← Chapters

သွေးထွက်သံယို

Vol. 9 Ch. 131

သွေးထွက်သံယို

Vol. 9 Ch. 131

အခန်း (၁၃၁) သွေးထွက်သံယို

“အို ငါ့!”

"ဘာဖြစ်တာလဲ?"

"ငါ့နာမည်ဂုဏ်သတင်း ဘယ်လိုကျသွားတာလဲ။"

Kill-all Guild မှ ကစားသမားများ အားလုံး စိတ်ရှုပ်သွားကြသည်။ ဟန်ရှောင်းကိုကြည့်ဖို့ ချက်ချင်းပြန်လှည့်ကြည့်လိုက်တော့ လျစ်လျူရှုတဲ့အကြည့်နဲ့ သူတို့ ဦးတည်ရာကို လှမ်းကြည့်နေတာကို တွေ့လိုက်ရသည်။ ဒီတစ်ခါတော့ သူတို့ ဘယ်လောက်ပဲ ခေါင်းထူနေပါစေ ဖြစ်ပျက်နေတာတွေကို မှန်းဆလို့ရတယ်။ ဘေးမှ သိလိုစိတ်ပြင်းပြစွာနှင့် သံသယဖြင့် ကြည့်နေကြ၏။

SliceYouUp သည် အလွန်ဒုက္ခရောက်နေသည်။ ထိုသို့သောလုပ်ရပ်များသည် Black Phantom ၏ စိတ်မချမ်းသာမှုကိုဖြစ်စေကြောင်း သူမည်သို့သိနိုင်မည်နည်း။ Guild များသည် ဂိမ်းတွင် အရင်းအမြစ်များကို စုဆောင်းခြင်းသည် ပုံမှန်မဟုတ်ပါလား။ ဤ NPC သည် အဘယ်ကြောင့် ဤမျှလောက် ဉာဏ်ရည်ထက်မြက်သနည်း။

ဤရက်အနည်းငယ်အတွင်း ရရှိခဲ့သော ဂုဏ်သတင်းမှာ ပျောက်ကွယ်သွားခဲ့ပြီး အနည်းငယ်ပင် ကျဆင်းသွားခဲ့သည်။

သူ့ဘေးနားက အဖွဲ့ဝင်တွေက သူ့ကို မကျေမနပ်ဖြစ်နေပုံရတယ်။ SliceYouUp အတွက် နောင်တအတွက် အရမ်းနောက်ကျသွားပြီ။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ အခွင့်အာဏာသည် အဆင့်တစ်ခု ကျဆင်းသွားကြောင်း သူခံစားနိုင်သည်။ သူသည် အလွန်ခက်ခဲသော အခြေအနေတွင် နစ်မြုပ်နေခဲ့ပြီး သူ၏လူများနှင့်အတူ အခင်းဖြစ်ပွားရာနေရာမှ အမြန်ထွက်ခွာခဲ့သည်။

သူ့ပတ်ဝန်းကျင်က ကစားသမားတွေ အံ့သြသွားတယ်။ ယခင်က မောက်မာသော Kill-all Guild သည် စက္ကန့်ပိုင်းအတွင်း အဘယ်ကြောင့် သို့မဟုတ် ဘယ်လိုလုပ် ကြောက်လန့်သွားသည်ကို သူတို့ မသိခဲ့ကြပေ။

Jade Green Sky သည် Kill-all သည် သူတို့၏ Sky Territory ကို ကြောက်သည်ဟု တွေးထင်ခဲ့သည်။

ဘာဖြစ်တာလဲ? ငါ့ရဲ့ Guild က ဘယ်တုန်းက အရမ်းမိုက်လာတာလဲ။

ဘယ်သူကမှ လမ်းကို ပိတ်ဆို့ထားခြင်း မရှိသောအခါ ကစားသမားတွေက ဆုပေးပွဲမစ်ရှင်ရှိတယ်ဆိုတာ သိလိုက်ရ၏။ သူတို့သည် နောက်ဆုံးတွင် Kill-all Guild ၏ ရည်ရွယ်ချက်ကို သိရှိသွားကြသည်။ ဒါက လုံးဝ မတရားသောကြောင့် သူတို့သည် ဖြောင့်မတ်သောဒေါသနှင့် ပြည့်နေသသည်။

"သူတို့က မစ်ရှင်တစ်ခုလုံးကို ရယူဖို့ ကြိုးစားနေတာ။"

“ရွံစရာပဲ!”

Kill-all ကို ဆန့်ကျင်တိုက်ခိုက်ပြီးနောက် ကစားသမားများသည် ဆုပေးပွဲမစ်ရှင်ဆီသို့ အာရုံစိုက်လာကာ ပိုမိုဆွဲဆောင်ခံလာရသည်။ လူတိုင်းသည် ထိုတာဝန်ကို လက်ခံခဲ့ကြပြီး အားလုံးက ထိုကိတ်မုန့်ကြီးတစ်ချပ်ကို လိုချင်ကြသည်။

ဆုပေးပွဲမစ်ရှင်သည် တဖြည်းဖြည်း အတွေ့အကြုံအမှတ် ၅၀၀,၀၀၀ ကျော် ရောက်ရှိလာပြီး ထိုကစားသမားများအတွက် မတွေးဝံ့စရာ ပမာဏတစ်ခုဖြစ်သည်။ ၎င်းကို တွေးရုံဖြင့် အသက်ရှုရပ်သွားနိုင်သည်။

ဆုပေးပွဲမစ်ရှင်ဆုများကို ခံစားခွင့်ရှိသူ ငါးဦးသာရှိသည်။ အဆင့်သတ်မှတ်ချက်သည် သုံးစွဲနေသော စွမ်းအင်အပေါ် မူတည်သည်။ ပါဝင်သူအရေအတွက်နှင့် နှိုင်းယှဉ်ပါက ငါးဦးသည် သေးငယ်သော အရေအတွက်ဖြစ်သည်မှာ သေချာသည်။

ဒါပေမယ့် ပြဿနာက လူတိုင်းက သူတို့ကံကောင်းသူလို့ ထင်နေကြသည်။ ထီပေါက်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သော်ငြားလည်း သူတို့မျက်လုံးထဲတွင် တောက်ပနေသော မျှော်လင့်ချက် အလင်းတန်းများ ရှိနေဆဲဖြစ်သည်။ သူတို့သာ ရွေးချယ်ခံရပါက ထီပေါက်သလိုပင် ဖြစ်လိမ့်မည်။

ကစားသမားတွေက အဆင့် ၁၀ မှာတောင် မရှိသေးပေ။ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန်နိမ့်ပါးသော်လည်း သူတို့အတွက် ကောင်းသောအချက်မှာ သူတို့သည် သေခြင်းကို မကြောက်ကြပေ။ ပစ္စတိုသေနတ်တစ်လက်ဖြင့် သူတို့သည် အနည်းငယ်ပျက်စီးစေနိုင်သည်။ အနည်းဆုံးတော့ အနီးနားကလူတွေအားလုံးနှင့် သူတို့၏ ပစ်ခတ်အားကို ပေါင်းစပ်နိုင်ကြ၏။ ထို့ကြောင့် ဟန်ရှောင်းက ဒီတာဝန်ကို တွေးလိုက်ခြင်းဖြစ်သည်။

…

ဦးချိုကြီးရွာ၏ သစ်တောသည် ကျယ်ပြောပြီး Dark Net မှ အချက်အလက်အများအပြားသည် ဂျာမီနယ်အဖွဲ့အစည်း၏ စွန့်ခွါလာသော တပ်များကို ဆုတ်ခွါမည့်လမ်းကြောင်းအတိအကျကို အမှတ်အသားပြုပေးထားသည်။

ထောင်ချောက်ကို မှတ်သားထားသည့်နေရာသို့ လူတိုင်းရောက်လာသည်။ ကစားသမားများ ပူးပေါင်း၍ အလစ်တိုက်ရန် ဖြန့်ကျက်လိုက်ကြသည်။ ၎င်းတို့အနက် closed beta မှ ကစားသမားများကို အသင်းဖော်များအဖြစ် ပို၍ နှစ်သက်ကြသည်။ ဟုတ်ပါသည်၊ ဂိုဏ်းဖွဲ့တဲ့သူတွေက အကောင်းဆုံးဖြစ်မှာပါ။

အသင်းလိုက်ကစားခြင်းဟာ အကောင်းဆုံးအားသာချက်တစ်ခုပါပဲ။ တစ်ဦးတစ်ယောက်၏ အားထုတ်မှု တစ်ခုတည်းကိုသာ အားကိုးခြင်းသည် စာရင်းထဲသို့ ဘယ်တော့မှ မရနိုင်သည်ကို လူတိုင်းသိသည်။

Maple Moon ကတော့ နည်းနည်း စိတ်ဓါတ်ကျနေသည်။ ကစားသမားတိုင်းဟာ အသင်းတစ်သင်းစီ ရှိကြသည်။ သူမသည် ခြေတစ်လှမ်း ပိုနှေးခဲ့ပြီး အသင်းဖွဲ့ရန် မည်သူကိုမျှ ရှာမတွေ့ခဲ့ပေ။

ဟန်ရှောင်းက သတိပြုမိပြီး Maple Moon ကို ခေါ်လိုက်သည်။ သူမွမ်းမံထားသော စနိုက်ပါရိုင်ဖယ်တစ်လက်အပြင် ကျည်ဆန်များစွာကို ထုတ်ကာ Maple Moon အား ပေးအပ်လိုက်၏။ "ဒီသေနတ်ကို ငါ ငှားပေးမယ်၊ ငါ့အနားမှာနေ"

Maple Moon သည် ချစ်စရာအကြည့်ဖြင့် ထိတ်လန့်အံ့သြစွာဖြင့် သူမ၏ ပါးစပ်သေးသေးလေးပေါ်တွင် လက်နှစ်ချောင်းကို ကာထားသည်။ ဤသည်မှာ လျှို့ဝှက်ရှာဖွေခြင်း၏ အကျိုးကျေးဇူးဖြစ်သည်ဟု သူမထင်ခဲ့၏။ သို့သော် စနိုက်ပါရိုင်ဖယ်၏ လက္ခဏာများကို မြင်လိုက်ရသောအခါတွင် သူမသည် ခက်ခဲသော အနေအထားတွင် ရှိနေ၏။ စနိုက်ပါရိုင်ဖယ်သည် [စနိုက်ပါ] တွင် အနည်းဆုံး အဆင့် ၁ အရည်အချင်းတစ်ခု လိုအပ်သည်။

Maple Moon နှုတ်ခမ်းစူလိုက်သည်။ "ဒါပေမယ့် ဒါကို ဘယ်လိုသုံးရမှန်းမသိဘူး"

_____________________

Black Phantom သည် သင့်အတွက် [စနိုက်ပါ] စွမ်းရည်ကို ပေးထားသည်။ ၎င်းကိုလေ့လာရန် အတွေ့အကြုံအမှတ် ၂,၀၀၀ ကို သုံးလိုပါသလား။

_____________________

ဟန်ရှောင်းသည် ဤစနိုက်ပါစွမ်းရည်အကြောင်း ဂိမ်းကစားသူများကို သင်ပေးမထားပေ။ Maple Moon သည် တစ်ချိန်တည်းမှာပင် အံ့အားသင့်ပြီး ပျော်ရွှင်နေ၏။ တစ်စက္ကန့်မျှ မတွေးဘဲ သဘောတူလိုက်သည်။

Maple Moon သည် လေ့ကျင့်ပေးရန် ထိုက်တန်သောကြောင့် ဟန်ရှောင်းသည် သူမအား သဘာဝအတိုင်း ဘက်လိုက်လာသည်။ ဟုတ်ပါတယ်၊ ဒါက သူတို့ကြားက လျှို့ဝှက်ချက်ပင်။ အခြားကစားသမားများက တရားမျှတမှု မရှိဟု ယူဆပါက သူတို့၏ မကျေနပ်ချက်များကို ထိန်းထားရုံမှတပါး သူတို့ ဘာလုပ်နိုင်မည်နည်း။ ရုပ်ဝါဒီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ အရင်းအမြစ်မရှိတဲ့လူတွေက ပြောစရာမရှိပေ။

…

လေပြင်းက တောအုပ်ကို ဖြတ်၍ တိုက်ခတ်သွား၏။

ခြုံခိုတိုက်ခိုက်ရန် စောင့်‌ဆိုင်းနေသည့် ကစားသမားများအားလုံးမှာ ကြောက်ရွံ့ထိတ်လန့်သော်လည်း စိတ်လှုပ်ရှားနေသည့် မျက်နှာများရှိသည်။ တော်တော်များများအတွက် ဒါသည် ပထမဆုံး တိုက်ပွဲဖြစ်၏။

Jade Green Sky သည် Sky Territory ၏အဖွဲ့ဝင်များကို တောထဲတွင် ဖုံးကွယ်ရန် ခေါ်ဆောင်လာသည်။ ဆုပေးပွဲမစ်ရှင်မှ ထိပ်တန်းဆု သုံးခုထဲမှ တစ်ခုကို ရရှိရန် သူ့အတွက် မရှိမဖြစ် လိုအပ်နေသည်။ ငါ့ရဲ့ အဓိကပြိုင်ဘက်က Kill-all ပဲ ဖြစ်သင့်တယ်လို့ သူ့ကိုယ်သူ တွေးမိသည်။ ပထမနေရာက ငါတို့နှစ်ယောက်ပဲ ဖြစ်ရမယ်။

တစ်ဖက်တွင်၊ SliceYouUp သည် ဟန်ရှောင်း၏ ဂုဏ်သိက္ခာ အလွန်ကျဆင်းခြင်းကြောင့် အလွန်အမင်း စိတ်ပူပန်နေရဆဲဖြစ်သော်လည်း တာဝန်ကို လုပ်ဆောင်ရသေးသည်။ သူ စိတ်ပျက်နေသော ဂိုဏ်းဝင်များကို ကြည့်လိုက်သည်။ “အများကြီး မတွေးပါနဲ့။ ဒီတာဝန်ကို အရင်ပြီးအောင်လုပ်ပါ။ Sky Territory ရဲ့အဖွဲ့ဝင်တွေကို ငါတို့ထက် ပိုမရစေရဘူး။”

ကုန်ဆုံးသွားသော အချိန်များသည် လေထုထဲတွင် နွေးထွေးမှုမှန်သမျှကို သတ်ပစ်သည့် ထက်ရှသောဓားနှင့် တူသည်။

ဟန်ရှောင်းသည် Dark Net မှ ရရှိသော အစီရင်ခံစာကို ထုတ်ယူလိုက်ပြီး နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။ ဆုတ်ခွါလာသည့်တပ်များတွင် တိုက်ပွဲအမှုဆောင်အရာရှိ နှစ်ဦးဖြစ်သည့် Freire ဖရီးရယ်နှင့် Seiberre ဆီဘာရီတို့ ပါဝင်သည်။ ၎င်းတို့နှစ်ဦးသည် တစ်ချိန်က တူညီသော လက်ရွေးစင်စစ်တပ်အဖွဲ့တွင် ပါဝင်ခဲ့ဖူးပြီး တစ်ဦးစီသည် အဆင့် ၃၀ အထက်ရှိခဲ့သော်လည်း သူတို့သည် သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။

ဝူး ဝူး

အဝေးမှ အင်ဂျင်သံ ထွက်လာသည်။ စနိုက်ပါရိုင်ဖယ်၏ လျှပ်စစ်သံလိုက်စကင်နာသည် ဂျာမီနယ်အဖွဲ့အစည်း၏ တပ်များကို ၎င်း၏ရေဒါတွင် ပြသနေသည်။

ဟန်ရှောင်းသည် သူ့မြင်ကွင်းကို ပြန်ချိန်လိုက်ကာ အလွန်နိုးကြားလာ၏။

Maple Moon သည် ဟန်ရှောင်း၏ စကားလုံးများနှင့် လုပ်ဆောင်ချက်တိုင်းကို လိုက်နာခဲ့ပြီး စနိုက်ပါရိုင်ဖယ်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ ရုတ်တရက် ဟန်ရှောင်းပျောက်သွားပုံ ရ၏။ သူသည် သူမ၏ရှေ့တွင် ရှင်းရှင်းလင်းလင်း ရှိနေသည်။ သူ့မြင်ကွင်းကနေ ဘယ်လိုပျောက်ကွယ်သွားတာလဲ။ ဒါက သူမကို အရမ်းစိတ်မသက်မသာဖြစ်စေ၏။

_____________________

သင်သည် [ကိုယ်ယောင်ဖျောက်ခြင်း] အခြေအနေသို့ ဝင်ရောက်ပြီးဖြစ်သည်။ သွက်လက်မှု ကိန်းဂဏန်းများ +၈%။

သင်၏ နောက်ထပ်တိုက်ခိုက်မှုတွင် လျှို့ဝှက်တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုရှိသည်။

သင်သည် [တည်ငြိမ်သောချိန်ရွယ်မှု] အခြေအနေကို ထည့်သွင်းပြီးဖြစ်သည်။ သင်၏ နောက်ထပ် ပစ်ချက်တွင် ပစ်ခတ်ခြင်းစွမ်းရည် +၁၅% တိုးလာသည်။

_____________________

[Night Stalker] သည် ဟန်ရှောင်းအား လျှို့ဝှက်ကျွမ်းကျင်မှုများစွာ ပေးအပ်ခဲ့ပြီး ၎င်း၏ [Flaming Will] နှင့်အတူ အပစ်ခံရသူ မည်သူမဆို ဖျက်ဆီးခံရမည်ဖြစ်သည်။

အရင်တုန်းကတော့ Little Li Flying Dagger ရှိတယ်။ ဒီနေ့ ငါ့ရဲ့ သေမင်းတမန် ထိုးနှက်ချက် ရှိတယ်။ ဟား၊ ဒါက အရမ်းကောင်းတယ်!

ဤပစ်ခတ်မှုသည် အမှုဆောင်အရာရှိများအတွက် အထူးပြင်ဆင်ထားသည်။ ဟန်ရှောင်းသည် သူ့အသက်ရှူနှုန်းကို ထိန်းချုပ်ကာ သူ့သားကောင်ကို စောင့်နေသော စိတ်ရှည်သည့် မုဆိုးတစ်ယောက်လို သေသေချာချာ ချိန်ရွယ်ထားသည်။

ဂျာမီနယ်အဖွဲ့အစည်း၏ ဆုတ်ခွါလာသောတပ်များသည် တိရစ္ဆာန်ထောင်ချောက်များစွာကို တပ်ဆင်ထားသောကြောင့် ထောင်ချောက်ထဲသို့ ဝင်ရောက်မိပြီး ချက်ချင်းနီးပါး အံ့အားသင့်သွားကြသည်။ ဒါပေမယ့် သူတို့ဟာ တိရစ္ဆာန်ထောင်ချောက်တွေကြောင့်လည်း ပဟေဠိဖြစ်ခဲ့ကြပါတယ်။ ဒါက တကယ်ပဲ ထောင်ချောက်တစ်ခုလား။

၎င်းသည် ထောင်ချောက်မဟုတ်ပါက၊ ဤမျှလောက်များသော ထောင်ချောက်များလိုအပ်ရန် ထိုဒေသရှိ သားရဲသည် မည်မျှ ကြမ်းတမ်းသနည်း။ အကယ်၍ ဤအရာသည် ထောင်ချောက်တစ်ခုဖြစ်ခဲ့လျှင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုနှင့် ရင်ဆိုင်ရန် တိရစ္ဆာန်ထောင်ချောက်များကို အသုံးပြုရလောက်အောင် မည်သူက မိုက်မဲနေမည်နည်း။ အဲဒါလည်း သိသာလွန်းသည်။

အရာရှိဖြစ်သူ ဖရီးရယ်သည် တစ်ခုခုလွဲချော်နေသည်ဟု ခံစားမိသည်။ သူက စကားပြောစက်တွင် “သတိထားပါ၊ ခြုံခိုတိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေရှိတယ်။ မိုင်းရှင်းလင်းရေးသမားများကို လွှတ်လိုက်။"

တပ်ဖွဲ့များသည် ၎င်းတို့၏ ချီတက်မှုကို နှေးကွေးလိုက်သည်။ သတ္တုထောက်လှမ်းကိရိယာများ သယ်ဆောင်လာပြီး မိုင်းရှင်းလင်းရေးသမားများက သူတို့ကို ကျော်တက်သွားသည်။

ဂျာမီနယ်အဖွဲ့အစည်းသည် ကြီးမားသော စစ်ဆင်ရေးများတွင် ၎င်းတို့၏ အခြေစိုက်စခန်းများကို ရွှေ့ပြောင်းခဲ့ပြီး တပ်ဖွဲ့ဝင်အများအပြားသည် ကြားဖြတ်တားဆီးခံခဲ့ရသည်။ သူတို့၏ ရန်သူများသည် နိုင်ငံ၆နိုင်ငံမှသာ မဟုတ်ပေ။ အခြားရန်သူများသည် သူတို့၏ လက်ရှိအခြေအနေကို အခွင့်ကောင်းယူ၍ လက်စားချေရန် ရှာဖွေနေကြသည်။ ဂျာမီနယ်သည် သန်မာနေသောအခါတွင် ဤရန်သူများသည် လှုပ်ရှားဝံ့ခြင်းမရှိပေ။ ဒါပေမယ့် အခု သူတို့လက်စားချေဖို့ အခွင့်အရေးကောင်းတစ်ခုနဲ့ ကြုံတွေ့လိုက်ရတော့ အားလုံးက ရင်ခုန်နေကြ၏။

ဖရီးရယ်နှင့် ဆီဘာရီတို့သည် ၎င်းတို့၏ ခရီးတွင် ခြုံခိုတိုက်ခိုက်ခြင်း ခံရပြီး၊ သူတို့အားလုံးသည် သူတို့၏ နိုးကြားမှုကို မြှင့်တင်ခဲ့ကြသည်။

တီ တီ တီ

သတ္တုရှာဖွေရေးကိရိယာများသည် အနီရောင်ဖြင့် လင်းလက်သွားသည်။ မြေအောက်၌ မိုင်းများရှိကြောင်း ညွှန်ပြနေသည်။ တစ်ချိန်တည်းမှာပင် ကင်းထောက်များသည် လူသားများ၏ လှုပ်ရှားမှု အရိပ်အယောင်များကို တွေ့ရှိသွားသည်။

ဖရီးရယ်၏အမူအရာ မှောင်သွားသည်။ "ရှေ့မှာ ရန်သူ ချောင်းမြောင်းတိုက်ခိုက်နေတယ်!"

ဂျာမီနယ်တပ်ဖွဲ့များသည် မိုင်းများအတွက် လယ်ကွင်းများကို သုတ်သင်ရှင်းလင်းနေစဉ်၊ ချုံပုတ်များတွင် ပုန်းနေကြသော ကစားသမားများသည် ၎င်းတို့၏ ရန်သူကိုလည်း တွေ့ရှိခဲ့သည်။ လက်နက် ကြီးကြီးမားမားရှိသော ဂျာမီနယ်စစ်သားများနှင့် သံချပ်ကာယာဉ်များသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကစားသမားတွေက သူတို့ကို ဒေါသထွက်အောင် မလုပ်ရဲပေ။

ဒါပေမယ့် ကြီးမားသည့် ဆုကြေးငွေကို နည်းနည်းလေး တွေးကြည့်မိသောအခါ ကစားသမားများက မခံနိုင်တော့ပေ။ အချို့က ချက်ချင်းပင် ချုံပုတ်ထဲမှ ခုန်ထွက်ကာ ၎င်းတို့၏ ပစ္စတိုများဖြင့် အဝေးမှ ပစ်ကြသည်။

ဂျာမီနယ် စစ်သားများသည် ပုံမှန်အားဖြင့် မြေပြင်ပေါ် လဲလျောင်းကာ ပုန်းအောင်းချင်သော်လည်း ရန်သူများ၏ ကျည်ဆန်များသည် အာကာသထဲသို့ ရောက်သွားလုနီးပါး ဖြစ်နေကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။ သူတို့ရဲ့ ချိန်ရွယ်မှုက အတော်လေးကို ဆိုးဝါး၏။

"တန်ပြန်တိုက်ခိုက်မှု!"

ဂျာမီနယ်တပ်များက မဆိုင်းမတွ ပြန်ပစ်ခတ်ကြသည်။ စက်သေနတ်များဖြင့် ပစ်ခတ်ကြပြီး၊ သံချပ်ကာယာဉ်များ၏ စက်သေနတ်များ ကျယ်လောင်လာကာ၊ ပြင်းထန်သော သေနတ်သံများကိုလည်း ကြားနေရသည်။

ပြင်းထန်သော အမြောက်များက ၎င်းတို့ဆီသို့ ပြေးနေသော ကစားသမားများကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။

အခန်း (၁၃၁) ပြီး၏။

လင်းဆက်

+++++

All Chapters