← Chapters

အပိုင်း(၅၄၅)

Vol. 37 Ch. 545

အပိုင်း(၅၄၅)

Vol. 37 Ch. 545

ကောင်မလေးစကားပြောပြီးနောက် ရှစ်ဖုန့်ကခေါင်းခါယမ်း၍ သူမထံသို့စကားပြောလာသည်ကို ကောင်မလေးမြင်တွေ့လိုက်ရသည်။

“ဒီသခင်လေးက ချူးမိသားစုကိုတစ်ချက်သွားကြည့်ချင်ရုံပဲ.. အဆုံးသတ်မှာသူတို့ရှင်တာသေတာကတော့  သူတို့အပြုအမူအပေါ်မှာပဲတို့

တွေတွေ့ရလိမ့်မယ်.. အကယ်၍မင်းကသာငါ့ကိုသေ

စေချင်တယ်ဆိုရင်  မင်းအတွက်လည်းဒီကမ္ဘာပေါ်မှာ ရှင်သန်နေဖို့မလိုအပ်တော့ဘူး”

ရှောင်းယီဟုခေါ်သောကောင်မလေးက  ရှစ်ဖုန့်၏စကးများအပေါ်ချင့်

ချိန်တွေးလိုက်သည်။  သူကသူမအားမည်ကဲ့သို့တန်ဖိုး

ဖြတ်ခဲ့ပါသနည်း။

သို့သော် ဤကမ္ဘာ၌ အားနည်းသူများမှာ အားကြီးသူများ၏ သားကောင်ဖြစ်သည်။ ဤသည်ကဖြစ်ရိုးဖြစ်စဉ်ဓမ္မာတာတစ်ခုသာဖြစ်၏။

ထို့နောက် ရှောင်းယီက ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ချူးမိသားစုဘယ်မှာရှိတယ်ဆိုတာကို ကျွန်မသိတယ်.. သွားစို့”

“ကောင်းပြီ.ရှေ့ကဦးဆောင်ပါ”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒါပေမဲ့. ချူးကလန်က ထပ်ပြီးတော့ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ဘူးလို့ကျွန်မထင်တယ်.. အကယ်၍ကျွန်မတို့သာ သတ်ဖြတ်ခြင်းတွေကိုရှောင်ရှားနိုင်ရင် ..ကျွန်မတို့အတွက်  ပိုပြီးမကောင်းဘူးလား..”

ကောင်မလေးကရှစ်ဖုန့်အားပြောလိုက်သည်။

“ဒီသခင်လေး ဘာလုပ်နေတယ်ဆိုတာ သိတယ်”

ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။

သူကချူးမိသားစုထံသို့ရှောင်းယီတွေးနေသကဲ့သို့ သတ်ဖြတ်ရန်သွားခြင်းမဟုတ်ပေ။ အဘိုးအိုချူးကျူးပြောခဲ့သော ချိတ်ပိတ်ကုန်းမြေဆိုသည့်နေရာကို

သာတစ်ချက်သွားကြည့်လိုခြင်းဖြစ်သည်။ သူလမ်းကြုံဝင်လာတုံး ကောင်မလေးချူးရှင်းထံသို့အလည်

သွားရမည်ဖြစ်ပြီး သူတို့ဖြေရှင်းဖို့လိုအပ်သော ကိစ္စများရှိမလားဆိုသည်ကိုကြည့်ရ

မည်ဖြစ်သည်။  ထိုသားအဖနှစ်ဦးအတွက်သူ ၎င်းတို့အားကူညီဖြေရှင်းပေး

ရလိမ့်မည်ဖြစ်သည်။

“သွားစို့”

ဤစကားနှစ်လုံးအားပြောပြီးနောက်  ရှောင်းယီ၏ပုံရိပ်က လှုပ်ရှားသွားပြီး မြို့အရှေ့ဘက်ဆီသို့ရွှတ်ခနဲဦးတည်လိုက်သည်။

ရှောင်းယီအဝေးသို့ပျံသန်းသွားပြီးနောက်ရှစ်ဖုန့်ကလည်း လေကိုထိုးခွင်းပြီး နောက်မှချက်ချင်းလိုက်ပါလိုက်သည်။

“ကြည့်လိုက်..သူသွားပြီ.. အကြင်နာမဲ့ ရက်စက်တဲ့သူက  ချူးမိသားစုရှိရာဘက်ကိုဦးတည်နေတယ်”

ကြည့်ရှုနေသူများမှာ  ညကောင်းကင်ယံထဲမှ အနက်ရောင်ပုံရိပ်က  အဝေးသို့ပျံသန်းသွားသည်ကို တွေ့လိုက်ရသောအခါတွင်  အလန့်တကြားပြောလိုက်ကြသည်။

“ဟုတ်တယ်.. သူကချူးကလန်ဆီကိုဦးတည်နေတယ်…ထိုက်ကလန်ကို ဖျက်ဆီးပြီးတဲ့နောက်မှာ သူ ချူးကလန်ကို ဖျက်ဆီးတော့မယ်.. “

“ဟမ့်..ချူးကလန်က အရမ်းမောက်မာတာ.. အခုသူတို့တွေကပ်ဘေးဆိုက်တော့မယ်.. ချူးကလန်က သူတို့ကိုယ်သူတို့ အားလုံးရဲ့အထက်မှာရှိတယ်တွေ့းပြီး အခြားသူတွေရဲ့ကိစ္စမှာဝင်ဝင်ပါနေကြ.. အခု‌တော့ကိုယ့်ကိစ္စကိုယ်တောင်မနိုင်တဲ့အပြင် သူတို့ရဲ့အသက်တွေပါပေးရတော့မယ်”

ချူးကလန်အား အချိန်တော်တော်ကြာကတည်းက မနှစ်သက်ကြသောသူများလည်းရှိ

သည်ဖြစ်သည်။ သူ့ကိုယ်သူတို့ ချူးကလန်အားဖျက်ဆီးသူများကဲ့

သို့ပြောဆိုနေကြ၏။

ရှောင်းယီကရှစ်ဖုန့်အားအရှေ့ဘက်သို့ဦးဆောင်ခေါ်သွားသည်။လမ်းတစ်ယောက်လျှောက်တွင် တိုက်ပွဲအားကြည့်နေကြသောလူအားလုံးမှာရှစ်ဖုန့်အားမြင်လိုက်ရသောအခါ၌ ဆုတ်ခွာပေးလိုက်ကြ၏။အကယ်၍သူတို့သာ ဤအကြင်နာမဲ့သောလူ၏လမ်း၌ဝင်နေမိလျှင် အသတ်ခံရမည်ကို ကြောက်မိကြသည်ဖြစ်သည်။

သူတို့ကိုထည့်ပြောရန်မဆိုထားဘိ ချူးကျူးလိုလူသည်ပင်လျှင် အသတ်ခံခဲ့ရသည်ဖြစ်သည်။ ဤအကြင်နာမဲ့သောသူက သူတို့အားသတ်လျှင်ပုရွက်ဆိတ်များအားသတ်သကဲ့သို့သာဖြစ်မည်ဖြစ်သည်။

မကြာခင်တွင် ရှောင်းယီနောက်သို့လိုက်ပါလာသော ရှစ်ဖုန့်မှာ  မြို့၏အရှေ့ပိုင်းသို့ရောက်ရှိလာသည်။သူ၏ပုံရိပ်ကရပ်တန့်သွားပြီး မြင့်မားသောအဆောက်အဦးတစ်ခု၏အပေါ်၌ ဝင့်ကြွားစွာရပ်နေ၏။ ရှောင်းယီကသူ့အားလက်ညှိုး

ထိုးညွှန်ပြပြီးပြောလိက်သည်။

“ကျွန်မတို့အောက်မှာရှိနေတာ ချူးကလန်ပဲ”

အောက်တွင်ရှိနေသာ အဆောက်အဦးများအားကြည့်၍ ချူးကလန်၏ခြံဝန်းမြေပြင်အတွင်း၌  လူများစွာ ဒူးထောက်၍သူတို့ရှိရာဘက်သို့ဦးညွှတ်ဂါရဝပြုနေကြသည်ကိုရှစ်ဖုန့်တွေ့လိုက်သည်။

ဤလူအုပ်ထဲ၌အနည်းဆုံးလူထောင်ဂဏန်းခန့်ရှိသည်။ ဤချူးကလန်မှလူများမှာ ချူးကျူးနှင့်ချူးကလန်၏အခြားကျွမ်းကျင်သူဆယ့်လေးယောက်တို့အသတ်ခံလိုက်ရခြင်းအား  သိပြီးဖြစ်ဖို့ပိုများ၏။သူရောက်လာသည်အားသိကြသောအခါတွင် သူတို့အားလုံးဒူးထောက်၍ သူ့တို့အားလွှတ်ပေးရန်တောင်းပန်နေကြသည်။

ထို့နောက် ရှောင်းယီကရှစ်ဖုန့်အားထပ်မံကြည့်လိုက်ပြီးပြောလိုက်သည်။

“ကျွန်မရှင့်ကို ချူးကလန်ဆီခေါ်လာပေးပြီးသွားပြီ.ကျွန်မအခုသွားတော့မယ်”

“သွား”

ရှစ်ဖုန့်ကပြောလိုက်သည်။

“တောအုပ်ထဲကိုပြန်သွားပြီးတော့ မင်းရဲ့ကြေးစားအဖွဲ့ကလူသုံး

ယောက်ကိုထဖို့ပြောလိုက်.

.ဒီသခင်လေးရဲ့ကျားဖြူကိုလည်း ဒီဘက်ကိုလာခဲ့ဖို့ပြောလိုက်ပါ”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်  ရှောင်းယီကခေါင်းမော့၍ ညကောင်းကင်ယံထဲသို့ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် အာရုဏ်ဦးအချိန်သို့ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ရှစ်ဖုန့်ကခေါင်းဆောင်တို့အားဒူးထောက်ရန် တောင်းဆိုထားသောအချိန်သို့ရောက်ရှိရန်နာရီအချို့လိုသေးသည်ဖြစ်၏။

သူကရှောင်းယီအား  ၎င်းတို့ကိုထလို့ရပြီးဖြစ်ကြောင်းပြောစေချင်နေသည်။ ဤအရာအားစဉ်းစားမိသောအခါတွင်  ရှောင်းယီက ရှစ်ဖုန့်အားကျေးဇူးတင်စကားဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ်.. ကျွန်မကြေးစားအဖွဲ့ဆီသွားပြီးတော့ ဦးလေးဝမ်ရှန့်တို့ကိုပြောလိုက်ပါ့မယ်”

“သွားပါ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်.”

ထို့နောက် ကောင်မလေးရှောင်းယီက ရုတ်ခြည်းရှင်းယောင်မြို့မှ ပျံသန်းထွက်ခွာသွားသည်။ ထိုစဉ်ရှစ်ဖုန့်၏ပုံရိပ်က အောက်သို့သက်ဆင်းလိုက်ပြီး ချူးကလန်သားများဒူး

ထောက်နေသောခြံဝန်အတွင်းခြေချလိုက်၏။

ရှစ်ဖုန့်ခြံဝင်းအတွင်းဆင်းသက်လာချိန်တွင် ချူးကလန်မှလူများက ရုတ်ခြည်းသူတို့၏ခေါင်းများ

ကိုဦးတိုက်လိုက်ကြသည်။ယင်းမှာ ၎င်းတို့အားလုံးသဘော

တူညီမှုပြုလုပ်ထားသကဲ့သို့ပင်ဖြစ်သည်။သူတို့က ပြိုင်တူအော်လိုက်ကြ၏။

“ကျေးဇူးပြုပြီး အပြစ်မဲ့တဲ့ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးပါ… ကျေးဇူးပြုပြီး အပြစ်မဲ့တဲ့ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးပါ…ကျေးဇူးပြုပြီး အပြစ်မဲ့တဲ့ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးပါ…”

“တော်လောက်ပြီ..‌အော်နေတာကိုရပ်လိုက်”

ရှစ်ဖုန့်၏ပုံရိပ်က ခြံဝန်းအတွင်းဒူးထောက်နေကြသူများရှေ့၌ဆင်းသက်လိုက်သည်။ပဲ့တင်ထပ်နေသောအော်သံများအား ကြားလိုက်ရသောအခါတွင် သူကမျက်မှောင်ကြုတ်လိုက်ပြီးစိတ်မရှည်သောအမူအယာအားဖော်ပြလိုက်သည်။

ငယ်ရွယ်သောအသံက ရုတ်ခြည်းခြံဝန်းအတွင်းပဲ့တင်ထပ်သွားသည်။  ရှစ်ဖုန့်၏အသံအားကြားလိုက်ရသောအခါတွင် အော်သံများမှာချက်ချင်းရပ်သွား၏။

ရှစ်ဖုန့်က လူအုပ်အားသိမ်းကျုံးကြည့်လိုက်ပြီး လူအုပ်ရှေ့ရှိ ဆံပင်ဖြူနှင့်အဘိုးအိုတစ်ဦးပေါ်ကျရောက်သွားသည်။ထို့နောက်ရှစ်ဖုန့်ကပြောလိုက်၏။

“အဘိုးကြီး. ဒီကိုလာခဲ့”

“ကျုပ်လား”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် လူများကသူတို့ခေါင်းအားမော့၍ ရှစ်ဖုန့်ကိုကြည့်လိုက်ကြသည်။

ဆံပင်ဖြူနှင့်အဘိုးအိုကလည်း သူ၏ခေါင်းအားအနည်းငယ်မော့၍ အရေးအကြောင်းများနှင့်မျက်နှာက ပေါ်လာသည်။ရှစ်ဖုန့်၏အကြည့်က

သူ့ပေါ်သို့ကျရောက်လာသည်ကို တွေ့ရသောအခါတွင် ရုတ်တရက်တုန်ယင်သွားသည်။သူကသူ့ကိုယ်သူတုန်ယင်စွာလက်ညှိုးထိုး၍  အားနည်းစွာမေးလိုက်သည်။

“အရှင်….ကျုပ်ကိုခေါ်ပါသလား”

“ဟုတ်တယ် ..ခင်ဗျားကို”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒီကိုလာခဲ့”

သူဖြစ်ကြောင်းအတည်ပြုပြီးသည်နှင့် အဘိုးအိုက အနည်းငယ်တုန်ယင်သွားပြီး ထရပ်လိုက်သည်။သူ၏မျက်နှာထက်တွင် စိတ်သောကရောက်မှုများဖြင့်ပြည့်နှက်နေသည်။ သူကရှစ်ဖုန့်ထံသို့ ဖြည်းညှင်းစွာလျှောက်သွားပြီး

ရှေ့သို့ရောက်ရှိသွားသည်။အနည်းငယ်ဦးညွှတ်လိုက်ကာရှစ်ဖုန့်၏အမိန့်အား

စောင့်ဆိုင်းနေသည်။

အဘိုးအိုမှာ အသက်ရှစ်ဆယ်ခန့်ဖြစ်သည်။သူ၏ကျင့်ကြံမှုကကြယ်သုံးပွင့်သူတော်စင်နယ်ပယ်ဖြစ်၏။သူ၏အသက်အရွယ်အရ ချူးကလန်အတွင်းကိစ္စများ

အားပို၍သိသည်ဖြစ်သည်။

“အရှင်”

အဘိုးအိုကရှစ်ဖုန့်အားလေး

လေးစားစားခေါ်လိုက်သည်။

“ချူးကလန်ရဲ့ချိတ်ပိတ်ကုန်းမြေကဘယ်မှာရှိလဲဆိုတာခင်ဗျားသိလား”

ရှစ်ဖုန့်ကမလိုအပ်သည်များ

ကိုကွေ့ဝိုက်ပြောမနေပဲတိုက်ရိုက်ပင်မေးလိုက်သည်။

“ကျုပ်..ကျုပ်သိပါတယ်”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါတွင်  အဘိုးအိုက တုန့်ဆိုင်းမနေရဲဘဲ လျှင်မြန်စွာပြန်ဖြေလိုက်သည်။

အဘိုးအို၏စကားအားကြားပြီးနောက်ရှစ်ဖုန့်အနည်းငယ်စိတ်ကျေနပ်သောအမူအယာကိုပြလိုက်သည်။ သူကအနည်း

ငယ်ခေါင်းဆတ်ပြီး ပြောလိုက်၏။

“အရမ်းကောင်တယ်..

ဒီသခင်လေးကိုအဲ့ကိုခေါ်သွားပေး”

“ဟုတ်ကဲ့အရှင်”

အဘိုးအိုကပြန်ဖြေလိုက်သည်။

ထို့နောက်သူက ပြောလိုက်၏။

“အရှင် ကျေးဇူးပြုပြီးလိုက်လာပေးပါ”

လေးလေးစားစားပြောပြီး

နောက်အဘိုးအို၏ပုံရိပ်ကရွေ့လျားသွားပြီး ခြံဝန်းအထက်ကောင်း

ကင်ယံသို့ပျံသန်းသွားသည်။ သူကလေထဲ၌ဦးညွှတ်ထား

လျှက်လွင့်မျောရပ်တည်နေ

ကာရှစ်ဖုန့်ရောက်အလာကိုစောင့်နေသည်။

မကြာခင်တွင် ရှစ်ဖုန့်ကလည်းရောက်ရှိလာ၏။

ထို့နောက်အဘိုးအိုကထပ်မံလှုပ်ရှားလိုက်ပြီး  ရှစ်ဖုန့်ရှေ့မှပျံသန်းလိုက်ပြီး ချူးကလန်၏မြင်မားသောအ

ဆောက်အဦးများပေါ်မှ ဦးဆောင်ခေါ်သွားသည်။

ချူးမိသားစုခြံဝန်းအတွင်းရှိလူများမှာ သူတို့၏ခေါင်းများအားမော့လိုက်ပြီး အနက်ရောင်ပုံရိပ်က ချူးမိသားစုမှအဘိုးအိုနှင့်တကယ်ကြီးအဝေးသို့ ပျံသန်းသွားသည်ကိုတွေ့ရသောအခါတွင် နောက်ဆုံး၌သူတို့၏တင်းကျပ်

နေသောအကြောများ  ပြောလျော့သက်သာရာရသွားခဲ့သည်။

၎င်းကဒီအတိုင်းထွက်သွားလိမ့်မည်ဟုသူတို့မမျှော်လင့်ထားခဲ့ကြပေ။ သူတို့အစုလိုက်အပြုံလိုက်အသတ်ခံရလိမ့်မည်ဟုသာထင်ခဲ့ကြသည်။သွေးပျက်ဖွယ်အစုလိုက်အပြုံလိုက်အသတ်ခံရခြင်းဖြစ်သည်။၎င်းကတကယ်ပဲ  ချူးကလန်အဖွဲ့ဝင်ထောင်ပေါင်းများစွာအားဤအတိုင်း  လွှတ်ပေးခဲ့လေသည်။

မူလကလူများစွာမှာသေဖို့အတွက်ပြင်

ဆင်ထားကြပြီးဖြစ်သည်။သူတို့ကိုယ်သူတို့သေသည်အထိသွေးနီရောင်မီးတောက်တို့ ဖြင့်မီးလောက်တိုက်သွင်းခံရခြင်းမှတားဆီးရန်အတွက် သူတို့အားတစ်ချက်မျိုချရုံဖြင့်သတ်ပေးနိုင်သောအဆိပ်တစ်ခုကိုပင်လျှို့ဝှက်စွာ

ပြင်ဆင်ထားခဲ့ကြသည်ဖြစ်သည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters