← Chapters

အားလုံးက ဆက်စပ်နေတယ်။

Vol. 9 Ch. 128

အားလုံးက ဆက်စပ်နေတယ်။

Vol. 9 Ch. 128

အခန်း (၁၂၈) အားလုံးက ဆက်စပ်နေတယ်။

ကစားသမားတွေက ချီတုံချတုံဖြစ်နေပေမယ့် ဟန်ရှောင်းကတော့ လုံးဝစိုးရိမ်မနေပေ။ နောက်ဆုံးမှာ ကဏန်းကို အရင်စားဖို့ ဆုံးဖြတ်တဲ့သူတစ်ယောက် ရှိလိမ့်မည်

သူမျှော်လင့်ထားသည့်အတိုင်းပင် ID 'Maple Moon' အမည်ရှိသည့် ချစ်စရာမိန်းကလေးက ၎င်းကိုပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဆိုင်တွင် ပိုက်ဆံအလုံအလောက်သုံးပြီးနောက် ဟန်ရှောင်းသည် ဤကစားသမား၏ ဂုဏ်သိက္ခာကို ငါးမှတ်ဖြင့် ချက်ချင်းမြှင့်တင်ခဲ့သည်။ ထို့နောက် Maple Moon သည် ရင်းနှီးသူတစ်ဦးဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

Maple Moon သည် သင်ယူနိုင်သည့် စကေးများစာရင်းကို ကြည့်ရင်း အံ့အားသင့်သွားသည်။

"Class advancement ‘အမျိုးအစားရာထူးတက်ခြင်း’အတွက် လိုအပ်တဲ့ အခြေခံအသိပညာကို ငါတကယ် သင်လို့ရနိုင်တယ်လား။"

ထိုစကားများကို သူမပြောပြီးသည်နှင့် ကစားသမားများသည် စကားစမြည်ပြောလာကြပြီး သူတို့၏ စိတ်လှုပ်ရှားမှုအဆင့်သည် အိမ်ခေါင်မိုးကို ဖောက်ထွက်သွားကြသည်။

သူဌေးကြီးများနှင့် ဤဂိမ်းတွင် ငွေအမြောက်အများ သုံးစွဲလိုကြသူများအပြင် သာမန်ကစားသမားအများစုသည် လိုအပ်သော အခြေခံအသိပညာကို ရယူရန် မသိသေးသောကြောင့် တိုးတက်ခြင်းဆိုင်ရာ ပြဿနာများကို ကြုံတွေ့ခဲ့ရသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော NPC Black Phantom သည် အခြေခံအသိပညာများကို ရောင်းချရန် ဆန္ဒရှိခဲ့သည်။

အစောပိုင်းတွင် ချီတုံချတုံဖြစ်နေသော ကစားသမားများသည် ၎င်းတို့၏စိတ်ကို ချက်ချင်းဆုံးဖြတ်ကာ Black Phantom ဖြင့် ၎င်းတို့၏ ဂုဏ်သတင်းကို ငါးမှတ်အထိ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒီလိုအခွင့်အရေးကောင်းတွေကို လက်လွတ်မခံချင်ကြပေ။

_____________________

[အခြေခံတပ်ဆင်မှု] ကို သင်ကြားပြီးပါပြီ။ သင်သည် အတွေ့အကြုံအမှတ် ၁,၀၀၀ နှင့် ရေပင်လယ် ဒေါ်လာ ၂၀၀ ရရှိထားသည်။

_____________________

အမှန်တကယ်ပင်၊ beta testအဆင့်နှင့် နှိုင်းယှဉ်ပါက ဟန်ရှောင်းသည် အခြေခံအသိပညာ၏စျေးနှုန်းကို နှစ်ဆတိုးပေးသော်လည်း ကစားသမားများသည် ၎င်းကိုလေ့လာရန် အလွန်စိတ်အားထက်သန်ဆဲ ဖြစ်သည်။ ဗဟုသုတလေ့လာပြီးတိုင်း အတွေ့အကြုံအမှတ် ၁,၀၀၀ သာ ရရှိမည် ဖြစ်သော်လည်း စုစုပေါင်း ပမာဏသည် ဗဟုသုတရလိုသော ကစားသမားများစွာဖြင့် လျင်မြန်စွာ စုဆောင်းမိမည်ဖြစ်သည်။

မူလက ရေပင်လယ်ဂြိုလ် ကစားသမားများ တိုးတက်ရန်အတွက် အသုံးအများဆုံးနည်းလမ်းမှာ စခန်းတစ်ခုသို့ ဝင်ရန်ဖြစ်သည်။ စခန်းမ၀င်ခင်မှာ အခြေခံ အသိပညာတွေ ရရှိဖို့ ကစားသမားတွေအတွက် ရှားပါးလှ၏။ စခန်းတွင်ပါဝင်ပြီး ချိတ်ဆက်မှုများရရှိရန် တာဝန်များလုပ်ဆောင်ခြင်းဖြင့် ကစားသမားများသည် အခြေခံအသိပညာအတွက် ၎င်းတို့၏ ဂုဏ်သတင်းအချက်များကို ဖလှယ်နိုင်မည်ဖြစ်သည်။ ဟုတ်ပါတယ်၊ ကစားသမားတွေက ငွေသားနဲ့ ဝယ်ယူဖို့ ရွေးချယ်နိုင်ပေမယ့် အဲဒါက မထိုက်တန်ပါဘူး။ ဟန်ရှောင်း၏ လုပ်ဆောင်ချက်သည် ကစားသမားများစွာကို ဤပြဿနာမှ ကယ်တင်ခဲ့ပြီး တစ်ချိန်တည်းတွင် ၎င်းတို့၏ တိုးတက်မှုကို မြန်ဆန်စေသည်။

အချိန်တိုအတွင်းမှာပင် ကစားသမား ရာပေါင်းများစွာသည် အခြေခံဗဟုသုတကို သင်ယူခဲ့ကြသည်။ ဆိုလိုသည်မှာ ဟန်ရှောင်းသည် အတွေ့အကြုံရမှတ်ပေါင်း ထောင်ပေါင်းများစွာကို ရရှိခဲ့သည်။ ဤအရေအတွက်သည် လျင်မြန်စွာ တက်နေသေးသည်။

သူ့စီးပွားရေးတွေ တိုးလာတာကြောင့် ဟန်ရှောင်းသည် တံငါသည်တစ်ယောက်လို၊ ငါးစာလာဟပ်မည့် ငါးများကို အေးအေးဆေးဆေး စောင့်ဆိုင်းနေ၏။

ကစားသမားတွေကို ဖျော်ဖြေရင်း၊ ဟန်ရှောင်းက ဖိုရမ်ကို ပေါ့ပေါ့ပါးပါး လှည့်ကြည့်နေတယ်။

ဂြိုဟ်သစ်များမှ ကစားသမားများအားလုံးသည် ဤအချက်အလက်များကို မျှဝေနေကြသည်။ ဦးချိုကြီးရွာ မှ ကစားသမားများသည် ဖိုရမ်တွင် ဟန်ရှောင်းကို စိတ်ပါလက်ပါ ကြော်ငြာခဲ့ကြသည်။ သူက အစပျိုးရွာမှာ ပေါ်ခဲ့ဖူးသမျှ ဂြိုလ်အသစ်အားလုံးမှာ ပထမဆုံးအဆင့်မြင့်ဇာတ်ကောင်ပင်။ ထို့ကြောင့် သူသည် လျင်မြန်စွာ ကျော်ကြားလာ၏။ သူနဲ့ပတ်သက်တဲ့ ပို့စ်တော်တော်များများကို ဖိုရမ်မှာ ဆက်တိုက်တင်နေသည်။

“ဒီအဆင့်မြင့်ဇာတ်ကောင်က အရည်အသွေးကောင်းမွန်တဲ့ သေနတ်တွေနဲ့ ခဲယမ်းတွေကို စျေးသက်သက်သာသာနဲ့ ရောင်းပါတယ်။ ဂုဏ်သတင်းကို အနည်းဆုံး ၅ မှတ်အထိ မြှင့်တင်ထားမယ်ဆိုရင် အခြေခံအသိပညာကို သင်ယူနိုင်တယ်။ အခြေခံ ပစ်ခတ်နည်းနဲ့ အခြား အခြေခံတိုက်ခိုက်ရေးစွမ်းရည်များလို သာမန်ကျွမ်းကျင်မှုတွေကလွဲရင်၊ စက်ပိုင်းဆိုင်ရာ အသိပညာ အများကြီးကိုလည်း သင်ယူနိုင်တယ်။ ယန္တရားပညာရှင် ကစားသမားတွေဆိုရင် သူ့ဆီက အခြေခံအသိပညာကို သင်ယူပြီးတော့ ၎င်းတို့၏ ‘အမျိုးအစားရာထူးတက်ခြင်း’ကို ချက်ချင်းရယူနိုင်တယ်။”

“ဝိုး။ ဒီလောက် အဆင့်မြင့်တဲ့ ဇာတ်ကောင်မျိုး မတွေ့ဖူးဘူး”

“‘အမျိုးအစားရာထူးတက်ခြင်း’အသိပညာကိုတောင် သင်ယူနိုင်တယ်။ ဦးချိုကြီးကျေးရွာ။ ငါအခုချက်ချင်း သွားလိုက်မယ်!"

“သေစမ်းကွာ၊ ငါက တခြားဂြိုလ်မှာရှိနေတယ်။ ငါလုံးဝ မသွားနိုင်ဘူး။"

"ဒီလောက်အဆင့်မြင့်တဲ့ ဇာတ်ကောင်ကို တခြားဘယ်မှာမှ ဘာလို့မတွေ့ရတာလဲ။"

"အန္တရာယ်အဆင့်- သေစေနိုင်တာလား။ သတ္တိရှိတဲ့ သူတွေက သူ့ရဲ့စွမ်းအားကို စမ်းသပ်ချင်ကြလား။ မင်းသေရင် ငါပေးဆပ်မယ်။ ငါက ဒီလောက်ချမ်းသာတာတော့ မဟုတ်ဘူး၊ လျော်ကြေးအတွက် လေယာဉ်တစ်စီးပဲ ပေးလို့ရတယ်။"

ပို့စ်တော်တော်များများမှာလည်း ပုံတွေနဲ့ တွဲပါ၏။ အနက်ရောင်ဝတ်ထားသည့် ဟန်ရှောင်း၏ အသွင်အပြင်သည် ဖန်သားပြင်ပေါ်တွင် ကြီးမားသောအောင်မြင်မှုကို ရရှိနေသည်။ အနက်ရောင်လေကာအင်္ကျီနှင့် အနက်ရောင်လက်အိတ်တစ်စုံပါရှိသော သူ၏ဝတ်စုံကို လူအများက အလွန်သဘောကျခဲ့ကြသည်။ ခပ်မိုက်မိုက်နဲ့ ရုပ်ရည်ချောမောပုံရပြီး သူ့မျက်နှာမပေါ်သရွေ့တော့ ယောကျာ်းလေးမော်ဒယ်တစ်ယောက်ဖြစ်ဖို့ သေချာသည်။

အခြားဂြိုလ်များမှ ကစားသမားများပင်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စိတ်ပါလက်ပါ ဆွေးနွေးနေကြပါသည်။ ဖိုရမ်တွင် အလိုအလျောက် ဘာသာပြန်သည့် လုပ်ဆောင်ချက် ပါရှိသောကြောင့် ဘာသာစကား အတားအဆီးများ အတွက် စိုးရိမ်စရာ မလိုပါ။

ကစားသမားများသည် ဤအဆင့်မြင့်ဇာတ်ကောင်၏ တိုက်ခိုက်ရေးစွမ်းအားကို အမှန်တကယ်စိတ်ဝင်စားကြသည်... အတွေးတစ်ခုက ဟန်ရှောင်း၏ စိတ်ထဲသို့ ရုတ်တရက် ပြေးဝင်လာပြီး၊ သူ၏စွမ်းရည်များကို ပြသနိုင်ခဲ့ပါက ယန္တရားပညာရှင်အဖြစ် ရှေ့တိုးလာရန် လူများစွာကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူထင်နေ၏။

သူ့အခြေခံအသိပညာကို မျှဝေလိုသော်လည်း၊ လူအများက ခြံစည်းရိုး ခွထိုင်တုန်းပင် ရှိနေကြသည်။ နောက်ဆုံးတွင်၊ ယန္တရားပညာရှင်၏ လမ်းကြောင်းကို အမှန်တကယ်စိတ်မဝင်စားဘဲ၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ပတ်သက်၍ သံသယဝင်သော ကစားသမားအနည်းငယ် ရှိကြသည်။ ပုံမှန်အားဖြင့် ‘တိုက်ခိုက်သူ’ နှင့် ‘အက်စ်ပါ’ တို့သည် ကစားရန် ပိုပျော်ဖို့ကောင်းကြပြီး၊ ထို့ကြောင့် ကစားသမားအများစုအတွက် ပို၍ ဆွဲဆောင်မှုရှိသည်။

အမှန်မှာ၊ သူတို့၏ သံသယမှာ မှန်ကန်၏။ ယန္တရားပညာရှင်များသည် အစောပိုင်း အဆင့်များတွင် မသန်မာကြပေ။ သို့သော် ဤစည်းမျဉ်းသည် ဟန်ရှောင်းနှင့် မသက်ဆိုင်ပါ။ သူက ပြုံးပြီး ကစားသမားတွေကို လှည့်စားဖို့ ဆုံးဖြတ်လိုက်သည်။ သူက ဒီကစားသမားတွေရဲ့ စိတ်ပညာကို ကောင်းကောင်းနားလည်ပြီး တော်တော်များများက သူတို့ အစွမ်းအထက်ဆုံးလို့ ထင်တဲ့ ဘယ်အအမျိုးအစားကိုမဆို ရိုးရိုးရှင်းရှင်းနဲ့ ဝင်ရောက်မယ်ဆိုတာ သိထား၏။

ဟန်ရှောင်းအတွက် အခြေခံအသိပညာကို သင်ကြားခြင်းသည် အမြတ်အစွန်းများရရှိရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။ ယန္တရားပညာရှင်၏ အခြေခံအသိပညာကို ရရှိသော ကစားသမား ရာနှင့်ချီရှိနေပြီဖြစ်သည်။ ဦးချိုကြီးရွာ မှ ကစားသမား တစ်ဝက်ကို ယန္တရားပညာရှင်များအဖြစ်သို့ လှည့်စားနိုင်ခဲ့ပါက အတွေ့အကြုံအမှတ် သန်းပေါင်းများစွာကို အလွယ်တကူ ရရှိမည်ဖြစ်သည်။

ဤဈေးကွက်တွင် အမြတ်ငွေသည် မယုံနိုင်လောက်အောင် ဖြစ်လိမ့်မည်။

ဟန်ရှောင်းက စိတ်အားထက်သန်နေ၏။

အချိန်မီရုံပဲ။ ဂျာမီနယ် အဖွဲ့အစည်းက တပ်ဖွဲ့ဝင်တွေ ရက်ပိုင်းအတွင်း ရောက်လာတော့မယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကောင်းပဲ။

…

အနောက်ပိုင်းနိုင်ငံမြို့တော်တွင်၊ ဓါးရူးသည် စိတ်တိုလာသည်။ ပြီးခဲ့သောရက်အနည်းငယ်တွင် သူသည် ဘာမျှစားချင်စိတ်မရှိပေ။ ဟန်ရှောင်းမရှိသောနေ့များသည် နေရောင်ခြည်မရှိသောနေ့နှင့် ဖြတ်သန်းနေရသော နေ့ရက်တိုင်းသည် နှိပ်စက်ညှဉ်းပန်းမှုများဖြစ်သည်။

ဓါးရူးသည် ဖိုရမ်ကို လျှောက်ကြည့်နေရင်း ဦးချိုကြီးရွာ မှ ကစားသမားများ၏ ပို့စ်များစွာကို သူတွေ့လိုက်ရသည်။ ပို့စ်များသည် ဟန်ရှောင်းနှင့် သူရောင်းနေသော ကုန်ပစ္စည်းများအကြောင်းဖြစ်သည်။

"အပေါ့စား ယန္တရားလက်"

အံ့သြစရာကောင်းသော အကြည့်ဖြင့် ဓါးရူးရုတ်တရက် ထရပ်လိုက်သည်။

ဟန်ရှောင်းသည် ဤယန္တရားလက်ကို ယခင်က ပြသခဲ့ဖူးသည်ကို သတိရမိသည်။ ဟန်ရှောင်းလည်း အမြဲလိုလို Mask တပ်ထားတယ်။ ထို့ကြောင့်၊ ဓါးရူးသည် အရဲစွန့်ပြီး ခန့်မှန်းလိုက်၏။

Black Phantom သည် ဟန်ရှောင်းဖြစ်နိုင်သလား။

ငါသူ့ကို ရှာရမယ်!

…

ဟန်ရှောင်းနှင့် ငါးမှတ်ထက်ပို၍ ဂုဏ်သိက္ခာမြှင့်တင်ရန်အတွက်၊ ကစားသမားများစွာသည် တာဝန်များ ပြုလုပ်ရန်နှင့် ပိုက်ဆံရှာရန် ဦးချိုကြီး ရွာရှိ စုဝေးရာအမှတ်သို့ ပြောင်းရွှေ့လာကြသည်။ ထို့ကြောင့် ဟန်ရှောင်းအနီးပတ်ဝန်းကျင်ရှိ ကစားသမားအရေအတွက် သိသိသာသာ တိုးလာသည်။

_________________________________

သင့်ထုတ်ကုန် [အပေါ့စား ယန္တရားလက်] ရောင်းချပြီးပါပြီ။

_________________________________

ဟန်ရှောင်းအံ့သြသွားသည်။

ယခင်က ဤပစ္စည်းအတွက် အမြင့်ဈေး ၂၀,၀၀၀ သတ်မှတ်ခဲ့သော်လည်း တစ်စုံတစ်ယောက်မှ တတ်နိုင်ခဲ့သည်။ သူသည် အနီးနားရှိ ကစားသမားများကို လေ့လာဆန်းစစ်ကြည့်ပြီးနောက် သူတို့၏ ခေါင်းဆောင်ကို တွေ့ရှိသွားသည်။ သူ၏ ID မှာ 'Jade Green Sky' ဖြစ်သည်။ ဟန်ရှောင်းသည် ဤအမည်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် လင်းခနဲ ဖြစ်သွားသည်။ Jade Green Sky သည် 'Sky Territory' ဟုခေါ်သော Guild ၏ ဥက္ကဌဖြစ်ပြီး Guild ၏ ကြွယ်ဝမှုနှင့်အတူ၊ သူသည် သဘာဝကျကျပင် ဤအရာကို တတ်နိုင်လိမ့်မည်။

Jade Green Sky သည် လက်ဖြင့်ချုပ်ထားသော သားရေချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး သူ၏ပစ္စည်းများသည် open-beta ကစားသူများထက် အနည်းဆုံး အဆင့်ပိုကောင်းသည်။ အဘယ်ကြောင့်ဆိုသော် သူသည် close-beta စမ်းသပ်ကစားသူတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ close-beta စမ်းသပ်စဉ်က၊ မြေပုံပေါ်ရှိ အခြားနေရာများကို စူးစမ်းလေ့လာရန် ပင်မအဖွဲ့ဝင်အချို့ကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ သူ၏ Guild မှ အခြား open-beta ကစားသမားများ၏ စကားမှတစ်ဆင့် Black Phantom အကြောင်း လေ့လာခဲ့ပြီး အမာခံအဖွဲ့ဝင်များကို ရွာသို့ အမြန်ပြန်ခေါ်လာသည်။

Jade Green Sky ဟာ သူ့အတန်းကို မတက်သေးပေမယ့် ‘တိုက်ခိုက်သူ’ တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်နေသည်။ အပေါ့စား ယန္တရားလက်၏ ကိန်းဂဏာန်းများက ချက်ချင်းပင် သူ့ကို ဆွဲဆောင်သွား၏။ သူသည် ယခုအချိန်တွင် ပစ္စည်းကို မတပ်ဆင်နိုင်သေးသော်လည်း ဦးစွာဝယ်ယူပြီး သူ၏သိုလှောင်မှုတွင် သိမ်းဆည်းထားရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍ Black Phantom ရုတ်တရက် ပျောက်ကွယ်သွားပါက အခွင့်အလမ်းလည်း ဆုံးရှုံးသွားနိုင်သည်။

“ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။” Sky Territory Guild မှ အဖွဲ့ဝင်များသည် ပစ္စည်းများစာရင်းကို ရှာဖွေကြည့်သောအခါတွင် ချီးကျူးစကားများ ထွက်လာကြသည်။

ကံမကောင်းစွာပဲ၊ ဂုဏ်သတင်းကို ငါးမှတ်အထိမြှင့်တင်ရန်အတွက် အသင်းဝင်တစ်ဦးစီသည် ဒေါ်လာ 2,500 သုံးစွဲရမည်ဖြစ်သည်။ ကြီးမားသော guild ဖြစ်သော်ငြား Sky Territory တွင် ရှိသော ငွေကြေးသည် အကန့်အသတ်ရှိသည်။ အပေါ့စား ယန္တရားလက်ကို ဝယ်ယူခြင်းသည် guild ၏ ငွေသားအများစုကို သုံးစွဲခဲ့ရသည်။

ရုတ်တရတ်ဆိုသလို ဟန်ရှောင်းက ပြောလိုက်သည်။ “ရက်အနည်းငယ်အတွင်း Germinal Organization မှ တပ်ဖွဲ့တွေ ဖြတ်သွားမှာဖြစ်ပြီး၊ သစ်တောအတွင်း ထောင်ချောက်များ ပြင်ဆင်ဖို့ ကူညီရန် လူအချို့ လိုအပ်နေပါသည်။ သင်တို့ ကူညီရန် အားလပ်ကြပါသလား။"

ထိုသို့ပြောပြီး သူက တာဝန်ကို ထုတ်လွှတ်လိုက်သည်။

E-Level အခက်အခဲ။ ဖော်ပြချက်မှာ "သစ်တောတွင် ထောင်ချောက်တစ်မျိုးမျိုးကို တပ်ဆင်ထားပါက အတွေ့အကြုံအမှတ် ၅၀၀ ရရှိမည်ဖြစ်သည်။" ထို့အပြင်၊ ဟန်ရှောင်းသည် Sky Territory guild လိုချင်သည့်အတိုင်း ဆုကြေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂုဏ်သတင်းအမှတ် သုံးမှတ်ကို ပေးလိုက်သည်။

Jade Green Sky က ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။ "လူတိုင်း ဒီတာဝန်ကို လက်ခံပါ!"

ဟန်ရှောင်းက သူ့ကိုယ်သူ တိတ်တဆိတ် ပြုံးလိုက်သည်။ ဂုဏ်သတင်းအမှတ်များကိုသုံးပြီး သူ၏တာဝန်ကို အပြီးသတ်ရန် ကစားသမားများအား ဆွဲဆောင်ခြင်းဖြင့်၊ သူသည် သူ၏တာဝန်ကို ပြီးမြောက်စေပြီး လုပ်ငန်းလည်း ပိုမိုရရှိစေနိုင်သည်။ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်သလိုပင်။

သူသည် ဂုဏ်သတင်းအချက်များအား တိကျသောတန်ဖိုးဖြင့် စိတ်ကူးပေါက်သလို ပြုလုပ်နိုင်သည်။ ဤနည်းလမ်းသည် စက္ကူငွေကြေးနောက်ကွယ်က သီအိုရီနှင့်တူပြီး တစ်စုံတစ်ခုကို တန်ဖိုးရှိပုံပေါ်အောင် ပြုလုပ်ထားသော်လည်း အမှန်တကယ်တွင် ၎င်းသည် တန်ဖိုးမရှိပေ။ ၎င်းသည် Sky Territory guild၊ Destroyer guild... မည်သည့် Guild ၏ ကစားသမားများကိုမဆို တာဝန်ကိုရယူရန် ဆွဲဆောင်ရာတွင် ထိရောက်မှုရှိနိုင်သည်။

ဟန်ရှောင်းက ငွေကြေးစနစ်သည် ပူဖောင်းတစ်ခုပေါ်တွင် တည်ဆောက်ထားကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။ ဒီအတွေးဖြင့် သူရလာတဲ့ငွေကို သုံးစွဲပစ်မည် ဖြစ်သည်။

မသုံးစွဲသောငွေသည် အလုပ်လုပ်ကိုင်ရန် တွန်းအားပေးမှုကို အတားအဆီးဖြစ်စေနိုင်သည်။

ကစားသမားအများစုသည် ထောင်ချောက်များထောင်ရန် တောထဲသို့သွားကြသည်။ သူတို့ အသုံးပြုနိုင်သော ထောင်ချောက်များသည် အခြေခံများသာ ဖြစ်ကြ၏။ သူတို့သည် သားရဲထောင်ချောက်များ ဖြစ်သည်။ ဟန်ရှောင်းသည် အချိန်တစ်ချို့ အနားယူပြီး တောထဲသို့ သွားရောက်၏။ သစ်တောသည် ထောင်ချောက်များ ပြည့်နှက်နေသဖြင့် ပိတ်လှောင်ကြောက်လွန်ရောဂါရှိသူတိုင်း ချက်ခြင်း ကြက်သီးမွှေးညင်းများ ဖုံးလွှမ်းသွားမည်ဖြစ်သည်။

ဂျာမီနယ် အဖွဲ့အစည်းမှ ဆုတ်ခွာသွားသော တပ်ဖွဲ့များသည် တောထဲသို့ ဝင်သောအခါတွင် လုံးဝ ထိတ်လန့်သွားမည် ဖြစ်သည်။

ကစားသမားများ ပြင်ဆင်ထားသော ဘီလူးထောင်ချောက်များသည် လုံးဝအသုံးမဝင်ဘဲ အဓိကအားဖြင့် အာရုံလွှဲရန်ဖြစ်သည်။ ဟန်ရှောင်းသည် အခြားထောင်ချောက်များကို ကိုယ်တိုင်ဖန်တီးခဲ့ပြီး ထိုထောင်ချောက်များသည် အသေအပျောက်အများဆုံးဖြစ်မည့် ထောင်ချောက်များဖြစ်သည်။

အခန်း (၁၂၈) ပြီး၏။

လင်းဆက်

+++++

All Chapters