နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ
Vol. 9 Ch. 134
အခန်း (၁၃၄) နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ
ကစားသမားအများစုသည် မစ်ရှင်များနှင့် အလုပ်ရှုပ်နေသေးသော်လည်း၊ အဓိကအားဖြင့် လေးနက်သော guilds သို့မဟုတ် ပရော်ဖက်ရှင်နယ်ကစားသမားများကဲ့သို့ အဖွဲ့များရှိ ကစားသမားများသည် သူတို့၏ လုပ်ဆောင်ချက်များတွင် ပို၍ ရည်ရွယ်ချက်ရှိကြသည်။ သူတို့သည် သူတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို သေသေချာချာ စီစဉ်ပြီး တိုးတက်အောင် မှန်မှန်လုပ်ဆောင်ခဲ့ကြသည်။
ဒါပေမယ့် Guild of Gods က အဆင်မပြေတဲ့ အခြေအနေမှာ ရှိနေ၏။ ဂျူပီတာသည် နေ့စဉ် စီမံခန့်ခွဲရေး လုပ်ငန်းအားလုံးကို ဒုသမ္မတထံ လွှဲပေးလိုက်သည်။ သူက A-အဆင့် မစ်ရှင်ကို လက်လွှတ်မခံနိုင်ခဲ့ပေ။ သူသည် လူတစ်စုကို ဦးဆောင်၍ ဂျာမီနယ်၏ အခြေစိုက်စခန်းများအတွက် နေရာတိုင်းတွင် ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အခြားမည်သည့်နည်းလမ်းမှမရှိဘဲ၊ သူသည် ဂျာမီနယ်နှင့်ကစားသမားတစ်ယောက်ယောက် ဆက်သွယ်မှုရှိမရှိကို ကြည့်ရှုရန် ဖိုရမ်တွင်သာ အာရုံစိုက်နိုင်တော့သည်။
နောက်ဆုံးတွင်တော့၊ ဂျူပီတာသည် လမ်းညွှန်ချက်တစ်ခုကို ရှာဖွေနိုင်ခဲ့သည်။
"အန်ဒရီယာ ပြည်မကြီးသည် ဂျာမီနယ်၏ အခြေစိုက်စခန်းဖြစ်သည်။ အန်ဒရီယာ ပြည်မကြီးကို ရောက်လာတဲ့ ကစားသမားတိုင်းဟာ ဂျာမီနယ်ရဲ့ အသင်းကို အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။”
ဒါပေမယ့် ဒီလမ်းညွှန်ချက်က ဂျူပီတာအတွက် အသုံးမဝင်ချေ။
A-level မစ်ရှင်၏ အဓိကအဖွဲ့ဝင်များသည် တောင်ပိုင်းကုန်းမြေတိုက်ကြီးတွင်ရှိပြီး ဇီးရိုးသည် တောင်ပိုင်းကုန်းမြေတိုက်ကြီးတွင်လည်း ဖြစ်နိုင်ချေပိုများသည်။ သို့သော်၊ ဂျူပီတာသည် အန်ဒရီယာ ပြည်မကြီးသို့ အဖွဲ့တစ်ဖွဲ့ကို ခေါ်မသွားနိုင်ပေ။ အရေးအကြီးဆုံးကတော့ သူတို့သည် တခြားပြည်မကြီးကို သွားခွင့်မရှိပေ။
တကယ်တော့ သူတို့သည် အပျော်စီးသင်္ဘောများ သို့မဟုတ် လေယာဉ်များကို စီးနင်းသွားနိုင်သော်လည်း ကစားသမားတစ်ယောက်မှ ထိုအဆင့်ကို မရောက်ရှိသေးချေ။
ဖိုရမ်တွင် ရေပန်းအစားဆုံး ပို့စ်မှာ ဦးချိုကြီးရွာ ရှိ ကစားသမားများ ရိုက်ကူးထားသည့် တိုက်ပွဲ မြင်ကွင်းဖြစ်သည်။ ဂျူပီတာသည် ၎င်းကို ယခင်က မမြင်ဖူးသော်လည်း နောက်ဆုံးတွင် ကြည့်ရှုရန် ဖွင့်လိုက်သည်။ သူ ထိတ်လန့်ပြီး အံ့ဩသွား၏။ ပို့စ်ပိတ်ခါနီးမှာ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ ဗီဒီယိုကို ခေတ္တရပ်ပြီး အခင်းဖြစ်ပွားရာနေရာအား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ တိုက်ခိုက်ခံရသော တပ်ဖွဲ့တွင် ဂျာမီနယ်အဖွဲ့အစည်း၏ အမှတ်တံဆိပ်ပါရှိကြောင်း နောက်ဆုံးတွင် သူတွေ့ရှိသွား၏။
သူနောက်ဆုံးတော့ အဖွဲ့အစည်းကို ရှာတွေ့ခဲ့ပြီ။
ဂျူပီတာသည် တပ်ဖွဲ့ကို ဖျက်ဆီးခံလိုက်ရကြောင်း သိလိုက်ရသောအခါ မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။ သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏။ သူသည် ပို့စ်၏ အကြောင်းအရာကို လျင်မြန်စွာ ဖတ်ကြည့်သော်လည်း ကံမကောင်းစွာဖြင့်၊ အသုံးပြုသူသည် အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့ပေ။
ဂျူပီတာသည် ဖြစ်ပျက်ခဲ့သည်များကို သိရှိရန် စိတ်အားထက်သန်နေသောကြောင့် ဦးချိုကြီးကျေးရွာရှိ ကစားသမားများအား ဆက်သွယ်ရန် အဖွဲ့ဝင်များအား ခိုင်းစေလိုက်သည်။
Guild သည် အလွန်ထိရောက်မှုရှိသည်။ တိုက်ခိုက်ခံခဲ့ရသော တပ်ဖွဲ့သည် အမှန်တကယ်ပင် ဆုတ်ခွါလာသော ဂျာမီနယ်အဖွဲ့အစည်း တပ်ဖွဲ့ဖြစ်ကြောင်း မကြာမီ သူသိလာရသည်။ သူ အံသြသွား၏။
"ဘေးကင်းရာသို့ ဆုတ်ခွါသည်? သူတို့ ဘာကြောင့် ဆုတ်ခွါတာလဲ။ သူတို့ ဘယ်ကနေ ပြေးလာတာလဲ။ တပ်ဖွဲ့တစ်ခုတည်း သို့မဟုတ် တပ်ရင်းအပြည့်ဖြင့် ဤရွေ့ပြောင်းမှုအတိုင်းအတာက ဘယ်လောက်လဲ။
ဂျူပီတာသည် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့စိတ်ထဲမှာ ထူးထူးခြားခြား ခံစားချက်တစ်ခုရှိနေ၏... မကြာခင်မှာ ငါတို့ဟာ ဂျာမီနယ် အဖွဲ့အစည်းကို ပြန်ရောက်တော့မှာ မဟုတ်ဘူး။
ဤ A အဆင့်မစ်ရှင်သည် ထိုသို့သော လိမ်လည်မှုတစ်ခုဖြစ်သည်။ ဂျူပီတာက အရမ်းစိတ်ပျက်သွား၏။ အဖွဲ့သည် မစ်ရှင်စတင်မစမီ၊ မစ်ရှင်ကို ထုတ်ပြန်သည့်အဖွဲ့အစည်းသည် ထွက်ပြေးသွားခဲ့သည်။
…
ညနေခင်း နေရောင်ခြည်သည် ကမ္ဘာမြေကြီးကို သွေးနီရောင်ဖြင့် ဖုံးလွှမ်းသွားသည်။ ဆည်းဆာ ကောင်းကင်ယံတွင် လများ အရိပ်အယောင်များ ပေါ်လာသည်။
ဦးချိုကြီးရွာအပြင်ဘက်ရှိ တောအုပ်ထဲတွင် ဓါးရူးသည် လမ်းမပေါ်မှ လျှောက်သွားနေပြီး မျှော်လင့်ချက်မဲ့ကာ စိတ်ဓါတ်ကျနေသည်။
"ငါသူ့ကိုရှာရမယ်။" ဓါးရူးသည် သူ၏ စိတ်ပျက်အားငယ်နေသော စိတ်ဓာတ်မှ လျင်မြန်စွာ လွတ်မြောက်သွားပြီး စိတ်ဓာတ်မြှင့်တင်ရန် သူ့ကိုယ်သူ စကားပြောနေသည်။
"မင်းငါ့ကိုရှာနေတာလား" ရှေ့မှ အသံတစ်ခုထွက်လာသည်။
ဓါးရူးမော့ကြည့်လိုက်သည်။ ထရပ်ကားတစ်စီးသည် ရှေ့မီတာအနည်းငယ်တွင် ရပ်နေကာ၊ အနက်ရောင်၀တ်စုံဖြင့် လူတစ်ယောက်က ကားနားတွင် ရပ်နေပြီး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
Black Phantom!
ဓါးရူးစိတ်လှုပ်ရှားပြီး တက်ကြွသွားသည်။
တိမ်တိုက်တိုင်းတွင် ငွေရောင်အလွှာတစ်ခု ရှိသည်။
{TL Notes : အခြေအနေဆိုးတိုင်းမှာ မျှော်လင့်ချက်တစ်ခုတော့ ရှိနေတယ်လို့ ဆိုလိုတာပါ။}
"မင်း၊ မင်း... ငါတို့ တွေ့ဖူးလား" Black Phantom ဟာ တကယ်တော့ ဟန်ရှောင်းဆိုတာကို သူ မသေချာနိုင်သေးပေ။ စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် မေးခွန်းမေးပြီးနောက်၊ စီရင်ချက်ချရန် စောင့်ဆိုင်းနေသလို ခံစားနေရသည်။
ဟန်ရှောင်းက ပြုံးပြီး သူ့မျက်လုံးထဲမှာ ကြည်နူးမှုကို ထုတ်ဖော်လိုက်၏။ "မင်းဘယ်လိုထင်လဲ?"
ရင်းနှီးသော အကြည့်။ သူ့အမွှေးအမျှင်တွေကို အဆုံးထိ ထောင်သွားစေတဲ့ အကြည့်။
ဓါးရူးကို ဝမ်းသာသွားသည်။ ဒီလူက ဟန်ရှောင်းဆိုတာ သေချာသွားပြီ။
ငါအရှုံးမပေးခဲ့တာ ဝမ်းသာတယ်။ နောက်ဆုံး မင်းကိုတွေ့ပြီ။ အို ကယ်တင်ရှင်။
"ငါနှင့်အတူ လိုက်ခဲ့။" သူ့မျက်နှာပေါ်မှ အပြုံးမပျက်ပင် ဟန်ရှောင်းက သူ့ထရပ်ကားဆီသို့ ခေါင်းဖြင့် လှည့်ပြသည်။ သူ့ရဲ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရင်း ဓါးရူးက နောက်ကနေ အနီးကပ်လိုက်လာပြီး ထရပ်ကားထဲကို ဝင်သွားတယ်။
ဟန်ရှောင်းနဲ့ အတူနေနိုင်သရွေ့ သူ့ကို ဘယ်ကိုခေါ်သွားလဲဆိုတာ သူ ဂရုမစိုက်ဘူး...
ဟန်ရှောင်းသူ့ကိုယ်သူ ပြုံးပြလိုက်သည်။ ပျော်ရွှင်စရာနေ့တွေကို အတူတူဖြတ်သန်းပြီးနောက်မှာ ဓါးရူးကို ကောင်းကောင်းမှတ်မိသည်။ သို့သော် ၎င်းသည် ဓါးရူးကို ခေါ်ယူရန် ရွေးချယ်ရသည့် အကြောင်းရင်း မဟုတ်ပေ။ ဓါးရူးသည် ကြီးမားသော အလားအလာရှိပြီး သူသည် ပြုစုပျိုးထောင်ရန် ထိုက်တန်သည်။
ထို့အပြင် သူ၏ဘေးတွင် ကစားသမားတစ်ဦးရှိခြင်းကြောင့် အမည်မသိနှင့် အန္တရာယ်ရှိသောနေရာများကို စစ်ဆေးရန် စေလွှတ်နိုင်မည်ဖြစ်သည်။ ဓါးရူးသည် မည်သို့ပင်ဖြစ်စေ မသေနိုင်သောကြောင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။
ဟန်ရှောင်းသည် သူ၏နောက်ထပ်လှုပ်ရှားမှုများတွင် ဓါးရူး၏ အကူအညီကိုသုံးနိုင်သည်၊ ထို့ကြောင့် ဓါးရူးသည် သူ့နောက်သို့လိုက်နေကြောင်း တွေ့ရှိသောအခါတွင် သူသည် သူ့ကိုစောင့်ဆိုင်းရန် ရပ်လိုက်သည်။
ဓါးရူးက သူ့သည် ဓာတ်ခွဲခန်းကြွက်အဖြစ် ထပ်ပြီး ဆက်ဆံခံရမှန်း မသိလိုက်ပေ။ သူက စိတ်လှုပ်ရှားမှုအပြည့်နဲ့ ထရပ်ကားကို စူးစမ်းချင်စိတ်ပြင်းပြနေတယ်။ closed beta ကာလအတွင်း ဟန်ရှောင်းသည် ကြယ်နဂါးနိုင်ငံ ထောက်လှမ်းရေးအေဂျင်စီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သူသတိရမိသည်။ ရုတ်တရက်ဆိုသလို Black Phantom ဘယ်လို ဖြစ်လာတာလဲ။
ဒါပေမယ့် အဲဒါက အရေးမကြီးပေ။ ဟန်ရှောင်းနဲ့ အတူရှိနေသရွေ့ ဓါးရူးက ကျေနပ်နေလိမ့်မည် ဖြစ်သည်။
"ငါတို့ အခု ဘာလုပ်မှာလဲ" စိတ်လှုပ်ရှားမှုများ လျော့ပါးသွားပြီးနောက် ဓါးရူးက မေး၏။
“မကောင်းတာ တစ်ခုခုပေါ့။” ဟန်ရှောင်းသည် တက်ဘလက်တစ်လုံးကို ထုတ်ကာ မြေပုံကိုဖွင့်လိုက်သည်။ သူသည် ဒေသတစ်ခုတွင် စက်ဝိုင်းတစ်ခုဆွဲပြီး ဓါးရူးသို့ ပစ်ချလိုက်သည်။
ဓါးရူးသည် အတိုချုံးကြည့်လိုက်သည်။
"Tedramira မြစ်၊ အဲဒါ ဘယ်လိုနေရာလဲ" တယ်ဒရားမီးရား / တယ်ဒယားမီးယား / တဲဒရာမီရာ
“စစ်မြေပြင်” ဟန်ရှောင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။ သူက လီဗာကို ဖိနင်းပြီး ထရပ်ကားက ပြေးထွက်သွားတယ်။
…
Tedramira မြစ်သည် ပင်လယ်နှင့် ဆက်သွယ်ထားသော တောင်ပိုင်းတိုက်ကြီးရှိ မြစ်ကြီးတစ်စင်းဖြစ်သည်။
ညအမှောင်တွင် လှေတန်းရှည်ကြီးသည် မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည်။ ဤသည်မှာ ငါးဖမ်းလှေများအဖြစ် အသွင်ပြောင်းထားသော သင်္ဘောကြီးများဖြစ်သည်။ သင်္ဘောများသည် အမှန်တကယ်တွင် ဂျာမီနယ်စစ်သင်္ဘောများ ဖြစ်ကြပြီး၊ လက်နက်မျိုးစုံ၊ ထောက်လှမ်းမှု တားဆီးနှိမ်နင်းရေး ဂျမ်မာများ၊ စက်သေနတ် ခင်းကျင်းများ စသည်တို့ ပါရှိသည်။
နိုင်ငံ၆နိုင်ငံ ရှင်းလင်းရေးလှုပ်ရှားမှု၏ ရလဒ်အနေဖြင့် ဂျာမီနယ် အဖွဲ့အစည်း၏ အခြေစိုက်စခန်းများ စတင်ရုပ်သိမ်းခဲ့သည်။ အရေးပါသော အမှုထမ်းအနည်းငယ်သည် လေကြောင်းဖြင့် ထွက်ခွါသွားကြသည်။ အရင်းအမြစ်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် သာမာန်လက်နက်ကိုင်ဝန်ထမ်းများ အများစုကို ရေလမ်းကြောင်းမှတစ်ဆင့် ရွှေ့ပြောင်းကြ၏။
ရွှေ့ပြောင်းမှုသည် ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဤရေယာဉ်သည် တောင်ပိုင်းတိုက်ကြီးမှ ဆုတ်ခွာရန် နောက်ဆုံးကျန်နေသေးသော တပ်ဖွဲ့ဖြစ်သည်။ ဖရီးဂိတ်စစ်ရေယာဉ်များ၏ အပြင်ဘက်အလွှာသည် ကူးတို့ယာဉ်များနှင့် လက်နက်ကိုင်ဝန်ထမ်းများကို သယ်ဆောင်သည့် အလယ်ဗဟိုရှိ သင်္ဘောများကို စောင့်ကြပ်နေပါသည်။
ရွှေ့ပြောင်းရေးအစီအစဉ်မှာ Tedramira မြစ်လက်တက်တစ်လျှောက် ပင်လယ်ပြင်သို့ထွက်ပြီး ပင်လယ်ဝအနီးရှိ အခြားမြေပြင်တပ်များနှင့် ပူးပေါင်းရန်ဖြစ်သည်။ ထို့နောက် မြေပြင်တပ်များသည် သင်္ဘောများပေါ်သို့ တက်ကြမည်။
တာဝန်ခံ လင်းယုသည် တောင်ပိုင်းကုန်းမြေတိုက်ကြီးရှိ အကြီးဆုံး ဂျာမီနယ်အခြေစိုက်စခန်း၏ စစ်ဦးစီးချုပ် ဖြစ်သည်။ ယခု သူသည် တပ်မှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ရေတပ်တွင်လည်း ရှိနေ၏။
လင်းယုသည် လူလတ်ပိုင်းအရွယ်ဖြစ်သော်လည်း တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော အမှုဆောင်အရာရှိတစ်ဦးလည်း ဖြစ်သည်။ သူသည် ကွပ်ကဲမှုအခန်းတွင် လေးနက်သောမျက်နှာဖြင့် မြေပုံကို ပိုင်းခြားစိတ်ဖြာနေသည်။ ရွှေ့ပြောင်းရေးအစီအစဉ်တွင် ကွင်းဆက်များစွာ ရှိသည်။ ရေတပ်နှင့် မြေပြင်တပ်များသည် ပင်လယ်ဝသို့ တစ်ပြိုင်နက် ရောက်ရှိလာကြောင်း သေချာစေရန် လိုအပ်ပြီး ရေတပ်သည် မလှုပ်ရှားလဲ ကြာရှည်စွာနေဖို့ မဖြစ်နိုင်ပေ။
ရွှေ့ပြောင်းမှုအတွင်း ကြယ်နဂါးနိုင်ငံနှင့် ဟက်စ်လာတိုက်လေယာဉ် အများအပြားသည် ဝေဟင်မှ ကင်းထောက်ခြင်းကို လုပ်ဆောင်ခဲ့သည်။ ရေတပ်၏ တည်နေရာကို ပေါ်သွားနိုင်ဖွယ်ရှိပြီး ရေတပ်ရှိ စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။
ဟက်စ်လာနှင့် ကြယ်နဂါးနိုင်ငံတို့သည် ပင်လယ်ဝတွင် ထောင်ချောက်တစ်ခုကို ဆင်ထားလိမ့်မည်ဟု လင်းယု ကောင်းကောင်းသိသည်။ ၎င်းတို့၏ ရေတပ်၊ လေတပ်နှင့် စစ်တပ်တို့က သူတို့၏ ရေယာဉ်စုကို ကြားဖြတ်ပြီး သူတို့အားလုံးကို တစ်ပြိုင်နက် ဖမ်းဆီးရန် စောင့်ဆိုင်းနေမည်ဖြစ်သည်။
သို့သော် အစကတည်းက လင်းယုသည် တိတ်တဆိတ် ဆုတ်ခွါရန် မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။ ခါးသီးတဲ့ တိုက်ပွဲဆိုတာ မလွဲမသွေပါပဲ။ ပိတ်ဆို့ရေးမျဉ်းကို ဖောက်ထွက် ဖြတ်ကျော်သွားမှသာလျှင် သူ့တပ်များ အသက်ရှင်လွတ်မြောက်နိုင်မည် ဖြစ်သည်။
"Tedramira မြစ်တလျှောက် ပင်လယ်ထဲ လိုက်နေသရွေ့ ဒီအိပ်မက်ဆိုးကြီးကနေ ရုန်းထွက်နိုင်ပေမယ့် ချောမွေ့တဲ့လမ်းကြောင်း ဖြစ်လိမ့်မယ်ဆိုတဲ့ လှည့်စားမှုကို မဆုပ်ကိုင်ထားပါနဲ့။ ကောင်လေးတို့၊ ကြိုတင်ပြင်ဆင်ထားတဲံ ချုံခိုတိုက်ခိုက်မှုကို ငါတို့ရင်ဆိုင်ရမှာ ဖြစ်တယ်။ ကြယ်နဂါးနိုင်ငံနှင့် ဟက်စ်လာရေတပ်တွေက ပင်လယ်ဝအနီးမှာ ငါတို့ကို နှစ်မြုပ်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလိမ့်မယ်။
“ငါ့မှာ စစ်ပွဲပေါင်း ဆယ့်သုံးကြိမ်ရှိဖူးတယ်။ တချို့က တိုက်ပွဲကြီးတွေ၊ တချို့က တိုက်ပွဲငယ်တွေ။ မင်းတို့ထဲက တချို့က ငါ့လို စစ်မှုထမ်းဟောင်းတွေ ဖြစ်နိုင်သလို တစ်ချို့က စစ်သားသစ်တွေ ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ ကံကြမ္မာက အတူတူပါပဲ။ ပိတ်ဆို့ရေးမျဉ်းကို ဖြတ်ကျော်ပြီးရင် ငါတို့ အသက်ရှင်နေနိုင်မယ်။ တကယ်လို့ မင်း အဖမ်းခံရရင်၊ မင်းအသက်ရှင်ရင်ရှင်လိမ့်မယ်၊ ကြယ်နဂါးနိုင်ငံနှင့် ဟက်စ်လာတို့၏ အကန့်အသတ်မရှိ ထောင်ချခြင်းကို ခံရမှာဖြစ်တယ်။ နေရောင်အောက်က လွတ်လပ်မှုကို မင်းနှုတ်ဆက်လိုက်လို့ရပြီ။
“နိုင်ငံ၆နိုင်ငံက ငြိမ်းချမ်းရေးနှင့် လွတ်လပ်မှုကို ဟောပြောပေမယ့် စစ်ပွဲကို စတင်ခဲ့တဲ့ ကြောင်သူတော်နှင့် ယုတ်ညံ့သော လူဆိုးအုပ်စုဖြစ်တယ်။ မင်းရဲ့အမိမြေကို နိုင်ငံ၆နိုင်ငံရဲ့ သေနတ်တွေနဲ့ ဖျက်ဆီးခဲ့တာကို မမေ့ပါနဲ့။ သွေးသားထဲက မုန်းတီးခြင်းကို ဘယ်တော့မှ မမေ့ပါနဲ့။
"အဆုံးထိ တိုက်ပွဲဝင်ဖို့ကလွဲလို့ ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး!"
ဤစကားများသည် သူ့လက်အောက်ငယ်သားများအတွက် လင်းယု၏ စကားပင်။ သင်္ဘောပေါ်ရှိ လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ရှေ့တွင် ပြင်းထန်သော တိုက်ပွဲဖြစ်မည်ကို သိကြပြီး အားလုံး တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေကြသည်။
ရေယာဉ်စုတွင် ဂျာမီနယ်အမှုဆောင်အရာရှိ များစွာရှိပြီး ဟီလာလည်း ပါဝင်ပါသည်။ သူမသည် တိုက်ခိုက်ရတော့မည်ကို စိုးရိမ်နေမိသည်။ သူမ၏ထင်မြင်ချက်တွင်၊ ကြယ်နဂါးနိုင်ငံနှင့် ဟက်စ်လာ၏ သင်္ဘောများ ပိတ်ဆို့ခြင်းကို ဖြတ်ကျော်ရန် စဉ်းစားခြင်းမှာ နုံအသောမျှော်လင့်ချက်ဖြစ်သည်။
သူတို့ထဲမှ အများအပြားသည် သေကြေပျက်စီးကြပြီး လူအနည်းငယ်သာ အသက်ရှင်ကျန်ရစ်နိုင်ကြသည်။
သို့သော်လည်း တပ်မှူးလင်းယုက အားလုံးပြေလည်သွားပုံရသည်။ ထို့ကြောင့် ဟီလာသည် သူမ၏ မသာယာမှုကိုသာ ဖိနှိပ်ပြီး အခြားသူများထံမှ ဖုံးကွယ်နိုင်ခဲ့သည်။ အပြင်ဘက်တွင် သူမသည် အမြဲတစေ ကြံ့ကြံ့ခံနိုင်သောသူတစ်ယောက် ဖြစ်ပုံရသည်။
တကယ်တော့ ဟီလာအတွက်၊ သင်္ဘောပေါ်ရှိ ဂျာမီနယ်အဖွဲ့ဝင်တိုင်း သေဆုံးရင်တောင် သူမ ဂရုမစိုက်နိုင်တော့ပေ။ သူမသည် ဂျာမီနယ် အဖွဲ့အစည်းကိုမုန်းတီးသော်လည်း ဤ ဂျာမီနယ်စစ်သားများ၏ အကူအညီဖြင့်သာ သူမ ရှင်သန်နိုင်သည်။
သူမ၏ လက်များသည် သွေးများဖြင့် ဖုံးလွှမ်းနေမှန်း သူမသိပြီး၊ သူမသည် ၎င်းကို ဘယ်သောအခါမှ မရှောင်ဖယ်ခဲ့ပေ။ မိမိကိုယ်ကို ကဲ့ရဲ့ခြင်း နှင့် ကရုဏာ သည် လူကောင်းများအတွက် ဖြစ်သည် ။ ထိုခံစားချက်များက သူမအတွက် စျေးကြီးလွန်း၏။ သူမ နိုးထလာတဲ့နေ့ကစပြီး သူမဟာ ဘယ်တော့မှ လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ သူမသိနေသည်။
သေခြင်းကို အုပ်စိုးရန် ဆိုသည်မှာ သူမအား ငရဲပြည်သို့ နှင်ထုတ်ရန် ကံတရားက စီမံထားပြီးဖြစ်သည်။
ဒါပေမယ့် သူ့ညီမ အော်ရိုရာကတော့ လုံးဝကွဲပြား၏။ သူမသည် သူမနှင့်တွေ့ဖူးသူတိုင်းကို ထိမိစေရန် ကမ္ဘာကြီးအတွက် သူ့အချစ်ကို အသုံးပြုခဲ့သည့် နတ်သမီးတစ်ပါးဖြစ်သည်။ ဟီလာဝမ်းနည်းမိတာက သူ့ညီမကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့လို့ ဂျာမီနယ် အဖွဲ့အစည်းရဲ့လက်ထဲကို ရောက်သွားခြင်းပင်။
ဘာပဲဖြစ်ဖြစ် ငါအသက်ရှင်ရမယ်...
ရှင်သန်ပြီး အသုံးဝင်မှုကို သရုပ်ပြခြင်းဖြင့်သာ ညီမဖြစ်သူ၏ ဝေဒနာများကို လျှော့ချနိုင်မည် ဖြစ်သည်။
သူမကို တားတဲ့သူတိုင်းကရန်သူဖြစ်လိမ့်မယ်။
မြစ်၏ လှိုင်းတံပိုးများကို ငေးကြည့်ရင်း၊ ဟီလာသည် အေးစက်ပြီး တင်းမာသွားသည်။
အခန်း (၁၃၄) ပြီး၏။
လင်းဆက်
+++++