အရာအားလုံး ပြီးငြိမ်းခြင်း *
Vol. 79 Ch. 1092
နောက်ဆုံးတော့ ထန်ရှု၏ရည်ရွယ်ချက်အား ဆန်းကြယ်နတ်ဆိုးအိုကြီးက နားလည်သွားသည်။ ထန်ရှု၏ခွန်အားအရ သူ့အား သတ်ရန် လွယ်ကူသည်ကို သူ သိ၏။ သို့သော် ထန်ရှုက စိတ်ရှည်ရှည်နှင့် ဒီလောက်အများကြီး သူ့အား ပြောပြခဲ့သည်။ သူ့နောက်လိုက်ပင် သူ့အား အများကြီး ရှင်းပြခဲ့သည်။ လက်စသတ်တော့ ထန်ရှုက သူ့အား အနာဂတ်တွင် သူ့အတွက် အလုပ်လုပ်စေချင်သည်ဖြစ်၏။
“ငါ ကတိပေးပါတယ်”
ဆန်းကြယ်နတ်ဆိုးအိုကြီးက အမှန်တရားကို သိသည်၊ အခြေအနေနှင့်အချိန်အခါအလိုက် ဆောင်ရွက်တတ်သူများသာလျှင် အသက်ရှင်နိုင်ပေလိမ့်မည်။ သူက အသက်ရှင်သန်ရန် မလုံလောက်သေးပေ။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်အရ သူက နောက်ထပ်ဆယ်စုနှစ်အထိ အသက်ရှင်နိုင်သေး၏။ သေသည်ထက် အသက်ရှင်သည်က ပိုကောင်းသည်။ လွတ်လပ်မှုအချို့ ဆုံးရှုံးနိုင်သော်လည်း လက်ရှိတွင် ဤရွေးချယ်မှုက အကောင်းဆုံးဖြစ်၏။
ထန်ရှုက ရှေ့သို့ လှမ်းကာ ဆန်းကြယ်နတ်ဆိုးအိုကြီး၏အရှေ့၌ ထွက်ပေါ်လာပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “မခုခံဘဲနဲ့ မင်းရဲ့စိတ်ကို ဖွင့်ထားပါ။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်ထိန်းချုပ်ပညာရပ်ကို ဖော်ထုတ်ရမယ်။ မင်းက ငါ့အမိန့်ကို လိုက်နာပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြနိုင်ရင် အနာဂတ်မှာ ငါ ဒါကို ပြန်ဖြုတ်ပေးမယ်”
“ကောင်းပါပြီ”
လက်ရှိအချိန်တွင် ဆန်းကြယ်နတ်ဆိုးအိုကြီးက သူ၏အန်စာတုံးနှင့်လောင်းကြေးများအား ပစ်ထုတ်လိုက်သော လောင်းကစားသမားတစ်ယောက်နှင့် တူသည်။ ထန်ရှု၏ညွှန်ကြားချက်အတိုင်း သူ၏ခုခံမှုအားလုံးအား ဖယ်ရှားကာ သူ့ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ်ထိန်းချုပ်ပညာရပ်မျိုးစေ့အား စိုက်ခွင့်ပေးလိုက်၏။
“ဟမ်”
ထန်ရှုက ပြုလုပ်ပြီးလျှင်ချင်း ဆန်းကြယ်နတ်ဆိုးအိုကြီး၏နှလုံးသားက တုန်ယင်သွား၏။ သူ့နှလုံးသားထဲရှိ ဖုံးကွယ်ထားသောတစ်နေရာ၌ ခပ်ဖျော့ဖျော့စွမ်းအားအတက်အကျတစ်ခုအား သူက အာရုံခံမိသည်။ သို့သော် ထိုခပ်ဖျော့ဖျော့စွမ်းအင်ကြောင့် သူနှင့်ထန်ရှုကြားတွင် ချိတ်ဆက်ထားသောအမျှင်တန်းတစ်ခုရှိနေသလို သူက ခံစားမိ၏။
ထို့နောက် ဆန်းကြယ်နတ်ဆိုးအိုကြီး၏လူများအား မသတ်ဖြတ်တော့ရန် ထန်ရှုက အမိန့်ပေးလိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပြော၏ “အခုကစပြီး ငါက မင်းရဲ့သူဌေးပဲ။ လက်ရှိမှာ ငါ မင်းကို တစ်ခု လုပ်စေချင်တယ်။ မင်း ငါ့ကို အဲဒီအက်စ်အိုအီးလူတွေနဲ့ဒိုလန်အိမ်တော်ရဲ့အကောင်းဆုံးပါရမီရှင်ဖြစ်တဲ့အိန်ဂျယ်လိုကို ရှာပေးရမယ်”
ကြောက်ရွံ့ရိုသေမှုအနည်းငယ်အား ဆန်းကြယ်နတ်ဆိုးအိုကြီး၏မျက်လုံးများထဲ၌ မြင်နိုင်သည်။ ဤကား စိတ်ဝိညာဉ်စာချုပ်၏လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားချက်ပင်။ သူက ထန်ရှုအား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငါ့မှာ အိန်ဂျယ်လိုနဲ့ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုရှိတယ်၊ သူဌေး။ ငါ့ကို နေ့တစ်ဝက်ပဲ အချိန်ပေးပါ၊ သူ ဘယ်နေရာလဲဆိုတာ ငါ သိရလိမ့်မယ်”
မေးငေါ့လျက် ဆန်းကြယ်နတ်ဆိုးအိုကြီးက ယခင်က အမှန်ပြောခဲ့သည်ကို ထန်ရှုက နားလည်လိုက်သည်။ အက်စ်အိုအီးကုမ္ပဏီ၊ ဒိုလန်အိမ်တော်တို့နှင့်သူ၏ဆက်ဆံရေးက မျက်လုံးနှင့် မြင်ရသည်ထက် ပိုပေသည်။
“မင်းနဲ့သူတို့နဲ့ဆက်ဆံရေးက အတိအကျဘာလဲ”
“အက်စ်အိုအီးကုမ္ပဏီက ငါ့ရဲ့ပါတနာပဲ၊ ငါတို့က မျိုးရိုးဗီဇအလုပ်လုပ်ပုံကို လေ့လာဖို့အတွက် မျိုးရိုးဗီဇဆိုင်ရာသုတေသနစမ်းသပ်ခန်းတစ်ခုကို ပူးတွဲတည်ထောင်ခဲ့ကြတယ်”ဆန်းကြယ်နတ်ဆိုးအိုကြီးက ရှင်းပြလိုက်၏ “ဒီအလောင်းသားရဲထဲမှာ အသန်မာဆုံးမျိုးရိုးဗီဇပြောင်းလဲပစ္စည်းကို ထည့်သွင်းထားတာပဲ၊ ပြီးတော့ ငါ့ရဲ့သန့်စင်ခြင်းနည်းလမ်းနဲ့ ၎င်းရဲ့ခွန်အားကို တဖြည်းဖြည်းတိုးတက်အောင် လုပ်ခဲ့တာပဲ။ အခုဆိုရင် ၎င်းက ရွှေအမြုတေအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှနေပြီ။ ဒါ့အပြင် ငါက ဒိုလန်အိမ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုအများကြီးရှိတယ်၊ ဘာတွေပါသလဲဆိုရင် လူတွေကို နှုတ်ပိတ်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို လုယက်တာပေါ့။ သူတို့က အခပေးတယ်- အဲဒါကို လစာလို့ ပြောနိုင်ပါတယ်- အဲအတွက် ငါနဲ့တာအိုဆရာသခင်အဆိပ်က သူတို့အတွက် ကိစ္စတွေကို ဖြေရှင်းပေးရတာပေါ့”
“ဒါ အရမ်းကောင်းတယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒီမှတ်တမ်းကြောင့် မင်းက သူတို့ရဲ့ယုံကြည်စိတ်ချမှုကို ရနိုင်တယ်။ ကြည့်ရတာ ဒီနေ့ ငါ မင်းကို မသတ်တာ မှန်သွားပုံပဲ။ ဒါပေမယ့် မင်းလူတွေနဲ့ ပတ်သက်ပြီးတော့ ငါ အဲလို မပြောနိုင်ဘူး။ သူတို့နဲ့ ဖြေရှင်းဖို့ မင်းကိုပဲ လွှဲထားမယ်။ ဒါပေမယ့် ငါတို့ရဲ့ဆက်ဆံရေးကို ဖော်ထုတ်ခံလိုက်ရရင် မင်းကို မငြိစွန်းစေဖို့အတွက် ယုံကြည်စိတ်ချလို့မရတဲ့သူတွေကို မင်း ဖယ်ရှားရမယ်”
ဆန်းကြယ်နတ်ဆိုးအိုကြီးက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ငါ သိပါပြီ၊ သူဌေး”
ထိုသို့ပြောပြီးနောက် သူ့ပုံရိပ်က ကျန်ရှိနေသောသူ့လူများထံ ရုတ်ချည်း ရောက်သွား၏။ ဓားမြှောင်တစ်လက် ဆုပ်ကိုင်လျက် သူ့ပုံရိပ်က လျင်မြန်စွာ ရွေ့လျားသည်၊ အနက်ရောင်ဝတ်စုံနှင့်လူကြီးက သူ့လက်ချောင်းနှင့်နှလုံးကို ကိုင်လျက် မြေပြင်ပေါ် လဲကျသွား၏။
လူများစွာထဲမှ ဆယ့်ရှစ်ယောက်သာ ကျန်တော့သည်။ သို့သော် ဆန်းကြယ်နတ်ဆိုးအိုကြီး၏သတ်ဖြတ်ခြင်းကို မြင်သော်ငြား သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းနည်းနည်းလေးပင်မရှိ။ သူတို့အား ဆန်းကြယ်နတ်ဆိုးအိုကြီးသတ်ဖြတ်ခြင်းက သာမန်အဖြစ်အပျက်တစ်ခုလိုပင်။
“မင်းတို့အားလုံး ပြန်ဆုတ်တော့”
ထန်ရှုက သွေးမျိုးစေ့အစီအရင်၏ဝင်ပေါက်ကို ဖွင့်ကာ အစီအရင်မှ လူတိုင်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူက ဆေးလုံးဖော်စပ်ခြင်းအား စတင်၏။
မုန်တိုင်းကျီးကန်းနှင့်စပိဒါအဖွဲ့တို့ကြား တိုက်ပွဲ၊ ထို့နောက် ဆန်းကြယ်နတ်ဆိုးအိုကြီးက သူ့လူများနှင့် ရောက်လာပြီး…မုန်တိုင်းကျီးကန်းအဖွဲ့နှင့် တဖန်တိုက်ပွဲ။ အားလုံးပေါင်းလျှင် သေဆုံးမှုအရေအတွက်က ငါးရာကျော်သည်။
အချိန်က ကုန်ဆုံးနေပြီး မျက်စိတစ်မှိတ်အတွင်း သုံးနာရီက ကျော်လွန်သွား၏။
ထန်ရှု၏ပုံရိပ်က သွေးမျိုးစေ့အစီအရင်အပြင်ဘက်၌ ပေါ်ထွက်လာချိန်တွင် ကမ္ဘာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ပင်။
ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်များက အဝေးမှ လျင်မြန်စွာ ရွေ့လျားလာပြီး ထန်ရှုထံ ချက်ချင်း ပြေးလာ၏။ ထန်ရှုကို မြင်ပြီး အများစုက လိုချင်တောင့်တသောအကြည့်တို့ ဖြစ်နေပြီး အနည်းငယ်က မေးမြန်းလိုခြင်းတစ်ခု ရှိနေလေ၏။
ထန်ရှုက ခပ်ရေးရေးပြုံးကာ သွေးမျိုးစေ့အစီအရင်အား ချက်ချင်း ရုတ်သိမ်းလိုက်သည်။ မျှော်လင့်ချက်ဆေးလုံးဆယ့်နှစ်လုံးက စပိဒါဌာနချုပ်အရှေ့တွင် လွင့်မျောလာပြီး သူက ချက်ချင်း စုဆောင်းသိမ်းဆည်းလိုက်၏။
“ဆန်းကြယ်နတ်ဆိုးအိုကြီး၊ မင်းလူတွေကို ခေါ်ပြီး ဒီနေရာကို ရှင်းလင်းလိုက်။ ခြေရာလက်ရာတွေ မကျန်မိစေနဲ့။ ပြီးရင် မင်းလူတွေကို ခေါ်ပြီး လောင်ပင်လယ်အော်အပန်းဖြေစခန်းမှာ ငါ့ကို လာရှာ”အမိန့်ပေးပြီးနောက် ထန်ရှုက ထန်ကွမ်တို့အား ဦီးဆောင်ကာ ထွက်ခွာသွားသည်။
ဆန်းကြယ်နတ်ဆိုးအိုကြီးက စိတ်ဝိညာဉ်တို့ မြင့်တက်နေ၏။ ထန်ရှုသန့်စင်ခဲ့သောမျှော်လင့်ချက်ဆေးလုံးများမှ စွမ်းအင်အတက်အကျအား သူ အာရုံခံနိုင်သည်။ အလောင်းသားရဲပင် ထိုဆေးလုံးများအတွက် ၎င်း၏လိုအင်ဆန္ဒကို ထုတ်ပြခဲ့သည်။ ထို့ကြောင့် ထိုဆေးလုံးများက လုံးဝကောင်းမွန်သောအရာတစ်ခုမှန်း သိသာပေ၏။
“ဒီနေရာကို ရှင်းလင်းကြပါ၊ ငါ့ကောင်တို့”
အမိန့်ပေးပြီးနောက် သူ့အာရုံက ထန်ရှုနှင့်ကျန်လူများပျောက်ကွယ်သွားရာဉီးတည်ဘက်ဆီသို့ ပြောင်းသွား၏။ သူ့အား လာရှာရန်နှင့် အိန်ဂျယ်လိုဒိုလန်အား တိုက်ရိုက်မဆက်သွယ်ရန် ထန်ရှုက အမိန့်ပေးခဲ့သည့်အပေါ် ဆန်းကြယ်နတ်ဆိုးအိုကြီးက ရေးတေးတေးရိပ်မိသည်။ ထန်ရှုက ထိုမျှော်လင့်ချက်ဆေးလုံးဆယ့်နှစ်လုံးအား မျှဝေပေးမည်ဟု ဆိုလို၏။
လောင်ပင်လယ်အော်အပန်းဖြေစခန်းတွင်။
သူ့လူများနှင့် ပြန်ရောက်လာပြီးနောက် ထန်ရှုက တွမ်ရက်ဂျီထံမှ သတင်းရလိုက်လိုက်သည်။ လက်ရှိအချိန်တွင် ဤအကောင်က လူများစွာ ခေါ်သွားကာ မုန်တိုင်းကျီးကန်းအဖွဲ့၏လက်ကျန်များအား ရှင်းလင်းနေသည်။ ခုခံမှုက ကြမ်းတမ်းသော်လည်း သူ့တွင် ရွှေအမြုတေအဆင့်ရှိသည့် မိုအားဝူကဲ့သို့ ကျွမ်းကျင်သူထံမှ အကူအညီရှိ၏။ သူ့အဟုန်တစ်ခုတည်းနှင့်ပင် ပေါင်းပင်များအား အမြစ်မှ ဆွဲနှုတ်နေသည့်အလား ခုခံသူအားလုံးအား သတ်ဖြတ်၏။
တစ်နေ့တာလုံး စိုင်းဖန်က ဖရိုဖရဲဖြစ်နေသည်၊ စုန့်ကွမ်းဟွေ၏အမိန့်အောက်တွင် ရဲသားများက မြေအောက်အဖွဲ့များကြား တိုက်ပွဲများအား ပါးပါးနပ်နပ်နှင့်သာ ရှောင်တိမ်း၏။
အရှေ့အရပ်မှ နေ့ထွက်ပြီး နေ့သစ်ရောက်လာချိန်တွင် တွမ်ရက်ဂျီက သူ့နောက်လိုက်အနည်းငယ်နှင့် လောင်ပင်လယ်အော်အပန်းဖြေစခန်းသို့ ကမန်းကတန်း ပြန်ရောက်လာသည်။ ဒဏ်ရာအနည်းငယ်ရထားလျက် သူက ထန်ရှုအရှေ့၌ ထွက်ပေါ်လာ၏။
“မင်း အဆင်ပြေလား”သူ့အား စစ်ဆေးကြည့်ရှုရင်း ထန်ရှုက မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ပြင်းထန်တဲ့ဒဏ်ရာတွေ မဟုတ်ပါဘူး”တွမ်ရက်ဂျီက ခေါင်းခါယမ်းကာ ပြောလိုက်သည် “နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်ဖို့ ရက်အနည်းငယ် ကြာအုံးမယ်ဆိုပေမယ့် လက်ရှိမှာ ငါတို့ရဲ့လူတွေက စိုင်းဖန်က မြေအောက်အဖွဲ့တွေအားလုံးကို ထိန်းချုပ်ထားတယ်။ ဒါပေမယ့် အဲဒါကို ငါကိုယ်တိုင် ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ ယုံကြည်တယ်”
“ပေါ့ပေါ့တော့မလုပ်နဲ့”ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည် “စိုင်းဖန်က မြေအောက်အဖွဲ့တွေမှာ ရောနှောနေတဲ့ကျားတွေနဂါးတွေရှိတယ်၊ ဒါကြောင့် ဒီနေရာမှာ ငါတို့ရက်အနည်းငယ် နေအုံးမယ်။ အခြေအနေအားလုံးတည်ငြိမ်သွားမှပဲ ငါတို့တွေ ပြန်မယ်”
တွမ်ရက်ဂျီက သူ့အကြည့်အား မိုအားဝူထံ ပြောင်းကာ တုံ့ဆိုင်းစွာ မေးသည် “သူဌေး၊ မိုအားဝူကို ငါ့ကို ကူညီခိုင်းလို့ရမလား။ ကျန်ရှိနေတဲ့မြေအောက်အဖွဲ့တွေကို ရှင်းလင်းတဲ့အခါမှာ အားကောင်းတဲ့လူအမြောက်အများ ငါ တွေ့ခဲ့တယ်။ ကံကောင်းစွာနဲ့ မိုအားဝူက သူတို့ကို သတ်ခဲ့တယ်၊ မဟုတ်ရင် ဒီလိုအချိန်အတွင်းမှာ စိုင်းဖန်က မြေအောက်အဖွဲ့ဝင်တွေအားလုံးကို ငါတို့ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး”
“ကောင်းပြီ၊ မင်းရဲ့အလုပ်ကို ဆက်လုပ်ပါ၊ မိုအားဝူက ငါနဲ့ အရင်ကျန်နေပါစေ”ထန်ရှုက ပြန်ပြောသည် “ဒါပေမယ့် မင်း အန္တရာယ်တစ်ခု ကြုံတဲ့အခါ ငါ့ကို ဖုန်းခေါ်လိုက်ပါ။ ဟုတ်ပြီ၊ မင်းကို သူနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ဆန်းကြယ်နတ်ဆိုးအိုကြီးပဲ၊ အနာဂတ်မှာ သူက ငါတို့ရဲ့လူတွေထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်။ မင်းက လောင်ပင်လယ်အော်အပန်းဖြေစခန်းကနေ ထွက်ခွာတဲ့အခါ မင်းရဲ့ကိစ္စတွေကို ဖြေရှင်းဖို့ သူ့ရဲ့လူတွေကို ခေါ်သွားပါ”
တွမ်က ဤဆန်းကြယ်နတ်ဆိုးအိုကြီးအား မြင်ဖူးသည်၊ ဤလူက အလွန်သန်မာသည်ကို သူ သိ၏။ ထန်ရှု၏စကားကို မြင်ပြီး အံ့အားသင့်သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ချက်ချင်း ထွက်ပေါ်လာသည်။
ဆန်းကြယ်နတ်ဆိုးအိုကြီးက စကားအများကြီးမပြောတော့ပေ၊ တွမ်ရက်ဂျီ၏အစီအစဉ်နောက်လိုက်ရန်သာ သူ့လူများအား အမိန့်ပေးလိုက်သည်။ ထို့နောက် ထန်ရှုဘေးနားတွင်သာ သူက တိတ်ဆိတ်စွာ နေ၏။ လက်ရှိတွင် ထန်ရှုနှင့် ပတ်သက်ပြီး သူက ပိုတောင် သိချင်လာသည်၊ ထန်ရှုလာသည့်ဂိုဏ်းအား သူ မဖော်ထုတ်နိုင်ပေ၊ တရုတ်ရှိ ကျင့်ကြံခြင်းလောကထဲတွင် ထန်ဂိုဏ်းဟူခေါ်သောတည်ရှိမှုမရှိသောကြောင့်ပင်။
နေ့က အရှေ့အရပ်မှ မြင့်တက်လာပြီး ထန်ရှုက စံအိမ်ဒုတိယအထပ်ရှိပြတင်းပေါက်နားတွင် ရပ်လျက် တွမ်ရက်ဂျီက သူ့အဖွဲ့နှင့် ထွက်ခွာသွားသည်ကို ကြည့်နေ၏။ ထို့နောက် သူက မိုအားဝူ၊ ထန်ကွမ်း၊ ဟောင်လဲ့၊ ကူးဝါကိုနှင့် အံ့အားသင့်နေသောဆန်းကြယ်နတ်ဆိုးအိုကြီးတို့ဘက် လှည့်ကြည့်လိုက်သည်။
“ဒီမျှော်လင့်ချက်ဆေးလုံးထဲမှာ ရှိတဲ့ စွမ်းအင်အားလုံးကို အပြည့်အဝစုပ်ယူဖို့ ငါ မင်းတို့ကောင်တွေကို အချိန်နှစ်ရက်ပေးမယ်”
သူ့အသံက ပျောက်ကွယ်သွားပြီး မျှော်လင့်ချက်ဆေးလုံးများအား ဆတ်ခနဲတောက်လိုက်ရာ ထိုလူငါးယောက်၏လက်များပေါ်သို့ အသီးသီး ကျရောက်သွား၏။
မိုအားဝူ၊ ထန်ကွမ်း၊ ဟောင်လဲ့နှင့် ကူးဝါတို့က မျက်လုံးများ လင်းလက်သွားကြသည်။ သူတို့က မျှော်လင့်ချက်ဆေးလုံးများအား ကိုင်ကာ သူတို့၏အခန်းအသီးသီးသို့ ချက်ချင်း ပြေးသွားကြ၏။ သို့သော် ဆန်းကြယ်နတ်ဆိုးအိုကြီးက တုံ့ဆိုင်းလျက် မေးလိုက်သည် “ဒီမျှော်လင့်ချက်ဆေးလုံးမှာ ဘာသက်ရောက်မှုရှိတာလဲ၊ သူဌေး”
“မင်းက ဘယ်လိုကျင့်ကြံခြင်းပညာရပ်မျိုး လေ့ကျင့်ထားသလဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် ဒီမျှော်လင့်ချက်ဆေးလုံးက မင်းအတွက် အကျိုးရှိစေမှာဖြစ်တဲ့အတွက် ဒါက ကိစ္စမရှိပါဘူး”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြန်ဖြေသည် “အနည်းဆုံးတော့ မင်းက ရွှေအမြုတေအဆင့်နှောင်းပိုင်းအဆင့်ကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ တက်လှမ်းသွားမှာပါ။ ငါ ဒီဆေးလုံးကို သန့်စင်နေတဲ့အချိန်မှာ ရွှေအမြုတေတစ်ခုပဲရှိတာ ဝမ်းနည်းစရာပဲ။ ငါသာ မင်းဟာပါ ပေါင်းထည့်ခဲ့မယ်ဆိုရင် အလယ်ဆင့်ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်စေဖို့ အာမခံနိုင်တယ်”
အဟွတ်၊ အဟွတ်…
ဆန်းကြယ်နတ်ဆိုးအိုကြီးက စိတ်ထဲ၌ တုန်လှုပ်သွားသော်ငြား သူက ကိုးရိုးကားရားဖြစ်စွာနှင့် အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်သည်။ သို့သော် သူက နှလုံးသားထဲ၌ ကျိန်ဆဲလိုက်၏၊ ငါ့ရဲ့ရွှေအမြုတေကိုသာ ဒီဆေးလုံးသန့်စင်တဲ့အထဲမှာ ပေါင်းထည့်ခဲ့မယ်ဆိုရင် ငါက အခုလောက်ဆို သေနေပြီးပေါ့။ အာ…ဘယ်လောက်တောင် အကြင်နာကင်းမဲ့လိုက်သလဲ…
ရုတ်တရက် သူက သူ့ခြေထောက်အား ကြည့်ကာ တုံ့ဆိုင်းစွာ ပြောလိုက်သည် “သူဌေး၊ ငါ့ရဲ့အလောင်းသားရဲဆီကနေ လိုချင်မှုဆန္ဒကို ငါ အာရုံခံမိတယ်။ သူ့ကို ကျွေးဖို့ ငါ့ကို နောက်ထပ်မျှော်လင့်ချက်ဆေးလုံးတစ်လုံး ပေးနိုင်မလား”
ထန်ရှုက မျက်လုံးလိမ့်လျက် အေးစက်စွာ ဟမ့်လုပ်လိုက်သည် “ဟမ့်၊ မျှော်လင့်ချက်ဆေးလုံးကို လမ်းပေါ်ကနေ ကောက်လို့ရလာတဲ့ ဂေါ်ဖီထုပ်လို့ ထင်နေတာလား။ ဒီလိုပစ္စည်းကောင်းတစ်ခုကို ဒီသားရဲဆီ ပေးတာက ဖြုန်းတီးတာပဲ။ မင်းက အရင်းအမြစ်တွေ အများကြီးသုံး၊ အားထုတ်ပြီး ဒီသားရဲကို မြှင့်တင်ခဲ့ရတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ငါ မင်းကို အကြံတစ်ခုပေးမယ်။ စစ်မှန်တဲ့ကျွမ်းကျင်သူတွေက သူတို့ရဲ့ကိုယ်ပိုင်ခွန်အားကိုပဲ အားကိုးကြတယ်။ ဒါ့အပြင် အနာဂတ်မှာ ဒီသားရဲရဲ့ခွန်အားကို မင်းထက် ကျော်သွားတာနဲ့ မင်းက ကြီးမားတဲ့အန္တရာယ်တစ်ခုကို ရင်ဆိုင်ရဖို့ မျှော်လင့်ထားနိုင်တယ်”
ဆန်းကြယ်နတ်ဆိုးအိုကြီးက မယုံကြည်နိုင်စွာနှင့် မေးလိုက်သည် “မင်း ဆိုလိုတာက…ငါတို့ကြားမှာ သခင်နေရာက ပြောင်းပြန်ဖြစ်သွားမှာလား”
“ငါ့ရဲ့အကူအညီမပါဘူးဆိုရင် သူရဲ့ခွန်အားက မင်းထက် သာသွားတာနဲ့ သူက မင်းကို ဆန့်ကျင်ပြီး မင်းရဲ့ဆရာသခင်ဖြစ်အောင် လုပ်မယ်ဆိုတာ မျှော်မှန်းထားလိုက်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “သူက မင်းကို ကျွန်ပြုရင်ပြ မဟုတ်ရင် မဟုတ်ရင် မင်းကို သတ်နိုင်တယ်။ မြွေအမျိုးအစားသတ္တဝါတွေက အရက်စက်အကြမ်းကြုတ်ဆုံးပဲ။ မင်းက သူတို့ကို နှစ်ပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်၊ ဒါပေမယ့် ဒီခံစားချက်အနည်းငယ်က သူတို့ရဲ့သဘာဝကို သက်ရောက်နိုင်မှာမဟုတ်ဘူး”
***