← Chapters

အရင်းရှင်စနစ်၏ အစွယ်များ

Vol. 9 Ch. 127

အရင်းရှင်စနစ်၏ အစွယ်များ

Vol. 9 Ch. 127

အခန်း (၁၂၇) အရင်းရှင်စနစ်၏ အစွယ်များ

ကောင်းကင်တွင် ရွှေရောင်အလင်းတန်းများ ထွန်းလင်းတောက်ပနေခဲ့သည်။ အေးမြလန်းဆန်းတဲ့ မနက်ခင်းတစ်ခုဖြစ်သည်။

ထရပ်ကားကို မောင်းနှင်ရင်း ဟန်ရှောင်းသည် ဦးချိုကြီးတောင်သို့ ခရီးဆက်ခဲ့သည်။ သူသည် ရေဒါမှ လမ်းညွှန်ချက်များကို အခြေခံထားသည်။ တစ်ညလုံး ကားမောင်းနေသော်လည်း လုံးဝမပင်ပန်းပေ။ တကယ်တော့ သူသည် မနေ့ညက တစ်ရေးတစ်မော အိပ်ငိုက်နေသဖြင့် သတိရှိနေသည်။

အများသူငှာ စမ်းသပ်ဆော့ဖ်ဝဲကို လွန်ခဲ့သည့် ရက်အနည်းငယ်က စတင်ခဲ့သော်လည်း ဖိုရမ်တွင် မှတ်ချက်များဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ ဟန်ရှောင်းသည် ရေပင်လယ်ဂြိုလ်၏ဖိုရမ်ကို အထူးသတိပြုနေပြီး၊ ကစားသမားများ၏ အတွဲအချိတ်များမှတစ်ဆင့် အသစ်ဝင်လာသူတိုင်း၏အခြေအနေကို သူနားလည်နိုင်ခဲ့သည်။ သူက လှုပ်ရှားမှုမှာ အမြဲပါဝင်ချင်နေသည်။

အပြန်အလှန်ဆက်ဆံရန် အကောင်းဆုံးအခွင့်အရေးမှာ ကစားသမားများ၏ ပထမဆုံး ပေါ်ပေါက်လာချိန်ဖြစ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ဟန်ရှောင်းသည် dark web မှ အကြံဉာဏ်ရယူရန် သူ၏ အခွင့်အာဏာကို အသုံးပြုခဲ့သည်။ ဦးချိုကြီးရွာတွင် လူသစ်အဖွဲ့တစ်ဖွဲ့ ရှိနေသည်။ ထို့ကြောင့် ဟန်ရှောင်းသည် ၎င်းတို့နှင့် ဆက်သွယ်ရန်အတွက် ဦးချိုကြီးရွာသို့ ချီတက်ရန် ဆုံးဖြတ်ခဲ့သည်။

ဦးချိုကြီးရွာမှ အဝေးတွင် အခြေချနေထိုင်သည့် ပုံသဏ္ဌန်များကို မြင်နိုင်သည်။ ဟန်ရှောင်းသည် တစ်ချက်မျှကြည့်ပြီးနောက် အခြေချနေထိုင်ရာနေရာသည် ဒုက္ခသည်စခန်းကဲ့သို့ မရေမတွက်နိုင်သော တဲများဖြင့် ပြည့်နေကြောင်း ပြောနိုင်သည်။ ကစားသမားများ အစုလိုက် အပြုံလိုက် ရှုပ်‌ထွေးနေသည်ကိုလည်း တွေ့မြင်နိုင်သည်။

ဟန်ရှောင်းက သူ့ထရပ်ကားကို ရပ်လိုက်တာနဲ့ ကစားသမားများရဲ့ အာရုံကို ဖမ်းစားသွား၏။

သူ့နှုတ်ခမ်းတွင် စီးကရက်တစ်လိပ်ကို ချိတ်ရင်း ဟန်ရှောင်းသည် ကားပေါ်မှ ထွက်ကာ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ပြီး ကားကို မှီလိုက်သည်။ သူက မောက်မာသည့်ဟန်ရှိပြီး ကစားသမားတွေကို အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက်လို့ ထင်ယောင်ထင်မှား ဖြစ်စေ၏။

ကစားသမားများ၏ စိတ်နေစိတ်ထားကို နက်နက်နဲနဲနားလည်တာက ဟန်ရှောင်း၏ ထူးခြားချက်ပင်။ သူက အခြေအနေကို လေ့လာသုံးသပ်လိုက်သည်။ ဂိမ်းအသစ်ထွက်ရှိလာတော့ ကစားသမားတွေအားလုံး စိတ်လှုပ်ရှားခဲ့ကြသည်။ ဘယ်လိုအလုပ်တွေပဲပေးပေး သူတို့အားလုံး ကြိုးစားချင်စိတ် ရှိကြ၏။ ၎င်းကို 'ငတ်မွတ်ခြင်း' အဆင့်ဟု လူသိများပြီး၊ ကစားသမားသစ်များ အမြောက်အများရှိနေသဖြင့် မည်သည့်မစ်ရှင်ကိုမျှ မရယူနိုင်သော ကစားသမားအနည်းငယ်ရှိမည်မှာ သေချာသည်။

ထို့ကြောင့် ဟန်ရှောင်းသည် 'အဆင့်မြင့်ကစားသမား' ဇာတ်ကောင်အနေဖြင့် သြဇာညောင်းကြောင်း သိရှိခဲ့သည်။ သူလုပ်စရာရှိတာက ကစားသမားတွေရှေ့မှာ ပေါ်လာပြီး ကစားသမားတွေကို သေချာပေါက် မြှောက်ပေးနိုင်၏။ ကစားသမားတွေအားလုံးက အသစ်ဖြစ်ပြီး ကျွမ်းကျင်မှုမရှိသေးပေ။ သို့သော် သူတို့၏ များပြားလှသော အရေအတွက်မှ အကျိုးခံစားနိုင်သည်။ ဟန်ရှောင်းသည် ဤအသစ်ဝင်လာသူများထံမှ အကျိုးကျေးဇူးများကို ရိတ်သိမ်းရန် နည်းလမ်းတစ်ခုရှိခဲ့ပြီး၊ NPC အင်တာဖေ့စ်တွင် လုပ်ဆောင်ချက်များကို ထပ်မံစမ်းသပ်ရန် ဤအခွင့်အရေးကို ရယူနိုင်သည်။

ဟန်ရှောင်း၏မျက်လုံးများတွင်၊ လမ်းလျှောက်နေသော ကစားသမားများသည် လမ်းလျှောက်ပိုက်ဆံအိတ်နှင့် တူနေသည်။

အချိန်အတော်ကြာပြီးနောက်၊ ကစားသမားများသည် နောက်ဆုံးတွင် စူးစမ်းလိုစိတ်များ ဖြစ်လာပြီး အချို့က လမ်းလျှောက်လာကြသည်။

_____________________

Black Phantom - အမည်မသိ (အဝါရောင်အမည်)

အဆင့်- မသိ

ဂုဏ်ရည်များ - အမည်မသိ

အန္တရာယ်အဆင့် - အလွန်အမင်းသေစေနိုင်သည်။

_____________________

"ဘာကြီးလဲ? ဒါက အဆင့်မြင့် NPC ပဲဟ။”

"ဒါက ပထမဆုံးမြင်ဖူးတာဘဲ"

“ဘာကြောင့် အစပျိုးရွာမှာ ဒီလိုအဆင့်မြင့် ကစားသမားမျိုး ရှိတာလဲ။ သူက Boss လား?"

“ဒါပေမယ့် အဲလိုမထင်ရဘူး။ မစ်ရှင်တစ်ခု စတင်နိုင်ပုံရတယ်။”

အနီးနားရှိ ကစားသမားများသည် အံ့ဩမှုအပြည့်နှင့် ဟန်ရှောင်းထံ ချဉ်းကပ်သင့်သလားဟု တွန့်ဆုတ်နေကြသည်။

ဟန်ရှောင်းသည် မျက်ခုံးပင့်ကာ သူက ယခု အဆင့်တွင် ရှိနေပြီဖြစ်ပြီး အခြားကစားသမားများထက် အဆင့်သုံးဆယ်ပိုမြင့်သည်။ ဒီတစ်ကြိမ်မှာတော့ သူဟာ ကစားသမားတွေရဲ့ အရည်အချင်းကို အပြည့်အဝ သိရှိခဲ့သည်။ ထို့ကြောင့် သူက လည်ချောင်းကို ရှင်းပြီး ပြောလိုက်သည်။ "မင်းတို့အားလုံးဟာ အရည်အချင်းရှိတဲ့ လူတစ်စုဖြစ်ပုံရတယ်၊ လောလောဆယ် ငါအကူအညီလိုနေတယ်"

ဟန်ရှောင်းက သူ့ထုတ်ပြန်ချက်ကို အပြီးမှာ သူစောစောက ပြင်ဆင်ထားတဲ့ မစ်ရှင်တွေကို ထုတ်လွှတ်လိုက်သည်။

ဒါဇင်နဲ့ချီသော ကစားသမားများက သူတို့ရဲ့ မစ်ရှင်တွေကို လက်ခံရရှိခဲ့၏။

_____________________

[လျှို့ဝှက်ဆန်းကြယ်သောလူစိမ်း] - သင်သည် လျှို့ဝှက်ဆန်းကြယ်သော NPC ကိုတွေ့ခဲ့ပြီး၊ သူ့တွင် သင့်အတွက် အလုပ်အချို့ရှိပုံရသည်။ သူ့ကို တတ်နိုင်သမျှ ကျေနပ်အောင်ကြိုးစားပါ၊ မမျှော်လင့်ထားတဲ့ အံ့သြစရာတွေ သင်ရနိုင်တယ်။

_____________________

မစ်ရှင်မှာ 'မြွေဆိပ်' ဟုခေါ်သော အပင်တစ်ပင်ကို စုဆောင်းရန်ဖြစ်သည်။ ဦးချိုကြီးရွာတွင် ရရှိခဲ့သော သာမန်အလုပ်များထက် ပေးသောဆုသည် ပို၍ ရက်ရောကြောင်း ဤကစားသမားများက သဘောပေါက်လိုက်သည်။ ၎င်းသည် အတွေ့အကြုံအမှတ် တစ်ထောင်အထိ ရောက်ရှိနေသည်။ ထို့ကြောင့် ကစားသမားများသည် ၎င်းတို့၏ မစ်ရှင်များကို စိတ်လှုပ်ရှားစွာ လက်ခံလိုက်ကြသည်။

'မြွေဆိပ်' သည် အတော်လေး အသုံးများသော အပင်ဖြစ်သည်။ ဤအပင်ကို ဦးချိုကြီးရွာအနီးတွင် စုဆောင်းနိုင်ပြီး ကျေးရွာတွင်လည်း အဆိပ်လူးမြှားများပြုလုပ်ရန် ရောင်းချခဲ့သည်။

ယခုအချိန်တွင် ကစားသမားများစွာသည် သေနတ်ကို မတတ်နိုင်သေးပေ။ အဲဒီအစား အအေးလက်နက်တွေကို သုံး၏။ ဟန်ရှောင်းသည် ဤမစ်ရှင်ကို စမ်းသပ်ခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စမ်းသပ်ရန်အတွက်ဖြစ်ပြီး သူ၏ နောက်ဆက်တွဲလုပ်ဆောင်မှုများကို သံသယမဖြစ်စေရန်လည်း ဖြစ်သည်။

_____________________

အခု ငါ့ရဲ့ မစ်ရှင်ကန့်သတ်ချက်တွေက အရင်ကထက် ပိုမြင့်တယ်။ D အဆင့်ကို ရောက်နေပြီ။

_____________________

ထိုအတွေးဖြင့် ဟန်ရှောင်းသည် အင်တာဖေ့စ်ကိုဖွင့်လိုက်သည်၊ အသေးစိတ်နံပါတ်များ ပေါ်လာ၏။

_____________________

အမြင့်ဆုံးဆုငွေကန့်သတ်ချက် - ၃၆,၉၄၀

အဆင့် ၄၀ - +၁၂,၀၀၀ (အဆင့်မြှင့်တင်မှု ကန့်သတ်ချက် +၃၀၀)

အဆင့် D - +၁၀,၀၀၀

စခန်းများ-

- ဂျာမီနယ် (ရန်သူ) - ၃,၀၀၀

- ဌာန၁၃ (ရင်းနှီးခြင်း) ၂,၁၃၀

- သွေးပဋိညာဉ်အဖွဲ့ (လေးစားမှု) - ၃,၉၅၀

- Rothschild မိသားစု (ရင်းနှီးခြင်း) - ၁,၃၀၀

- ဖေဘီယန် ကုမ္ပဏီ (ရင်းနှီးခြင်း) - ၁,၂၀၀

ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သိက္ခာ -

- Black Phantom (ရေပင်လယ်ဂြိုလ်) +၅%

- လျှို့ဝှက်ဆန်းကြယ်သော ဇီးရိုး (ရေပင်လယ်ဂြိုလ်) +၅%

_____________________

သူ၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်း မှ အပိုဆုကြေးများသည် သူ၏ လက်ရှိကန့်သတ်ချက်၏ ဆယ်ရာခိုင်နှုန်းဖြစ်သည်။ မတူညီသောဒေသများတွင် မတူညီသော ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်း ဘောနပ်စ်များ ရှိသော်လည်း ပုံမှန်အားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်း တစ်ခုမှ အပိုဆုကြေးမှာ 5% ဖြစ်သည်။ ထို့အပြင်၊ ဧရိယာပိုကြီးလေ၊ ဘောနပ်စ်ပိုများလေဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်း၏ အဓိကရည်ရွယ်ချက်မှာ နေ့စဉ်ကန့်သတ်ချက်အတွက် ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်း တစ်ခုသည် ကန့်သတ်ချက်ကို နှစ်ဆဖြစ်စေခဲ့ပြီး၊ မူလက ၎င်း၏ကန့်သတ်ချက်မှာ ငါးဆ ထပ်တိုးခဲ့သည်။ ယခုအခါ ၎င်းသည် မူလကန့်သတ်ချက်၏ ခုနစ်ဆဖြစ်ပြီး အတွေ့အကြုံအမှတ် ၂၆,၀၀၀ နီးပါးရှိသည်။

မည်သည့်မစ်ရှင်မှ မရရှိသေးသော ကစားသမားများသည် ဟန်ရှောင်းကို စူးစူးစိုက်စိုက်ကြည့်ရင်း အချင်းချင်း တိတ်တဆိတ် ဆွေးနွေးနေကြသည်။

"ဒါက အဆင့်မြင့် NPC လား။ သူက ငါတို့နဲ့ မကွာဘူးထင်တယ်!"

"Black Phantom နာမည်က အရမ်း ခေတ်ဟောင်းတဲ့ပုံပဲ"

"သူဘယ် အလုပ်ကဖြစ်မလဲ သိချင်တယ်"

မဖော်ပြထားသော်လည်း ကစားသမားအများစု၏ အသက်မွေးဝမ်းကျောင်းမှာ ‘အက်စ်ပါ’ ဖြစ်သည်။

အခြားကျောင်းလေးကျောင်း၏ ကစားသမားများသည် သူတို့၏ အသက်မွေးဝမ်းကြောင်းပညာကို ပြောင်းလဲရန် အခြေခံအသိပညာ လိုအပ်သော်လည်း၊ ‘အက်စ်ပါ’သည် အရာများစွာကို စွမ်းဆောင်နိုင်၏။ ဟုတ်ပါသည်၊ သူတို့ရဲ့ စွမ်းရည်တွေက ထူးဆန်းပေမဲ့ ဘယ်ကစားသမားမှ ထိုစွမ်းရည်များကို အသုံးပြုနိုင်စွမ်း မရှိပေ။ ‘အက်စ်ပါ’ သည် စွမ်းအင်ပမာဏများစွာ လိုအပ်ပြီး ၎င်းသည် ကစားသမားများ၏ လက်ရှိအဆင့်များပေါ်တွင် မူတည်သည်။ ရိုးရှင်းစွာပင်၊ သူတို့သည် သူတို့၏ စွမ်းအားများကို အသုံးမချနိုင်ခဲ့သဖြင့် အလွန်အားနည်းနေပုံပေါ်သည်။ ကစားသမားအများစုသည် သူတို့၏စွမ်းအားကို ဆယ်စက္ကန့်ခန့်သာ အစွမ်းကုန် ထုတ်လွှတ်နိုင်ကြပြီး၊ ဆိုလိုသည်မှာ ကစားသမားများသည် အားနည်းပြီး ခံနိုင်ရည်မရှိကြပေ။

သိပ်မကြာခင်မှာပဲ သူတို့ရဲ့မစ်ရှင်ပြီးဆုံးသွားတဲ့ ကစားသမားတွေဟာ 'မြွေဆိပ်' များ အထုပ်လိုက်ဖြင့် ပြန်လာကြသည်။ သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

ကြည့်ရှုနေသူ အလုံအလောက်ရှိနေကြောင်း ဟန်ရှောင်းသိလိုက်သည်နှင့် သူ့မျက်လုံးများ တောက်ပလာသည်။ "ငါဒီမှာ ရက်အနည်းငယ်နေမယ်။ မင်းလိုအပ်ရင် မင်းအတွက် လက်နက်တွေ ငါပေးနိုင်တယ်"

ထို့နောက် ဟန်ရှောင်းသည် ကစားသမားများအား ရောင်းချနိုင်သည့် ကုန်ပစ္စည်းများပါရှိသော ဆိုင်ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ သူသည် ပြန်သိမ်းနိုင်တဲ့ဓါး၊ သာမန်ပစ္စတိုနှင့် စက်သေနတ်အသေးများကိုသာ ပြသထား၏။ လူသစ်တန်းကစားသမားများတွင် ထိုမျှလောက်ငွေမရှိသည်ကို သိသောကြောင့် အခြားစက်ပစ္စည်းများကို မရောင်းဘဲ ခဲယမ်းအမျိုးအစားများစွာနှင့် အထူးကျည်ဆန်များကို ရောင်းချနေ၏။

သို့သော်၊ ဟန်ရှောင်းတွင် 'အပေါ့စားယန္တရားလက်' ဟုခေါ်သော အားကောင်းသည့် ပြသမှုတစ်ခုလည်း ပါရှိသည်။ ၎င်းသည် စျေးနှုန်းအလွန်မြင့်မားသောကြောင့် ကစားသမားများ မတတ်နိုင်ပေ။ တကယ်တော့ ထိုအရာက ငါးစာတစ်ခုသာဖြစ်ပြီး မြည်းတစ်ကောင်ရှေ့မှာ မုန်လာဥနီဆွဲထားသလိုမျိုး ထိရောက်မှုရှိလှ၏။

အပေါ့စားယန္တရားလက် ကမ်းလှမ်းခြင်းသည် သူ့အတွက် အသုံးမဝင်သောကြောင့် ဘာပြဿနာမှမရှိပေ။ အဓိကအကြောင်းရင်းနှစ်ရပ်မှာ၊ ပထမဦးစွာ၊ ယန္တရားလက်သည် သူ၏စွမ်းဆောင်ရည်နှင့် မကိုက်ညီတော့ဘဲ၊ ဒုတိယအနေနှင့်၊ ၎င်းသည် အစကတည်းက ရှားပါးသော ထုတ်ကုန်မဟုတ်ခဲ့ပေ။ ၎င်းသည် မိတ်ဆက်ယန္တရားမျှသာဖြစ်ပြီး အနာဂတ်တွင် အခြားယန္တရားပညာရှင်များက တီထွင်ထုတ်လုပ်နိုင်သောကြောင့် ရေတိုအမြတ်အစွန်းရရှိရန် ဤစက်ပစ္စည်းကို ယခုထုတ်လွှတ်ခြင်းသည် ပိုမိုကောင်းမွန်သည်။

ပြဿနာတစ်ခုမှာ ရေပင်လယ်ဂြိုလ်တွင် ဟန်ရှောင်းဖန်တီးထားသည့် ပြန်သိမ်းနိုင်တဲ့ဓါးနှင့် အပေါ့စားယန္တရားလက်တို့ကြောင့် သူ့အကြောင်းပေါ်သွားနိုင်သည်ဟု ထင်ရသော်လည်း ဟန်ရှောင်းသည် ကြယ်နဂါးနိုင်ငံနှင့် အလွန်စိုးရိမ်ခြင်းမရှိပေ။ ထို့ပြင် သူတို့သည် ရန်သူများမဟုတ်ပေ။ ထပ်ပြောရလျှင် သူ့တည်နေရာမှာလည်း အတည်တကျ မရှိချေ။ သူ့ရဲ့ အထောက်အထားကို သိထားရင်တောင် ကစားသမားများနဲ့ အဖွဲ့အစည်းများကြား သတင်းအချက်အလက် ပျံ့နှံ့မှုသည် အလွန်နှေးကွေးသောကြောင့် အရေးမကြီးလှပေ။

ထို့ကြောင့် ဤစက်ပစ္စည်းများကို အချိန်တိုအတွင်း ရောင်းချခြင်းသည် ပြဿနာတစ်စုံတစ်ရာ မဖြစ်နိုင်‌ချေ။ ကစားသမားများ၏‌ ဈေးကွက်မှ အမြတ်အစွန်းတွေက အရမ်းကောင်းနေပေမယ့် လက်လွှတ်ဖို့ မဖြစ်နိုင်သော်လည်းအနာဂတ်မှာတော့...

ငါ ပိုသန်မာလာတာနဲ့အမျှ ငါ့ရဲ့အထောက်အထားကို ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ဘူး။

ဟန်ရှောင်း၏ စိတ်ပိုင်းဆိုင်ရာ အကွက်ရွှေ့မှုများကို ထည့်ပြောစရာမလိုပေ၊ ပစ္စည်းများရောင်းချနေသည်ကို မြင်တွေ့ခဲ့ရသော ကစားသမားများအားလုံး အံ့အားသင့်သွားကြသည်။

"ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ စီးပွားရေးသမားပဲ!"

"အပေါ့စားယန္တရားလက်။ အို ဘုရားသခင်၊ ဒါက အသုံးအဆောင်ပစ္စည်းပဲ!"

“ဒီစက်က ဒေါ်လာ ၂၀,၀၀၀ တောင်။ ဒါက အရမ်းစျေးကြီးတယ်။ ဘယ်သူက တတ်နိုင်မှာလဲ။ ပြီးတော့ ဒါကိုသုံးဖို့ ခွန်အား ၂၅မှတ် လိုတယ်။ ဒီအရည်အချင်းကိုရောက်ဖို့ မင်းအနည်းဆုံး အဆင့် ၁၀ ဖြစ်ဖို့ လိုမယ်ထင်တယ်။"

“ဒီလက်နက်တွေက ဈေးသက်သာတယ်။ သူတို့က တစ်ခုအတွက် ဒေါ်လာ ၁,၅၀၀ ပဲ ကုန်ကျတယ်။”

ထို့နောက် ကစားသမားသည် ၎င်းတို့၏ သူငယ်ချင်းများကို ခေါ်ကာ ကြည့်ရှုရန် စိတ်အားထက်သန်စွာဖြင့် ဝိုင်းအုံလာကြသည်။ ဟန်ရှောင်းသည် ချက်ခြင်းပင် သူတို့ အဝိုင်းခံလိုက်ရ၏။

လူသစ်တန်းကစားသမားများသည် မီးတောက်ဆီတိုးသော ပိုးဖလံကဲ့သို့ သေနတ်များ၏ ဆွဲဆောင်ခံကြရသည်။ သူတို့သည် ယခု အအေးလက်နက်များကို အသုံးပြုနေကြသောကြောင့် အားနည်းသော သားရဲတစ်ကောင်ကိုပင် အနိုင်ယူရန် လူတစ်ဒါဇင်ခန့် လိုအပ်မည်ဖြစ်သည်။ ဦးချိုကြီးရွာ၏ သေနတ်များသည် ဈေးကြီးရုံသာမက ခဲယမ်းများအတွက်လည်း ငွေလိုသည်။ လူသစ်တန်းကစားသမားများသည် လုံးဝမတတ်နိုင်ပေ။

ဟန်ရှောင်းသည် ပစ္စတိုသေနတ်တစ်လက်အတွက် ကုန်ကျစရိတ်မှာ ရေပင်လယ် ဒင်္ဂါး ၈၀၀ ခန့်သာရှိပြီး ရောင်းဈေးသည် ကုန်ကျစရိတ်ထက် နှစ်ဆဖြစ်သည်။ သူ့စျေးနှုန်းသည် လူတိုင်းတတ်နိုင်သောကြောင့် ကြင်နာသူတစ်ယောက်ဟု ယူဆနိုင်သည်။ သူ့ထက် စျေးသက်သာတဲ့ ပစ္စတိုကို ဘယ်သူမှ ရှာတွေ့နိုင်မည်မဟုတ်ဟု သူသံသယဝင်ခဲ့သည်။ ထို့အပြင် ဟန်ရှောင်း၏ ပစ္စတိုများသည် အရည်အသွေးကောင်း၏။ အရည်အသွေးညံ့တဲ့ ပစ္စတိုတွေကို ကမ်းလှမ်းပြီး ကစားသမားများ၏ ပိုက်ဆံတွေကို လိမ်လည်ယူဖို့ ကြိုးစားနေခြင်း မဟုတ်ပေ။

သေနတ်များမှာ အကန့်အသတ်ရှိသောကြောင့် ကစားသမားများသည် ဝယ်ယူရန် အလျင်စလိုကြသည်။ သေနတ်ကို ကိုင်ဆောင်နိုင်သူများမှာ မြူးကြွပျော်ရွှင်သွားကြပြီး မကိုင်နိုင်သူများ စိတ်ပျက်သွားကြသည်။

closed beta ကစားသမားများသည်လည်း လူစုလူဝေးနှင့် ရောနှောသွားခဲ့သည်။ ကမ္ဘာ့ဂိုဏ်းခေါင်းဆောင်ကို သတ်ခဲ့သည့် SliceYouUp သည် ဟန်ရှောင်းထံမှ ပစ္စတိုတစ်လက်ကို ဝယ်ယူခဲ့ပြီး ဦးချိုကြီးရွာတွင် ရောင်းချသည့် သေနတ်ထက် အရည်အသွေးပိုကောင်းကြောင်း သိရှိခဲ့ရ၏။ သူ ဘယ်လောက်တောင် နောင်တရခဲ့ရလဲ။ စောစောက သိခဲ့ရင်တော့ ဦးချိုကြီးရွာက သူ့လက်နက်တွေ ဝယ်ခဲ့မှာ မဟုတ်ပေ

ထရပ်ကားထဲမှာ သူ့လက်နက်တွေအားလုံးကို ရောင်းပြီးနောက် ဟန်ရှောင်းဟာ အဲဒီအချိန်တိုလေးအတွင်းမှာ ဒေါ်လာသုံးသောင်း ရရှိသွားသည်။ ဟုတ်တယ်၊ ကစားသမားတွေရဲ့ ရန်ပုံငွေက အကန့်အသတ်ရှိတယ်၊ ဒါပေမယ့် ဦးချိုကြီးရွာမှာ အနည်းဆုံး ကစားသမား တစ်သောင်းလောက် ရှိတယ်၊ အဲဒါက ပေါင်းစပ်ဝယ်ယူမှုက ဟန်ရှောင်းကို အများကြီး အမြတ်ထွက်စေတယ်လို့ ဆိုလိုသည်။ သေနတ်များရောင်းချပြီးနောက် ဟန်ရှောင်းသည် သေနတ်အသစ်များနှင့် ခဲယမ်းမီးကျောက်များထုတ်လုပ်ရန် ထရပ်ကားရှိ ကုန်တင်ခန်းကို အသုံးပြုနိုင်သည်။

သေနတ်ရောင်းချခြင်းမှ အမှန်တကယ် အမြတ်ငွေမှာ ကျည်ဆန်ရောင်းချခြင်းမှ ဖြစ်သည်။ သေနတ်တွေဝယ်ပြီးသော ကစားသမားများသည် ကျည်ဆန်များကို ဝယ်ရလိမ့်မည်။ ၎င်းကို အစုလိုက်ရောင်းချခြင်းဟု လူသိများပြီး ထုတ်ကုန်တစ်ခုသည် ၎င်းတို့ကို အတူတကွဝယ်ယူရသောကြောင့် အခြားတစ်ခု၏ ဝယ်လိုအားကို ထုတ်ပေး၏။ ဟန်ရှောင်းသည် အရင်တုန်းက အောက်ထပ်ဆိုင်က ဟင်းခတ်အမွှေးအကြိုင်မပါဘဲ ခေါက်ဆွဲခြောက်ဝယ်တုန်းကလည်း သဘောပေါက်ခဲ့သည်။

ကစားသမားများသည် ၎င်းတို့၏ အသစ်ဝယ်ထားသော သေနတ်များကို အလွန်နှစ်သက်ကြပြီး ပစ်ချထားရန် ငြင်းဆန်ခဲ့ကြသည်။ တချို့က အဝေးက သစ်ပင်တွေကို ပစ်ခတ်ကြ၏။ မောင်းကန်အားကောင်းလွန်းသဖြင့် ကစားသမားများ၏ လက်ကောက်ဝတ်များ တုန်ခါသွားကာ ကျည်ဆန်များသည် ရောက်တတ်ရာရာ ပျံသန်းသွားကြသည်။

သေနတ်ပစ်စွမ်းရည်မရှိသူများသည် သေနတ်၏စွမ်းအားကို အပြည့်အဝ မထုတ်နိုင်ကြပေ။ ကစားသမားတော်တော်များများက သူတို့မှာ ဒီပြဿနာရှိနေမှန်း သိကြပြီး သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေက တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုသို့ ပြောင်းလဲသွားကြသည်။

ဒါက ဟန်ရှောင်းမျှော်လင့်ထားသလိုပင်။ ယခု သူသည် သူ၏ အရောင်းဝန်ဆောင်မှုကို ပေးစွမ်းနိုင်ပြီဖြစ်သည်။

ဟန်ရှောင်းက သူ့ကိုယ်သူ ပြုံးပြပြီး သေနတ်ပစ်သင်ခန်းစာအတွက် ဆိုင်ပြတင်းပေါက်တစ်ခုကို ထူထောင်လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ကစားသမားတွေကို မကြေငြာခဲ့ပေ။ သူ့ဆီကနေ သင်ယူနိုင်တဲ့ နည်းလမ်းကိာ သတ်မှတ်ထားပြီး၊ ကစားသမားများသည် ဂုဏ်သတင်းအမှတ် ငါးမှတ်နှင့် သင်ယူရမည်ဖြစ်သည်။

ကစားသမားများသည် ဤဝန်ဆောင်မှုကို ချက်ချင်းနီးပါး ရှာဖွေတွေ့ရှိသွားသည်။

"Black Phantom ဆီက ကျွမ်းကျင်မှုတွေကို အမှန်တကယ် သင်ယူနိုင်တယ်။"

“အို၊ သင်ယူနိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိတယ်။”

“ဒါပေမဲ့ သင်ယူဖို့ ဂုဏ်သတင်းအမှတ် ငါးမှတ်လိုတယ်။ ကျွန်တော်တို့ရဲ့ နာမည်ဂုဏ်သတင်းကို ဘယ်လိုမြှင့်တင်မလဲ။”

“ဘယ်လိုလုပ်ရမလဲဆိုတာ သိရပြီ။ ဒေါ်လာ ၅၀၀ သုံးတိုင်း၊ Black Phantom နဲ့ မင်းရဲ့ဂုဏ်သတင်းက တစ်ခုပြီးတစ်ခု တိုးလာလိမ့်မယ်။”

"ဒါက အရမ်းဈေးကြီးသေးတာပဲ။"

ကစားသမားများသည် ယခု ၎င်းတို့နှင့်အတူ ဒေါ်လာတစ်ထောင်သာ ရှိပြီး မစ်ရှင်များ ပြီးမြောက်ခြင်းမှ ၎င်းတို့ကို စုဆောင်းခဲ့သည်။ ဟန်ရှောင်းသည် တစ်ချိန်က အတွေ့အကြုံမရှိသေးသော ကစားသမားတစ်ဦးဖြစ်သကဲ့သို့ သူတို့၏ ဘဏ္ဍာရေးအခြေအနေကို နက်နဲစွာနားလည်ထားသည်။ ဒီလှုပ်ရှားမှုသည် ကစားသမားများကို ကျွမ်းကျင်မှုတစ်ခုကို သင်ယူရတာ မလွယ်ကူဘူးလို့ ခံစားရစေဖို့အတွက် ဖြစ်၏။

လူသားများသည် ထိုကဲ့သို့ပင်၊ လွယ်လွယ်ကူကူ ပေးခဲ့တဲ့ အရာတွေကို တန်ဖိုးထားမည် မဟုတ်ပေ။ တစ်ခုခုကိုချက်ချင်းမရရှိနိုင်တဲ့အခါမှသာ သူတို့လိုချင်တဲ့အရာကိုရဖို့အတွက် သူတို့ကိုယ်သူတို့ အဆင့်မြှင့်ဖို့လိုအပ်တယ်လို့ ခံစားမိလိမ့်မည်။ ဤကိစ္စတွင်၊ သာမန်ကစားသမားနှင့် ဇာတ်ကောင်တစ်ဦးသည် ကောင်းမွန်သောဆက်ဆံရေးတစ်ခုဖြစ်ပေါ်လာသည်နှင့်အမျှ NPC နှင့်လည်း ၎င်းတို့၏ဂုဏ်သတင်းကို တိုးမြင့်လာမည်ဖြစ်သည်။ ဟုတ်ပါတယ်၊ မာစတာဟန်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကစားသမားတွေဆီကနေ ငွေအမြောက်အမြား ထုတ်ယူဖို့ပါပဲ။

ကစားသမားတွေရဲ့ ခက်ခက်ခဲခဲနဲ့ ရထားတဲ့ငွေတွေကို ငါမယူရင် ငါ လူမဟုတ်ဘူး။

ဖောက်သည်များထံမှ ၀ယ်လိုအားကို စဉ်ဆက်မပြတ်ဖန်တီးရန်နှင့် ကုန်ပစ္စည်းဝယ်ရန် အတင်းအကြပ် တွန်းအားပေးခြင်းမှာ စီးပွားရေးသမားများ အသုံးပြုသည့် နည်းဗျူဟာဖြစ်သည်။ ဟန်ရှောင်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး အိုးးးး ငါသာ စီးပွားရေးလောကထဲ သွားလိုက်ရင်

အခန်း (၁၂၇) ပြီး၏။

လင်းဆက်

+++++

All Chapters