← Chapters

ဘယ်သူက ဘယ်သူ့ကို လိုက်ဖမ်းနေတာလဲ

Vol. 65 Ch. 901

ဘယ်သူက ဘယ်သူ့ကို လိုက်ဖမ်းနေတာလဲ

Vol. 65 Ch. 901

" တာအိုရောင်းရင်း တန်ကျိုးကျစ်။ အဲဒီ မျိုးမစစ်ကောင်လေးက သိုလှောင်လက်စွပ်ကို ဖွင့်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာနော်။ အဲဒီအချက်ကိုကြည့်ရင် သူက ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသေးပေမဲ့ သူ့ဆီမှာ သူ့ကို ကူညီပေးနေတဲ့ လူတွေ ဒါမှမဟုတ် အထူးဓမ္မပစ္စည်းတွေ ရှိရင်ရှိနေနိုင်တယ် " ရှန်လင်းကျစ်မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီး တန်ကျိုးကျစ်အား သတိပေးလိုက်၏။

" အဲတော့ ဘာဖြစ်လဲ " တန်ကျိုးကျစ်မှာမူ အထင်အမြင်သေးသည့် အမူအရာဖြင့် ရှန်လင်းကျစ်အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။

" မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တင် မဟုတ်ဘဲ သတ္တိတွေပါ ရိုက်ချိုးခံလိုက်ရတာလားကွ။ အဲဒီ မျိုးမစစ်ကောင်လေးရဲ့ ဘေးမှာ တခြားလူတွေ ရှိနေရင်တောင် သူတို့က ဂြိုဟ်အဆင့်မှာ ရှိနေမှာမဟုတ်ပါဘူး။ တကယ်လို့ သူတို့သာ ဂြိုဟ်အဆင့်မှာ ရှိနေရင် မင်းရဲ့ သိုလှောင်လက်စွပ်က ဟိုးအရင်ကတည်းက ပွင့်သွားလောက်ပြီ။ သူ့ဆီမှာ ဓမ္မရတနာတွေ ရှိနေတော့ရော ဘာဖြစ်လဲ။ ငါတို့အတွက် ပိုလို့တောင်ကောင်းသေးတယ်။ ပြီးရင် သူက ငါတို့ သူ့ကို လိုက်ဖမ်းနေတာကို သိမှာမဟုတ်ပါဘူး။ သူ့ကို ရှာရတာ ငှက်ပျောသီး အခွံနွှာရတာလောက်တောင် ခက်မှာမဟုတ်ပါဘူးကွာ " တန်ကျိုးကျစ်မှာ ထိုသို့ ပြန်ပြောလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထိုအခါ အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ရွှေရောင် နွားချေးပိုးကြီးထဲသို့ စီးဝင်သွားတော့သည်။

ထို့နောက် ရွှေရောင် နွားချေးပိုးကြီးမှာ အသက်ဝင်လာပြီး တောင်ပံများကို ဖြန့်ကာ တဖျပ်ဖျပ် ခတ်လိုက်၏။ ထိုအခါ သာမန်မျက်လုံးဖြင့် မမြင်ရသည့် စွမ်းအင်လှိုင််းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး သူတို့၏ ပတ်ပတ်လည်ရှိ နယ်မြေကြီးအား လွှမ်းခြုံသွားတော့သည်။

" ငါ့ စီးတော်ယဉ်ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်က ထာဝရကြယ်အဆင့်နဲ့ အောက်မှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို အာရုံခံနိုင်စွမ်းရှိတယ်။ တကယ်လို့ အဲဒီ မျိုးမစစ်ကောင်လေး သာမန်ထက်ပိုပြီးတော့ မြန်နေမယ်ဆိုရင် ငါတို့တွေ သူ့ကို ချက်ချင်းရှာတွေ့သွားမှာ " တန်ကျိုးကျစ်မှာ မျက်လုံးများမှေးကာ ရွှေရောင် နွားချေးပိုးကြီးအား ထိန်းချုပ်၍ ရှေ့သို့ ပျံသန်းသွားရင်း ၎င်း၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြင့် ဘေးပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းကို အာရုံခံနေတော့သည်။

ထို ရွှေရောင် နွားချေးပိုးကြီး၏ နတ်ဘုရားစွမ်းရည်မှာ တိကျလွန်းသောကြောင့် တန်ကျိုးကျစ်မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေခဲ့ခြင်းဖြစ်၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထားကာ ဥက္ကာပျံထဲ၌ ပုံးကွယ်နေခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို ရွှေရောင် နွားချေးပိုးကြီး စွမ်းရည်မှာ အလုပ်မဖြစ်ခဲ့ပေ။

သူသည် ဥက္ကာပျံကြီး၏ ရွေ့လျားမှုပေါ်တွင်သာ မှီခိုနေခဲ့သည်ဖြစ်ပြီး တစ်လက်မလေးပင် လှုပ်ရှားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အစောပိုင်း ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးသည့် တန်ကျိုးကျစ်မှာ သူ့အား နတ်ဘုရားစိတ်ဆန္ဒဖြင့် အနီးကပ် ရှာဖွေထောက်လှမ်းနိုင်စွမ်း မရှိပါက လုံးဝ ရှာတွေ့နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ တည်နေရာ အတိအကျအား အချိန်တိုလေးအတွင်း ရှာဖွေနိုင်စွမ်းမရှိဘဲ ဖြစ်နေရတော့သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ လအနည်းငယ်ခန့် ပုန်းကွယ်ပြီးသွားပါက ပြန်ထွက်လာချိန်တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ဘေးကင်းလုံခြုံစွာ ပြန်သွားနိုင်မည်ဖြစ်သည်။

သို့သော် ယခုလို ဖြစ်နေရခြင်းမှာ ဝမ်ပေါင်လဲ့သည် သူရင်ဆိုင်နေရသည့် ပြိုင်ဘက်မှာ အစောပိုင်း ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးကြောင်း သိမထားသောကြောင့်ပင်။ ရှန်လင်းကျစ်မှာမူ... ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ရမည်ဆိုပါက သူ၏ တိုက်ကွက်တစ်ကွက်ကိုပင် တောင့်ခံနိုင်မည်မဟုတ်ပေ။

အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ၏ ပြိုင်ဘက်များ၏ အခြေအနေများကို သိထားပါက သူ၏ အကျင့်စရိုက်နှင့်ဆိုလျှင် သူ့ဘက်မှစ၍ တိုက်ခိုက်ကာ အနာဂတ်တွင် ထပ်၍ ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များအားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်မည်သာ ဖြစ်သည်။

သို့်သော်... သူသည် ထိုအချက်အလက်များကို သိရှိထားခြင်း မရှိသည့်တိုင်အောင် လဝက်တိတိ ကုန်ဆုံးသွားပြီးနောက် ရှန်လင်းကျစ်နှင့် တန်ကျိုးကျစ်တို့မှာ သူ ပုန်းကွယ်နေသည့် နေရာအား ရှာတွေ့သွားကြဆဲပင်။

ထိုသို့ ရှာတွေ့သွားရခြင်းမှာ ဝမ်ပေါင်လဲ့၏ အပြစ်ကြောင့် မဟုတ်ပေ။ သူ ချုပ်နှောင်ထားခဲ့သည့် သိုလှောင်လက်စွပ်မှာ မည်သည့် အကြောင်းကြောင့်မှန်းမသိ နောက်ထပ်တစ်ကြိမ် ထပ်ပွင့်လာပြီး ထူးဆန်းအံ့ဖွယ် ရယ်မောသံကြီးမှာ သူ၏ အသိစိတ်ထဲ၌ ထပ်၍ ပဲ့တင်ထပ်သွားသောကြောင့်သာ ဖြစ်သည်။ ထို ရယ်မောသံကြီးမှာ တစ်ခဏမျှသာ ကြာမြင့်ခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာ ဆတ်ခနဲ တုန်ရီသွားရဆဲပင်။

ယခုအကြိမ်တွင် ထိုရယ်မောသံကြီးကြောင့် ဝိညာဉ်လှေကြီး ပေါ်ပေါက်လာရခြင်းမရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ စိတ်သောကရောက်သွားရ၏။ သူသည် ထို လူပုံစံစက္ကူရုပ်မှာ အလွန်အင်မတန်မှ ထူးဆန်းလွန်းနေသည်ဟု ခံစားနေရပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို လက်စွပ်အား ပြန်လည်ချုပ်နှောင်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို အမူအရာ ပြောင်းလဲသွားပြီး ခေါင်းမော့ကြည့်မိလိုက်၏။ သူ၏ နတ်ဘုရားအာရုံမှာလည်း ရှေ့သို့ ထိုးထွက်သွားပြီး စကြဝဠာကြီးအား လှမ်း၍အကဲခတ်လိုက်သည်။

သူ စကြဝဠာကြီးထဲသို့ လှမ်းကြည့်လိုက်သည်နှင့် သူ၏ နတ်ဘုရားအာရုံမှာ ခပ်လှမ်းလှမ်းရှိ ဟင်းလင်းပြင်ကြီး ရုတ်တရက်ဆိုသလို မှုန်ဝါးဝါး ဖြစ်သွားသည်ကို သတိထားမိလိုက်၏။ ထို့နောက် ထို ဟင်းလင်းပြင်ကြီးထဲမှ ‌ရွှေရောင် နွားချေးပိုးကြီးတစ်ကောင် ပေါ်ပေါက်လာတော့သည်။

ထို ရွှေရောင် နွားချေးပိုးကြီးထဲတွင် ရှန်လင်းကျစ်နှင့် တန်ကျိုးကျစ်တို့ ရှိနေကြ၏။ သူတို့မှာ လဝက်တိတိ ရှာဖွေပြီးသွားပြီ ဖြစ်ပါ‌သော်လည်း ဝမ်ပေါင်လဲ့အား အစအနပင် ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ရှန်လင်းကျစ်မှာ ဂနာမငြိမ် ဖြစ်လာရပြီး တန်ကျိုးကျစ်မှာလည်း မျက်နှာအိုးမည်းသုတ်ခံလိုက်ရသကဲ့သို့ ခံစားနေရ၏။ သူသည် ဝမ်ပေါင်လဲ့အား မတွေ့တွေ့အောင် ရှာပြမည်ဟု ကျိန်ဆိုထားခဲ့သည် မဟုတ်ပါလော။ သို့သော် တန်ကျိုးကျစ်တစ်ယောက် တဖြည်းဖြည်းနှင့် မခံမရပ်နိုင်ဖြစ်လာပြီး စိတ်မရှည်တော့သည့် အချိန်တွင် ရှန်လင်းကျစ်မှာ သိုလှောင်လက်စွပ်၏ အငွေ့အသက်များအား ထပ်၍ အာရုံခံမိသွားတော့သည်။

ထို့အပြင် တိုက်ဆိုင်စွာဖြင့် သူတို့ ရောက်နေသည့်နေရာမှာ ထို အငွေ့အသက်များ ထွက်ပေါ်လာသည့် နေရာနှင့် အဝေးကြီးတွင် ရှိမနေပေ။ ထို့ကြောင့် တန်ကျိုးကျစ်မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအား အချို့ကို အသုံးပြုကာ ရွှေရောင် နွားချေးပိုးကြီးအား ထိန်းချုပ်လိုက်ပြီးနောက် စကြဝဠာကြီးထဲ၌ အသေးစား တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခုအား ဆောင်ရွက်လိုက်တော့သည်။

ထို တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား အသုံးပြုနိုင်ရန် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုသာမက ရွှေရောင် နွားချေးပိုးကြီး၏ စွမ်းအားများကိုပါ စတေးပစ်ရန် လိုအပ်ပေသည်။ သို့သော် ယခုတွင် သူသည် ဂရုစိုက်မနေတော့ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် လူပုံစံစက္ကူရုပ်ကြောင့် အထူးတဆန်း ဖြစ်နေရစဉ်မှာပင် ရှန်လင်းကျစ်နှင့် တန်ကျိုးကျစ်တို့ စီးနင်းလာကြသည့် ရွှေရောင် နွားချေးပိုးကြီးမှာ ထိုနေရာသို့ ရောက်ရှိလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို ရွှေရောင် နွားချေးပိုးကြီးအား တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့် ထိုသို့ ရောက်ရှိလာကြသည့် လူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းသိရှိသွားသည်။ သူသည် ယခင်တုန်းက အပြင်ခန္ဓာကိုယ် ပျက်စီးသွားခဲ့သည့် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ ထို ရွှေရောင် နွားချေးပိုးကြီးထဲ၌ သေချာပေါက်ရှိနေရမည်ဟု ကောက်ချက်ချလိုက်၏။ သူတို့မှာ သိုလှောင်လက်စွပ်အား ခြေရာခံလိုက်ခြင်းဖြင့် သူ့အား ရှာတွေ့သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်လည်း သူသည် သူ တစ်ချိန်လုံး သတိကြီးကြီး ပြုမူနေခဲ့သည်မှာ မမှားကြောင်း နားလည်သွား၏။ သို့သော် သူသည် လူပုံစံစက္ကူရုပ်၏ လုပ်ရပ်များကိုမူ ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။

" လူပုံစံစက္ကူရုပ်က တမင်လုပ်တာပဲ ဖြစ်ရမယ် " ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်သွားရပါသော်လည်း ယခုတွင် ထို အကြောင်းအား တွေးတောနေရန် အချိန်မရှိကြောင်း သိလိုက်၏။ ထို့ကြောင့် သူသည် တာအိုဂါထာတော်အား သူ၏စိတ်ထဲ၌ ချက်ချင်း ရွတ်ဖတ်လိုက်တော့သည်။

တိုက်ပွဲမစခင် ထို ဂါထာတော်အား စိတ်ထဲ၌ ရွတ်ဖတ်ခြင်းမှာ သူ့အတွက် အကျင့်တစ်ခုလို ဖြစ်နေပြီဖြစ်သည်။ သူသည် ထာဝရကြယ်မျက်လုံးပေါ်ရှိ တိုက်ပွဲကြီးနှင့် တော်ဝင်သင်္ချိုင်းကုန်းထဲရှိ တိုက်ပွဲကြီးထဲတွင်လည်း ထိုကဲ့သို့ ပြုမူခဲ့၏။

တာအိုဂါ‌ထာတော်၏ စွမ်းအားများမှာ ချက်ချင်းကျဆင်းလာခြင်းမရှိဘဲ အချိန်အနည်းငယ်ခန့် နှောင့်နှေးကြန့်ကြာမှု ရှိသည်မဟုတ်ပါလော။ ထို့အပြင် ထိုစွမ်းအားများနှင့် တစ်ခါမှ မကြုံဖူးသည့်လူများမှာ ၎င်းအား ပထမဆုံးအကြိမ်အဖြစ် အာရုံခံမိလိုက်ရုံနှင့် ဝိညာဉ်များ တုန်ရီသွားရမည်သာ ဖြစ်သည်။ ထိုသို့သာဆိုလျှင် ဝမ်ပေါင်လဲ့မှာ တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ရရှိသွားမည်ဖြစ်သည်...

သို့သော် ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ တာအိုဂါထာတော်အား စိတ်ထဲတွင် ရွတ်ဖတ်နေရင်း တစ်ခုခုမှာ လွဲနေကြောင်း ရုတ်တရက်ဆိုသလို သတိထားမိသွား၏။ သူသည် သိုလှောင်လက်စွပ်ထဲရှိ လူပုံစံစက္ကူရုပ်မှာ နဂိုတုန်းက တည်ငြိမ်နေခဲ့ရာမှ တုန်ခါမှုလှိုင်းအချို့အား ထုတ်လွှတ်လိုက်သည်ကို သတိထားမိလိုက်ခြင်းဖြစ်သည်။ သို့သော် ထို တုန်ခါမှုလှိုင်းများမှာ အားပျော့လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူသည် အမြင်မှားနေခြင်းဖြစ်သည်ဟု ခံစားလိုက်ရ၏။

သို့သော်ငြားလည်း သူသည် အာရုံအပြည့်စိုက်ကာ သူ၏ နတ်ဘုရားစိတ် အမျှင်အတန်းတစ်ခုအား ထုတ်လွှတ်၍ ထို သိုလှောင်လက်စွပ်ပေါ်၌ စုစည်းသွားစေလိုက်ဆဲပင်။ တစ်ချိန်ထဲမှာပင် သူသည် မျက်လုံးများ မှေးသွားပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် စကြဝဠာကြီးထဲရှိ ရွှေရောင် နွားချေးပိုးကြီးအား လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် ထို ရွှေရောင် နွားချေးပိုးကြီးထဲမှ လူရိပ်နှစ်ခု ပျံထွက်လာသည်ကို မြင်လိုက်ရသည်။ ဝမ်ပေါင်လဲ့မှာ ထို နှစ်ယောက်ထဲမှ တစ်ယောက်အား မြင်ဖူးထားပြီးသားဖြစ်သည်။ သူသည် ယခင်တုန်းက အပြင်ခန္ဓာကိုယ် ပျက်စီးသွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ထားခဲ့ရသည့် ရှန်လင်းကျစ် ဖြစ်ပေသည်။

သို့သော် ထိုစဉ်တုန်းက သူ၏ ဒဏ်ရာများမှာ အလွန်အင်မတန်မှ ပြင်းထန်နေခဲ့သည် မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ဘယ်လက်ရုံး အကြီးအကဲကြီး သူ၏ အပြင်ခန္ဓာကိုယ်အား ဆုံးရှုံးလိုက်ရပြီးနောက် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ဖြစ်ရပ်များကို ကြုံတွေ့ဖူးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ဂြိုဟ်အဆင့်ကျင့်ကြံသူများ သူတို့၏ အပြင်ခန္ဓာကိုယ်များကို ဆုံးရှုံးလိုက်ရပါက ခံစားရသည့် နောက်ဆက်တွဲ အကျိုးဆက်များကို သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ရှန်လင်းကျစ်တစ်ယောက် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်၌သာ ရှိနေသည်ကို သိလိုက်ရသည့်တိုင်အောင် အံ့အားသင့်နေခြင်း မရှိပေ။

အခြားတစ်ယောက်မှာမူ မောက်မာဝင့်ကြွားမှုအပြည့် ရှိသည့်ပုံ ပေါက်နေ၏။ သူသည် သူ၏ ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများကို ဖုံးကွယ်ထားခြင်း မရှိသောကြောင့် ၎င်းတို့မှာ ဥက္ကာပျံကြီးဆီသို့ ပျံ့လွင့်လာနေသည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဂြိုဟ်ကြီးတစ်လုံးမှာ ဥက္ကာပျံအား ဝင်တိုက်သွားတော့မည့် အလားပင်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အထူးတဆန်း ဖြစ်သွားရ၏။ သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် သူ၏ ဘေးနားတစ်ဝိုက်တွင် ရွှေရောင် နွားချေးပိုးကြီးမှလွဲ၍ အခြားမည်သည့်အရာမှ မရှိကြောင်း အာရုံခံမိနေသည်။ သူ၏ရှေ့တွင်လည်း လူနှစ်ယောက်သာ ရှိနေ၏။ ထို့အပြင် ထို နှစ်ယောက်ထဲမှ ဂြိုဟ်အဆင့်ကျင့်ကြံသူမှာလည်း အစောပိုင်း ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဇဝေဇဝါဖြစ်သွားရတော့သည်။

" အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံခြင်းအဆင့်လောက်နဲ့များ ငါ့ကို လိုက်ဖမ်းရဲတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။ သူ၏ ပြိုင်ဘက်များမှာ သူသည် ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေသေးသည်ဟု တွက်ထားခြင်း ဖြစ်ရပေမည်။ သူတို့မှာ သူ အချိန်တိုလေးအတွင်း ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု ထင်မှတ်ထားကြမည် မဟုတ်ပေ။ ထို့အပြင် သူတို့ထဲမှ တစ်ယောက်မှာ ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။

" ဒီလိုဆိုမှတော့ ငါ ပုန်းနေလည်း ဘာမှ မထူးဘူး " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူသည် ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အနာဂတ်တွင် ထပ်၍ ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များ အားလုံးကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်လိုက်တော့သည်။

သူ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်စဉ်မှာပင် ရှန်လင်းကျစ်နှင့် တန်ကျိုးကျစ်တို့၏ လူရိပ်များမှာ သူ့ဆီသို့ ပျံသန်းလာကြ၏။ တန်ကျိုးကျစ်နှင့် ယှဉ်လိုက်ပါက ရှန်လင်းကျစ်မှာ အနည်းငယ်ခန့် ပို၍ နှေးကွေးနေသည်။ သူသည် ထိုသို့ နှေးကွေးနေအောင် တမင်တကာလုပ်ခဲ့ခြင်း ဖြစ်သလို သူတို့နှစ်ယောက်၏ ကြားမှ ကျင့်ကြံခြင်းအဆင့် ခြားနားချက်များကြောင့်လည်း ထိုကဲ့သို့ နှေးကွေးနေရခြင်း ဖြစ်ပေသည်။ သို့သော် တန်ကျိုးကျစ်မှာ စဉ်းစားဆင်ခြင်ဉာဏ်မရှိသူတစ်ယောက် မဟုတ်သောကြောင့် ရှန်လင်းကျစ်၏ လုပ်ရပ်များအား သတိထားမိလိုက်သလို ဥက္ကာပျံပေါ်တွင် မန္တန်အစီအရင်အချို့ ရှိနေသည်ကိုလည်း အာရုံခံမိလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် ဥက္ကာပျံထဲရှိ ဝမ်ပေါင်လဲ့အား ရှာတွေ့သွားသည်။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် မဟုတ်ဘဲ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည်ဖြစ်ကြောင်းကိုလည်း သိလိုက်ရသေးသည်။

သို့သော် သူသည် ဂရုစိုက်နေခြင်းမရှိပေ။

" သူက ထာဝရဝိညာဉ်အဆင့်မှာ ရှိနေတော့ရော ဘာဖြစ်လဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်အောက်မှာ သူ ပြာကျသွားစေရမယ် " တန်ကျိုးကျစ်မှာ ထိုသို့ ကြိမ်းဝါးကာ ကြောက်မက်ဖွယ်ရာ အပြုံးမျက်နှာကြီးဖြင့် ရောက်ရှိလာပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သဖြင့် ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်နောက်တွင် ဂြိုဟ်တစ်လုံး၏ ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ သို့သော် ထို ပုံရိပ်ယောင်ကြီး ဥက္ကာပျံကြီးအား ရိုက်ခတ်သွားခါနီးဆဲဆဲမှာပင် တာအိုဂါ‌ထာတော်၏ စွမ်းအားများ ကျဆင်းလာတော့သည်။

ထိုအခါ ရှန်လင်းကျစ်နှင့် တန်ကျိုးကျစ်တို့မှာ ချက်ချင်းဆိုသလိုပင် တစ်ခေါင်းလုံး ထူပူသွားရ၏။ ထို့နောက် စကြဝဠာကြီး၏ အတွင်းပိုင်းထဲမှ ပျံ့လွင့်လာသည်ပုံပေါ်သော ကြောက်မက်ဖွယ်ရာ ဖိနှိပ်အားကြီးတစ်ခုမှာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး သူတို့၏ ဝိညာဉ်များအား ရိုက်ခတ်သွားတော့သည်။ ထို့ကြောင့် သူတို့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားကြပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။

တစ်ချိန်ထဲမှာပင် ဥက္ကာပျံထဲ၌ ထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ထိုအခါ သူ ရှိနေသည့် ဥက္ကာပျံကြီးမှာ ရုတ်တရက်ဆိုသလို... ပေါက်ကွဲသွားတော့သည်။

All Chapters