← Chapters

ရွေးချယ်စရာမရှိ

Vol. 79 Ch. 1098

ရွေးချယ်စရာမရှိ

Vol. 79 Ch. 1098

လှိုင်းများက ပင်လယ်မျက်နှာပြင်တစ်လျှောက် လိမ့်တက်နေပြီး စပိဘုတ်တစ်စင်းက စိုင်းဖန်သို့ လျင်မြန်စွာ ရွေ့လျားသွား၏။ စပိဘုတ်မှ မီတာရာအနည်းငယ်အကွာတွင် သင်္ဘောတစ်စင်းရှိပြီး ထန်ရှုက ကုန်းပတ်ပေါ်တွင် လက်နောက်ပစ်ကာ ရပ်ရင်း စပိဘုတ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေလေသည်။

“သင် တကယ်ပဲ စိတ်ချတာလား၊ ဂိုဏ်းချုပ်”

မိုအားဝူက ဝစ်လ်အက်အကြောင်း ကောင်းကောင်း သိသည်။ ထိုအကောင်က စကားတည်လိမ့်မည်ဟု သူ ဘယ်တော့မှ မယုံကြည်ပေ။

ထန်ရှုက အပြုံးတင်ကာ မေးလိုက်သည် “ငါ ဘာလို့ နတ်ဆိုးအိုကြီးကို ဝစ်လ်အက်နဲ့ ထည့်ပေးလိုက်တယ်ဆိုတာ မင်း သိလား”

“ဂိုဏ်းချုပ်ကို သူ့ကို နဂါးကိုးကောင်ကျွန်းဆီ မခေါ်သွားချင်လို့မဟုတ်လား”မိုအားဝူက မေးလိုက်သည်။

“ဒါက အကြောင်းပြချက်တစ်ခုပဲ”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြန်ဖြေသည် “ဆန်းကြယ်နတ်ဆိုးအိုကြီးက ငါတို့လူတွေထဲကတစ်ယောက် မဟုတ်သေးဘူး။ သူက ငါတို့အတွက် ရိုးရိုးသားသားနဲ့ အလုပ်လုပ်ရင်တောင် သူ့ကို အချိန်အကြာကြီး စမ်းသပ်ရအုံးမှာ။ နဂါးကိုးကောင်ကျွန်းက ငါတို့ရဲ့ဌာနချုပ်၊ ထန်ဂိုဏ်းရဲ့မြင့်မြတ်နယ်မြေပဲ။ ငါတို့က ကမ္ဘာမှာ အားအကောင်းဆုံးဂိုဏ်းမဖြစ်လာခင် အလွယ်တကူ ထုတ်ပြလို့မရဘူး”

“ဒါဆို အခြားအကြောင်းပြချက်က…”မိုအားဝူက ဆက်မေး၏။

“ငါတို့က အားကောင်းတယ်ဆိုတာ ဆန်းကြယ်နတ်ဆိုးအိုကြီးက သိတယ်။ ဒါ့အပြင် သူ့အသက်က ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ၊ ဒါကြောင့် သူ ငါ့ကို အလွယ်တကူ သစ္စာဖောက်ရဲမှာမဟုတ်ဘူး”ထန်ရှုက ပြောလိုက်သည် “ငါ သူ့ကို ဝစ်လ်အက်နဲ့ ထွက်သွားခိုင်းတယ်ဆိုတာက တစ်ဖက်မှာ သူ့ကို ထိန်းချုပ်ဖို့၊ အခြားတစ်ဖက်မှာ သူ့ကို ဝစ်လ်အက်ကို ထိန်းချုပ်စေဖို့။ ငါ့ခွန်အားက ဒီအဖိုးကြီးကို ဟန့်တားနိုင်တယ်၊ ဒါကြောင့် သူက ငါ့လက်အောက်ခံဖြစ်လာပေမယ့် သူ့ကို သစ္စာရှိအောင် လုပ်ဖို့ဆိုတာ အရမ်းခက်ခဲတယ်။ ဒါ့အပြင် သူက ပိုသန်မာလာချင်တယ်ဆိုတာ ငါ သိတယ်။ ငါ သူ့ကို ဒီအခွင့်အရေးပေးနိုင်တယ်။ ခြိမ်းခြောက်ခြင်းနဲ့သွေးဆောင်ခြင်းတွေ အသုံးပြုတာက သူ့ကို ထိန်းချုပ်ရတာ ငါ့အတွက် ပိုလွယ်ကူစေလိမ့်မယ်”

“အဲဒီနတ်ဆိုးအိုကြီးက ဂိုဏ်းချုပ်လက်ကနေ အလွယ်တကူ လွတ်မြောက်ဖို့ဆိုတာ ငါ့အတွက်တော့ မဖြစ်နိုင်ပါဘူး”မိုအားဝူက လိုရင်းအား ရုတ်တရက် ဖမ်းမိကာ ပြုံးလိုက်သည်။

“ဒီကမ္ဘာမှာ အကြွင်းမဲ့ဆိုတာ ဘာမှမရှိဘူး၊ အားဝူ”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါတို့တရုတ်အနောက်ပိုင်းမှာ ရှိစဉ်တုန်းက အဲဒီရွှေချပ်ဝတ်ဖုတ်ကောင်ကို မမေ့နဲ့။ သူ့အပေါ်မှာလဲ ချိတ်ပိတ်စည်း ဖော်ထုတ်ခဲ့ပေမယ့် အဆုံးမှာတော့ သူက ငါ့ကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့တာပဲလေ”

မိုအားဝူ၏မျက်နှာက အနည်းငယ် လေးနက်သွားသည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “လူအိုကြီးတွေက အသက်ပိုရှည်လေလေ၊ သူတို့က တစ်ကိုယ်ကောင်းပိုဆန်လာလေပဲ။ ဂိုဏ်းချုပ် ဘာဆိုလိုသလဲဆိုတာ ငါ နားလည်ပါတယ်”

“အခု စိုင်းဖန်တစ်ခုလုံးက ငါတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ၊ ဒါကြောင့် ဒီနေရာက ကိစ္စတွေကို ငါတို့ ခဏထားလို့ရတယ်”ထန်ရှုက ပြုံးလိုက်သည် “နဂါးကိုးကောင်ကျွန်းကို ပြန်ကြရအောင်၊ အဲနေရာက ကိစ္စတွေကို ဖြေရှင်းပြီးရင် ငါ တရုတ်ကို ပြန်မယ်”

****

စပိဘုတ်က လှိုင်းများအား လျင်မြန်စွာ ထိုးဖောက်လျက် စိုင်းဖန်သို့ ရွက်လွှင့်နေသည်။ ထိုအချိန်တွင် ထူးဆန်းသောအမူအရာတစ်ခုက ဝစ်လ်အက်၏မျက်နှာပေါ်တွင် သိသာနေလေ၏။ သူက ဒဏ်ရာအပြင်းအထန်ရထားသောသူ့လူလေးယောက်အား တစ်ချက်ကလေးပင် မကြည့်ဘဲ နတ်ဆိုးအိုကြီးကိုသာ အချိန်အတော်ကြား စိုက်ကြည့်နေခဲ့၏။

“ဒါ မင်းအတွက် လုံလောက်ပြီလား၊ ကောင်လေး”

ဆန်းကြယ်နတ်ဆိုးအိုကြီးက စီးကရက်တစ်လိပ် ယူထုတ်ကာ မီးညှိပြီး အဖွာအနည်းငယ် ရှိုက်လိုက်သည်၊ ထို့နောက် သူက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။

“ငါက မစ္စတာထန်ရဲ့ပါတနာဖြစ်လာပြီးဆိုတော့ ငါတို့က မိတ်တွေဖြစ်ပြီလို့ ငါ ယုံကြည်တယ်၊ ဆန်းကြယ်နတ်ဆိုးအိုကြီး”ဝစ်လ်အက်က ပြုံးလိုက်သည် “ဒါပေမယ့် ငါ တကယ် သိချင်တယ်။ အိန်ဂျယ်လိုက ခင်ဗျားကို မိတ်ဆွေတစ်ယောက်လို့ တွေးထားတာ။ ခင်ဗျားလာမယ်ဆိုလို့တောင် သူက ပျော်နေတာ၊ ဒါပေမယ့် ဘာလို့ ခင်ဗျားက သူ့ကို သစ္စာဖောက်ဖို့ ရွေးချယ်လိုက်ရတာလဲ”

ဆန်းကြယ်နတ်ဆိုးအိုကြီးက မျက်လုံးတို့ လိမ့်လျက် ပြောလိုက်သည် “ကျွမ်းကျင်သူတစ်ယောက်နောက်လိုက်တာ ဘာများမှားလို့လဲ။ ထန်ရှုက အားကောင်းတဲ့လူတစ်ယောက်ပဲ၊ သူ့နောက်မှာ ကြီးမားတဲ့စွမ်းအားတစ်ခုရှိဖို့များတယ်။ ဒါကြောင့် သူ့အတွက် အလုပ်လုပ်ပေးဖို့ သူက အရည်အချင်းပြည့်မှီတယ်။ ပြီးတော့ ငါ မင်းကို အချက်တစ်ခုကို အမှန်အကန်ပြောပြမယ်- အိန်ဂျယ်လိုဒိုလန်က ဘယ်တော့မှ ငါ့ရဲ့မိတ်ဆွေ မဟုတ်ဘူး။ သူက ငါ့ကို အဲလို ဘယ်တော့မှ မသတ်မှတ်ခဲ့ဘူး၊ ငါတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိရုံပဲ”

ဝစ်လ်အက်က ခေါင်းခါယမ်းလျက် ပြောလိုက်သည် “ကျုပ်ဆိုလိုတာ အဲဒါမဟုတ်ဘူး။ ခင်ဗျားက သူ့အတွက် မိတ်ဆွေတစ်ယောက်လို မရိုးရှင်းဘူး။ ခင်ဗျားတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုအချို့ရှိတယ်လို့ အိန်ဂျယ်လိုဆီကနေ ကျုပ် ကြားခဲ့တယ်”

အေးစက်စက်အလင်းတစ်ခုက ဆန်းကြယ်နတ်ဆိုးအိုကြီး၏မျက်လုံးများထဲ၌ လက်သွားပြီး သူက အေးစက်စွာ ပြောလိုက်သည် “ဒါက အပြင်လူတွေအတွက် လျှို့ဝှက်ချက်တစ်ခုပဲ၊ ဒါပေမယ့် အခုတော့ ငါ့အတွက် လျှို့ဝှက်ချက်မဟုတ်တော့ဘူး။ ငါက ဒိုလန်အိမ်တော်ရဲ့လျှို့ဝှက်စမ်းသပ်ခန်းမှာ မျိုးရိုးဗီဇစစ်သည်တော်တွေကို သုတေသနပြုဖို့ အများဆုံးလုပ်ဆောင်ပေးခဲ့တဲ့သူပဲ။ ဒါ့အပြင် ငါက ဖော်မြူလာကိုလဲ ကျွမ်းကျင်တယ်”

သူ၏မျက်နှာအရိပ်အကဲက ပြောင်းလဲသွားလျက် ဝစ်လ်အက်က ဆန်းကြယ်နတ်ဆိုးအိုကြီးက သတိနှင့် စိုက်ကြည့်လိုက်သည် “ခင်ဗျား ဒါ ဘာဆိုလိုတာလဲ၊ ကျုပ်က မစ္စတာထန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ မမေ့နဲ့နော်။ ခင်ဗျားက ကျုပ်ကို လာရှုပ်ရဲရင် သူက အရမ်းဒေါသထွက်သွားလိမ့်မယ်”

တုံ့ပြန်သည့်အနေနှင့် ဆန်းကြယ်နတ်ဆိုးအိုကြီးက သူ့အား သာမန်ကာလျှံကာ တစ်ချက်သာ ကြည့်လိုက်ပြီး အမှုမထားစွာ ပြောလိုက်သည် “မင်းက ကောင်းတဲ့ကောင်မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပါ၊ ကောင်လေး။ ဒါပေမယ့် မင်းရဲ့ခေါင်းတစ်ခုလုံးက ဆိုးဝါးတဲ့အတွေးတွေနဲ့ ပြည့်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါ မင်းကို သတ်ချင်တာကြောင့် ငါ ပြောရဲခဲ့တာပေါ့။ ပြီးတော့ မင်းက ငါ့ကို ထန်ရှုနဲ့ ခြိမ်းခြောက်ခဲ့တယ်လေ၊ ဒါက ငါ့ကို အနည်းငယ် ခံရခက်စေတယ်။ ငါ့ကို ပြော၊ ငါ မင်းကို သတ်သင့်လား ဒါမှမဟုတ် မသတ်သင့်ဘူးလား”

ဝစ်လ်အက်က စိတ်ထဲ၌ တုန်လှုပ်သွားသည်။ သူ့လူလေးယောက်က ဒဏ်ရာမရထားဘူးဆိုလျှင် သူက ယုံကြည်ချက်ရှိသေးသည်။ သို့သော် သူတို့က ဆိုးဆိုးဝါးဝါးဒဏ်ရာရထားပြီးး သူကိုယ်တိုင်က ဆန်းကြယ်နတ်ဆိုးအိုကြီးအတွက် လုံးဝပြိုင်ဘက်မဟုတ်ပေ။

ငါ ဘာလုပ်ရမလဲ။ သေမှာကို ထိုင်စောင့်နေရမှာလား။

သူက ကျားပါးစပ်မှ လွတ်လာပြီး ဝံပုလွေအသိုက်တစ်ခုထဲသို့ ကျရောက်သွားသလို ရုတ်တရက် ခံစားမိလာသည်။

“ခင်ဗျားက ထန်ရှုအပေါ် သစ္စဖောက်တဲ့အတွေးအချို့ ရှိတာလား၊ နတ်ဆိုးအိုကြီး”ဝစ်လ်အက်က သတိထားလျက် မေးလိုက်သည်။ သူက အလောင်းအစားလုပ်ရန် အသင့်ပြင်ထား၏။

“ဟမ့်၊ သစ္စာရှိမှုလား”ဆန်းကြယ်နတ်ဆိုးအိုကြီးက သရော်လျက် ပြောလိုက်သည် “ထန်ရှုရဲ့စွမ်းအားက အရမ်းသန်မာပြီး သူက ငါ့ကို ဉီးညွတ်အောင် ဖိအားပေးနိုင်တယ်ဆိုတာ ငါ ဝန်ခံတယ်။ ဒါပေမယ့် သူက ငါ့ကို သူ့အပေါ် သစ္စာရှိစေချင်တယ်ဆိုရင် ပိုတန်ဖိုးရှိတဲ့အရာတွေနဲ့ လာရမယ်။ သူက ငါ့ကို အကျိုးအမြတ်အချို့ပေးခဲ့တယ်ဆိုတာ ငါ ဝန်ခံတယ်။ ဒါကြောင့်ပဲ ငါ သူ့ကို သစ္စာခံခဲ့တာ”

“ဒါဆို ခင်ဗျားက ခင်ဗျားရဲ့ကိုယ်ပိုင်အကျိုးအမြတ်အတွက် သစ္စာရှိတာပေါ့။ ဒါဆို ကျုပ်နဲ့ ဘယ်လိုအပေးအယူလုပ်ချင်လဲ”

“မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ၊ မင်းက ကမ္ဘာတစ်ဝှမ်းက လူတွေကို စုဆောင်းပြီး မင်းရဲ့ကိုယ်ပိုင်အင်အားစုကို တိတ်တဆိတ် တည်ဆောက်နေတာ အံ့ဩစရာမရှိဘူးပဲ”ဆန်းကြယ်နတ်ဆိုးအိုကြီးက လက်မထောင်ကာ ချီးကျုးလိုက်သည် “မင်း သိလား၊ မင်းက ငါ့ကို အရမ်းသိချင်စိတ်ဖြစ်စေတယ်။ မင်းနောက်ကအဖွဲ့က ဘယ်လောက်အားကောင်းတာလဲ”

“အဲဒါက တော်တော်များများ စိတ်ကူးယဉ်လို့မရနိုင်တဲ့အရာပဲ”ဝစ်လ်အက်က ပြန်ပြောသည် “ကျုပ်မှာ ခင်ဗျားလို စွမ်းအားရှင်တွေပဲ မရှိတာ”

“ဒါကို တွေးကြည့်ပေါ့ကွာ၊ ငါ မင်းကို ပြောမယ်။ ငါ့လိုသန်မာတဲ့ကျွမ်းကျင်သူတစ်ယောက်က အခြားသူတွေကို သစ္စာခံဖို့ ဘယ်လိုလုပ်ဆန္ဒရှိမှာလဲ”ဆန်းကြယ်နတ်ဆိုးအိုကြီးက သရော်လျက် ပြန်ပြောသည် “ပိုက်ဆံက ဘာမှမဟုတ်ဘူး၊ ငါ့လို လူတွေအတွက် အမှိုက်ပဲ။ အခွင့်အရေးတွေက ငါတို့ကို ဖြားယောင်းနိုင်ပေမယ့် ငါတို့ကို ပိုသန်မာစေရင် ပိုကောင်းတယ်။ အလှလေးတွေအတွက်ကတော့…ဟီးဟီး…ဒီလူအိုကြီးက ရာစုနှစ်အနည်းငယ် အသက်ရှင်လာခဲ့တာ၊ ဘယ်လိုအလှကိုမှ ငါ မမြင်ဖူးတာ ရှိလို့လဲ။ အလှလေးတွေနဲ့ ငါ့ကို ဆွဲဆောင်နိုင်မယ်လို့ မင်း ထင်တာလား”

ဝစ်လ်အက်၏မျက်နှာက အနည်းငယ် အရုပ်ဆိုးသွားသည်။ သူက အချိန်အတော်ကြာ နှုတ်ဆိတ်သွားခဲ့ပြီးနောက် နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်လိုအပ်ချက်ရှိတယ်ဆိုတာ ကျုပ် သိပါတယ်။ ခင်ဗျား ဘာလိုချင်သလဲဆိုတာ ကျုပ်ကို ပြောကြည့်ပါ”

ဆန်းကြယ်နတ်ဆိုးအိုကြီးက မေးငေါ့လျက် စောင်းငဲ့ကြည့်သည်။ သူက ဝစ်လ်အက်အား စေ့စေ့စပ်စပ်စစ်ဆေးကာ လက်မထောင်လျက် ချီးကျူးလိုက်၏ “မင်းက ငါ မြင်ဖူးသမျှထဲမှာ ရည်မှန်းချက်အကြီးဆုံးလူငယ်ပဲ။ မင်း မှန်ပါတယ်၊ ဒီကမ္ဘာမှာ ငါ လိုချင်တဲ့အရာတွေ ရှိတယ်၊ ပြီးတော့ မင်းက လိုချင်ရင် ငါ မင်းကို အဲဒီမျိုးရိုးဗီဇပြောင်းလဲပစ္စည်းတွေ ရောင်းပေးနိုင်တယ်”

“ငါ ဖော်မြူလာကို လိုချင်တယ်”ဝစ်လ်အက်က နက်ရှိုင်းသောအသံနှင့် ပြန်ပြောသည်။

“ဒါ ဖြစ်နိုင်မယ်လို့ မင်း ထင်လား”ဆန်းကြယ်နတ်ဆိုးအိုကြီးက နှာခေါင်းရှုံ့လိုက်သည်။

ဝစ်လ်အက်၏နှလုံးသားက တန့်သွားပြီး သူက အနည်းငယ် ခိုကိုးရာမဲ့ဖြစ်သွားသည်။ သူ သိ၏၊ သူက ပိုတန်ဖိုးရှိသောတစ်စုံတစ်ခု မပေးနိုင်လျှင် ဆန်းကြယ်နတ်ဆိုးအိုကြီးက သူ့အား ဘယ်တော့မှ ရောင်းမည်မဟုတ်ပေ။

‘ကောင်းပြီ၊ ဒါဆို ခင်ဗျားလိုချင်တာကို ပြောပါ”

“ငါ ဆေးပင်တွေ လိုအပ်တယ်။ တန်ဖိုးကြီးဆေးပင်တွေ”ဆန်းကြယ်နတ်ဆိုးအိုကြီးက ပြောလိုက်သည် “တန်ဖိုးကြီးဆေးပင်တွေက ဘာလဲဆိုတာ မသိရင် တရုတ်ကို လူအချို့ လွှတ်ပြီး တရုတ်ဆေးစာအုပ်တွေကို ရှာခိုင်းလို့ရတယ်။ အဲမှာ တန်ဖိုးကြီးဆေးပင်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းရှိတယ်။ အချို့ကိုတော့ မင်း သိမှာ သေချာတယ်၊ ဥမမာအားဖြင့် နှစ်တစ်ထောင်ဂျင်ဆင်း၊ နှစ်တစ်ထောင်နှင်းကြာပန်း၊ ကောင်းကင်ဘုံရွှေမျှင်ပုလဲ၊ ပင့်ကူနီနှင်းပန်း…”

ဝစ်လ်အက်က ထိတ်လန့်သွားလျက် မေးလိုက်သည် “ကောင်းကင်ဘုံရွှေမျှင်ပုလဲနဲ့ ပင့်ကူနီနှင်းပန်းတို့ကို ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ”

“ငါ့ရဲ့အရင်အဖော်က ဘယ်သူလဲဆိုတာ မင်း‌ မေ့နေတာလား”ဆန်းကြယ်နတ်ဆိုးအိုကြီးက နှာခေါင်းရှုံ့လိုက်သည်။

ဝစ်လ်အက်၏မျက်လုံးများက ကျုံ့သွားပြီး သူက ထိတ်လန့်တုန်လှုပ်သွား၏။ ဤဆန်းကြယ်နတ်ဆိုးအိုကြီး၏ယခင်အဖော်က ဘယ်သူဖြစ်သည်ကို သူ သိ၏- အမှောင်ကမ္ဘာ၌ နာမည်ဆိုးဖြင့် ကျော်ကြားသော တာအိုဆရာသခင်အဆိပ်ပင်၊ သူ၏စွမ်းအားကြောင့် လူတော်တော်များက သူ့အား ရန်မစရဲပေ။

ထိုစဉ် ဝစ်လ်အက်က အလွန်သိချင်စိတ်တစ်ခု ဖြစ်သွားသည်။ ဘာလို့ ဒီတာအိုဆရာသခင်အဆိပ်က မထွက်လာရတာလဲ။ ဤဆန်းကြယ်နတ်ဆိုးအိုကြီးက တာအိုဆရာသခင်အဆိပ်နှင့် အမြဲတမ်း အတူတကွ ရှိလေ့ရှိသည်ကို မှတ်ထားရမည်။ ရှေ့လူထွက်ပေါ်လာသည့်နေရာတိုင်းတွင် နောက်လူက ရှိနေလိမ့်မည်။

‘တာအိုဆရာသခင်အဆိပ်က အခြားတစ်ယောက်ယောက်နှင့် ရှိနေတာဖြစ်နိုင်လား’

မျက်လုံးတို့ လိမ့်လျက် သူက ဝစ်လ်အက်၏အတွေးများအား ဖတ်နိုင်ကာ ဆန်းကြယ်နတ်ဆိုးအိုကြီးက ပေါ့ပေါ့ပါးပါးပြောလိုက်၏ “ဟမ့်၊ ဒါကို အချိန်ယူစဉ်းစားစရာမလိုဘူး။ တာအိုဆရာသခင်အဆိပ်က သေသွားပြီ…”

“ဘာပြောတာ”ဝစ်လ်အက်က ထိန်းချုပ်မှု လုံးဝဆုံးရှုံးသွားကာ အံ့အားသင့်စွာ ပြောလိုက်သည် “တာအိုဆရာသခင်အဆိပ်က သေသွားပြီလို့ ပြောတာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက အဆိပ်ဆရာသခင်ပဲ၊ ဘယ်သူက သူ့ကို အလွယ်တကူ သတ်နိုင်မှာလဲ”

“မင်းက အရမ်းဉာဏ်ကောင်းတယ်လို့ ငါတွေးထားတာ။ ဟမ့်၊ မင်းက ဒါကို လုံးဝမတွေးနိုင်ဘူးလို့ ငါ မထင်ထားခဲ့ဘူး”ဆန်းကြယ်နတ်ဆိုးအိုကြီးက မေးငေါ့လျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝစ်လ်အက်က မှင်တက်သွားခဲ့ပြီးနောက် ကြောက်စရာကောင်းသောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက စက္ကန့်သုံးဆယ်လောက် စဉ်းစားပြီးနောက် ခေါင်းမော့လျက် ရေရွတ်လိုက်၏ “ခင်ဗျားဆိုလိုတာက တာအိုဆရာသခင်အဆိပ်ကို သတ်ခဲ့တဲ့သူက…မစ္စတာထန်လား”

“ဟမ့်၊ သူက လွဲပြီး ဘယ်သူရှိမှာလဲ”ဆန်းကြယ်နတ်ဆိုးအိုကြီးက နှာခေါင်းရှုံ့လိုက်သည် “ဒီကောင်က…၊ ထားလိုက်တော့။ အဲဒီထူးဆန်းတဲ့လူအကြောင်း မပြောကြရအောင်၊ ငါတို့ရဲ့ကိစ္စကိုပဲ ဆက်ပြောကြတာပေါ့။ မင်းက ငါနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ မင်းကို မသတ်ဘူး၊ မင်းကို ထိခိုက်အောင်လဲ မလုပ်ဘူး။ ငါ မင်းကိုတောင် အကြိမ်အနည်းငယ် အကာအကွယ်ပေးအုံးမှာ”

“သဘောတူတယ်…”

ဝစ်လ်အက်က ပြန်ဖြေသည်။ ဤအချိန်တွင် သူက အခြားရွေးချယ်စရာမရှိပေ။ သူက ငြင်းပယ်လျှင် သူ၏အဆုံးသတ်အား တွေ့ဆုံရပေလိမ့်မည်။ သို့သော် ဤအရာက သူ့အား ဘယ်လိုထိခိုက်မှုတစ်ခုမှ မဖြစ်စေဘဲ အကျိုးအမြတ်သာ ရရှိစေမည်ဟု ခံစားရသည်။

ထိုအကျိုးအမြတ်က မျိုးရိုးဗီဇပြောင်းလဲပစ္စည်းများပင်။

သူက ရည်မှန်းချက်ကြီးမားသောလူငယ်တစ်ယောက်ဖြစ်သည်။ သူ့အိမ်တော်၏စွမ်းအားက ကမ္ဘာ့ထိပ်တန်းစွမ်းအားကြီးအဖွဲ့အစည်းသုံးခုနှင့် မယှဉ်နိုင်ပေ၊ သို့သော် သူ၏ကိုယ်ပိုင်အားထုတ်မှုဖြင့် အနာဂတ်တွင် ထိုသုံးဖွဲ့အား လွှမ်းမိုးနိုင်မည့်နေ့တစ်နေ့ရှိလာမည်ဟု သူက ယုံကြည်သည်။

“ဒါဆို အသေးစိတ်ပြောကြတာပေါ့၊ ဆန်းကြယ်နတ်ဆိုးအိုကြီး”

သူက ဆန်းကြယ်နတ်ဆိုးအိုကြီးအား သတိနှင့် တစ်ချက်ကြည့်လိုက်သည်။ ဉာဏ်ကောင်းခြင်းနှင့် အမြဲတမ်းသတိကြီးခြင်းတို့က သူ၏မူပိုင်ပင်၊ သူက တစ်ခါသာ သတိမဲ့ကာ အခြားသူများအား အထင်သေးပေမည်။ ထိုကား သူ၏အမှားမျှသာ၊ သူ့အသက်အား ပင်လယ်ပြင်တွင် ဆုံးရှုံးလုနီးပါးဖြစ်စေခဲ့သည်။

***

All Chapters