အတိုး *
Vol. 79 Ch. 1097
မိုအားဝူက ထေ့ငေါ့လျက် နှာခေါင်းရှုံ့လိုက်သည်။ သူက ထန်ရှုနောက် လိုက်လာသည်မှာ အချိန်အချို့ရှိပြီ၊ ထန်ရှု၏ဘက်ခြမ်းနှင့် ပတ်သက်ပြီး တချို့တလေ သိသည်။ အကြောင်းပြချက်အတိအကျအား မသိသော်လည်း ဒိုလန်အိမ်တော်၏လူများက သေရန် သတ်မှတ်ထားသည်ကား ပြောင်းလဲရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် အိန်ဂျယ်လိုဒိုလန်က ဒေါ်လာတစ်ဘီလီယံကျော်ပေးလျှင်ပင် သူ၏သေခြင်းရလဒ်အား မပြောင်းလဲနိုင်ပေ။
“အွန်လိုင်းကနေ လွှဲလိုက်ပါ”
သိုလှောင်လက်စွပ်မှ လက်တော့တစ်လုံး ယူထုတ်လျက် မိုအားဝူက အိန်ဂျယ်လိုထံ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။
ဆင့်ခေါ်လိုက်သကဲ့သို့ မိုအားဝူက လက်တော့တစ်လုံး ယူထုတ်လိုက်သည်ကို မြင်ပြီး အိန်ဂျယ်လိုက ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားသည်။ လက်တော့အား လက်မခံခင် သူက မိုအားဝူအား ခဏလေ့လာလိုက်ပြီးနောက် ထန်ရှုထံ ကျယ်လောင်စွာ ပြောလိုက်၏ “မင်းရဲ့အကောင့်ဆီ ငါ အခုပဲ ပိုက်ဆံလွှဲပေးနိုင်ပါတယ် ဒါပေမယ့် မင်း ငါ့ကို မသတ်ဘူးလို့ အာမခံနိုင်လား”
“ငါပြောခဲ့တာတွေက အမြဲတမ်းအဓိပ္ပါယ်ရှိတယ်။ ငါ မင်းအသက်ကို ချမ်းသာပေးမယ်လို့ ကတိပေးခဲ့မှတော့ ငါ မင်းကို သတ်မှာ မဟုတ်ဘူး”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည်။
‘အာမခံတာလား။ နှုတ်နဲ့ပြောတာက အာမခံတာ မဟုတ်ဘူး’
ဘာကြောင့်မှန်းမသိ၊ အိန်ဂျယ်လိုက အနည်းငယ် စိတ်ထင့်မိသည်။ သို့သော် သူက အံကြိတ်ကာ သူ၏ဆွစ်ဘဏ်အကောင့်ထဲရှိ ဒေါ်လာတစ်ဘီလီယံကျော်အား ထန်ရှုပေးသောအကောင့်ထဲသို့ ပို့ပေးလိုက်သည်။ လွှဲပြောင်းမှုပြီးဆုံးသွားပြီးနောက် သူက မေးလိုက်၏ “ငါ့ရဲ့အဖေကို အခု ဆက်သွယ်လို့ရပြီလား”
“အလျင်မလိုပါနဲ့”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “အခြားကိစ္စတွေကို အရင် ဖြေရှင်းကြတာပေါ့။ ဝစ်လ်အက်၊ အိန်ဂျယ်လိုက ငါ့အကောင့်ဆီ ပိုက်ဆံလွှဲပေးပြီးပြီ၊ ဒါကြောင့် မင်းရော မလွှဲသေးဘူးလား။ မင်းပြောခဲ့တာတွေက ငါ့ကို ပြုံးရယ်စေဖို့ပဲ ဆိုပြီး ဟာသမလုပ်နဲ့နော်။ ငါက သဘောထားသေးသိမ်တဲ့လူတစ်ယောက်ပဲ၊ အဲဒါက ငါ့ကို ဒေါသထွက်စေလိမ့်မယ်”
စိတ်ထဲတွင်မူ သူက အိန်ဂျယ်လိုဒိုလန်အား ဆန့်ကျင်ခဲ့မိသည့်အတွက် ဝစ်လ်အက်က နောင်တရမှုအချို့ရှိသည်၊ သို့သော် ထန်ရှုက ထိုအကောင်အား သတ်လိုစိတ်မရှိတော့ပေ။ အနာဂတ်တွင် သူက ဤအကောင်အား သတိထားရမည်ဟု ဆိုလို၏။
“ကောင်းပါပြီ၊ ငါ အခုပဲ လွှဲပေးလိုက်ပါ့မယ်”
ဝစ်လ်အက်က လက်တော့ယူထုတ်ကာ ဒေါ်လာ၅.၅ဘီလီယံအား ထန်ရှုအကောင့်ထဲသို့ လွှဲပေးလိုက်သည်။
ပျော်ရွှင်စွာ ပြုံးရင်း အိန်ဂျယ်လိုအား အမဲလိုက်ချိန်တွင် သူက ဒီလိုကြီးမားသောရိတ်သိမ်းမှုတစ်ခု ရရှိလိမ့်မည်ဟု ထန်ရှုက မမျှော်လင့်ထားပေ။ ဤနှစ်ယောက်ထံမှ ညှစ်ထုတ်ခဲ့သော ပမာဏက ဒေါ်လာခုနှစ်ဘီလီယံနီးပါးရှိသည်။
“လုယက်ပြီး ပိုက်ဆံရှာရတာ၊ ဓားပြတစ်ယောက်လုပ်ရတာက တကယ်ကောင်းတာပဲ။ ပိုက်ဆံရှာဖို့ ဒီလောက်တောင် လွယ်တာ။ ဒါနဲ့၊ ထန်ကွမ်၊ အိန်ဂျယ်လိုနဲ့သူ့လူတွေကို ပို့ပေးလိုက်တော့။ ဒီကနေ သူတို့တွေ သင်ခန်းစာတစ်ခုရဖို့ ငါ မျှော်လင့်တယ်၊ နောက်ဘဝမှာ အခြားသူတွေကို ဘယ်တော့မှ မယုံကြည်ဘူးပေါ့” ထန်ရှုက ဆိုဖာပေါ်တွင် ပြန်ထိုင်ပြီး ခြေတစ်ဖက်ချိတ်လျက် ပြုံးကာ အမိန့်ပေးလိုက်သည်။
“သိပါပြီ”
လက်တော့အား သိုလှောင်လက်စွပ်ထဲသို့ ပြန်သိမ်းပြီးနောက် မိုအားဝူက အိန်ဂျယ်လိုဒိုလန်၏အရှေ့၌ ထွက်ပေါ်လာသည်။ သူက ထိုအကောင်အား မတိုက်ခိုက်ခင် ဓားအလင်းနှစ်ခုက တိုက်ရိုက်လက်သွားပြီး လူအိုကြီးနှစ်ယောက်အား ခုတ်ပိုင်းလိုက်၏။ ထို့နောက် သူက အင်မော်တယ်ဓားအား ထိန်းချုပ်ကာ အိန်ဂျယ်လိုထံ ထိုးဖောက်လိုက်သည်။
“ဖူး…”
အိန်ဂျယ်လိုဒိုလန်က သွေးတစ်ပွက်အန်ကာ သူ့ရင်ဘက်အား ဖုံးလိုက်သည်။ မယုံကြည်နိုင်မှုတို့က သူ့မျက်လုံးများထဲ၌ ပြသသွားပြီး သူက အော်လိုက်၏ “ဘာကြောင့်လဲ။ မင်းက ငါ့ပိုက်ဆံကို ယူခဲ့တာပဲ။ ဘာလို့ ငါ့ကို သတ်သေးတာလဲ”
“ငါ မင်းကို မသတ်ဘူးလို့ပဲ ပြောခဲ့တာ၊ ဒါပေမယ့် ငါ့လူတွေ မသတ်ဘူးလို့ ငါ ဘယ်တော့မှ မပြောခဲ့ဘူး”ထန်ရှုက လှောင်ပြောင်လျက် ပြန်ဖြေ၏ “မင်းတို့ရဲ့ဒိုလန်အိမ်က ပျက်ဆီးဖို့ သတ်မှတ်ထားပြီးသား၊ အက်စ်အိုအီးကုမ္ပဏီရော၊ မင်းတို့အိမ်တော်လက်အောက်မှာရှိတဲ့ကျန်တဲ့အဖွဲ့တွေကိုပါ ငါ သေချာပေါက် ဖယ်ရှားပစ်မယ်”
“ဒါပေမယ့် ဘာလို့လဲ” ခန္ဓာကိုယ်က တုန်ယင်သွားလျက် အိန်ဂျယ်လိုက အော်လိုက်သည်၊ မူးဝေမှုက သူ့အား ဝန်းရံသွားသည်။
“ဟမ့်၊ မင်းက ဒိုလန်အိမ်တော်ရဲ့အကောင်းဆုံးပါရမီရှင်လို့ ဆိုပေမယ့် မင်းရဲ့အဆင့်အတန်းက နိမ့်ကျလွန်းတယ်၊ ဒါကြောင့် မင်းက ဘာတစ်ခုမှ သိဖို့ အရည်အချင်းမမှီဘူး”ထန်ရှုက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်။
ဘမ်း…
အိန်ဂျယ်လိုက ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး မိနစ်ဝက်အတွင်း သေဆုံးသွားလေ၏။
ကြောက်ရွံ့မှုက ဝစ်လ်အက်၏မျက်လုံးများထဲ၌ သိသာနေလေသည်၊ ထန်ရှုက လျှပ်တစ်ပြက်အတွင်း ရန်လိုသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပိုက်ဆံအကြောင်းပြောသောအခါတွင် သူက တစ်ချိန်လုံး ပြုံးနေသည်၊ သို့သော် ယခု သူက အိန်ဂျယ်လိုဒိုလန်အား တိုက်ရိုက်သတ်ဖြတ်ခဲ့၏။ ထန်ရှုက သူ့လူများအား သူ့အား သတ်ဖြတ်ရန် အမိန့်ပေးခဲ့လျှင်…သူက…
ဒူးထောက်လျက် ဝစ်လ်အက်က ကြောက်ရွံ့မှုအပြည့်မျက်နှာနှင့် ပြောလိုက်သည် “ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ၊ မစ္စတာထန်။ ဘာပဲပြောပြော ငါတို့ကြားမှာ ဘာအမုန်းတရားတွေမှ မရှိဘူးလေ။ အရင်က ငါ မိုအားဝူနှင့်ကူးဝါကိုတို့ကို ခြိမ်းခြောက်ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒါက ငါ သူတို့ရဲ့စွမ်းရည်ကို တန်ဖိုးထားလို့ပါပဲ။ မင်း ငါ့ကို ခွင့်လွှတ်သရွေ့ ငါ ပြန်ရောက်တာနဲ့ နောက်ထပ်၅.၅ဘီလီယံကို ပေးပါ့မယ်။ ကျေးဇူးပြုပြီး ငါ့ကို သုံးရက်ပဲ အချိန်ပေးပါ။ သုံးရက်အတွင်းမှာ ပိုက်ဆံက မင်းအကောင့်ထဲ သေချာပေါက်ရောက်ရှိလာလိမ့်မယ်”
တောင်းပန်နေသောဝစ်လ်အက်အား ကြည့်ရင်း ထန်ရှုက ပြုံးလိုက်သည် “ကြောက်ရွံ့ဖို့မလိုပါဘူး၊ ဝစ်လ်။ ငါ မင်းကို မသတ်ဘူးလို့ ပြောခဲ့တာပဲ။ ဒါ့အပြင် ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ ငါ သိပါတယ်။ မင်း ငါ့ကို ၅.၅ဘီလီယံ ပေးပြီးပြီပဲ၊ ဒါကြောင့် မင်းအသက်ကို စိတ်ချလိုက်တော့။ ပြီးတော့ နောက်ထပ်၅.၅ဘီလီယံကို ပေးဖို့ မလိုပါဘူး”
ထန်ရှုက နောက်ထပ်ပိုက်ဆံမတောင်းသည့်အတွက် ဝစ်လ်အက်က ပိုတောင်ထိတ်လန့်သွား၏။ သူ့နှလုံးသားက ရေခဲမြစ်တစ်ခုထဲသို့ ကျရောက်သွားသလို ခံစားရပြီး သူက ခါးသီးစွာ ပြုံးလိုက်သည် “ဘာ…ဒါဆို မင်း ဘာလိုချင်တာလဲ၊ မစ္စတာထန်”
ထန်ရှုက မေးစေ့ပွတ်လျက် ပြောလိုက်သည် “ငါ နားကြားမမှားရင် မင်းက အိန်ဂျယ်လိုနဲ့ အာဖရိကက စိန်တွင်းတစ်ခုနဲ့ ပတ်သက်ပြီး အပေးအယူလုပ်ခဲ့တာမလား”
“ဟုတ်ပါတယ်၊ ဒိုလန်အိမ်တော်က အာဖရိကက စိန်တွင်းတစ်ခုကို လုယက်ခဲ့တယ်၊ အဲဒါကို မကြာသေးခင်ကမှ ရှာတွေ့ခဲ့တာ”ဝစ်လ်အက်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။
ထန်ရှုက မျက်လုံးတို့ လင်းလက်သွားပြီး သူက ပြုံးကာ ပြောလိုက်၏ “ဒိုလန်အိမ်က အဲဒီစိန်တွင်းကို လုယက်ခဲ့တယ်၊ ဒါဆို ဘာလို့ ငါတို့က သူတို့ဆီကနေ မလုယက်နိုင်ရမှာလဲ။ မင်းက ငါ့စွမ်းအားကို မြင်တွေ့ပြီးပြီပဲ၊ ငါ့ရဲ့ဒီလူတွေက ငါ့မှာရှိတဲ့သူများစွာထဲမှ အနည်းအကျဉ်းလေးပဲ။ ငါ လိုချင်ရင် ပိုအားကောင်းတဲ့ကျင့်ကြံသူတစ်ဖွဲ့ကို စေလွှတ်နိုင်တယ်”
ဝစ်လ်အက်က မှင်တက်သွားလျက် အစ်အောက်မေးကြည့်လိုက်သည် “မစ္စတာထန်…မင်း ဆိုလိုတာက ဒိုလန်အိမ်ရဲ့အဲဒီစိန်တွင်းကို လုယက်ဖို့ မင်းက ငါတို့နဲ့ ပူးပေါင်းမှာလား။ ဒါဆို နောက်ကျရင် အကျိုးအမြတ်ကို ဘယ်လို ခွဲဝေမှာလဲ”
ထန်ရှုက လက်ငါးချောင်းထောင်ပြလျက် ပေါ့ပေါ့ပါးပါးပြောလိုက်သည် “ငါးဆယ်-ငါးဆယ်”
ဝစ်လ်အက်၏မျက်လုံးများက လင်းလက်သွားပြီး သူက ချက်ချင်းအော်ပြောလိုက်သည် “သုံးဆယ်-ခုနှစ်ဆယ်။ မင်း ခုနှစ်ဆယ်ရာခိုင်နှုန်း ယူပါ၊ အက်အိမ်တော်က သုံးဆယ်ရာခိုင်နှုန်းယူပါ့မယ်။ မင်း ဘယ်လိုထင်လဲ”
“ငါပြောခဲ့သလိုပဲ၊ ငါးဆယ်ငါးဆယ်ပဲ”ထန်ရှုက ပြုံးလိုက်သည်။
“ဒါက …ကောင်းပါပြီ၊ ငါ သဘောတူပါတယ်”
ပိုရလေ၊ ဝစ်လ်အက်က ကြိုက်လေပင်။ သူ၏အသက်ဘေးကင်းမှုနှင့်ပတ်သက်၍ သူက စိုးရိမ်နေခြင်းကြောင့်သာ။
“ကောင်းပြီလေ၊ မင်းရဲ့လူတွေ ခေါ်ပြီး ငါ့သင်္ဘောပေါ်ကို တက်လာပါ”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ငါ လက်ရှိပြဿနာကို ဖြေရှင်းပြီးရင် မင်းဆီ လာတွေ့မယ်”
“ကောင်းပါပြီ”
ထန်ရှုက သူ့အား လှည့်ကွက်တစ်ခုခုပြုလုပ်မည်ကို ဝစ်လ်အက်က မကြောက်ပေ၊ ထိုကဲ့သို့သောနည်းလမ်းများအား မလိုအပ်သောကြောင့်ပင်။ ထန်ရှုသာ လိုချင်လျှင် သူ့အား တိုက်ရိုက်သတ်ဖြတ်နိုင်သည်မဟုတ်လော။
ကုန်းပတ်ပေါ်တွင် ဝစ်လ်အက်နှင့်သူ့လူလေးယောက်က သင်္ဘောအခန်းငယ်ထဲသို့ ဝင်သွားသည်ကို ထန်ရှုက ကြည့်နေလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက အိန်ဂျယ်လိုဒိုလန်၏အလောင်းထံ ဖြည်းဖြည်းချင်း အကြည့်ပြောင်းကာ သူ့ခါးအား ခြေဖျားနှင့် ညင်သာစွာ ကန်ထည့်လိုက်၏။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည် “မင်းရဲ့အသက်၊ ဒီမျိုးရိုးဗီဇစစ်သည်တော်တွေရဲ့အသက်နဲ့ ဒေါ်လာတစ်ဘီလီယံတွေက အတိုးပဲ။ နောက်ကျရင် မင်းရဲ့မိသားစုဆီ အဓိကအကြွေးကို ငါ လာတောင်းမယ်၊ ဒါကြောင့် မင်းတို့ဒိုလန်အိမ်ရဲ့လူတိုင်း ကောင်းကောင်းမွန်မွန်အသက်ရှင်နေပါစေလို့ ငါ မျှော်လင့်တယ်”
ခဏကြာပြီးနောက် သူက သင်္ဘောသို့ ပြန်လာ၏။ သင်္ဘောက ဖြည်းဖြည်းချင်း ထွက်ခွာလာပြီး ရေမိုင်ငါးမိုင်ကျော်အကွာသို့ ရောက်ရှိပြီးနောက် ထိုဇိမ်ခံသင်္ဘောနှစ်စီးက ပေါက်ကွဲသွားသည်။
အခန်းထဲတွင် ထိုင်ရင်း ဝစ်လ်အက်က ပေါက်ကွဲမှုမြင်ကွင်းအား ကြည့်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူ၏ဆုံးရှုံးမှုက ကြီးမားလွန်းသည်- လွန်ခဲ့သောငါးနှစ်အတွင်း သူ ရရှိခဲ့သည်ထက် ပိုသဖြင့် သူ့နှလုံးသားက အကြိမ်အနည်းငယ် လှုပ်ရွသွား၏။ ထို့ပြင် ဤတစ်ကြိမ် သူက အသက်ရှင်လျက် ပြန်နိုင်ခဲ့လျှင်ပင် ကြီးမားသောဒုက္ခပြဿနာအချို့ ရင်ဆိုင်ရန် မျှော်လင့်ထားနိုင်သည်။
“ဂိုဏ်းချုပ်…”မိုအားဝူက ထန်ရှုဘေးသို့ လျင်မြန်စွာ ရောက်လာပြီး တီးတိုးပြောလိုက်သည် “ငါတို့ အဲဒီမော်ဒယ်လေးယောက်နဲ့ လူအချို့ကို လွှတ်ပေးပြီးပြီ။ သူတို့ကို ကနူးလှေငယ်လေးစီးအပေါ် တင်ပေးလိုက်တယ်၊ ဒါပေမယ့် သူတို့အသက်ရှင်ဖို့ အခွင့်အရေးက သုညပဲ။ ဒီနေရာမှာ မိနစ်နှစ်ဆယ်ပြည့်တိုင်း မုန်တိုင်းက ရိုက်ခတ်နေတာ။ ပြီးတော့ ငါးမန်းတွေလဲ အများကြီးရှိတယ်၊ ဒါကြောင့် သူတို့ သေမှာ သေချာတယ်”
“သူတို့သေရင်လဲ သေပါစေပေါ့”ထန်ရှုက စိတ်မဝင်စားစွာ ပြန်ပြောသည် “အဲဒီအမျိုးသမီးတွေက ကောင်းတဲ့ဟာတွေ မဟုတ်ဘူး။ သူတို့သေတာက ကပ်ဘေးအချို့ကိုတောင် ဖယ်ရှားပေးလိုက်အုံးမှာ”
မိုအားဝူက ဝစ်လ်အက်အား ကြည့်ကာ မေးလိုက်သည် “ဂိုဏ်းချုပ်၊ ဒီနေ့ ငါတို့ လုပ်ခဲ့တာတွေကို ဒီကောင်တွေက သတင်းဖြန့်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါက ငါတို့အတွက် ဒုက္ခများမှာမလား”
ထန်ရှုက အမူအရာအကြီးအကျယ်ပြောင်းလဲသွားသောဝစ်လ်အက်အား တစ်ချက်ကြည့်ကာ ပြုံးကာ မေး၏ “မင်းတို့ လုပ်မှာလား”
ဝစ်လ်အက်က ဘယ်လက်မြှောက်ပြလျက် လေးနက်စွာ ပြောလိုက်သည် “ဒီနေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ငါ မေ့ထားပြီးပြီ။ ငါတို့တွေ ပင်လယ်မှာ မုန်တိုင်းမိပြီး ငါ့လူတွေ အမြောက်အများသေခဲ့တယ်ဆိုတာပဲ သတိရတော့တယ်။ ငါနဲ့ငါ့လူလေးယောက်ပဲ အသက်ရှင်ကျန်တယ်၊ ငါတို့တွေ မစ္စတာထန်နဲ့ တွေ့တာ အရမ်းကံကောင်းသွားတယ်၊ သူက ငါတို့ကို ကယ်ခဲ့တယ်”
“မင်းက အရမ်းဉာဏ်ကောင်းတာပဲ၊ မစ္စတာအက်”ထန်ရှုက ချီးကျူးလိုက်သည် “ငါက ဉာဏ်ကောင်းတဲ့သူတွေနဲ့ အလုပ်လုပ်ရတာကို သဘောကျတယ်။ ဒါကြောင့် အနာဂတ်မှာ ငါတို့တွေ မိတ်ဆွေဖြစ်နိုင်ဖို့ ငါ မျှော်လင့်တယ်”
“ဒါ သေချာတာပေါ့”ဝစ်လ်အက်က ရိုသေလေးစားစွာ ပြန်ဖြေသည်။
“မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ၊ ငါ့မှာရှိတဲ့စွမ်းအားက ဘယ်လောက်ထိတ်လန့်တုန်လှုပ်စရာကောင်းသလဲဆိုတာကို မင်း သိမှာပါ”ထန်ရှုက ပြုံးကာ ဆက်ပြော၏ “ငါက မင်းရဲ့မိသားစုကို သုတ်သင်ချင်ရင် ငါ့လူတစ်စုကို လွှတ်ပြီး မင်းအိမ်မှာရှိတဲ့ သက်ရှိတိုင်းကို သတ်ခိုင်းလိုက်ရုံပဲ။ ထို့ကြောင့် ဘာက ပြောသင့်တယ်၊ ဘာက မပြောသင့်ဘူးဆိုတာ မင်း သိရမယ်”
“ငါ နားလည်ပါတယ်။ ကျေးဇူးပြုပြီး စိတ်ချပါ”ဝစ်လ်အက်က လေးစားစွာ ပြောလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆို အခု စိန်တွင်းနဲ့ ပတ်သက်ပြီး ပြောကြတာပေါ့”ထန်ရှုက ပျော်ရွှင်သောမျက်နှာနှင့် ပြော၏ “စိန်တွင်းကို စောင့်ကြပ်ဖို့ ဒိုလန်အိမ်တော်က လက်ရွေးစင်စစ်သားအမြောက်အများ လွှတ်ထားမှာ သေချာတယ်။ ဒါပေမယ့် ငါ သိချင်တာက ဒီစိန်တွင်းကို လုယက်ဖို့ မင်းမှာ အိုင်ဒီယာကောင်းကောင်းတစ်ခုများရှိသလား”
မျက်လုံးက အလင်းတို့ လက်သွားလျက် ဝစ်လ်အက်က နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မင်းကိုယ်တိုင်လုပ်ဆောင်ဖို့ မလိုပါဘူး၊ မစ္စတာထန်။ တစ်ယောက်ယောက်ကိုပဲ ကူညီဖို့ လွှတ်လိုက်ပါ၊ အဲဒီစိန်တွင်းကို အမြန်ဆုံး ရလာမယ်ဆိုတာ ငါ အာမခံတယ်”
***