပြီးသတ်ပါ။ ('အဆင့်' ကန့်သတ်ချက် မရှိပါ။)။
ဆုလာဘ် - [Night Stalker] Class
_____________________
Night Stalker - ဒါက Bennett ဆီက ဟန်ရှောင်းကို ရချင်နေတာကြာပြီဖြစ်သော Class/အမျိုးအစား ဖြစ်သည်။ ထို အမျိုးအစားတွင် ကိုယ်ယောင်ဖျောက်ခြင်းစကေး၊ ကိုယ်ပျောက်တိုက်ခိုက်မှု၏ Critical ဘောနပ်စ်နှင့် တခြားစကေးများကို သင်ယူနိုင်သည်။ သူ၏ Flaming Will နှင့် Ghost စနိုက်ပါရိုင်ဖယ်တို့နှင့်အတူ သူသည် ကိုယ်ယောင်ဖျောက်တိုက်ပွဲများ၏ အနုပညာကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်လိမ့်မည်။ ထို့အပြင်၊ ၎င်းသည် [Fatal Shot] [အသေသတ်ပစ်ချက်] အထူးကျွမ်းကျင်မှုကို ဖွင့်ရန် အခွင့်အရေးပေးမည်ဖြစ်သည်။
ဤ class/ အမျိုးအစား သည် ဗားရှင်း ၁.၀ တွင် အလွန်ရှားပါးနေပြီဖြစ်ပြီး ပင်ကိုယ်အရည်အသွေး ဘောနပ်စ်များမှာ မနည်းလှပေ။ အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံသည် ပင်မပရော်ဖက်ရှင်နယ်ထက် နည်းပါးသော်လည်း၊ အရံပရော်ဖက်ရှင်ကို သူ၏ တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်စေရန်အတွက် အသုံးပြုနိုင်သည်။
ရှင်းပြပြီးနောက်၊ Bennett ခေတ္တရပ်ပြီး “မင်းရဲ့ စွမ်းအင်က မသန်မာဘူးလို့ ငါပြောနိုင်တယ်၊ ဒါပေမယ့် မင်းရဲ့ သေစေနိုင်စွမ်းက နားမလည်နိုင်လောက်အောင်ပဲ။ ဒီမှာ ငါ့နံပါတ်၊ မင်းငါ့ကိုလိုအပ်တဲ့အချိန်တိုင်း မင်းငါ့ကိုရှာနိုင်တယ်။ အနာဂတ်မှာ မင်းရဲ့အကူအညီကို ငါလိုအပ်ကောင်းလိုအပ်နိုင်တယ်ဆိုတာ ဘယ်သူသိမလဲ၊ မင်းဘယ်လိုထင်လဲ။"
“ဟုတ်ကဲ့။”
ဟန်ရှောင်းသည် မျက်တောင်ခတ်လိုက်ပြီး Bennett ၏ အဓိက ဇာတ်လမ်းမစ်ရှင်တစ်ခုအား ချက်ချင်းပြန်သတိရသည်။ ဒါကို သူက ကန့်ကွက်ခြင်းမရှိတဲ့အတွက် နံပါတ်တွေ ဖလှယ်လိုက်ကြတယ်။
မှတ်ချက်တစ်ခုမှာ၊ ဟန်ရှောင်းသည် လက်ရှိအသုံးပြုနေသည့် ဖုန်းသည် ဌာန၁၃က သူ့အား ပေးထားသည့် အနက်ရောင်ဖုန်း မဟုတ်တော့ပေ။
ကာကွယ်ရေး မစ်ရှင်သည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ရဲဘော်များ အားလုံး သက်ပြင်းချကြသည်။ သူတို့ ထုပ်ပိုးပြီး ထွက်ခွာခါနီးတွင် ဟန်ရှောင်းသည် လုပ်ကြံသတ်ဖြတ်သူနှင့် ကြေးစားခေါင်းဆောင်များ၏ ဖုန်းနံပါတ်များကို ကောက်ယူရန် လှည့်ပတ်သွားခဲ့သည်။ တစ်နေ့နေ့ အသုံးဝင်လာမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။
ရွှေမြေခွေးက ဟန်ရှောင်းကို သူမနံပါတ် စပေးခဲ့သည်။ ဟန်ရှောင်း၏ ခွန်အားကို ကြောက်ရွံ့ကာ သူမ ချက်ချင်း ထွက်ခွာသွားခဲ့သည်။ ထို့အပြင် သူ၏ ထူးဆန်းသောအကြိုက်ကို သူမ သည်းမခံနိုင်ပေ။
လူစုကွဲသွားကြသဖြင့် အိမ်ကြီးသည် ယခုတွင် ပို၍ငြိမ်သက်လာသည်။ ဟန်ရှောင်းသည် ဇင်ယော်မြို့ လေဆိပ်သို့ ပြန်လာခဲ့ပြီး ဖေဘီယန် ကုမ္ပဏီ၏ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
အလွန်အကျိုးရှိသော မစ်ရှင်နှစ်ခုကို ဖြတ်သန်းပြီးနောက် ဟန်ရှောင်းသည် အတွေ့အကြုံအမှတ်များစွာ စုဆောင်းနိုင်ခဲ့သည်။ Public Beta မစတင်မီ စတင်တော့မည့် လှုပ်ရှားမှုကြီး၏ အစီအစဉ်သည် ဆုလာဘ်ကိုအခြေခံသော မစ်ရှင်များ၏ လမ်းကြောင်းအတိုင်း လိုက်နေနိုင်ဖွယ်ရှိသည်။
ငါက အလုပ်တွေ၊ ကော်မရှင်တွေနဲ့ ထောက်လှမ်းရေးတွေကို လက်ခံရာမှာ ဦးစားပေးအနေနဲ့ Ghost အဆင့် လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာနေပြီ။ အခု လမ်းခင်းပြီးပြီ ဆိုရင် အားလုံးက အစီအစဥ်အတိုင်း သွားမယ်ဆိုရင် ဒဏ္ဍာရီတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ ငါလုပ်ရမှာက ဒီနောက်ဆုံးပန်းတိုင်ကို ပြီးအောင်လုပ်ဖို့ပဲ…
ီးပဲပေါ့ကွာ ဂျာမီနယ်
မင်းတို့တွေ ငါ့ရဲ့ အချစ်ကြမ်းကြမ်းကို ခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်ပါတယ်။
ဟန်ရှောင်းသည် နတ်ဆိုးဆန်ဆန် အေးစက်စက် ရယ်မောလိုက်သည်။
...
ဌာန၁၃၏ ထောက်လှမ်းရေးဌာနချုပ်တွင်၊ ထောက်လှမ်းရေးဝန်ကြီးသည် မစ္စတာဘလက်အား ပြင်းထန်သောခြိမ်းခြောက်မှုပစ်မှတ်ဖိုင်သို့ လွှဲပြောင်းပေးရန် လျှောက်လွှာတစ်စောင်ကို လက်ခံရရှိခဲ့ပါသည်။
"မစ္စတာဘလက် အမည်မသိရင်းမြစ် နှင့် ဇာစ်မြစ်မသိသော သူသည် လက်ရှိတွင် ကွင်းဆက်လူသတ်သမား ဖြစ်သည်။ မစ်ရှင်နှစ်ခုသာ ပြီးမြောက်ထားပြီး၊ ဆိုမာ သဲကန္တာရ၏ နှင်းဆီ စစ်သွေးကြွ စစ်သား ဂိုဏ်းကို ချေမှုန်းကာ၊ အိမ်ကြီးကို စောင့်ရှောက်သောအခါတွင် ထူးကဲသော စနိုက်ပါ စွမ်းရည်ကို ပြသခဲ့သည်။ မမြင်နိုင်သောနတ်ဆိုးကို ဆုတ်ခွာသွား စေကာ၊ ပိုင်ကျင်းကို သုံးချက်ထဲနှင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။”
"သူသည် အလွန်နိုးကြားတက်ကြွမှုနှင့် အလွန်ကောင်းမွန်သော ကိုယ်ယောင်ဖျောက်စွမ်းရည်ကို ပိုင်ဆိုင်သည် (သူသည် ဌာန၁၃ ၏ နောက်ယောင်ခံသူကို မျက်ခြေဖြတ်နိုင်ခဲ့သည်)။ ယန္တရားပညာရှင်လည်းဖြစ်၊ လျှောပြေးနိုင်သော အရှိန်မြင့်ဖိနပ်များ ရှိပြီး ထိတ်လန့်စရာကောင်းသော သတ်ဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သူသည် အထူးစနိုက်ပါရိုင်ဖယ်ကို အသုံးပြုသည်။”
"အထူးသတိထားရန် လိုအပ်သည်။"
ဇင်ယော်မြို့ မှပေးပို့သောအချက်အလက်များကိုဖတ်ပြီးနောက်၊ ထောက်လှမ်းရေးဝန်ကြီးသည် မကြာမီကျရောက်တော့မည့်အန္တရာယ်ကိုခံစားခဲ့ရသည်။
“နောက်ထပ် အံ့သြစရာကောင်းတဲ့ ကစားသမား ပေါ်လာပုံရတယ်။”
သူ့တံဆိပ်တုံးကို ထုတ်ပြီး စာရွက်စာတမ်း၏ အောက်ခြေတွင် ခိုင်မာစွာ တံဆိပ်တုံးထုလိုက်သည်။
"ဝင်ခွင့်ဖိုင်ကို အတည်ပြုသည်။"
…
မြေအောက်လောကတွင် ကြီးကြီးမားမား တစ်ခုခု ဖြစ်နေသည်။ Dark Net ရှိ လူသတ်သမားများစာရင်းတွင် အံ့အားသင့်ဖွယ်ကောင်းသော ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာ၏။ စာရင်း၌ မစ္စတာဘလက်အမည်ဖြင့် အမည်မသိလူသတ်သမားတစ်ဦးကို ထပ်မံထည့်သွင်းခဲ့ပြီး ထောင်နှင့်ချီသောအမည်များကြားတွင် လူသတ်သမားစာရင်းတွင် သူသည် နံပါတ် ၂၃ သို့ တက်လာခဲ့သည်။
"ကျွန်တော် ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး၊ သူက ဘယ်ကလာတာလဲ။"
“Dark Net ရဲ့ စာရင်းဟာ အမြဲတမ်း တရားမျှတတယ်။ ဒါဟာ ဘယ်လိုနည်းနဲ့မှ ကိုးရိုးကားရား မဖြစ်နိုင်ဘူး။ မြန်မြန်သွား၊ ဒီမစ္စတာဘလက်အကြောင်း သွားမေးကြည့်။”
အမာခံနယ်မြေအသီးသီးမှ လူများသည် မစ္စတာဘလက်အကြောင်း အချင်းချင်း ဖုန်းခေါ်ဆိုကြသည်။ မြေအောက်လောက ထောက်လှမ်းရေးကွန်ရက်သည် သူ့အကြောင်း အချက်အလက်ရှာဖွေရန် အချင်းချင်း ပူးပေါင်းလုပ်ဆောင်လာသည်။ မြစ်ဝှမ်းတောင်ကြားအိမ်ယာမှာ တစ်ချိန်က အတူတူ တိုက်ခိုက်ဖူးကြသော ကြေးစားနှင့် လုပ်ကြံသတ်ဖြတ်သူတချို့က အဲဒီအကြောင်းကို ပြောပြကြသည်။
ဟန်ရှောင်း၏ ထူးထူးခြားခြား ပစ်ခတ်မှုဖြစ်သည့် ပိုင်ကျင်းကို သုံးချက်ထဲနှင့် သတ်လိုက်ခြင်းမှာ မြေအောက်ကမ္ဘာတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားစေသည်။
ပိုင်ကျင်းကို သိသူများသည် သတင်းကို ပထမဆုံးကြားသောအခါ အတုအယောင်ဟု ထင်ခဲ့ကြသော်လည်း၊ သူတို့ မှားယွင်းကြောင်း သက်သေပြခဲ့သည်မှာ ကြေးစားစစ်သားများ အမိအရရိုက်ကူးထားသည့် ပိုင်ကျင်း၏ ကြောက်မက်ဖွယ် သေဆုံးခြင်း၏ ခိုင်မာသော အထောက်အထားများဖြစ်သည်။ သူ့ကို သေဆုံးစေခဲ့သည်မှာ အဲဒီသုံးချက်ပင်။
ထိုအကြောင်းကို သိသော လူသတ်သမားများသည် ထိတ်လန့်သွားကြသည်။ ပိုင်ကျင်းသည် တိုက်စစ်တွင် သန်မာပြီး ခုခံမှု အားနည်းသော်လည်း၊ သူသည် ရေပင်လယ်ဂြိုလ်တွင် အဆင့်မြင့်မားသော ပုဂ္ဂိုလ်အဖြစ် ရှိနေဆဲဖြစ်သည်။ သူသည် ကျည်ဆံကိုမကြောက်ပေ။ စက္ကန့်ပိုင်းအတွင်း သူ ဘယ်လို အသတ်ခံခဲ့ရတာလဲ။
မစ္စတာဘလက်၏ ဇစ်မြစ်ကို စူးစမ်းလေ့လာရန် လူများ ပိုများလာကာ၊ ဤလူသည် ရုတ်တရက် ပေါ်လာကြောင်း သိရှိသွားကြသည်။ သူ့အမည်ကို မည်သူမျှ မသိခဲ့ကြပေ။ သူသည် ရုတ်တရက် ပေါ်လာပြီး မြေအောက်ကမ္ဘာတွင် ပျံဝဲနေသော တစ္ဆေတစ်ကောင်နှင့်တူသည်။
လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော မစ္စတာဘလက်၏ ကုဒ်နာမည်သည် မြေအောက်ကမ္ဘာရှိ လူတိုင်းသိလာခဲ့သည်။ တပ်ဖွဲ့ဝင်များစွာအတွက် မှတ်သားထားရမည့် လူများစာရင်းတွင် ပါဝင်ခဲ့သည်။
လူသတ်သမားသည် အမှောင်ထဲတွင် ဝှက်ထားသင့်သည် - ကျော်ကြားလာခြင်းသည် ကျရှုံးခြင်းနှင့် ညီမျှသည်ဟု ရှေးရိုးစွဲများစွာက ဆိုကြသည်။ သို့သော်၊ သွေးပဋိညာဉ်အဖွဲ့အတွက်၊ ကျော်ကြားမှုနှင့်အတူ ၎င်းသည် ဟန့်တားမှုပုံစံတစ်ခုလည်း ဖြစ်သည်။ Dark Net အဖွဲ့အစည်းကို ခြိမ်းခြောက်သည့် မည်သည့်ရန်သူမဆို ကြိုတင်ကာကွယ်မှုပြုလုပ်ရန် လိုအပ်သည်။ လူသတ်သမားမဟာမိတ်များ၏ ဆက်တိုက်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပါသလား။
အသက်ကြီးလူသတ်သမားများ သေဆုံးခြင်း၊ ထွက်ခွာချင်သူများ ထွက်ခွာသွားကြခြင်းနှင့် အငြိမ်းစားယူလိုသူများလည်း ယူသွားကြသဖြင့် သွေးပဋိညာဉ်အဖွဲ့သည် အားနည်းသွားခဲ့သည်။ ထိုအချိန်မှစ၍ လူသတ်မဟာမိတ်အဖွဲ့၏ နေ့ရက်များကို ရေတွက်ခဲ့ရသည်။ မစ္စတာဘလက်၏ ကျော်ကြားမှုအသစ်ဖြင့် သွေးပဋိညာဉ်အဖွဲ့သည် မစ္စတာဘလက်ကို ပိုစတာကောင်လေးအဖြစ် ဖန်တီးပေးခဲ့ကြသည်။
အခန်း (၁၂၁) ပြီး၏။
လင်းဆက်
+++++