← Chapters

ရည်ရွယ်ချက်ရှိရှိနဲ့ စီစဉ်ခဲ့တာမလား

Vol. 79 Ch. 1100

ရည်ရွယ်ချက်ရှိရှိနဲ့ စီစဉ်ခဲ့တာမလား

Vol. 79 Ch. 1100

ကူးဝါကိုထုတ်လွှတ်ထားသည့်အစစ်အမှန်အဆီအနှစ်စွမ်းအင်က ကြီးမားသောပင်လယ်ရေဖိအားအား ပြန်တွန်းထုတ်နိုင်သော်လည်း သူမက စကားပြောလို့မရပေ၊ သူမက ပါးစပ်ဟလိုက်သည်နှင့် ပင်လယ်ရေများက ပါးစပ်ထဲ၌ ပြည့်သွားမည်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူမက ဖိအားအား တွန်းလှန်ရင်း ခက်ခက်ခဲခဲနှင့် ခေါင်းသာ ညိတ်ပြလိုက်သည်။

“မင်း ခေါင်းညိတ်နိုင်တယ်၊ ဆိုလိုတာက ဒီအနက်က မင်းရဲ့အကန့်အသတ်မဟုတ်သေးဘူးပေါ့”ထန်ရှုက ဆက်ပြောသည် “ဆက်ဆင်းပါ၊ ဒါပေမယ့် မင်း မတောင့်ခံနိုင်တော့တဲ့အချိန်ကျရင် ရပ်ရမယ်”

လက်ရှိအချိန်တွင် ကူးဝါကိုက အလွန်သက်သောင့်သက်သာမရှိပေ။ ထန်ရှုအမိန့်အား ကြားလိုက်ရသောအခါ သူမက အေးစိမ့်စိမ့်ခံစားမိလိုက်သည်။ ထန်ရှုက သူမအား ဘယ်လိုလေ့ကျင့်ပေးမည်ကို မဖော်ထုတ်နိုင်သော်လည်း သူမက ညှင်းပန်းနှိပ်စက်မှုအား ရင်ဆိုင်ရမည်ဟူတော့ ရေးရေးလေးသိ၏။

သူမက‌ တွေးနေရင်း မီတာ၂၆၀အနက်သို့ ရောက်လာသောအခါ သူမ၏လှပသောခန္ဓာကိုယ်က စတင်တုန်ယင်လာသည်။ အစိမ်းရောင်သွေးကြောများက သူမ၏နဖူးပြင်ပေါ်တွင် ပြူးထွက်လာပြီး သွေးကြောမျှင်များက သူမ၏မျက်စိကြောပေါ်၌ ထွက်ပေါ်လာသည်ကို မြင်နိုင်ပေ၏။

‘ငါ ဒီထက် မတောင့်ခံနိုင်တော့ဘူး’

နောက်ဆုံးတွင် ကူးဝါကိုက ရပ်တန့်လိုက်သည်။ ထုတ်လွှတ်ထားသည့်အစစ်အမှန်အဆီအနှစ်စွမ်းအင်က သူမအား ပင်လယ်ရေဖိအားမှ ကာကွယ်ပေးခဲ့သော်လည်း သူမက စကားပြောရန်ပင် ခွန်အားမကျန်တော့။ အစစ်အမှန်အဆီအနှစ်စွမ်းအင်ပင် ပင်လယ်ရေဖိအားမှ သူမမျက်လုံးများအား စတင်ကာကွယ်လာခဲ့သည်။

သူမနောက်မှ အနီးကပ်လိုက်လာသော ထန်ရှုက သူမရပ်တန့်လိုက်သည်ကို မြင်ပြီး ချက်ချင်းပြောလိုက်၏ “ဒါက မင်းရဲ့သေရေးရှင်ရေးဆိုတာကို အာရုံခံမိရင် ဒီနေရာမှာပဲ ရပ်လိုက်ပါ၊ မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစစ်အမှန်အဆီအနှစ်ကို လှည့်ပတ်ဖို့ အကောင်းဆုံးလုပ်ပါ။ ကုန်ဆုံးသွားတဲ့အစစ်အမှန်အဆီအနှစ်ကို ပြန်ဖြည့်ဖို့ ပင်လယ်ရေထဲမှာရှိတဲ့ရေစွမ်းအင်ကို စုပ်ယူဖို့ ကြိုးစားပါ”

ကူးဝါကိုက ပြန်မဖြေဘဲ ထန်ရှု၏ညွှန်ကြားချက်အတိုင်း အစစ်အမှန်အဆီအနှစ်အား လှည့်ပတ်ကာ မရီးဒျာန်များထဲသို့ စီးဝင်စေသည်။ သို့သော် ပင်လယ်ရေထဲတွင် ပါဝင်သော စွမ်းအင်အား အာရုံခံရန် ကြိုးစားခဲ့ပြီး သူမ၏အစစ်အမှန်အဆီအနှစ်သုံးစွဲနှုန်းကို အာရုံခံပြီးနောက် ခိုကိုးရာမဲ့သလို ခံစားမိလာ၏။ စုပ်ယူပြီးနောက် စုပ်ယူမှုနှုန်းက သုံးစွဲမှုမြန်နှုန်းထက် အများကြီးလျော့နည်းသည်ကို တွေ့ရှိခဲ့သောကြောင့်ပင်။

‘ဆယ်မိနစ်။ အစစ်အမှန်အဆီအနှစ်မကုန်ခင် အများဆုံး ဆယ်မိနစ်ပဲ ငါ ထိန်းထားနိုင်မယ်’

‘အစစ်အမှန်အဆီအနှစ်ကုန်သွားတာနဲ့ ပင်လယ်ရေထဲက မထွက်နိုင်ရင် ငါ သေဖို့များတယ်’

ထိုအတွေးများက ကူးဝါကို၏စိတ်ထဲ၌ ထွက်ပေါ်လာသည်။ ထန်ရှုက သူမအား ထိခိုက်စေမည်မဟုတ်သည်ကိုတော့ သူမက ယုံကြည်၏။ ထန်ရှုက သူမအား သတ်ရန် အတွေးတစ်ချက်သာ လိုအပ်သောကြောင့် ထိုသို့သောနည်းလမ်းများကို အသုံးပြုရန်မလိုပေ။

အချိန်က ကုန်ဆုံးလာနေပြီး မျက်စိတစ်မှိတ်အတွင်း ခြောက်မိနစ်ကို ဖြတ်ကျော်သွား၏။

ကူးဝါကို၏ခန္ဓာကိုယ်တုန်ယင်မှုက ပိုပြင်းထန်လာပြီး သုံးစွဲမှုနှုန်းက ပိုမြန်လာသောကြောင့် သူမက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့မိသည်ကို သဘောပေါက်လာသည်။ ထို့ပြင် မရေမတွက်နိုင်သောအပ်များက ထိုးဖောက်နေသကဲ့သို့ နာကျင်မှုတစ်ခုက သူမခန္ဓာကိုယ်အား စတင်ရစ်ဝဲလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလာ၏။

‘စိတ်ဝိညာဉ်စွမ်းအင်။ ငါ စိတ်ဝိညာဉ်စွမ်းအင် လိုအပ်တယ်”

သူမ၏စရိုက်က ဇွဲလုံ့လဝီရီယနှင့်စိတ်ဓာတ်ခိုင်မာမှုတို့ ပေါင်းစည်းထားခြင်းဟု ပြောနိုင်သည်။ သူမ၏ကလေးဘဝတည်းက ကလန်နှင့်မြောက်ပိုင်းကြယ်ဓားတစ်ချက်ကျောင်းက လေ့ကျင့်ပေးခဲ့၏။ လူမဆန်သောလေ့ကျင့်မှုများဖြင့် သူမ၏စိတ်စွမ်းအားအား သံမဏိပမာ မာကျောစေရန် မွမ်းမံထားပြီဖြစ်၏။

တောင့်ခံစမ်း…

လက်မလျှော့နဲ့…

ကူးဝါကို၏အာရုံက ဖိအားကြောင့် စတင်မှုန်ဝါးလာပြီး သူမ၏အသိစိတ်က မှုန်ဝါးဝါးဖြစ်နေစဉ် အပူစီးကြောင်းတစ်ခုက သူမ၏နာကျင်သောခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူမခန္ဓာကိုယ်အား ချော့မြူနေသောမိခင်တစ်ယောက်၏လက်များမှ နွေးထွေးမှုကဲ့သို့ပင်။ ထိုအချိန်တွင် မရေမတွက်နိုင်သောအပူစွမ်းအင်စီးကြောင်းများက စီးဆင်းလာပြီး သူမ၏ဒန်တျန်ထဲ၌ စုဝေးလာ၏။

ဆယ်စက္ကန့်အတွင်း ငရဲပမာခံစားနေရသောပြောင်းလဲမှုက ကောင်းကင်ဘုံအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ သူမခန္ဓာကိုယ်အား နှိပ်စက်နေသော နာကျင်မှုများအားလုံးက ပျောက်ကွယ်သွားပြီး သက်သောင့်သက်သာရှိသောခံစားချက်တစ်ခုက အစားထိုးလာ၏။

ထို့နောက် အချိန်အနည်းငယ်ကြာလာပြီးနောက် နာကျင်မှုက သူမတစ်ကိုယ်လုံးအား ထပ်မံရစ်ဝဲလာ၏။ နာကျင်မှုက ပိုပြင်းထန်လာသောကြောင့် သူမခန္ဓာကိုယ်က နောက်ဆုံးတွင် အကန့်အသတ်သို့ ရောက်ရှိခဲ့ပြီး ကြီးမားသောချိုးဖြတ်မှုတစ်ခု ဖြစ်စေ၏။ နွေးထွေးမှုအရိပ်အယောင်က ထပ်မံထွက်ပေါ်လာပြီး သူမခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော ဆေးအာနိသင်အား အဆက်မပြတ်စုပ်ယူကာ အစစ်အမှန်အဆီအနှစ်အဖြစ်သို့ သန့်စင်လိုက်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်…

ဆယ့်ငါးမိနစ်အတွင်း ကူးဝါကိုက သူမ၏အကန့်အသတ်အား သုံးကြိမ်တိုင်တိုင် ချိုးဖြတ်ခဲ့ပြီး ခန္ဓာကိုယ်ထဲ၌ ပုန်းကွယ်နေသော ဆေးအာနိသင်၏သုံးပုံနှစ်ပုံအား စုပ်ယူခဲ့သည်။

‘ပြီးခါနီးပြီ’

ထန်ရှုက ကူးဝါကိုအရှေ့၌ တိတ်တဆိတ် လွင့်မျောလာပြီး သူမမျက်နှာပေါ်ရှိနာကျင်သောအမူအရာအား ကြည့်လိုက်သည်။ သူက သူမလက်အား ချက်ချင်းဆုပ်ကိုင်ကာ အပေါ်သို့ ဆွဲခေါ်တက်သွား၏။

စပိဘုတ်ပေါ်သို့ ပြန်ရောက်လာပြီးနောက် ထန်ရှုက ကူးဝါကိုအား ချကာ သူ၏သိုလှောင်လက်စွပ်မှ ဆေးလုံးတစ်လုံး ယူထုတ်လိုက်သည်။ ဆေးလုံးအား သူမပါးစပ်ထဲ ထည့်ပေးပြီးနောက် သူက အမိန့်ပေးလိုက်သည် “ဘာတစ်ခုမှ မစဉ်းစားနဲ့။ မင်းရဲ့စိတ်ကို ဗလာထားပြီး မင်းရဲ့ကျင့်ကြံခြင်းနည်းစနစ်အရ မင်းရဲ့စွမ်းအင်ကို လှည့်ပတ်နေ”

ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ကူးဝါကိုက အစကနေ အဆုံးထိ မျက်လုံးများအား မှိတ်ထားသည်။ ဆက်လက်ကျင့်ကြံနေရင်း သူမ၏ကမ္ဘာ့စွမ်းအင်အာရုံခံနိုင်စွမ်းက ပိုရှင်းလင်းလာသည်ကို တွေ့ရှိလိုက်၏။ ကောင်းကင်နှင့်မြေကြီးချီစွမ်းအင်အပြင် အခြားစွမ်းအင်များကိုလည်း အာရုံခံနိုင်သည်ကို သူမက တွေ့ရှိခဲ့သည်။

ဖြစ်စဉ်က ပိုးအိမ်မှ ပိုးချည်ရစ်ပတ်သည်နှင့် တူပြီး အားကောင်းသောစုပ်ယူအားတစ်ခုက နောက်မှ လိုက်ပါလာ၏။

စုပ်အားတစ်ခုက ကူးဝါကို၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာစွမ်းအင်အား အဆက်မပြတ်စုပ်ယူလိုက်သည်။

နောက်ထပ်လေးနာရီကြာပြီးနောက် သူမက မျက်လုံးတို့ ဖွင့်လိုက်ပြီး ပြင်းထန်သောကျေနပ်မှုတစ်ခုက သူမမျက်လုံးများထဲ၌ ပြည့်သွားသည်။ သူမက ဒူးထောက်လိုက်ပြီး ညာလက်သီးအား ဘယ်ဘက်လက်ပေါ်တွင် တင်လျက် လေးစားစွာ ပြောလိုက်၏ “ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး သင့်ရဲ့ညွှန်ကြားချက်အတွက် ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်။ အခု ငါ ကြီးကြီးမားမား တိုးတက်လာခဲ့တယ်ဆိုတာ အာရုံခံနိုင်တယ်။ ရွှေအမြုတေအလယ်ဆင့်ရဲ့အရေးကြီးဆုံမှတ်ကို ရောက်ရှိနီးပါးပဲ။ ဒီနည်းလမ်းအတိုင်းသာ ဆက်ကျင့်ကြံသွားရင် ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို ချိုးဖြတ်နိုင်မယ်ဆိုတာ ငါ သေချာတယ်”

“အရမ်းကောင်းတယ်။ မင်းရဲ့လုပ်ဆောင်ချက်က ငါမျှော်လင့်ထားတာထက် ပိုကောင်းတယ်”ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်သည် “ကြည့်ရတာ မင်းမှာ အရမ်းသန်မာတဲ့စိတ်စွမ်းအားရှိပုံရတယ်။ ပြီးတော့ မင်းက ကျင့်ကြံခြင်းလမ်းကြောင်းမှာ ရှေ့ဆက်သွားဖို့ဆိုရင် ဒီခွန်အားကို လိုအပ်တယ်။ ဟုတ်ပြီလေ၊ အခု ငါတို့က ပင်လယ်နက်လေ့ကျင့်ခြင်းကို ရပ်မယ်၊ မင်းက နောက်ထပ်လေ့ကျင့်မှုတစ်ခုကို ပြောင်းလဲကြုံတွေ့ရမယ်”

“အဲဒါ ဘယ်လိုလေ့ကျင့်ခြင်းလဲဆိုတာ ငါ သိလို့ရမလား”ကူးဝါကိုက အလျင်စလိုနှင့် မေးလိုက်သည်။

ထန်ရှု၏လေ့ကျင့်ပေးခြင်းက အလွန်နာကျင်သော်လည်း သူမရရှိသည့်အကျိုးအမြတ်က သူမအား ပျော်ရွှင်သောအံ့အားသင့်မှုတစ်ခု ပေး၏။ထို့ကြောင့် သူမက ဤကြမ်းတမ်းသောလေ့ကျင့်ခြင်းအား လက်ခံရန် ဆန္ဒရှိသည်။

ထန်ရှုက လက်မြှောက်ကာ လျင်မြန်စွာ ရွေ့လျားလျက် ကူးဝါကို၏ခန္ဓာကိုယ်ပေါ်ရှိ အရေးကြီးသွေးကြောဆုံမှတ်များအား ချိတ်ပိတ်လိုက်သည်။ ထို့နောက် သူက အနည်းငယ် ပြုံးလိုက်၏ “မင်းက အစစ်အမှန်အဆီအနှစ်ပေါများပေမယ့် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာက အရမ်းအားနည်းတယ်။ စွမ်းအင်ကို မရင်ဆိုင်နိုင်တဲ့အခါကျရင် မင်းရဲ့ခန္ဒာကိုယ်ကို ပေါက်ကွဲစေလိမ့်မယ်။ မင်းက မိုအားဝူနဲ့ကျန်တဲ့လူတွေနဲ့ မတူဘူး။ သူတို့က ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကို တောင့်တင်းခိုင်မာအောင် လုပ်ထားကြတယ်၊ ဒါပေမယ့် မင်းကတော့ အဲလိုမရှိဘူး။ မင်းမှာ ဆိုးဝါးတဲ့ခံနိုင်ရည်နဲ့ရုပ်ပိုင်းဆိုင်ရာရှိတာကို ငါ အခုပဲ တွေ့ရှိခဲ့တယ်”

“နောက်ထပ်မင်းလုပ်ဖို့လိုအပ်တာက ဟဲဗီဝိတ်လေ့ကျင့်ခြင်းအချို့ပဲ။ ဒီလေ့ကျင့်ခြင်းက ပိုတောင် လူမဆန်ဘူး၊ အဲဒါက မင်းရဲ့စိတ်စွမ်းအားကို သွေးပေးနိုင်တယ်၊ မင်းရဲ့အာရုံကြောတွေကို ဖျက်ဆီးနိုင်တယ်၊ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာကို ဆေးပေးနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပါ၊ မင်းက လေ့ကျင့်ခြင်းရဲ့နှိပ်စက်မှုကို တောင့်ခံဖို့ ကျဆုံးသွားရင် မင်းက ရူးသွပ်သွားရလိမ့်မယ်”

ကူးဝါကို၏အသားအ‌ရောင်က ပြောင်းလဲသွားသည်။ သူမက ထန်ရှုအား ကြည့်လိုက်ချိန်တွင် အနည်းငယ်ကြောက်ရွံ့မှုတစ်ခုရှိနေသည်။ နောက်ထပ်လေ့ကျင့်မှုက လူမဆန်သည်ကို သူမ မျှော်လင့်ထားသော်လည်း ဒီလောက်ထိ ကြမ်းတမ်းလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ။

“ဆရာ”

ကူးရင်က အလင်းစီးကြောင်းတစ်ခုအလား စပိဘုတ်ဆီသို့ အဝေးမှ လျင်မြန်စွာ ရွေ့လျားလာသည်။

ထန်ရှုက မေးငေါ့လျက် သူ့အာရုံအား ကူးရင်ဘက်သို့ ပြောင်းလိုက်သည်။ သူက စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်သွား၏။ ကူးရင်က သူ့ရှေ့၌ ထွက်ပေါ်လာပြီးနောက် သူက သူမအား ကြည့်ကာ မေးမြန်းလိုက်သည် “မင်း ဘာလို့ ဒီနေရာကို လာရတာလဲ။ အရေးတကြီးတစ်ခုခုရှိလို့လား”

“ဆရာတို့က အဝေးကြီးမသွားတာ ကံကောင်းတာပဲ၊ မဟုတ်ရင် ဆရာ့ကို ခက်ခက်ခဲခဲ ရှာနေရမှာ”ကူးရင်က ပြောလိုက်သည်။ “အမယန်နန်နဲ့ ပတ်သက်ပြီးတော့ပဲ၊ သူမ ဆရာ့ကို ရှာနေတယ်”

“သူမ ငါ့ကို ဘာတွေ့ချင်လို့လဲ”ထန်ရှုက မေးလိုက်သည် “ငါ မိုအားဝူကို သူမကို လေ့ကျင့်ရေးစခန်းဆီ ခေါ်သွားခိုင်းပြီးပြီမလား”

ကူးရင်က ရယ်ကာ ပြောလိုက်သည် “အာ၊ ဆရာ သူမကို မြင်တဲ့အချိန်ကျရင် သိပါလိမ့်မယ်။ အမယန်နန်၊ သူမ…အာ၊ သူမ စိတ်တိုနေတယ်။ နဂါးကိုးကောင်ကျွန်းကနေ ထွက်သွားချင်တယ်၊ တောင်တရုတ်ပင်လယ်ကို ပြန်ပြီး ဆေးပင်တွေစိုက်ပြီးသားရဲတွေပဲ မွေးမြူချင်တော့တယ်လို့ သူမက အော်ပြောနေတယ်”

သူ၏ထက်ရှသောစိတ်အာရုံအရ ကူးရင်၏တင်ပြချက်ကို ကြားပြီး ထန်ရှုက ပြဿနာ၏ရင်းမြစ်အား ချက်ချင်းသဘောပေါက်သွားသည်။ ထူးဆန်းသောအပြုံးတစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ခေါင်းညိတ်လိုက်၏ “ကောင်းပြီလေ၊ အခု သူမက ဒေါသထွက်နေမှတော့ သူမကို တွေ့ဖို့ ပြန်ကြတာပေါ့။ တကယ်ပါပဲ။ သူမက အသုံးဝင်ကြောင်း ပြသချင်တယ်ဆိုရင် သူမကိုယ်သူမ ပြုပြင်ဖို့ လိုအပ်တယ်”

“ဟုတ်တယ်၊ အမယန်နန်က တကယ်ကို တင်းမာခက်ထန်တယ်၊ ဆရာ”ကူးရင်က ရယ်လိုက်၏။

“သွားကြတာပေါ့”ထန်ရှုက ပြုံးကာ အပြစ်တင်လိုက်သည် “မင်းက သူမရဲ့လေ့ကျင့်မှုမှာ ဝင်စွက်ဖက်နေတာတော့ မဟုတ်ဘူးမလား။ မင်းက အချိန်အားနေတယ်ဆိုရင် ပိုလေ့လာပြီး မင်းရဲ့အမေကို ကူညီပါ။ သူမက အသက်ကြီးနေပြီ၊ သူမရဲ့ကျင့်ကြံခြင်းပါရမီက ကင်းမဲ့တယ်။ ငါတို့က သူမကို အထူးဂရုမစိုက်ပေးရင် သူမကို ငါတို့နဲ့အတူ ခေါ်သွားဖို့ ခက်ခဲလိမ့်မယ်”

ကူးရင်၏မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး သူမက ရိုသေလေးစားစွာနှင့် ချက်ချင်း ပြန်ဖြေလိုက်၏ “ငါ နားလည်ပါပြီ၊ ဆရာ”

ထို့နောက် ချက်ချင်းလျှင်ပင် ထန်ရှုက နဂါးကိုးကောင်ကျွန်းသို့ ကူးရင်နှင့်ကူးဝါကိုတို့နှင့်အတူ ပြန်ရောက်လာသည်။ စပိဘုတ်ပင် မဆိုက်ကပ်ခင် အကူအညီမဲ့ပုံပေါက်နေသောမိုအားဝူနှင့်အတူ ကမ်းခြေတွင် ရပ်နေသော ဒေါသထွက်နေသည့်ချန်ယန်နန်အား မြင်လိုက်ရသည်။

“နင် ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ အစီအစဉ်ချခဲ့တာလား၊ ထန်ရှု”

ထန်ရှု ကမ်းပေါ်သို့ တက်လာသည်အထိ မစောင့်ဘဲ ချန်ယန်နန်က သူ့အား ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။

ထန်ရှု၏မျက်နှာက အေးစက်သွားလျက် မေးလိုက်သည် “ငါ မင်းကိုဘာပြောခဲ့တယ်ဆိုတာ မင်း‌ မေ့သွားတာလား။ ငါ့ကို နာမည်တပ်ခေါ်ဖို့ မင်းကို ခွင့်မပြုထားဘူးနော်”

ချန်ယန်နန်က သူမ၏အသက်ရှုသံအား ထိန်းချုပ်လိုက်ပြီး ထန်ရှု၏အဆင့်အတန်းအား ရုတ်တရက် သတိရလိုက်သည်။ သူမ၏ဆူပုတ်နေသောမျက်နှာက ပြေလျော့သွားသော်လည်း သူမက မကျေမနပ်စွာနှင့် ပြောလိုက်သေး၏ “နင်က အခု ဂိုဏ်းချုပ်တစ်ယောက်ဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် ငါ နင့်ကို မေးချင်သေးတယ်၊ ဘာလို့ ငါ့ကို ကလေးအုပ်ထဲ ပစ်ထုတ်ခဲ့တာလဲ။ သူတို့က အသက်ဘယ်လောက်လဲ။ လေးနှစ်လား ငါးနှစ်လား ဒါမှမဟုတ် ခုနှစ်နှစ်လား။ နင်က ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ အဲ့နေရာမှာ ထားခိုင်းတာလား”

“ငါတို့က သူငယ်ချင်းတွေ ဖြစ်တာကို ထောက်ပြီး မင်းကို စောင့်ရှောက်တဲ့အနေနဲ့ ထန်ဂိုဏ်းထဲကို လက်ခံခဲ့တာ”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “ဒါပေမယ့် အဲဒါက ငါက မင်းရဲ့မသိနားမလည်မှုကို သည်းခံမယ်လို့ မဆိုလိုဘူး။ သူတို့က ငယ်ရွယ်တာကြောင့်နဲ့ ငါ မင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တယ်လို့ မင်း ထင်တာလား”

ချန်ယန်နန်၏မျက်နှာက အနည်းငယ် အရုပ်ဆိုးသွားသော်လည်း သူမက အံကြိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်လေ၊ နင်ပဲ ငါ့ကို ကလေးအုပ်ထံ ပစ်ခဲ့တယ်မလား။ သူတို့နဲ့ လေ့ကျင့်လို့ ငါ ဘာရနိုင်မှာလဲ”

“မင်း လေ့ကျင့်ရေးစခန်းကနေ ထွက်လာတာ အချိန်အတော်ကြာပြီးမလား”ထန်ရှုက မေးလိုက်သည်။

ထန်ရှု၏မေးခွန်းအား နားမလည်သော်လည်း ချန်ယန်နန်က ခေါင်းညိတ်လိုက်သေး၏ “ဟုတ်တယ်၊ ငါ စောင့်နေတာ လေးနာရီရှိပြီ”

“မင်းကို ပြောမယ်၊ ချန်ယန်နန်။ ကျင့်ကြံသူတွေက အသက်အရွယ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ ဂရုမစိုက်ဘူး။ သန်မာသူတွေကပဲ စကားပြောဖို့ အခွင့်အရေးရှိတယ်။ မင်းကိုယ်မင်း အရွယ်ရောက်သူတစ်ယောက်လို့ တွေးထားတယ်၊ ဒါကြောင့် ကလေးတွေနဲ့ လေ့ကျင့်တာက မင်းကို အရှက်ရစေတယ်ပေါ့”

“ဒါ အသိသာကြီးပဲ မဟုတ်လား”ချန်ယန်နန်က ခေါင်းမာမာနှင့် ပြန်ဖြေသည်။

***

All Chapters