သေခြင်းနတ်ဘုရား
Vol. 9 Ch. 132
အခန်း (၁၃၂) သေခြင်းနတ်ဘုရား
"ဒီထိခိုက်နိုင်မှုက ဘာကြီးလဲ!"
"ပေါက်ကွဲသံကြောင့် ငါချက်ခြင်း သေသွားတယ်!"
"ငါ့ရဲ့ အတွေ့အကြုံအမှတ်က အရမ်းကျသွားပြီ!"
ပထမလှိုင်း ကစားသမားများသည် ကြေကွဲဖွယ်ကောင်းလောက်အောင် သေဆုံးသွားခဲ့ပြီး ကျန်ကစားသမားများကို ဂျာမီနယ်အဖွဲ့အစည်း၏ ပစ်ခတ်မှုအား ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
SliceYouUp သည် သူ့သွားများကို ကိုက်လိုက်သည်။ “လုပ်ငန်းလိုအပ်ချက်က အမြင့်ဆုံးပျက်စီးမှုကို ရရှိဖို့ပဲ။ မင်းသေရင် အရေးမကြီးဘူး၊ ထိခိုက်ပျက်ဆီးမှု ရအောင်လုပ်ရုံပဲ။ သွား!”
Galaxy တွင် သေခြင်းအတွက် ပြစ်ဒဏ်သည် အနည်းဆုံးဟု ဆိုရန် မလွယ်ပေ။ အတွေ့အကြုံအမှတ်ကို ကစားသမားတစ်ဦး၏ အဆင့်နှင့် အချိုးကျနုတ်ယူထားပြီး၊ ကစားသမားသည် ခြောက်ရက်အတွင်း အများဆုံးဆယ်ကြိမ်အထိ ပြန်လည်ရှင်သန်နိုင်မည်ဖြစ်သည်။ သေခြင်းတိုင်းတွင် နောက်တစ်ကြိမ် ပြန်လည်နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းရသည့်အချိန်က တိုးလာသည်။ ကန့်သတ်ချက်ကို ကျော်လွန်ပြီးနောက်၊ ကစားသမားအား ယာယီ ပိတ်ပင်မည်ဖြစ်သည်။ ဒါတွေအားလုံးကြားမှ ဆုပေးပွဲမစ်ရှင်အတွက် တစ်ခါနှစ်ခါသေခြင်းသည် ထိုက်တန်၏။
Sky Territory မှ ကစားသမားများသည် တူညီသော အတွေးအမြင်များ ရှိကြပြီး၊ အခြားကစားသမားများကလည်း မကြောက်မရွံ့ဖြင့် လိမ္မာပါးနပ်စွာ လိုက်ပါတိုက်ခိုက်ကြသည်။ ဂျာမီနယ် စစ်သားများကို တုန်လှုပ်သွားစေခဲ့သည်။
“ဒီရန်သူတွေအားလုံး သေဖို့ ပြေးလာကြတာလား” ဆီဘာရီအံ့သြသွားသည်။ ငတ်မွတ်နေသော ဝံပုလွေများလို ကြောက်ရွံ့မှုကင်းသော စစ်တပ်ကို တစ်ကြိမ်မှ မတွေ့ဖူးပေ။
သူတို့ရဲ့ စိတ်ဓာတ်နဲ့ အရှိန်အဟုန်က အထင်ကြီးလောက်စရာ ကောင်းပေမယ့် တိုက်ခိုက်ရေးစွမ်းရည်အရတော့… သူတို့ဟာ ရှက်စရာ ကောင်းလှတယ်။
"သူတို့က လူမိုက်တွေပဲကွ၊ ဆိုးဆိုးရွားရွား သေချင်နေတဲ့အတွက် သူတို့ကို ကျေနပ်လိုက်ကြရအောင်!" ဖရီးရယ်သည် နှာခေါင်းရှုံ့ပြီး ပတ်ဝန်းကျင်တပ်များကို ချက်ခြင်း အမိန့်ပေးသည်။ တောထဲတွင် မိုင်းများ မြှုပ်နှံထားသောကြောင့် ဂျာမီနယ် တပ်ဖွဲ့များသည် ၎င်းတို့၏ သံချပ်ကာယာဉ်များကို ရပ်တန့်လိုက်ကြသည်။ တန်ပြန်တိုက်ခိုက်ရန်အတွက် ယာယီအခြေစိုက်စခန်းအဖြစ် သူတို့၏ သံချပ်ကာယာဉ်များကို စတင်အသုံးပြုကာ ကစားသမားများ၏ လှိုင်းလုံးများကို လွယ်ကူစွာ သေဆုံးစေခဲ့သည်။
"ချီးပဲကွာ... အဲဒါတွေကို ထိလို့တောင်မရဘူး!"
"ငါ နှစ်ခါသေပြီးပြီ! ဘုရား ဘုရား!”
ဂျာမီနယ်တပ်များသည် တိုက်ပွဲကို စိုးမိုးနေ၏။ အခြားကစားသမားများသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း ၎င်းတို့သည် တာဝန်၏ဆုလာဘ်များရယူရန် ပျက်စီးဆုံးရှုံးမှုအချို့ကို ဖြေရှင်းရန် မျှော်လင့်ချက်ဖြင့် အရှုံးမပေးဘဲ ငြင်းဆန်ခဲ့ကြသည်။
"သူတို့ကို အံ့အားသင့်အောင် ငါလုပ်ပေးမယ်။" ဆီဘာရီပြုံးလိုက်သည်။ ဒီရန်သူတွေဆီမှ ခြိမ်းခြောက်မှုကို လုံး၀ မမြင်ရပေ။ သူက သူတို့ကို အရုပ်တွေလို ဆော့ကစားချင်နေသည်။
ဖရီးရယ်အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ "မရူးနဲ့၊ ငါတို့ အလျင်စလိုဖြစ်နေပြီ။"
"ဟမ်! ငါ့ရဲ့သတ်ဖြတ်မှုမှာ ငါအမြဲတမ်းမြန်တယ်။"
ဆီဘာရီသည် သံချပ်ကာယာဉ်ပေါ်မှ ခုန်ဆင်းသွားသည်။ သူ့ရဲ့ ကြံ့ခိုင်တဲ့ ရုပ်ရည်သွင်ပြင်ကြောင့်၊ သူလိုအပ်သည်မှာ ကြမ်းပြင်ကို ခြေဖဝါးနဲ့တွန်းလိုက်ရုံသာဖြစ်ပြီး အမြောက်ကျည်တစ်ခုလို ကစားသမားတွေဆီ ပြေးတက်သွား၏။ သူ၏ ခြေထောက်သည် ကစားသမားတစ်ဦးပေါ်သို့ ဆင်းသက်လာပြီး၊ ချက်ချင်းဆိုသလိုပင် သနားစရာကောင်လေး၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားသည်။ ကစားသမားမှာ ပျံသန်းထွက်သွားပြီး သစ်ပင်နှင့် တိုက်မိကာ သွေးများနှင့် အသားများ ပေါက်ကွဲထွက်သွားသည်။ သေနတ်သမားများသည် ဆီဘာရီကို မထိမခိုက်နိုင်ပေ၊ သူသည် သူတို့ မချိန်ရွယ်နိုင်ခင်မှာပင် ရှောင်တိမ်းသွားသောကြောင့် ဖြစ်သည်။ ကျည်ဆန်အချို့ ထိမှန်ခဲ့လျှင်ပင် ဂဏန်းတစ်လုံးစာ ထိခိုက်ပျက်စီးမှုမှလွဲ၍ ဘာမျှမဖြစ်ပေ။
ဆီဘာရီသည် ကျားတစ်ကောင်ကဲ့သို့ သိုးများကြားတွင်သတ်ဖြတ်ရန် ပြေးလာနေပြီး ကစားသမားများသည် ဆုတ်ခွာရန် အသည်းအသန် ကြိုးစားနေကြသည်။ သို့သော်၊ ဆီဘာရီသည် သူတို့ မတုံ့ပြန်မီ သူတို့ကို ဖမ်းပြီး သတ်ပစ်ခဲ့သည်။ အတော်များများက ဆီဘာရီ၏ အချက်အလက်များကို အကဲဖြတ်ရန် ကြိုးစားခဲ့ကြသည်။
_____________________
ဆီဘာရီ– ?
Level – ?
Class – ?
Threat Level – အလွန်အမင်းသေစေနိုင်သည်။
_____________________
နောက်ထပ် ‘အလွန်အမင်းသေစေနိုင်သည်’ တစ်ကောင်လား။ ဤခြိမ်းခြောက်မှုအဆင့်သည် ဤအခိုက်အတန့်တွင် ဘာကိုဆိုလိုသည်ကို မည်သူမျှ မသိကြသော်လည်း ကျွမ်းကျင်မှုအဆင့်တွင် ကွာခြားမှုမှာ ထင်ရှားပါသည်။
အဆင့်မြင့် ဇာတ်ကောင်၏ တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကို ကြောက်ဖို့ကောင်းလှသည်။
Black Phantom နှင့် ဆီဘာရီတို့သည် တူညီသော တိုက်ခိုက်ရေး စွမ်းအားရှိသည်။ ဒီအတွေးက ကစားသမားတော်တော်များများရဲ့ စိတ်ထဲမှာ လင်းလက်သွားတယ်။
ဆီဘာရီသည် ဖျက်ဆီးနေသော သားရဲတစ်ကောင်ကဲ့သို့ ရန်သူ၏ သွေးများ ဖုံးလွှမ်းနေသည်။ မြင်ကွင်းသည် အလွန်လက်တွေ့ကျပုံရပြီး၊ ကြောက်တတ်သော ကစားသမားတို့မှာ ထိတ်လန့်သွားကြသည်။ သူတို့က သွေးထွက်သံယိုမှုများကို လျှော့ချရန် ဂရပ်ဖစ်ကို PG မုဒ်သို့ အလျှင်အမြန်ပင် ချိန်ညှိလိုက်ရသည်။ အချို့က ဤသွေးထွက်သံယို မြင်ကွင်းကို ရိုက်ကူးရန် အတွက် လုပ်ဆောင်ချက်ကို ဖွင့်ထားလိုက်သည်။
ထိတ်လန့်တုန်လှုပ်နေသော ကစားသမားတစ်ဦး လဲကျသွားသည်။ ဆီဘာရီက ရယ်မောရင်း သနားစရာကောင်းသော ကစားသမားကို ပိုးဟပ်လို ဖိချလိုက်သည်။ ရုတ်တရက်၊ ဆီဘာရီ၏ ရင်ဘတ်မှ သွေးများယိုဖိတ်လာပြီး ဆီဘာရီ၏ နှလုံးနေရာ၌ အပေါက်တစ်ခုပေါ်လာသည်။
ဆီဘာရီလှုပ်ရှားရပ်တန့်သွားပြီး သူ့မျက်နှာတစ်ခုလုံး အေးခဲသွားသည်။ ထို့နောက် အသံမထွက်ဘဲ ပြိုလဲကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"သူ...သေပြီလား"
"သေနတ်နဲ့ တစ်ချက်တည်း ပစ်သတ်လိုက်တာပဲ!"
လူတိုင်း တုန်လှုပ်ချောက်ချားပြီး စိတ်ရှုပ်သွားကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သွေးဆာနေတဲ့ ရန်သူကို ဘယ်လို အနိုင်ယူသွားတာလဲ။
ထို့နောက် အဝေးမှ စနိုက်ပါ ရိုင်ဖယ်တစ်လက်၏ လျှပ်စစ်စီးကြောင်း အသံသည် နားထဲတွင် ထွက်ပေါ်လာသည်။
အခြားကစားသမားများအားလုံး ရိုင်ဖယ်၏ ဦးတည်ရာဆီသို့ တညီတညွတ်တည်း စိုက်ကြည့်နေကြသည်။ ထိုနေရာက Black Phantom စခန်းချနေတဲ့နေရာဖြစ်ကြောင်း အကြမ်းဖျင်းတော့ လူတိုင်းမှတ်မိကြနေကြ၏။
ဤ စနိုက်ပါ သတ်ဖြတ်မှုသည် Black Phantom ထံမှ ဖြစ်သည်။
"ဒီလိုရက်စက်တဲ့ ရန်သူကို Black Phantom က တစ်ချက်တည်းနဲ့ ပစ်သတ်လိုက်တာပဲ!"
ကစားသမားများ အားလုံး မယုံနိုင်လောက်အောင် အံသြသွားကြသည်။ Black Phantom သည် ခြိမ်းခြောက်မှုအဆင့်တွင် အလွန်သေစေနိုင်သော်လည်း၊ သူသည် ဆီဘာရီထက် ပို၍ သေစေနိုင်၏။
Black Phantom သည် ဆီဘာရီထက် ပိုမိုမြင့်မားသောအဆင့်တွင် ရှိနေသည်မှာ သိသာထင်ရှားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဆီဘာရီသည် တစ်ချက်တည်းနှင့်ပင် သေဆုံးသွားသည်မှာ မယုံနိုင်စရာပင်။ ဟန်ရှောင်းသည် လူတိုင်းအပေါ် လျှို့ဝှက်ဆန်းကြယ်ပြီး တိုင်းတာမရနိုင်သော အထင်ကြီးစရာများကို ချန်ထားခဲ့သည်။
သူ့သားကောင်တွေကို ချက်ခြင်းသတ်နိုင်တဲ့ လူသတ်သမားထက် ပိုကြောက်စရာ ဘာမှမရှိပါဘူး။
ဆီဘာရီသည် စွမ်းအင် ပင်ကိုယ်အရည်အသွေးများနှင့် ပတ်သက်၍ အလွန်အားကောင်းသည်။ သူချက်ချင်း ဘယ်လို အသတ်ခံရနိုင်မလဲ။ ဖရီးရယ် အံ့သြသွားသည်။
ဤပစ်ချက်သည် ရင်းနှီးသောအသံဖြစ်သည်… စူပါလူသားကို ချက်ချင်းသတ်နိုင်သည့်စွမ်းရည်… လူတစ်ဦးတည်းသာ ဤအရာကို လုပ်ဆောင်နိုင်စွမ်းရှိသည်။
ဖရီးရယ်၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။
“သွေးပဋိညာဉ်အဖွဲ့က Ghost အဆင့် Black Phantom ဖြစ်ရမယ်။ သေစမ်းပါကွာ၊ ဒီလောက်အဆင့်မြင့်တဲ့ မွန်းစတားတစ်ကောင်က ငါတို့နဲ့ ဘာလို့ ပြဿနာရှာတာလဲ။ သူက ဆုကြေးကို အမဲလိုက်ရုံပဲလို့ ထင်ခဲ့တာ။”
Black Phantom ၏ ဂုဏ်သတင်းသည် သူ၏ အံ့သြဖွယ်ကောင်းသော အချက်အလက်များကြောင့် ဤနှစ်လအတွင်း မြေအောက်ကမ္ဘာတွင် ရှေ့ရောက်လာသည်။ သူသည် ဒေါသမိုးကြိုး ' ပိုင်ကျင်း ကို ချက်ချင်းသတ်ပစ်လိုက်သည်။ နာမည်ကျော် ကိုယ်ပျောက်နတ်ဆိုးသည် သူ၏ ချစ်လှစွာသော အသက်အတွက် Black Phantom ဆီမှ ပြေးနေရသည်။ Black Phantom သည် သွေးပဋိညာဉ်အဖွဲ့တွင် အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူအဖြစ် ကျော်ကြားလာခဲ့ပြီး သူ၏အမည်မှာ လူအများကို ကြောက်ရွံ့မှုရှိလာစေခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
ဂျာမီနယ် အဖွဲ့အစည်းသည် Black Phantom နှင့် တိုက်ရိုက်ပဋိပက္ခကို ရှောင်ရှားရန် ၎င်း၏အဖွဲ့ဝင်များအား ဟိုးရှေးရှေးကတည်းက အမိန့်ပေးခဲ့သည်။ အဖွဲ့အစည်းကြီးတွေအတွက်တောင် ဒီစူပါလူသတ်သမား အမျိုးအစားကို ကိုင်တွယ်ဖြေရှင်းရတာ အဆင်မပြေလှပေ။
ဖရီးယာက နောက်ဆုတ်ချင်ပြီး မဆိုင်းမတွ အမိန့်ပေးတယ်။ "တပ်ဖွဲ့အားလုံး ပြန်ဆုတ်သွား!"
အရမ်းနောက်ကျသွားပြီ။
ဟန်ရှောင်းသည် သူမြှုပ်ထားသော EMP နှောင့်ယှက်သည့်စက်ကို အသက်သွင်းလိုက်သည်။ ဂျာမီနယ် တပ်ဖွဲ့ဝင်များ၏ သံချပ်ကာယာဉ်အချို့သည် နှောင့်ယှက်ခြင်း၏ ထိရောက်မှုအကွာအဝေးတွင်ရှိပြီး ၎င်းတို့သည် ချက်ချင်းပြိုကျပြီး လျှပ်စစ်မီးများ အက်ကွဲကာ ဆူညံသွားသည်။ ယာဉ်များ၏ သုံးပုံတစ်ပုံသည် ထိရောက်မှုအကွာအဝေး၏ ပြင်ပတွင် ရှိနေနိုင်လောက်အောင် ကံကောင်းပါသည်။ ဖရီးယာသည် ၎င်းတို့ထဲမှ တဦးဖြစ်သည်။
ဖရီးယာသည် ကျန်တပ်များကို စိတ်မဝင်စားနိုင်ပေ။ နောက်ဆုတ်ရမယ်ဆိုတာ သူသိ၏။
မင်းငါ့မျက်စိရှေ့ ရောက်ပြီးရင် ထွက်ပြေးဖို့တောင် မစဉ်းစားနဲ့။
ဟန်ရှောင်း၏ အကြည့်သည် ရေခဲများကဲ့သို့ အေးစက်နေပြီး အထူးပရိုဂရမ်တစ်ခုကို ဖွင့်လိုက်သည်။ [အခြေခံ ပရိုပရမ်ရေးဆွဲခြင်း] ကို အဆင့်အမြင့်ဆုံး ရောက်ပြီးနောက်၊ ဟန်ရှောင်းသည် စက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစနစ်အများစုကို သူ၏ကွန်ပျူတာနှင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။
ဂျာမီနယ်တပ်ဖွဲ့များနှင့် မီတာသုံးရာ အကွာတွင် သတ္တုပြားသုံးချပ်သည် ရှိနေသည်။ ရုတ်တရက်၊ ၎င်းတို့အားလုံးသည် အလယ်ဗဟိုမှ အက်ကွဲသွားကာ သတ္တုပြားကို ဘက်ထရီ၏အောက်ခြေအဖြစ် တပ်ဆင်ထားသော၊ ခေါက်သိမ်းနိုင်သည့် အကြီးစားစက်သေနတ်တစ်လက်သည် အစီအရီ စတင်တပ်ဆင်လာသည်။ ဒါက ဟန်ရှောင်းကြိုတင်မြှုပ်ထားတဲ့ ခေါက်လို့ရသည့် ခရီးဆောင်ဘက်ထရီပင်။ ၎င်းတို့အား အလိုအလျောက် ပစ်ခတ်သည့်စနစ်များ တပ်ဆင်ထားပြီး ကျည်ဆန်များသည် ပေါက်ကွဲအား အလွန်ပြင်းထန်ပြီး ကျည်ကာများကို ထွင်းဖောက်ထွက်နိုင်သည်။ ပစ်ခတ်သည့်အကွာအဝေးသည် မီတာငါးရာ ဖြစ်သည်။
ခရီးဆောင်ဘက်ထရီသည် ဟန်ရှောင်း၏ ဒီဇိုင်းပုံစံသစ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ခေါက်ချိုးနည်းပညာနှင့် အခြားသော ဒီဇိုင်းများစွာကို ပုံမှန်ဘက်ထရီဖြင့် ပေါင်းစပ်ထားသည့် နည်းပညာအမျိုးမျိုး၏ ရောစပ်မှုမှ ထုတ်ကုန်ဖြစ်သည်။ ဟန်ရှောင်းသည် များစွာကြိုးစားခဲ့ရပြီး နောက်ဆုံးမော်ဒယ်သို့ မရောက်ရှိမီ အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကျရှုံးခဲ့ရပြီး အလွန်လက်ဝင်သည်။ မတူကွဲပြားသော အယူအဆများကို ပေါင်းစပ်ခြင်းဖြင့် အလားတူအရာတစ်ခုကို သူရောက်ရှိနိုင်သော်လည်း သူကိုယ်တိုင် တီထွင်ခြင်းဖြင့် အတွေ့အကြုံအမှတ် အသုံးပြုခြင်းကို သက်သာစေသည်။
ဟန်ရှောင်းသည် ဒီဇိုင်းပုံစံများကို ပိုမိုလေ့လာသင်ယူလာသည်နှင့်အမျှ သူသည် လုပ်ဆောင်နိုင်စွမ်းနှင့် အသိပညာကို အသုံးချနိုင်စွမ်းရှိကြောင်း သိသာထင်ရှားလာသည်။
ပြီးခဲ့သောနှစ်လအတွင်း၊ သူသည် အနည်းငယ်ရင်းနှီးသောစခန်းများမှ မဆည်းပူးရသေးသည့် နောက်ဆုံးအခြေခံအသိပညာသုံးမျိုးကို ဝယ်ပြီးဖြစ်သည်။ ၎င်းတို့မှာ [အခြေခံ စွမ်းအင်ပြောင်းလဲခြင်းသီအိုရီ]၊ [အခြေခံအပူပြောင်းလဲခြင်း] ၊ [အခြေခံအသံပိုင်း] တို့ဖြစ်သည်။ အခြေခံအသိပညာ ဆယ့်ငါးမျိုးလုံးကို လေ့လာရန်မှာ အဆင့်လေးဆယ်အောက် ကစားသမားများကို မဆိုထားနှင့်၊ အဆင့်ပြည့်ကစားသမားအချို့အတွက်ပင် မလွယ်ကူသော စွမ်းဆောင်မှုဖြစ်သည်။
မီတာရာဂဏန်းအကွာအဝေးရှိ ဂျာမီနယ်တပ်ဖွဲ့ဝင်များအား ချိန်ရွယ်ထားသည့် ပြောင်းဝများစွာပါသော စက်သေနတ်သည် အလိုအလျောက်ပင် တစ်စက္ကန့်ပိုင်းအတွင်း ပူနွေးလာပြီး အဝေးသို့ ပစ်ခတ်လေသည်။ မီးတောက်နေသော သတ္တုမုန်တိုင်းသည် လမ်းကြောင်းပေါ်ရှိ သစ်ပင်များအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် တိုက်ခတ်သွားရာ ဂျာမီနယ်တပ်များ၏ သံချပ်ကာယာဉ်များသည်လည်း တူညီသောကံကြမ္မာမှ မလွတ်ကင်းနိုင်ပေ။
အော်ဟစ်သံများနှင့် မီးရှူးမီးပန်းကဲ့သို့ ပေါက်ကွဲသံမှတပါး ဘာမှမရှိပေ။
ခေါက်နိုင်သော သေးငယ်သည့် ဘက်ထရီအပေါက်တစ်ခု၏ ကုန်ကျစရိတ်မှာ ကျည်ဆန်ကဲ့သို့ပင် မြင့်မားလှသည်။ ယန္တရားပညာရှင်များ ဆင်နွှဲသော စစ်ပွဲများသည် ဤကဲ့သို့ စျေးကြီးသော်လည်း လုံလောက်သော ရန်ပုံငွေဖြင့် ယန္တရားပညာရှင်များသည် ပစ်ခတ်နှုန်းအားကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ ဟန်ရှောင်းလို ချမ်းသာပြီး ဉာဏ်ရည်ထက်မြက်တဲ့ သူတစ်ယောက်သည် ယန္တရားပညာရှင်တစ်ယောက်၏ စွမ်းရည်များကို အပြည့်အဝ အသုံးချနိုင်ခဲ့သည်။
ဘက်ထရီခံတပ်မှ ပစ်အားသည် ကျန်ကစားသမားများကို ကြီးမားသော တုန်လှုပ်စေသော်လည်း ဤတုန်လှုပ်မှုသည် ဟန်ရှောင်းအပေါ် လျင်မြန်စွာ ရူးသွပ်သွားစေသည်။
"ဒါလိုမျိုး ယန္တရားပညာရှင်တွေက တိုက်ခိုက်တာကိုး!"
"စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်တဲ့လူတစ်ယောက်ပဲ!"
"သူက အရမ်းသန်မာလွန်းတယ်!"
ဟန်ရှောင်းလည်း ရပ်မနေဘဲဘဲ ရန်သူတွေကို တစ်ချက်ပြီးတစ်ချက် ပစ်ခတ်ပါတော့သည်။ တခြားကစားသမားတွေ စိတ်လှုပ်ရှားနေတာကိုတွေ့တော့ သူက ပြုံးလိုက်တယ်။ သူသည် ဂျာမီနယ်တပ်ဖွဲ့ ကိုတိုက်ခိုက်ရန် ဘက်ထရီခံတပ်ကို အသုံးပြုရန်မလိုအပ်သော်လည်း ယန္တရားပညာရှင်၏ ဖျက်ဆီးနိုင်စွမ်းကို ပြသရန်အတွက် အသုံးချခဲ့ခြင်း ဖြစ်သည်။
သို့သော် အကြည့်သည် လှည့်စားနိုင်၏။ ကစားသမားများသည် ယန္တရားပညာရှင်အဖြစ်ကစားရန် အမှန်တကယ် ကုန်ကျစရိတ်အကြောင်း သုတေသနပြုသောအခါတွင် ဤအလုပ်၏ နောက်ကွယ်တွင် နာကျင်ဖွယ်အမှန်တရားကို တွေ့ရှိနိုင်မည်ဖြစ်သည်။
ယန္တရားပညာရှင် အများစုမှာ ဆင်းရဲသောကြောင့် အစောပိုင်းဂိမ်းများတွင် ယန္တရားပညာရှင်များသည် အလွန်အားနည်းကြ၏။
ရန်သူအများစု ရှုံးနိမ့်သွားသဖြင့် ကျန်ကစားသမားများသည် အပိုထိခိုက်စေမှုများကို ကိုင်တွယ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်ကို သိရှိခဲ့ကြပြီး ၎င်းတို့အားလုံးသည် စစ်တပ်ကို တိုက်ခိုက်ရန် အလျင်စလို လုပ်ဆောင်လာကြသည်။ Maple Moon လည်း စတင်ပစ်ခတ်၏။ သူမ၏ စနိုက်ပါမြင်ကွင်းတွင် လျှပ်စစ်သံလိုက်စကင်နာနှင့် ချိန်ရွယ်မှုအကူအညီ ပါရှိသောကြောင့် သူမ၏ ပစ်ချက်တိုင်းနီးပါးသည် ဂျာမီနယ်စစ်သားများကို ထိမှန်နိုင်သည်။ သူမသည် အရှိန်ရလာပြီး သူမ၏ ပျက်စီးထိခိုက်နိုင်မှုသည် တည်ငြိမ်လာသည်။
လက်တွေ့ဆန်သော တိုက်ပွဲပြကွက်များသည် Maple Moon အတွက် သွေးအလိမ်းလိမ်းနှင့် အနိဋ္ဌာရုံဖြစ်နေသော်လည်း၊ သူမသည် အခြားဂိမ်းများမှ ဤသို့သော မြင်ကွင်းများကို တွေ့ကြုံခံစားခဲ့ရသောကြောင့် ၎င်းကို လျင်မြန်စွာ အသားကျလာသည်။ ထို့အပြင်၊ သူမသည် ဂရပ်ဖစ်ကို သွေးစွန်းမှု နည်းစေရန်အတွက် ဂိမ်းဆက်တင်ကို ပြောင်းလဲနိုင်သည်။
ဟန်ရှောင်းသည် ဖရီးရယ်၏ ဒူးကို ဖြတ်၍ ပစ်ခဲ့သော်လည်း သူ့အသက်ကို မသတ်သေးပေ။ ထို့နောက် သူသည် Red Falcon ပြောင်းကိုင်ကာ ကျန်ရှိသော ဂျာမီနယ်စစ်သားများကို သာမာန်ကစားသမားများထက် ပိုမိုထိရောက်သောနှုန်းဖြင့် စတင်ရှင်းလင်းခဲ့သည်။ တစ်ချက်ပစ်၊ တစ်ယောက်သတ်။
သေနတ်သံတွေ တဖြေးဖြေး ရပ်တန့်သွားသည်။ တိုက်ပွဲက ပြီးသွား၏။ တော်တော်များများက ပို၍ ကြည့်ချင်ပုံ ရနေသည်။
အကြောသေနေသော ဖရီးယာသည် သူ၏ ဝေဒနာကို ဂရုမစိုက်နိုင်ဘဲ ကြည့်ရှုနေသည့် ကစားသမားများ၏ လူအုပ်ကို ထိတ်လန့်စွာ ကြည့်နေသည်။ သူသည် တိုက်ပွဲကို ဂရုတစိုက်ကြည့်ရှုခဲ့ပြီး အစောပိုင်းက သေဆုံးခဲ့သော ကစားသမားအများအပြား ပြန်လည်ရောက်ရှိလာသည်ကို သတိပြုမိခဲ့သည်။
"သူတို့က ဖုတ်ကောင်တွေလား ဒါမှမဟုတ် ဘာတွေလဲ"
ဖရီးရယ် ရှုပ်ထွေးသွားသည်။
အနက်ရောင်အပြည့်ဝတ်ထားသော ဟန်ရှောင်းပေါ်လာ၏။ ကစားသမားများသည် စိတ်လှုပ်ရှားနေသော်လည်း ငြိမ်သက်သွားကြသည်။
သူသည် ဖရီးယာ၏ရှေ့တွင် ရပ်ကာ ထိုင်ချလိုက်ပြီး ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေသော ဖရီးရယ်၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ "အားလုံး ဘယ်ကို ဦးတည်နေကြတာလဲ"
"Black Phantom၊ ဂျာမီနယ်က မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး!" ဖရီးရယ်သည် ဒေါသတကြီး ဖြစ်နေသည်။
“မင်း မှားသွားပြီ။”
ဟန်ရှောင်းသည် မျက်နှာသေဖြင့် ဖရီးရယ်ကို သူ့ကော်လာမှကိုင်ကာ သစ်တောထဲသို့ ဆွဲခေါ်သွားသည်။ ခဏအကြာတွင် အရိုးထဲ စိမ့်သွားနိုင်သည့် အော်ဟစ်သံများ ကြားရသည်။
ဖရီးရယ်သည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည်ဟု စိတ်ကူးကြည့်ရန် မခက်ခဲဘဲ လူတိုင်းသည် ၎င်းတို့၏ ကျောရိုးထဲစိမ့်၍ တုန်လှုပ်သွားကြသည်။
ဆယ်မိနစ်လောက်ကြာတော့ အော်သံက ပြီးသွား၏။ ဟန်ရှောင်းပြန်ပေါ်လာသော်လည်း ဖရီးရယ်မရှိတော့ပေ။
သူ့လက်မှ သွေးများကို အ၀တ်စုတ်နဲ့ သုတ်နေသည်။ သူ လှည့်ကြည့်လိုက်တော့ အားလုံးက သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူ့မှာ လိုချင်တဲ့ အချက်အလက်တွေ ရနေပြီ ဆိုတော့ မစ်ရှင်ကို လွတ်လွတ်လပ်လပ် အဆုံးသတ်နိုင်ခဲ့သည်။
ကစားသမားများအားလုံး တစ်ပြိုင်နက်တည်း အကြောင်းကြားစာ ရရှိခဲ့သည်။
_________________________________
[ဂျာမီနယ်ကို အမဲလိုက်ခြင်း] ပြီးသွားပါပြီ။ ဆုပေးပွဲမစ်ရှင်တွင် အတွေ့အကြုံအမှတ် ၅၂၀,၀၀၀ ရှိသည်။
ထိခိုက်စေနိုင်မှုအဆင့်-
နံပါတ် ၁ – Maple Moon (တစ်ကိုယ်တော်)
နံပါတ် ၂ – Jade Green Sky (အသင်း)
နံပါတ် ၃ – SliceYouUp (အဖွဲ့)
နံပါတ် ၄…
ဆုကြေးများကို ၃၀%၊ ၂၅%၊ ၂၀%၊ ၁၅%၊ ၁၀% အတွေ့အကြုံအမှတ်အလိုက် ခွဲဝေပေးပါမည်။
_________________________________
လူတိုင်း တုန်လှုပ်သွားကြသည်။ ဒီအဆင့်ကို ဘယ်သူမှ မမျှော်လင့်ထားပါဘူး။
"သူမက Sky Territory နဲ့ Kill-all ကိုကျော်ပြီး "
“တစ်ကိုယ်တော် ရလဒ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ။ မယုံနိုင်စရာပဲ!"
"Maple Moon က ဘယ်သူလဲ။ သူက ပရော်ဖက်ရှင်နယ် ကစားသမားလား"
"ဒီ ID ကို အရင်က မကြားဖူးဘူး"
လူအုပ်ကြီး ရူးသွပ်သွားလေသည်။
အခန်း (၁၃၂) ပြီး၏။
လင်းဆက်
+++++