← Chapters

စကားလုံးများနှင့် ဖော်ပြလို့မရလောက်အောင် အရှက်ရခြင်း *

Vol. 79 Ch. 1102

စကားလုံးများနှင့် ဖော်ပြလို့မရလောက်အောင် အရှက်ရခြင်း *

Vol. 79 Ch. 1102

ကောင်လေးက အခွင့်အရေးယူကာ နောက်ထပ်တိုက်ကွက်မထုတ်ဘဲ ချန်ယန်နန်ထံ ပြေးလာကာ သူ့လက်အား ဆန့်လျက် သူမအား ကူညီလိုက်သည် “အ…အဆင်ပြေရဲ့လား။ စောစောက ငါ့ရဲ့စွမ်းအားအပြည့်ကို မသုံးခဲ့ပါဘူး။ ငါ့ရဲ့စွမ်းအားတစ်ဝက်ကိုပဲ အသုံးပြုခဲ့တာပါ။ မင်းက အားနည်းလွန်းနေတာ၊ ငါက အဲလိုလုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး”

ဖူး…

ချန်ယန်နန်က စိတ်တိုသွားသည်။ ဒါက သူမအား သွေးအန်စေသည့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုပင်။

ဤအချိန်တွင် သူမက အလွန်အံ့အားသင့်နေသည်။ ကောင်လေးက အရင်တိုက်ခိုက်ပြီး သူမအား အနိုင်ယူခဲ့သည်ဆိုလျှင် သူမထံ၌ ဆင်ခြေပေးစရာတစ်ခုရှိသေး၏။ သို့သော် ဤတစ်ကြိမ်တွင် သူမကိုယ်တိုင် သူ့အား လက်သီးနှင့် ဉီးစွာ ထိုးခဲ့သည်။ ဒါပေမယ့် သူက ဘာလို့ ဒီလောက်အားကောင်းရတာလဲ။ သူ့အား ထိုးလိုက်ချိန်တွင် သူမက သံမဏိပန်းကန်ပြားတစ်ချပ်အား ရိုက်နှက်လိုက်သလို ခံစားရပြီး သက်ရောက်မှုက သူမလက်မောင်းတစ်ခုလုံးအား ထုံကျင်စေသည်။

“မင်း…”

ကောင်လေးက ချန်ယန်နန်၏အခြားလက်တစ်ဖက်အား ကမန်းကတန်း ဆုပ်ကိုင်ကာ သူမအား ဆွဲထူလျက် စိုးရိမ်စွာ ပြောလိုက်သည် “မင်း ဒဏ်ရာမရဘူးမလား။ ငါတို့က ရန်သူတွေမဟုတ်ပါဘူး၊ ငါတို့က တစ်ဖက်တည်းဖြစ်တာကြောင့် ငါက မင်းကို မနာကျင်စေချင်ပါဘူး”

ချန်ယန်နန်၏နှုတ်ခမ်းက လှုပ်ရွသွားသည်။ သူမက ထန်ရှုအား မော့ကြည့်ကာ မေးလိုက်၏ “သူက ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိထားတာလဲ”

“သူမကို ပြောပြလိုက်ပါ၊ ကောင်လေး”ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်သည်။

“ငါ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်ရှိထားတယ်၊ ဒါပေမယ့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့ ကြာအုံးမယ် ထင်တယ်”ကောင်လေးက ဖြေ၏ “ဒါပေမယ့် အမြန်ဆုံးချိုးဖြတ်နိုင်ဖို့ ငါ ကြိုးစားလေ့ကျင့်မှာပါ၊ သူဌေး”

ထန်ရှုက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ကောင်လေးအား လက်ပြကာ ချန်ယန်နန်အား ကြည့်ပြီးနောက် မေးလိုက်သည် “ဘယ်လိုလဲ။ မင်း ခံနိုင်သေးလား။ မင်း ရင်ဆိုင်နိုင်သေးတယ်ဆိုရင် မင်းရဲ့ပြိုင်ဘက်အသစ်ကို ထပ်ရွေးချယ်လိုက်ပါ။ ဟုတ်တယ်၊ မင်းက မင်းရဲ့အထူးစွမ်းရည်ကို အသုံးမပြုရသေးဘူးနော်၊ ဒါကြောင့် မင်းရဲ့အထူးစွမ်းရည်ကို ထုတ်ဖော်ဖို့ ကြိုးစားပါ၊ နောက်တိုက်ပွဲကျရင် မင်းရဲ့အထူးစွမ်းရည်က ပိုအားကောင်းတာလား ဒါမှမဟုတ် ဒီကလေးစစ်သားတွေက ပိုအားကောင်းတာလား သိရတာပေါ့”

ချန်ယန်နန်က သက်ပြင်းတစ်ချက်ရှိုက်ကာ ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်အား ကြည့်လိုက်သည်။ ဤကလေးမလေးက အလွန်ပိန်ပြီး သူမကို ကြည့်ရတာ အာဟာရချို့တဲ့နေပုံရသည်။ ချန်ယန်နန်က ကလေးမလေးအား လက်ညှိုးထိုးလျက် ပြောလိုက်၏ “ညီမလေး၊ အမက မင်းကို အနိုင်ကျင့်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ခဏက အမက မျက်နှာပျက်ခဲ့ရတယ်၊ ဒါကြောင့် ဒီတစ်ခါတော့ အမ အနိုင်ရဖို့ လိုမယ်။ မင်း အမကို အားကုန်ထုတ်တိုက်ခိုက်နိုင်တယ်၊ မင်းကို မထိမိစေအောင် အမဘက်က သေချာဂရုစိုက်မှာပါ”

ကလေးမလေးက ပြုံးကာ သူမ၏ကျားသွားနှစ်ချောင်းအား ထုတ်ပြလျက် အပြစ်ကင်းစွာ ပြောလိုက်သည် “ဒါ ကိစ္စမရှိပါဘူး၊ အမကြီး။ ငါတို့ ဘယ်လိုရန်သူမျိုးနဲ့ ရင်ဆိုင်ရရင်ဆိုင်ရ အစွမ်းကုန်တိုက်ခိုက်ရမယ်လို့ သူဌေးက ငါတို့ကို ပြောခဲ့တယ်။ လွန်ခဲ့တဲ့ခြောက်လကမှ ငါက အဖွဲ့ထဲကို ဝင်လာတာ၊ ငါ့အဖော်တွေထဲမှာ ငါက အားအနည်းဆုံးပဲ”

“အာ။ မင်း ဒါ ဘာဆိုလိုတာလဲ၊ ညီမလေး”ချန်ယန်နန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“အမက ငါ့ကို အနိုင်ယူနိုင်ရင် အမက အရမ်းအားကောင်းတယ်လို့ ဆိုလိုတယ်”ကလေးမလေးက ရယ်လျက် ပြောလိုက်သည် “ဒါပေမယ့် ငါ့ကို အနိုင်မယူနိုင်ရင်တော့ အမက ကျန်တဲ့သူတွေကို စိန်ခေါ်စရာမလိုတော့ဘူး၊ ဘာလို့ဆို အမက ဘယ်သူကို့မှ အနိုင်မယူနိုင်မှာမို့လို့ပဲ”

ချန်ယန်နန်၏မျက်နှာက မည်းမှောင်သွားသည်။ သူမက ထိုကောင်မလေးအား ထိုးရန် မစောင့်နိုင်တော့ပေ။ ဤကား ထိုကလေးများထဲမှ တစ်ယောက်မှ အားမနည်းဘဲ ရင်ဆိုင်ရမလွယ်ကူကြောင်း သူမအား ရှင်းရှင်းလင်းလင်း သဘောပေါက်သွားစေသည်။

‘တိုက်ခိုက်ကြစို့”ချန်ယန်နန်က ထပ်မပြောတော့ပေ။ သူမက အနိုင်ရရန် လိုအပ်သည်၊ သူမ၏သိက္ခာအား ပြန်ဆယ်ရမည်။

ကလေးမလေးက အနည်းငယ်ဉီးညွှတ်လိုက်သည် “ကျေးဇူးပြုပြီး ငါ့ကို အလင်းပြပေးပါ”

သူမ၏သိက္ခာအား ပြန်ရစေရန် ချန်ယန်နန်က တန်းပြောလိုက်၏ “မင်း အရင် တိုက်ပါ”

“ကောင်းပါပြီ”

ကလေးမလေးက ခဏတုံ့ဆိုင်းသွားသည်။ ထို့နောက် သူမက ချန်ယန်နန်၏မျက်နှာနှစ်ဖက်အား လေ့လာကာ စိုးရိမ်စွာ ပြောလိုက်သည် “အမ၊ အမရဲ့မျက်နှာပေါ်က ဒဏ်ရာတွေက အချိုးမညီဘူးဖြစ်နေတယ်၊ ဒါက အမရဲ့ချစ်စရာကောင်းတဲ့မျက်နှာကို ပျက်ဆီးစေတယ်။ ဒါပေမယ့် အမ စိတ်မပူပါနဲ့၊ ငါ အမကို ကူညီမှာပါ၊ အမ အရင်တိုင်း ပြန်လှလာစေရမယ်”

သူမအသံက ပျောက်ကွယ်သွားပြီး သူမ၏အနီရောင်လက်သီးက ချန်ယန်နန်၏အရှေ့၌ ထွက်ပေါ်လာသည်။ ချန်ယန်နန်၏မျက်ခုံးများက ကျုံ့သွားပြီး သူမက ရှောင်တိမ်းရန် အချိန်မရှိခဲ့ပေ၊ ထိုပန်းရောင်လက်သီးက သူမ၏ညာဘက်မျက်ခွံအား ထိမှန်သွားသည်။ သူမက မူးဝေသွားပြီး နောက်သို့ ပြန်ဆုတ်ရန် ကြိုးစားနေစဉ် ကလေးမလေး၏အရိပ်က နောက်မှ လိုက်ပါလာပြီး သူမ၏ညာဘက်မျက်နှာပေါ်သို့ လက်သီးဆက်တိုက် ပစ်သွင်းလိုက်သည်။ ထို့နောက် ကလေးမလေးက ကျေနပ်စွာနှင့် နောက်သို့ ဆုတ်လိုက်၏။

“အမ်”

ချန်ယန်နန်က မြေပြင်ပေါ်သို့ လဲကျသွားကာ သူမ၏ညာဘက်မျက်နှာတစ်ခြမ်းအား ဖုံးလိုက်သည်ကို မြင်ပြီး ကလေးမလေးက ရပ်တန့်လိုက်သည်။

ထန်ရှုက ချန်ယန်နန်အား ထူးဆန်းသောအမူအရာနှင့် ကြည့်လိုက်သည်၊ ထို့နောက် သူ့အကြည့်အား ကလေးမလေးထံ ပြောင်းလိုက်၏။ သူက ရုတ်တရက်ရယ်ကာ ကျယ်လောင်စွာ ပြောလိုက်သည် “ဟားဟားဟား၊ ငါက မင်းအပေါ် ဘာထိခိုက်စေလိုစိတ်မှ မရှိဘဲ မင်း ဒီနေရာမှာ လေ့ကျင့်ဖို့ စီစဉ်ပေးခဲ့တာပါ၊ ချန်ယန်နန်။ သူတို့ရဲ့အသက်အရွယ်နုနယ်တာကို ဖယ်လိုက်ရင် ဒီကလေးသုံးယောက်က မင်းရဲ့ဆရာတွေဖြစ်ဖို့ အရည်အချင်းပြည့်မှီပါတယ်။ ဒီတော့ ဒီနေရာမှာ နေပြီး ကောင်းကောင်းလေ့ကျင့်နေပါ၊ ဟားဟားဟား”

ထိုအချိန်တွင် မိုအားဝူနှင့်ကူးဝါကိုတို့၏မျက်နှာများကလည်း နီရဲသွားသည်။ သူတို့က လေ့ကျင့်ရေးကွင်းမှ လျင်မြန်စွာ ပြေးထွက်လိုက်၏။ သူတို့က ရယ်ချင်သော်လည်း အနာဂတ်တွင် သူတို့က ချန်ယန်နန်နှင့် အတူအလုပ်လုပ်ရမည်ကို သတိရသည်၊ ထို့ကြောင့် သူတို့က လေ့ကျင့်ရေးကွင်းအပြင်ဘက်သို့ ရောက်သည်အထိ အောင့်အည်းပြီးမှ နောက်ဆုံးတွင် ရယ်မောလိုက်လေသည်။

မျက်နှာက နာကျင်နေသော်လည်း မြေပြင်မှ ခက်ခက်ခဲခဲနှင့် တွားသွားထလျက် သူမ၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအား ထိခိုက်စေခဲ့သည်ဟု ချန်ယန်နန်က ခံစားမိလိုက်၏။

သူမ ရှုံးသွားပြီ…တစ်ချက်တည်းနှင့် အပြတ်အသတ်ရှုံးနိမ့်သွားခြင်းပင်…

အစက သူမက ထိုကလေးသုံးယောက်အား အနိုင်မကျင့်ချင်သော်လည်း ရလဒ်အားဖြင့် သူမသည်သာ တိုက်ပွဲသုံးပွဲစလုံး ရှုံးနိမ့်ခဲ့ရ၏။

ဤအခါတွင်မှ သူမ၏ယခင်အတွေးများက ဘယ်လောက်အမြင်ကျဉ်းမြောင်းသလဲကို သူမ သဘောပေါက်လာသည်။ သူမက ထိုကလေးများအား အထင်သေးခဲ့သော်လည်း အဆုံးထိတိုင် သူမသည်သာ လစ်လျူရှုခံခဲ့ရ၏။ ဘယ်ကလေးမဆို သူမအား အနိုင်ယူနိုင်သည်။

“ထန်ရှု…ဂိုဏ်းချုပ်”

တောင်းပန်သောမျက်နှာနှင့် ချန်ယန်နန်က ထန်ရှုပျောက်ကွယ်သွားရာဉီးတည်ဘက်သို့ နက်ရှိုင်းစွာ ကြည့်လိုက်သည်။ ထို့နောက် သူမက အော်လိုက်၏ “ရှင်ပြန်လာတာပဲ၊ မိုအားဝူ”

အချိန်အချို့ရယ်မောပြီးနောက် မိုအားဝူက လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်လာပြီး ချန်ယန်နန်၏ဖူးယောင်နေသောမျက်နှာအား ကြည့်လိုက်သည်။ သူက မရယ်မိစေရန် ချုပ်တည်းထားလျက် ပြောလိုက်သည် “ဘယ်လိုလဲ။ အခု သူတို့နဲ့ လေ့ကျင့်ရတာ ရှက်စရာမဟုတ်ဘူးလို့ မင်း ခံစားနေရပြီမလား”

“ဂိုဏ်းချုပ်ကို အထင်လွဲမိတဲ့အတွက် ငါ မှားပါတယ်”ချန်ယန်နန်က ခါးသီးစွာ ပြောလိုက်သည်။ “ဒါနဲ့ ငါ နင့်ကို မေးချင်တယ်၊ ငါ့ကိုရော ဒီကလေးတွေလို အားကောင်းအောင်‌ လေ့ကျင့်ပေးနိုင်မလား၊ မိုအားဝူ”

“အမှားကို သိပြီး ဝန်ခံတဲ့သူတွေက သူတို့ကိုယ်သူတို့ ပြုပြင်နိုင်ပါလိမ့်မယ်”မိုအားဝူက လက်မထောင်ကာ ချီးကျူးလိုက်သည် “မင်း နောက်ဆုံးတော့ သဘောပေါက်သွားပြီပေါ့၊ ဒါဆို ငါတို့ စတင်ကြတာပေါ့။ ဒါနဲ့ ငါ မင်းကို အရင်ဆုံးသတိပေးမယ်။ နောက်လာမယ့်လေ့ကျင့်ခြင်းက အရမ်းနာကျင်ပြီး မောပန်းလိမ့်မယ်။ မိနစ်တိုင်းစက္ကန့်တိုင်းက တောင့်ခံဖို့ ခက်ခဲတယ်ဆိုတာကို နောက်ကျရင် မင်း သဘောပေါက်ပါလိမ့်မယ်။ ဒါကြောင့် မင်း လုပ်နိုင်ပါ့မလားဆိုတာ ငါ သိချင်တယ်”

“ငါ လုပ်နိုင်ပါတယ်”ကလေးများအား တစ်ချက်ကြည့်ပြီးနောက် ချန်ယန်နန်က ပြန်ဖြေလိုက်သည်။

မိုအားဝူက ခေါင်းညိတ်တုံ့ပြန့်ကာ အော်လိုက်သည် “အားလုံးပဲ၊ လူစုခွဲကြတော့။ ချန်ယန်နန်၊ လက်နက်ထားခန်းကို သွားပြီး မင်းရဲ့လက်နက်ကို ယူပါ၊ ငါးမိနစ်အတွင်း ဒီနေရာမှာ ငါ့ဆီ လာတင်ပြပါ”

“လက်နက်ထားခန်းက ဘယ်မှာလဲ”ချန်ယန်နန်က မေးလိုက်သည်။

မိုအားဝူက ပထမမှင်တက်သွားပြီးနောက် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည် “ထန်ကျင်း၊ သူမကို လက်နက်ထားခန်းကို ခေါ်သွားလိုက်။ ဒီနေ့ကစပြီး မင်းက သူမရဲ့လေ့ကျင့်ခြင်းအတွက် တာဝန်ရှိတယ်၊ ဒါကြောင့် မင်း စတင်တုန်းက လေ့ကျင့်ခြင်းတွေအတိုင်း လုပ်ပါ။ မှတ်ထားပါ၊ မင်းရဲ့ကျင့်ကြံခြင်းကိုလဲ မနှောင့်နှေးစေနဲ့”

‘နားလည်ပါပြီ၊ ဆရာ…”ထန်ကျင်းက ခေါင်းညိတ်လိုက်သည်။

ချန်ယန်နန်၏ပါးစပ်ထောင့်က အနည်းငယ်လှုပ်ရွသွားသည်။ ခုနှစ်နှစ်အရွယ်ကလေးက လေ့ကျင့်ပေးသည့်အပေါ် သူမက ရှက်ရွံ့သလို ခံစားမိသည်။ သို့သော် ထန်ကျင်း၏ခွန်အားအား အမှတ်ရလိုက်ပြီးနောက် သူမ၏ခံစားချက်က ပိုကောင်းသွားသည်။

****

အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်တွင်။

ကူးဝါကိုအား ဤနေရာသို့ ခေါ်လာပြီးနောက် ထန်ရှုက သူမအတွက် အထူးလေ့ကျင့်ခြင်းကို စတင်ခဲ့သည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောဆုံမှတ်များအား ပိတ်ဆို့ထားသဖြင့် သူမက အစစ်အမှန်အဆီအနှစ်စွမ်းအင်အား မသုံးစွဲနိုင်သောကြောင့် ဤလေ့ကျင့်ခြင်းနည်းလမ်းက အလွန်ကြမ်းတမ်းသည်။ ထို့ပြင် ကျောက်တောင်တစ်ခုမှ ကျောက်တုံးဆယ်တုံးအား သူကိုယ်တိုင် ဖြတ်ခဲ့သည်၊ အပေါ့ဆုံးပင်လျှင် ၁၅၀ကီလိုဂရမ်ရှိပြီး အလေးဆုံးက နှစ်တန်လေး၏၊ သူက ကူးဝါကိုအား ဧရာမကျောက်တိုင်းကြီးကို မကာ အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်တွင် လေ့ကျင့်ရေးအမျိုးမျိုးလုပ်ရန် စီစဉ်ပေးခဲ့၏။

သို့သော် ကူးဝါကိုက အံကြိတ်ကာ လေ့ကျင့်နေသည်ကို မြင်ပြီး ကျွန်းပေါ်တွင် စခန်းချနေသော ထန်ဂိုဏ်း၏အရံအဖွဲ့ဝင်များက လေ့ကျင့်ခြင်းထံ ပူးပေါင်းလာသည်။ သူတို့၏ကျင့်ကြံခြင်းက ပိုနိမ့်ကျသော်လည်း သူတို့၏ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့်ခန္ဓာကိုယ်တည်ဆောက်ပုံက အားမနည်းပေ။

လေ့ကျင့်ခြင်းက ရက်စက်သော်လည်း သူတို့အား တိုးတက်စေပေသည်…

ကူးဝါကိုကဲ့သို့ပင် ထိုလူများက ထန်ရှု၏လေ့ကျင့်ရေးပရိုပရမ်အတိုင်း လိုက်လုပ်ရင်း သူတို့၏ခွန်အားက အဆက်မပြတ်တိုးတက်လာသည်။ အပြင်ဂိုဏ်းသားနှစ်ယောက်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်ကာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာသည်။ ထို့ကြောင့် သူတို့က ထန်ဂိုဏ်း၏တရားဝင်ဂိုဏ်းသားများ ဖြစ်သွားကြ၏။

ခုနှစ်ရက်ကြာပြီးနောက် ကူးဝါကိုက စုပုံနေသောဆေးအာနိသင်စွမ်းအင်အားလုံးအား စုပ်ယူနိုင်ခဲ့သည်။ သူမ၏ရုပ်ပိုင်းဆိုင်ရာအကန့်အသတ်ကို ချိုးဖြတ်ပြီးနောက် သူမက ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွား၏။

ဤနှစ်ရက်အတွင်း သူမ၏ကျင့်ကြံခြင်းအား လမ်းညွှန်ခြင်းအပြင် ထန်ရှုက သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းအား မရပ်နားခဲ့ပေ။ နက္ခတ်တာရာသဘာဝလွန်စွမ်းရည်များအား အသက်မသွင်းနိုင်ခဲ့သော်လည်း သူသည်လည်း တိုးတက်မှုကြီးမားခဲ့၏။

“အလျင်လိုဖို့မလိုဘူး”

သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် ထန်ရှုက နဂါးကိုးကောင်ကျွန်းသို့ ပြန်လာပြီး ကိစ္စအချို့အား နှစ်ရက်ကြာ ဖြေရှင်းသည်။ ထို့နောက် သူက တွမ်ရက်ဂျီနှင့်ကူးဝါကိုတို့အား ထွက်ခွာရန် စီစဉ်ပေးခဲ့ပြီးနောက် ထန်၂၈ကို ခေါ်ကာ တရုတ်သို့ ထွက်လာခဲ့သည်။

****

ရှန်းဟိုင်သို့အပြန်။

ထန်ယွမ်ဒီက ကြယ်ပြာအိမ်ရာ၏စာကြည့်ခန်း၌ ထိုင်နေသည်။ သူက စာအုပ်တစ်အုပ်ကိုင်လျက် တိတ်တဆိတ် ဖတ်နေ၏။ သူ့အရှေ့တွင် အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်ရှိပြီး သူတို့က ကျောက်တုံးများပမာ ရပ်နေကြ၏။

ကရင်း…ကရင်း…ကရင်း…

ဖုန်းမြည်သံက ထန်ရှု၏အတွေးရထားအား နှောင့်ယှက်လိုက်သည်။ စာအုပ်ချပြီးနောက် သူက ဖုန်းဆွဲယူလိုက်ပြီး စခရင်ပေါ်ရှိ ခေါ်သူနာမည်အား မြင်လိုက်ရ၏။ သူ့မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး သူက ဖုန်းကိုင်ကာ ပြောလိုက်သည် “ဘယ်လိုလဲ။ သတင်းတစ်ခုခု ရခဲ့လား”

“ငါတို့ သတင်းတွေ စုစည်းပြီးပြီ။ သူက Yတိုင်းပြည်မှာ ရှိတယ်”နက်ရှိုင်းသောအသံတစ်ခုက ဖုန်းမှ ပြန်ဖြေလာသည်။

မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု လက်သွားလျက် ထန်ယွမ်ဒီက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငါ့ဆီ သူ့ရဲ့ကိုဩဒိနိတ်အတိအကျကို ပို့ပေး၊ သူ့ကို မျက်ခြေမပြတ်စေနဲ့”

“နားလည်ပါပြီ”အသံက ပြန်ဖြေကာ ဖုန်းချလိုက်သည်။

ထန်ယွမ်ဒီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် သူက သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်အား ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “Yတိုင်းပြည်ကို ချက်ချင်းသွားပါ။ မှတ်ထားပါ၊ ရှောင်ဝူက မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်၊ အဲအကောင်ကို သေချာစောင့်ကြည့်ထား။ ပြီးတော့ မြေအောက်အဖွဲ့အချို့ကို ရှာပြီး သူတို့ကို ပိုက်ဆံပေးပြီး လှုပ်ရှားခိုင်းလိုက်”

“နားလည်ပါပြီ”သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က ခေါင်းညိတ်ကာ စာကြည့်ခန်းမှ ထွက်သွား၏။

အိမ်ရာအပြင်ဘက်တွင်။

ထန်ရှုက သူ၏သိုလှောင်လက်စွပ်မှ တံခါးကတ်ပြာအား ယူထုတ်လိုက်ချိန်တွင် အိမ်ရာတံခါးက အတွင်းမှ ပွင့်သွားပြီး တောင့်တင်းသန်မာသောလူနှစ်ယောက်က ထွက်လာ၏။

“မင်းတို့က ဘယ်သူတွေလဲ”

သူတို့က သူ့အိမ်ထဲ၌ ထွက်ပေါ်လာသော်လည်း သူက ထိုလူနှစ်ယောက်အား မမြင်ဖူးသည်မှာ ထန်ရှုက သေချာသည်။ ဒါက ပုံမှန်မဟုတ်ပေ။

“သခင်လေးထန်”

တောင့်တင်းသန်မာသောလူနှစ်ယောက်က ထန်ရှု၏ဓာတ်ပုံများအား မြင်ဖူးသည်၊ ထို့ကြောင့် ထန်ရှု၏အထောက်အထားအား မှတ်မိကာ လေးစားစွာ ပြောလိုက်၏။

***

All Chapters