← Chapters

ကျင့်ကြံခြင်းမြန်နှုန်း

Vol. 79 Ch. 1099

ကျင့်ကြံခြင်းမြန်နှုန်း

Vol. 79 Ch. 1099

“ငါတို့ အသေးစိတ်ဆွေးနွေးနိုင်ပါတယ်၊ ဒါပေမယ့် ငါတို့ မပြောခင် မင်းဆီကနေ အခြေအနေတစ်ခု လိုအပ်တယ်”ဆန်းကြယ်နတ်ဆိုးအိုကြီးက လေးနက်စွာ ပြောလိုက်သည် “ပြီးတော့ မင်း အဲဒါကို မပေါက်ကြားစေရဘူး၊ မဟုတ်လို့ကတော့ မင်း ကမ္ဘာ့အလျှို့ဝှက်ဆုံးနေရာမှာ ပုန်းနေရင်တောင် ငါ မင်းကို လိုက်ရှာပြီးသတ်မယ်”

ဝစ်လ်အက်က သူ၏အသက်ရှုသံအား ထိန်းချုပ်လိုက်သည်။ သူက ဤအဖိုးကြီး၏ခြိမ်းခြောက်မှုအား လစ်လျူမရှုနိုင်ပေ၊ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆို ခင်ဗျားရဲ့အခြေအနေကို ပြောပါ”

“ထန်ရှုက ငါတို့ရဲအပေးအယူနဲ့ ပတ်သက်ပြီး တစ်ခုမှ သိလို့မရဘူး”ဆန်းကြယ်နတ်ဆိုးအိုကြီးက ပြောလိုက်သည် “လက်ရှိမှာ ငါ သူ့ကို သစ္စာရှိနိုင်ပေမယ့် ဒါကလဲ ငါ လိုချင်တာကို သူပေးနိုင်တဲ့အတွက်ကြောင့်ပဲ။ ဒါကြောင့် ငါတို့ရဲ့အပေးအယူကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထားရမယ်၊ အဲဒါရဲ့တစ်စွန်းတစ်စတောင် ထုတ်ဖော်ပြောလို့မရဘူး”

လက်တွေ့တွင် ဤကိစ္စက ဝစ်လ်အက်လည်း ပြောချင်သောအရာပင်၊ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်၏။ နေရာတိုင်းတွင် သူ့လူများစွာ ရှိသောကြောင့် ဤအပေးအယူတွင် ဆေးပင်များက အသေးအဖွဲ့ကိစ္စများသာလျှင် ဖြစ်၏၊ တန်ဖိုးကြီးဆေးပင်များအား ရှာရန် လွယ်ကူသည်။

“ငါ ကတိပေးပါတယ်”

“ကောင်းပါပြီ”

နှစ်ယောက်သား သဘောတူညီမှု ရသွားပြီး ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။

****

နဂါးကိုးကောင်ကျွန်းပေါ်တွင်။

ချန်ယန်နန်က နန်းတော်ခေါင်မိုးထိပ်တွင် ထိုင်နေသည်၊ သူမက ပျင်းရိစွာနှင့် နေပူဆာလှုံလျက် လေညင်းခံနေ၏။ ယခုလိုအေးအေးလူလူဖြစ်သောဘဝက တောင်တရုတ်ပင်လယ်ရှိသူမ၏အနေအထားနှင့်မယှဉ်နိုင်သောအရာပင်၊ ယခင်အနေထားက ပိုကျေနပ်စရာကောင်းပေသည်။ ဤကျွန်းက အကန့်အသတ်များလွန်းသောကြောင့်ပင်။ နေရာအချို့အား သူမ သွားချင်သည့်အခါတိုင်း အစောင့်များက သူမအား အမြဲတမ်းတားဆီးခဲ့၏။

“ထန်ရှုက ဘာလုပ်နေတာလဲ။ သူက ငါ့ကို နေရာမချပေးရသေးဘဲနဲ့ နဂါးကိုးကောင်ကျွန်းက‌နေ ထွက်သွားတယ်။ သူ ငါ့ကို လေ့ကျင့်ပေးဖို့ သဘောတူထားတာမဟုတ်လား”

သူမက ဘေးနားရှိ ပန်းကန်ပြားမှ ဖရဲစေ့အချို့ ဆုပ်ကိုင်ရင်း ပင်လယ်ပြင်အား ကြည့်နေလိုက်သည်။

ဝှစ်…

ပုံရိပ်တစ်ခုက သူမအနား၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ ကူးရင်က ဖရဲစေ့အား ဆွဲယူကာ ပါးစပ်ထဲသို့ ပစ်သွင်းပြီးနောက် ပြုံးလိုက်၏ “အမက တကယ်ပဲ ဒီနေရာမှာ ပျော်နေတာပေါ့လေ၊ အမယန်နန်။ ဒါပေမယ့် အမ မလေ့ကျင့်ဘူးလား”

ချန်ယန်နန်က မျက်လုံးတို့ လိမ့်လိုက်သည် “ငါ ဘာလေ့ကျင့်ရမှာလဲ။ ဒီရက်တွေမှာ ငါ သင်ကြားခဲ့တဲ့ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံခဲ့ပြီးပြီ၊ ဒါပေမယ့် အစစ်အမှန်အဆီအနှစ်စွမ်းအင်တစ်ခုမှ ငါ မကျင့်ကြံနိုင်ခဲ့ဘူး”

“အစစ်အမှန်အဆီအနှစ်ကို ကျင့်ကြံရတာ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်မှာလဲ”ကူးရင်က ရယ်ကာ ပြောလိုက်၏ “ဒါပေမယ့် အမရဲ့အထူးစွမ်းရည်ကနေ အမရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအင်ကို အာရုံခံမိထားတယ်မဟုတ်လား။ ဘာလို့ အဲဒီစွမ်းအင်ကို ကိုင်တွယ်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းအရ လှည့်ပတ်ဖို့ မကြိုးစားတာလဲ။ ဆရာက ပြောတယ်၊ စကြာဝဠာမှာ စွမ်းအင်အမျိုးအစားမရေမတွက်နိုင်လောက်အောင် ရှိတယ်တဲ့၊ အမက အဲစွမ်းအင်ကို ကိုယ်တိုင်အသုံးပြုနိုင်သရွေ့ အဆင်ပြေပါတယ်”

ချန်ယန်နန်က မျက်လုံးတို့ လင်းလက်သွားသည်။ သူမက နဖူးအား ချက်ချင်းပွတ်ကာ ပြောလိုက်သည် “အလား၊ ငါ ဘာလို့ ဒါကို အရင်က မစဉ်းစားခဲ့တာလဲ။ ချစ်ရင်ရင်လေး၊ မင်းက တကယ်ပဲ ဉာဏ်ကောင်းတယ်၊ ဒီနေရာမှာ စောင့်နေ။ ငါ အခုပဲ ကျင့်ကြံဖို့ ကြိုးစားလိုက်မယ်။ ငါ အောင်မြင်တဲ့အထိ စောင့်နေ၊ ပြီးရင် ကောင်းကင်မှာ ပျံသန်းဖို့ ငါ မင်းကို ငါနဲ့အတူ ခေါ်သွားမယ်”

“ငါ့ကို ကောင်းကင်ကို ခေါ်သွားစရာမလိုပါဘူး၊ အမယန်နန်။ ငါ့ဟာငါ လုပ်နိုင်ပါတယ်”ကူးရင်က ပြောလိုက်သည်။

“ရင်ရင်လေး၊ စောင့်သာ ကြည့်စမ်းပါ”ချန်ယန်နန်က ယုံကြည်ချက်ရှိရှိနှင့် ပြောလိုက်သည် “အမက မင်းထက် အရင် ကောင်းကင်မှာ ပျံသန်းနိုင်လိမ့်မယ်”

“ဟီး…ဟီး…”

ကူးရင်က ရယ်လိုက်သည်။ သူမ၏သွယ်လျသောလက်က ချန်ယန်နန်၏ခါးအား ဆွဲကိုင်လိုက်ပြီး နှစ်ယောက်စလုံးက ကောင်းကင်သို့ ချက်ချင်း တက်သွား၏။

“အာ…”

စူးရှသောအော်သံတစ်ခုက ချန်ယန်နန်၏ပါးစပ်မှ ထွက်ပေါ်လာသည်။ ကြောက်ရွံ့လွန်းသဖြင့် သူမခန္ဓာကိုယ်က အေးစက်နေသည်၊ မယုံကြည်နိုင်မှုက သူမမျက်နှာပေါ်တွင် ရေးဆွဲသွား၏။

‘ပျံသန်းတယ်…ငါက…ပျံသန်းနေတာလား’

‘ဆယ်နှစ်ကလေးမလေးတစ်ယောက်က တကယ်ပဲ ပျံသန်းနိုင်တာလား”

“အမက ကျွန်မထက်အရင် ပျံသန်းဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ကျွန်မထင်တယ်၊ အမယန်နန်”ကူးရင်က ရယ်လိုက်သည် “ဒါပေမယ့် ကောင်းကင်က မြင်ကွင်းတွေကို ကြည့်ဖို့ အမကို အခုပဲ ခေါ်သွားမယ်”

ကူးယန်နန်က တံတွေးမျိုချလျက် ကူးရင်၏ချစ်စရာကောင်းသောမျက်နှာလေးအား လှည့်ကြည့်လိုက်သည်။ သူမစိတ်အား တည်ငြိမ်စေပြီးနောက် သူမက ပြောလိုက်၏ “ငါက တကယ်ကို ရေတွင်းအောက်ကဖားတစ်ကောင်ပါပဲ။ မင်းက ဒီလောက်ထိ အားကောင်းမယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ဒါပေမယ့် ရင်ရင်လေးရေ၊ အမကို မစပါနဲ့လား”

သူမက ထိုသို့ပြောလိုက်သော်လည်း တကယ်တမ်းတွင် သူမက ရှက်လွန်းသဖြင့် တွင်းတစ်ခုရှာကာ ပုန်းချင်မိသည်။

“မစိုးရိမ်ပါနဲ့၊ အမယန်နန်”ကူးရင်က ရယ်လိုက်သည် “ငါ အမကို ဘယ်တော့မှ မကျီစားပါဘူး။ ပြီးတော့ အမက ကျင့်ကြံခြင်းကို စတင်ရုံပဲရှိသေးတာလေ၊ အမက ကျင့်ကြံခြင်းလမ်းကြောင်းကိုတောင် အခုထိ မချနိုင်သေးတာပဲ။ အမက အချိန်အချို့ ကျင့်ကြံပြီးရင် ကျွန်မလိုပဲ ကောင်းကင်မှာ ပျံသန်းနိုင်မှာပါ။ ဒါပေမယ့် ပြောရရင် နဂါးကိုးကောင်ကျွန်းထက်မှာ ပျံသန်းနိုင်တာက ကျွန်မကလွဲပြီး အခြားသူမရှိဘူး”

“ဟမ့်။ ဘာလို့လဲ”ချန်ယန်နန်က ခေါင်းရှုပ်သွားသည် “ဒီနေရာမှာ အားကောင်းတဲ့သူတွေ အများကြီးရှိတာမလား။ ဘာလို့ သူတို့က ကောင်းကင်မှာ မပျံသန်းနိုင်ရတာလဲ”

“ဒါက ဆရာသခင်ရဲ့အမိန့်လေ”ကူးရင်က ပြောလိုက်သည်။

တားမြစ်ကန့်သတ်ထားသည့် ဧရိယာအချို့အား သတိရပြီးနောက် ချန်ယန်နန်က အကြောင်းပြချက်အား ချက်ချင်း နားလည်လိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ ပြော၏ “ဒါဆို ကြည့်ရတာ အမက အစစ်အမှန်အဆီအနှစ်ကို ကျင့်ကြံအောင်မြင်ပြီး ကောင်းကင်မှာ ပျံသန်းဖို့စွမ်းရည်ရှိလာရင်တောင် အမက မင်းနဲ့အတူ ကောင်းကင်က မြင်ကွင်းတွေကို မကြည့်နိုင်တော့ဘူးထင်တယ်”

ကူးရင်က ရယ်ကာ တုံ့ပြန်လိုက်သည်။ သူမက ပြောမည့်ဆဲဆဲတွင် သူမမျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး မျက်လုံးများက လင်းလက်သွားလျက် အဝေးရှိ ဉီးတည်ဘက်တစ်ခုအား အာရုံစိုက်သွား၏။ သူမမျက်နှာက ပျော်ရွှင်ပုံပေါက်သွားလျက် ကျယ်လောင်စွာ အော်ပြောလိုက်သည် “ဆရာပြန်လာပြီးဟေ့”

ထိုသို့ပြောပြီးနောက် သူမက ချန်ယန်နန်အား ဆွဲကာ နဂါးကိုးကောင်ကျွန်းအစီအရင်ဝင်ပေါက်သို့ ရုတ်ချည်း ပြေးသွားသည်။ ထို့နောက် သင်္ဘောတစ်စီးက လျင်မြန်စွာ ဝင်လာပြီး ဆိပ်ကမ်း၌ ဆိုက်ကပ်လာသည်ကို နှစ်ယောက်စလုံး မြင်လိုက်ရ၏။

“ဆရာ..”

ချန်ယန်နန်အား လွှတ်လျက် ကူးရင်က ထန်ရှုအရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။

ထန်ရှုက အနည်းငယ် ပြုံးကာ သူမနားရွက်အား ပွတ်ပေးရင်း မေးလိုက်သည် “ဘယ်လိုလဲ၊ အခု မင်းရဲ့ကျင့်ကြံခြင်း ဘယ်လိုရှိနေပြီလဲ။ မင်း ထပ်ပြီး ချိုးဖြတ်သွားခဲ့တာလား”

“အာ၊ ရင်ရင်က မချိုးဖြတ်ရသေးမယ့် ကျင့်ကြံခြင်းက ပိုနက်ရှိုင်းလာပါပြီ”ကူးရင်က ခေါင်းခါယမ်းကာ ပြုံးစပ်စပ်နှင့် ပြောလိုက်သည် “ဒါပေမယ့် ငါ့ကို စိတ်မပျက်ပါနဲ့၊ ဆရာသခင်။ ရင်ရင်က မကြာခင်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်တော့မှာပါ”

‘အခြေတည်စိတ်ဝိညာဉ်အဆင့်လား’

ကြောက်ရွံ့သောအကြည့်တစ်ခုက ချန်ယန်နန်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ကျင့်ကြံသူများ၏ကျင့်ကြံခြင်းအဆင့်များနှင့် ပတ်သက်၍ သူမက သိထားခဲ့ပြီ။ အသက်ဆယ်နှစ်လောက်နှင့် ကူးရင်က အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ မကြာခင် ချိုးဖြတ်လိမ့်မည်ဟု သူမက အိပ်မက်ထဲတွင်ပင် မစဉ်းစားဖူးပေ။

ထန်ရှုနောက်မှ။

မိုအားဝူ၊ ထန်ကွမ်းနှင့် ကျန်လူများက အကြည့်ချင်း ဖလှယ်လျက် ရှက်ရွံ့သွားကြပုံပေါ်၏။ သူတို့က ကျင့်ကြံခြင်းမဟာပါရမီတစ်ခုရှိသည်ဟု တွေးထားခဲ့ကြသည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခြင်းက အံ့ဖွယ်ဟု သူတို့က ထင်ထား၏။

သို့သော် ကူးရင်၏တိုးတက်မှုနှုန်းကို ကြားလိုက်သည့်အခါတိုင်း သူတို့အား အမြဲတမ်း လှုံ့ဆော်ခဲ့သည်။ သူတို့က ဘယ်လောက်ပဲ ကြိုးစားခဲ့သော်ငြား ကူးရင်၏ကျင့်ကြံခြင်းမြန်နှုန်းအား လိုက်မမီနိုင်သေးပေ။

‘တောက်၊ သူမက မွန်းစတားလေးတစ်ကောင်ပဲ’

လူတိုင်းက စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

“အလျင်လိုခြင်းက ကျင့်ကြံခြင်းလမ်းကြောင်းကို အချည်းနှီးဖြစ်စေတယ်ဆိုတာ မင်း သိလား။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို အလောတကြီး တက်ဖို့မလိုဘူး”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ရွှေအမြုတေအဆင့်မှာပဲ အချိန်ခဏလောက် နေပြီး မင်းရဲ့စိတ်အခြေအနေကို တိုးတက်အောင် လုပ်ပါ။ မင်းရဲ့စိတ်အခြေအနေက မြန်မြန်တိုးတက်လာရင် မင်းရဲ့အနာဂတ်တိုးတက်မှုက ပိုမြန်ဆန်လာလိမ့်မယ်”

ကူးရင်က ရေးတေးတေးနားလည်လိုက်ပုံရပြီး သူမက ခေါင်းညိတ်လိုက်သည် “ရင်ရင် ဒါကို မှတ်ထားပါ့မယ်၊ ဆရာသခင်”

“…”

ထန်ရှုက ပြုံးကာ ကူးရင်၏ခေါင်းအား ပုတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ချန်ယန်နန်ပေါ်သို့ ကျရောက်သွား၏။ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်စေရန်အတွက် ဤနေရာ၌ လေ့ကျင့်ပေးရန် ရည်ရွယ်လျက် သူက သူမအား ခေါ်လာခဲ့သည်။ သို့သော် ကျင်းရှီတို့ ချောင်းမြောင်းတိုက်ခိုက်ခံရသည့်ဖြစ်ရပ်က သူနှင့်သူ့လူများအား စိုင်းဖန်သို့ အလောတကြီး သွားစေခဲ့သည်။ ထိုကြောင့် သူမအား နေရာချပေးရန် အချိန်မရှိခဲ့ပေ။

“မင်း နေရတာ ဘယ်လိုလဲ၊ ချန်ယန်နန်’ထန်ရှုက မေးလိုက်သည်။

“ကောင်းပါတယ်…ဒါပေမလ့် ငါက ဘာလုပ်စရာမှမရှိဘူး၊ ဒါကြောင့် ပျင်းနေတယ်”ချန်ယန်နန်က ခေါင်းညိတ်လိုက်သည်။

“ငါ ပြန်ရောက်လာပြီးဆိုတော့ မင်း ပျင်းဖို့ မလိုတော့ဘူး”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည် “ဒါနဲ့၊ အားဝူ၊ ချန်ယန်နန်ကို ကလေးတွေနဲ့အတူ လေ့ကျင့်ဖို့ လေ့ကျင့်ရေးစခန်းဆီ ခေါ်သွားပါ။ ပြီးတော့ သူမကို ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ပေးလိုက်ပါ၊ သူမ ချီသန့်စင်ခြင်းအဆင့်ကို ချိုးဖြတ်သွားတဲ့အခါကျရင် သူမကို ဆေးလုံးအချို့ စတင်သုံးစွဲခွင့်ပြုလိုက်ပါ”

“နားလည်ပါပြီ”မိုအားဝူက ပြန်ဖြေကာ ချန်ယန်နန်အား လှည့်ကြည့်လိုက်သည်။

ထန်ရှု၏အစီအစဉ်ကို ကြားပြီးနောက် ချန်ယန်နန်က ချက်ချင်းစိတ်လှုပ်ရှားသွားသည်။ လေ့ကျင့်ရန် သူမ စောင့်နေသည်မှာ ကြာလှပြီ။ သူမက ထိုနေရာသို့ ချက်ချင်း သွားရန် မစောင့်နိုင်တော့ပေ။

ထို့နောက် ထန်ရှု၏မျက်လုံးများက ထန်ကွမ်းနှင့်ကျန်လူများထံ ပြောင်းရွှေ့လိုက်သည် “ကူးဝါကို၊ မင်း နေခဲ့။ ကျန်တဲ့လူတွေ သွားလို့ရပြီ”

များမကြာမီ ထန်ကွမ်းနှင့်ကျန်လူများက ထွက်ခွာသွားပြီး ထန်ရှုနှင့်ကူးဝါကိုတို့သာ ကျန်တော့၏။

ထန်ရှုက ရှေ့တိုးကာ နန်းတော်သို့ မျက်နှာမူရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “မင်းရဲ့ကျင့်ကြံခြင်းအဆင့်တိုးတက်မှုနှုန်းက ဒီလောက်မြန်မယ်ဆိုတာ ငါ မမျှော်လင့်ထားဘူးလို့ ပြောခဲ့တယ်မလား။ ဒါပေမယ့် ဂိုဏ်းထဲမှာ ကျင့်ကြံတာကို မင်း ဘယ်တော့မှ မတွေ့ကြုံခဲ့ဖူးဘူး၊ မင်းကိုယ်တိုင်ပဲ စမ်းတဝါးဝါးနဲ့ လုပ်ခဲ့ရတယ်မလား။ ဒါကြောင့် ငါ မင်းကို နောက်ရက်အနည်းငယ်အတွင်းမှာ ကျင့်ကြံခြင်းလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဗဟုသုတအချို့ သင်ကြားပေးမယ်၊ ပြီးရင် မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ဆေးအာနိသင်အားလုံးကို စုပ်ယူနိုင်ဖို့ ငါ မင်းကို ကူညီပေးမယ်”

“ငါ ဂိုဏ်းချုပ်ရဲ့အစီအစဉ်တွေအားလုံးကို လိုက်နာပါ့မယ်”ကူးဝါကိုက လေးစားစွာ ပြောလိုက်သည်။

ထန်ရှုက ပြုံးကာ ကူးဝါကိုနှင့်အတူ နန်းတော်ထဲသို့ ဝင်သွား၏။ ခပ်မြန်မြန်စားသောက်ပြီးနောက် သူက အဝတ်အစားလဲကာ သူမအား ကမ်းခြေသို့ ခေါ်လာခဲ့သည်။

“တက်ပါ”စပိဘုတ်တစ်စီးအပေါ် ခုန်တက်ပြီးနောက် ထန်ရှုက ခေါ်လိုက်သည်။

ကူးဝါကိုက တုံ့ဆိုင်းမနေခဲ့။ သူမက စပိဘုတ်အပေါ် ခုန်တက်ပြီးနောက် ထန်ရှုက ကျွန်း၏အပြင်ဘက်အစီအရင်သို့ ထွက်လာပြီး မိနစ်အနည်းငယ် ကြာပြီးနောက် စပိဘုတ်အား ပင်လယ်ပြင်ပေါ်တွင် ရပ်တန့်လိုက်သည်။

“ဒါ ဘာလုပ်ဖို့လဲ၊ ဂိုဏ်းချုပ်”ထန်ရှုအား ကြည့်ရင်း ကူးဝါကိုက ပဟေဠိဖြစ်သောမျက်နှာနှင့် မေးလိုက်သည်။

“ပင်လယ်ထဲကို ဆင်းပြီး ရေငုပ်ပါ။ ပြီးတော့ မှတ်ထား၊ မင်းရဲ့အကန့်အသတ်ကို ရောက်တဲ့အထိ ထိန်းထားရမယ်”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ထန်ရှုက သူ့ပတ်လည်၌ စွမ်းအင်အတက်အကျများ ထုတ်လွှတ်ကာ ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သည်။ ကူးဝါကိုက အံကြိတ်လျက် နောက်မှ လိုက်သွား၏။ တစ်ချိန်တည်းတွင် သူမက သူမ၏အစစ်အမှန်အဆီအနှစ်အား ထုတ်လွှတ်ပြီး လက်မဝက်ခန့်အတားအဆီးတစ်ခုဖန်တီးကာ သူမအား ရေမစိုစေရန် ကာကွယ်လိုက်သည်။

မီတာငါးဆယ်။

မီတာတစ်ရာ။

မီတာနှစ်ရာ။

ပင်လယ်မျက်နှာပြင်အောက် မီတာနှစ်ရာသို့ ရောက်ရှိလာသောအခါတွင် ထန်ရှုက ရပ်ကာ တည်ငြိမ်စွာ စောင့်နေလိုက်သည်။ များမကြာမီ ကူးဝါကိုက သူ့အရှေ့၌ ထွက်ပေါ်လာ၏။

“မင်း ထိန်းထားနိုင်သေးလား”ထန်ရှုက ပြောလိုက်သည်။

***

All Chapters