လျှို့ဝှက်ထားသောစစ်တုရင်အပိုင်းအစများ *
Vol. 79 Ch. 1103
ထန်ရှုက အနည်းငယ် မျက်မှောင်ကျုံ့လိုက်သည်။ သို့သော် ထိုးထွင်းသိမြင်မှုအား ထုတ်လွှတ်လိုက်ပြီးနောက် သူက ပြုံးလိုက်၏ “ခင်ဗျားတို့က ကျုပ်အဖေနဲ့ လာခဲ့ကြတာပဲ။ ဒါနဲ့ ဘာဖြစ်ခဲ့လို့လဲ”
နှစ်ယောက်ထဲမှ တစ်ယောက်က လေးစားစွာ ပြန်ဖြေသည် “သခင်လေးထန်၊ ငါတို့ရဲ့ကုန်သင်္ဘောက ပင်လယ်ပြင်မှာ လုယက်ခံလိုက်ရတယ်။ ငါတို့ရဲ့စုံစမ်းစစ်ဆေးမှုအရ တစ်ဖက်အဖွဲ့က ပင်လယ်ဓားပြအဖွဲ့မဟုတ်ဘဲ ငါတို့ကို ပစ်မှတ်ထားနေသောပြည်ပအဖွဲ့တစ်ခုဖြစ်တဲ့အင်ဂရက်စ်ဖာမ်ဆိုတာ ရှာတွေ့ခဲ့တယ်”
‘အင်ဂရက်စ်ဖာမ်လား’
နာမည်က ထန်ရှုနှင့် ရေးရေးလေး ရင်းနှီးသလို ရှိသည်၊ သို့သော် ဘယ်နေရာတွင် ကြားဖူးမှန်း သူ မမှတ်မိပေ။ ထို့ကြောင့် သူက လက်ဝှေ့ယမ်းပြကာ ထိုလူနှစ်ယောက်အား ထွက်ခွာရန် အချက်ပြလိုက်သည်။ ထို့နောက် အိမ်ရာထဲသို့ တစ်ယောက်တည်း ဝင်လာခဲ့သည်။ သူက အခန်းအတွင်းပိုင်းအား သန့်ရှင်းနေသော အိမ်ဖော်တစ်ယောက်နှင့် တွေ့ဆုံမိပြီး သူမအား နှုတ်ဆက်ပြီးနောက် ဒုတိယထပ်ရှိစာကြည့်ခန်းထဲသို့ လျှောက်လာသည်။
ဒေါက်…ဒေါက်…
ထန်ရှုက တံခါးခေါက်ကာ တွန်းဖွင့်လိုက်သည်။ သူ့အဖေထန်ယွမ်ဒီက အတွေးထဲ၌ နစ်မြုပ်လျက် တံခါးခေါက်သံကိုပင် မကြားသည်ကို မြင်လိုက်ရ၏။ သူက ချက်ချင်း ပြုံးကာ ပြောလိုက်သည် “ဘာတွေ စဉ်းစားနေတာလဲ၊ အဖေ။ အဖေကို ကြည့်ရတာ ပြုစားခံနေရသလိုပဲ”
ထန်ယွမ်ဒီက ချက်ချင်း အသိပြန်ဝင်လာသည်။ သူ့အရှေ့တွင် ထွက်ပေါ်လာသောထန်ရှုအား မြင်ပြီးနောက် သူက အနည်းငယ် ပျော်ရွှင်သွားပုံပေါ်ကာ မေးလိုက်၏ “မင်း ပြန်လာပြီလား။ မင်း နဂါးကိုးကောင်ကျွန်းမှာ ရှိနေတာ မဟုတ်လား”
“ထိုနေရာက အားလုံး စီစဉ်ထားပြီးပြီ၊ ဒါကြောင့် တစ်စုံတစ်ခုကို ကိုင်တွယ်ဖို့ ငါ ပြန်လာတာ”ထန်ရှုက ပြုံးကာ ပြေလိုက်သည် “ဒါနဲ့ အဖေတို့က ဒီနေရာမှာ မတော်တဆတစ်ချို့ ဖြစ်ခဲ့တယ်ဆို”
“လူအချို့က ရန်သူဖြစ်ဖို့ ကံကြမ္မာက သတ်မှတ်ထားတာပဲ၊ သူတို့က ခွေးရူးတွေလို ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”ထန်ယွမ်ဒီက ခိုကိုးရာမဲ့စွာနှင့် သက်ပြင်းချလိုက်သည်။ “ငါတို့က သူတို့ရဲ့ရန်သူတွေဖြစ်ဖို့ မကြိုးစားပေမယ့် သူတို့ကတော့ သူတို့ရဲ့ပစ်မှတ် ထွက်ပေါ်လာတိုင်း ပြေးကိုက်နေတုန်းပဲ။ ဒီတစ်ကြိမ်ဆုံးရှုံးမှုက မကြီးပေမယ့် ငါတို့ရဲ့လူအချို့ သေခဲ့တယ်”
“အင်ဂရက်စ်ဖာမ်က လုပ်ခဲ့တာလား”ထန်ရှုက သိလိုစိတ်နှင့် မေးလိုက်သည်။
“ဟာ။ မင်း ဘယ်လိုလုပ်သိတာလဲ”ထန်ယွမ်ဒီက မှင်တက်သွားပြီး ချက်ချင်း မေးလိုက်၏။
“ငါ ခြံဝင်းထဲမှာ အဖေ့လူတွေနဲ့ ဆုံခဲ့တယ်”ထန်ရှုက ပြော၏။
ထန်ယွမ်ဒီက ချက်ချင်းနားလည်လိုက်ကာ အားတင်းပြုံးလိုက်သည် “ဟုတ်တယ်၊ အက်ဂရက်စ်ဖာမ်အဖွဲ့ရဲ့အဲဒီလူတွေက တရားခံပဲ။ အဲဒါက စစ်လက်နက်တွေရောင်းချတဲ့ကုမ္ပဏီတစ်ခုပဲ။ ပိုအတိအကျပြောရရင် သူတို့က ဒိုလန်အိမ်တော်ကပဲ၊ အင်ဂရက်စ်ဖာမ်ရဲ့တာဝန်ရှိပုဂ္ဂိုလ်အစစ်အမှန်က ဒိုလန်အိမ်တော်ရဲ့ထိပ်တန်းသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့အန်မော်ဒိုလန်ပဲ”
အင်ဂရက်စ်ဖာမ်နာမည်က ဘာကြောင့် ရင်းနှီးနေသလဲဆိုသည်ကို သူ အခုမှ သဘောပေါက်သွားသည်။ ဒိုလန်အိမ်တော်နှင့် ပတ်သက်၍ သူ စုံစမ်းခဲ့တုန်းက အင်ဂရက်စ်ဖာမ်နှင့် ပတ်သက်သည့် မှတ်တမ်းတစ်ခုရှိသည်။ သို့သော် သတင်းအချက်အလက်က အပေါ်ယံမျှသာဖြစ်၏။
ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “အဖေ အသက်ရှင်နေသေးတယ်ဆိုတာကို ဒိုလန်အိမ်တော်က သတင်းတစ်ခုခု ရခဲ့တာများလား”
“အဲလိုပဲ ဖြစ်မယ်လို့ ငါလဲ ထင်တယ်”ထန်ယွမ်ဒီက ခေါင်းညိတ်လိုက်သည် “ဒိုလန်အိမ်တော်က အတိတ်မှာ ဆုံးရှုံးမှု ကြီးမားခဲ့တယ်၊ အထူးသဖြင့် ငါတို့က သူတို့ရဲ့အရေးပါဆုံးမျိုးဆက်ကို သတ်ပစ်ခဲ့တယ်။ သူတို့က ငါတို့ကို သူတို့ရဲ့မျက်လုံးထဲမှာ ဆူးတစ်ချောင်းလို ရှုမြင်ခဲ့ကြတာ၊ ငါတို့ကို အမြန်ဆုံး ဖယ်ရှားဖို့ စောင့်နိုင်မှာ မဟုတ်ဘူး”
ထန်ရှုက ပါးစပ်မဲ့လျက် မေးလိုက်သည် “ဒါဆို
ထန်ယွမ်ဒီက မှင်တက်သွားပြီးနောက် ချက်ချင်း ခါးသက်သက်ပြုံးလိုက်သည် “လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်သာ မင်း မေးမယ်ဆိုရင် ငါ ဖြေနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ့ရဲ့ကုန်သင်္ဘောတိုက်ခိုက်ခံရပြီးနောက် တရုတ်ရဲ့အမှောင်လေအဖွဲ့ကို ငါ ဆက်သွယ်ခဲ့တယ်။ သူတို့ဆီကနေ ငါ သတင်းရခဲ့တယ်၊ လက်ရှိဒိုလန်အိမ်တော်ရဲ့အရေးပါဆုံးမျိုးဆက်က သူတို့ရဲ့အထူးချွန်ဆုံးမျိုးဆက်ဖြစ်တဲ့အိန်ဂျယ်လိုဒိုလန်ပဲ”
ဒိုလန်အိမ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းမနေဘဲ ထန်ရှုက အေးစက်စက်လေသံနှင့် ပြောလိုက်၏ “အိန်ဂျယ်လိုဒိုလန်က အက်စ်အိုအီးကုမ္ပဏီရဲ့ မျိုးရိုးဗီဇစစ်သည်တော်တွေနဲ့အတူ သေသွားပြီ။ ဒါက သူတို့ရဲ့အတိတ်က အကြွေးအတွက် အတိုးပဲ။ ဒါပေမယ့် ပြည်မက ဒီအမှောင်လေအဖွဲ့အစည်းရဲ့အနေအထားနဲ့ ပတ်သက်ပြီး ငါ သိချင်တယ်၊ အဖေ”
မယုံကြည်နိုင်သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာလျက် ထန်ယွမ်ဒီက အံ့အားသင့်စွာနှင့် မေးလိုက်သည် “မင်း ဘာပြောလိုက်တလဲ။ အိန်ဂျယ်လိုဒိုလန်က သေသွားပြီလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“သူက စိုင်းဖန်ကို သူနဲ့အတူ ကျွမ်းကျင်သူအမြောက်အများ ခေါ်လာပြီး ငါ့ရဲလူတွေကို တိုက်ခိုက်ခဲ့တယ်လေ။ ဒါနဲ့ ငါက အလွန်အားကောင်းတဲ့လူတစ်ယောက်ကို အညံ့ခံအောင် လုပ်ပြီး သူ့ရဲ့အကူအညီနဲ့ အိန်ဂျယ်လိုရဲ့တည်နေရာကို ရှာတွေ့ခဲ့တယ်။ ဒိုလန်အိမ်မှာ အခုကစပြီး အိန်ဂျယ်လိုဒိုလန်ဆိုတာ မရှိတော့ဘူး”
ထန်ယွမ်ဒီက သူ့သားအား နက်ရှိုင်းစွာ ကြည့်လိုက်သည်။ ထို့နောက် သူက လက်မထောင်ကာ ချီးကျုးလိုက်သည် “အတိတ်မှာ ငါက သူတို့ရဲ့အရေးပါဆုံးမျိုးဆက်ကို သတ်ခဲ့တယ်၊ အခု ငါ့သားအလှည့်ပေါ့။ ငါ အိပ်ရာထဲမှာ ဆယ်စုနှစ်နှစ်ခုကြာ လဲလျောင်းနေခဲ့တာ အလဟဿမဖြစ်ဘူးပဲ။ ဒါနဲ့ အမှောင်လေအဖွဲ့အစည်းနဲ့ ပတ်သက်ပြီး မင်း ဘာလုပ်ချင်လို့လဲ”
“ဒီအမှောင်လေအဖွဲ့အစည်းက ကမ္ဘာရဲ့ထောင့်တိုင်းမှာ ပုန်းနေတာ၊ ပြီးတော့ သူတို့က ကင်ဆာတွေလိုပဲ ငါ ခံစားမိတယ်”ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည် “သူတို့က ငါနဲ့ပတ်သက်ပြီး အချက်အလက်တွေကို အခြားသူတွေကို တစ်ကြိမ် ရောင်းချခဲ့တယ်၊ ဒါကြောင့် ငါ အဲဒီဌာနခွဲကို ဖျက်ဆီးခဲ့တယ်။ ထပ်ပြောရရင် စိုင်းဖန်ရဲ့သူတို့ရဲ့ဌာနခွဲကိုလဲ ငါ ဖယ်ရှားခဲ့တယ်”
‘မင်း ဒီလိုမဆင်မခြင် မလုပ်သင့်ဘူး၊ သား”ထန်ယွမ်ဒီက ကြောက်လန့်တကြား ပင့်သက်ရှိုက်လိုက်သည် “အမှောင်လေအဖွဲ့အစည်းက သတင်းအချက်အလက်အေဂျင်စီတစ်ခုသာ မကဘူး၊ ကောလဟလတွေအရဆိုရင် ၎င်းက ကမ္ဘာရဲ့ထိပ်တန်းအဖွဲ့အစည်းသုံးခုထက် ပိုသန်မာတယ်လို့ ပြောကြတယ်။ သူတို့ရဲ့ဖုံးကွယ်ထားတဲ့အင်အားတွေက အမှောင်ထဲမှာ ရှိနေတုန်းပဲ၊ အဲဒါကို အခုထိ တစ်ယောက်မှ မဖော်ထုတ်နိုင်ခဲ့ဘူး”
“ဟမ့်၊ အနာဂတ်မှာ ငါတို့ဘာပဲလုပ်လုပ် သူတို့ရဲ့စောင့်ကြည့်မှုအောက်မှာ ရှိနေချင်သေးလို့လား၊ အဖေ”ထန်ရှုက နှာခေါင်းရှံ့လိုက်သည်။
“ဒါက…”ထန်ယွမ်ဒီက အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီး အကူအညီမဲ့စွာ ပြောလိုက်သည် “ဒါပေမယ့် ငါတို့မှာ ရွေးချယ်စရာမရှိဘူးလေ။ အမှောင်လေအဖွဲ့တည်ရှိလာတာ ရာစုနှစ်ကျော်ပြီ။ ဒီအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေက သူတို့ရဲ့မျက်နှာကို ထုတ်ပြတာ ရှားတယ်၊ သူတို့က ကြွက်တွေလို အမှောင်ထဲမှာ ပုန်းနေပြီး သူတို့ရဲ့သတင်းအချက်ကွန်ရက်ကို အဆက်မပြတ် မြှင့်တင်နေတယ်။ ကမ္ဘာတစ်ဝှမ်းက တိုင်းပြည်အမျိုးမျိုးရဲ့သတင်းကွန်ရက်တွေကတောင် သူတို့နဲ့ မယှဉ်နိုင်ဘူး”
“ဒီလို အမှောင်လေအဖွဲ့အစည်းရဲ့သတင်းကွန်ရက်က သန်မာလွန်းတာကြောင့် သူတို့ကို ဖယ်ရှားပြီး သူတို့နေရာမှာ အစားထိုးဖို့ လိုအပ်တယ်”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ပြီးတော့ ငါက အစီအစဉ်တွေ လုပ်ပြီးပြီ၊ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး အဖေ စိတ်ချပါ။ ဒီအဖွဲ့အစည်းကို ကမ္ဘာမြေကနေ အပြီးတိုင်ဖယ်ရှားပစ်မယ်လို့ ငါ အာမခံတယ်၊ အဖေ”
ထန်ရှုက ထန်ဂိုဏ်းတည်ထောင်ခဲ့သည်ကို ထန်ယွမ်ဒီက ကြားခဲ့သည်။ ဟိမဝန္တာရှိနတ်ဆိုးသားရဲများအား သတ်ပစ်ရန် ထန်ရှုက ကျွမ်းကျင်သူအမြောက်အများ ခေါ်ဆောင်သွားသည်ကိုလည်း သူ ကြားသည်။ သူ့သားက အလွန်သန်မာသည်ကို သူ သိသော်ငြား သူ့သား၏စကားများက သူ့နှလုံးသားထဲ၌ ငလျင်တစ်ခု လှုပ်စေခဲ့၏။
‘အမှောင်လေအဖွဲ့အစည်းကို ဖျက်ဆီးမှာလား။ ငါ့သားက ဒီအဖွဲ့အစည်းကို ဖျက်ဆီးနိုင်မယ်ဆိုရင် သူက ကမ္ဘာ့ပိရမစ်ရဲ့ထိပ်ဆုံးကို ရောက်ရှိနိုင်တဲ့စွမ်းအားရှိတယ်လို့ ဆိုလိုတာမလား’
“ငါ့ကိုယ်ပိုင်သတင်းကွန်ရက်တစ်ခုကို တည်ဆောက်ဖို့ လူတွေကို တာဝန်ပေးထားပြီးပြီ၊ အဖေ”ထန်ရှုက ဆက်ပြော၏ “ဒီကိစ္စမှာ ငါ့ရဲ့ရင်းနှီးမြှုပ်နှံမှုကို ဆက်တိုးအုံးမှာ၊ ဒါကြောင့် သုံးနှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းက ကြီးမားတဲ့သတင်းအချက်အလက်ကွန်ရက်တစ်ခုကို စုဆောင်းနိုင်လိမ့်မယ်။ ငါက ဒိုလန်အိမ်ကို ဖယ်ရှားရုံတင်မကဘူး၊ ဒီအမှောင်လေအဖွဲ့အစည်းကိုပါ ကမ္ဘာကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”
“မင်း ယုံကြည်ချက် ဘယ်လောက်ထိရှိလဲ၊ သား”ထန်ယွမ်ဒီက မေးလိုက်သည်။
“တစ်ရာရာခိုင်နှုန်း”ထန်ရှုက ပြန်ဖြေ၏။
ထန်ယွမ်ဒီက ဆိုဖာမှ ရုတ်ချည်း ထရပ်လိုက်၏၊ သူက အားရကျေနပ်စွာနှင့် ပြောလိုက်သည် “မင်း အရမ်းတော်တယ်၊ သား။ မင်းက မင်းရဲ့အဖေထက် အများကြီး ပိုတော်တယ်။ ဒါနဲ့ ငါနဲ့အတူ နေရာတစ်ခုကို လိုက်လာ။ ငါ မင်းကို ပြောစရာတစ်ခုခုရှိတယ်၊ ပြီးတော့ ငါ မင်းကို လူအချို့နဲ့လဲ တွေ့ပေးချင်တယ်”
ထန်ရှုက မှင်တက်သွားသည် “ဟမ်။ ငါ မသိသေးတာ တစ်ခုခုရှိသေးတာလား၊ အဖေ”
ထန်ယွမ်ဒီက ပြုံးလိုက်သည် “ငါ ဆိုးဆိုးဝါးဝါး မထိခိုက်ခင်ကတည်းက လက်စားချေဖို့ ပြင်ဆင်နေခဲ့တာပါ။ ဘယ်လိုလုပ်ပြီး လူတစ်ယောက်က သူ့ရဲ့သွေးကြွေးကို မတောင်းဆိုနိုင်ရမှာလဲ”
ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပြီ။ ငါ အဖေနဲ့ သွားမယ်”
****
ကျင့်နုန်ခရိုင်၊ ရှန်းဟိုင်။
အနက်ရောင်အက်စ်ယူဗီကားတစ်စီးက စက်ရုံဂိတ်ပေါက်တစ်ခုထဲသို့ ဝင်လာသည်၊ ဂိတ်တွင် လုံခြုံရေးအစောင့်ဆယ်ယောက်ကျော်ရှိနေသောကြောင့် ကားထဲတွင် ထိုင်နေသောထန်ရှုက အတွေးနက်သွားသည်။ သူတို့အားလုံးက သာမန်ဆန်ပုံပေါ်ပြီး သန်မာသောအရှိန်အဝါတစ်ခု မထုတ်လွှတ်ထားသော်လည်း သူတို့၏အပြုအမူအတိုင်းက စစ်သားအရိပ်အယောင်များ ထင်ဟပ်နေ၏။
ပတ်ဝန်းကျင်ရှိအမှောင်ထောင့်များ၌ လူများစွာ ပုန်းနေသည်ကိုလည်း သူက ခံစားသိရှိသည်။ သူက ထိုးထွင်းသိမြင်မှုအား ထုတ်လွှတ်လိုက်ရာ မီတာရာအနည်းငယ်အတွင်း ကျွမ်းကျင်သူငါးဆယ်နီးပါးရှိသည်ကို တွေ့လိုက်ရ၏။
“ဒီနေရာက အစောင့်အကြပ်တင်းကျပ်တာပဲ၊ အဖေ”ထန်ရှုက ထန်ယွမ်ဒီအား လှည့်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒါ သေချာတာပေါ့၊ သား”ထန်ယွမ်ဒီက ပြုံးလိုက်သည် “ဒီနေရာက ငါ့ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ပဲ၊ ငါ့ရဲ့အကြီးမားဆုံးဝှက်ဖဲဆိုလဲ ဟုတ်တယ်။ မင်းအဖိုးတောင် ဒီနေရာမှာ ငါ ဘာစီစဉ်ထားတယ်ဆိုတာ မသိဘူး။ ဒါပေမယ့် ကြယ်တာရာမြို့မှာတုန်းက ငါ့ရဲ့ခြေရာကို ဒိုလန်အိမ်တော်က အနံ့ခံနိုင်လိမ့်မယ်လို့ မထင်ထားတာကြောင့် ငါက ပေါ့ပေါ့လေးနေခဲ့တယ်။ မဟုတ်ရင် ငါက တရုတ်က ဒိုလန်အိမ်ရဲ့လူတွေကို တိုက်ခိုက်ဖို့ လူအင်အားအမြောက်အများ ခေါ်သွားမယ်ဆိုရင် အနိုင်ရသူက ဘယ်သူဖြစ်မယ်ဆိုတာ ပြောဖို့ ခက်ခဲလိမ့်မယ်”
ထန်ရှု၏မျက်နှာက ပြောင်းလဲသွားပြီး သူက ခေါင်းညိတ်လိုက်သည်။
“ဟမ်”
အနက်ရောင်အက်စ်ယူဗီက ဂိုထောင်အပြင်ဘက်လေးထောင့်ကွက်လပ်၌ ရပ်လိုက်ချိန်တွင် အမျိုးသမီးနှင့်အမျိုးသားငါးယောက်က ဂိုထောင်ထဲမှ ပြေးထွက်လာသည်ကို ထန်ရှုက မြင်လိုက်ရ၏၊ သူတို့ထဲမှ တစ်ယောက်က သူ အရင်က မြင်ဖူးသည့် မိန်းကလေးတစ်ယောက်ပင်။
“အကိုထန်”
“ဉီးလေးထန်”
နယ်ဖမ်းကန်းက ထန်ရှုအား နှုတ်ဆက်ရန် ရှေ့တိုးလာ၏၊ သူ့နောက်မှ နယ်ကျဲက ရိုသေလေးစားစွာ ခေါ်လိုက်သည်။
“ငါ နိုးလာပြီးကတည်းက မင်းရဲ့ကျဲလေးကို မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ မဟုတ်လား၊ ဖမ်းကန်း”ထန်ယွမ်ဒီက ပြောလိုက်သည် “ထိုနှစ်တုန်းက ကလေးမလေးက အခုတော့ အရွယ်ရောက်နေပြီပေါ့။ သူမက မင်းနဲ့ အရမ်းတူတယ်၊ အရမ်းလှတာပဲ”
“ဟားဟား၊ သူမက အရမ်းလှတယ်လို့ ထင်ရင် ဘာလို့ မင်း သူမကို ထန်မိသားစုရဲ့ချွေးမအဖြစ် မခေါ်တာလဲ၊ အကိုထန်”နယ်ဖမ်းကန်းက ပြုံးကာ ပြောလိုက်သည် “ဒါနဲ့ ငါ့တူ၊ ထန်ရှုရဲ့နာမည်ကို ငါ ကြားဖူးတာ ကြာပြီ”
ထန်ယွမ်ဒီက ရယ်လိုက်သည်။ ထို့နောက် သူက ထန်ရှုဘက် လှည့်ကာ ပြောလိုက်၏ “ရှုအာ၊ ဒါက အဖေနဲ့အတူ အန္တရာယ်တွေကို အတူတူရင်ဆိုင်ခဲ့တဲ့ညီအကိုပဲ။ ဒီတစ်ယောက်က သူ့သမီးနယ်ကျဲ့ပဲ။ ဖမ်းကန်းက ငါတို့ရဲ့လူတွေထဲကတစ်ယောက်ပဲ”
“ဉီးလေးနယ်၊ ညီမကျဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်”ထန်ရှုက ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
“မင်းအဖေ ငါ့ကို ဖုန်းခေါ်တော့မှ ငါ သိခဲ့တာပါ၊ ထန်ရှု”နယ်ဖမ်းကန်းက ပြုံးကာ ပြောလိုက်သည် “ငါတို့ အချိန်အကြာကြီး သိုသိုသိပ်သိပ်နေရအုံးမယ်လို့ ငါ ထင်ထားတာ။ ဒါကြောင့် မင်းက အချိန်တိုအတွင်း ဒီလောက်ထိ အားကောင်းလာပြီး မင်းရဲ့အဖိုးကြီးက မင်းကို ဒီနေရာဆီ ခေါ်လာမယ်လို့ ငါ မထင်ထားခဲ့တာပဲ။ အထဲဝင်ကြစို့၊ နောက်ကျရင် မင်းရဲ့သစ္စာအရှိဆုံးလူတွေဖြစ်လာမယ့်လူအချို့နဲ့တွေ့ဖို့ ငါ မင်းကို ခေါ်သွားပေးမယ်”
***