မယုံကြည်နိုင်ခြင်း
Vol. 79 Ch. 1105
နယ်ဖမ်းကန်း၏မျက်နှာပေါ်ရှိ မျှော်လင့်ချက်ကို မြင်ပြီး ထန်ရှုက ရယ်လိုက်သည်။ သူက စီးကရက်နှစ်လိပ်ယူထုတ်ကာ နယ်ဖမ်းကန်းနှင့်သူ့အဖေထံ ကမ်းပေးပြီးနောက် မီးညှိပေးလိုက်၏။ သူ့အတွက် တစ်လိပ်မီးညှိပြီးနောက် နှစ်ရှိုက်ဖွာကာ ပြုံးကာ ပြောလိုက်သည် “ငါ မင်းကို ဘယ်လိုလုပ် လိမ်ရမှာလဲ၊ ဉီးလေး။ ဉီးလေးရဲ့လက်ရှိခွန်အားက အရင်ကထက် သာလွန်နေပြီ။ ဉီးလေးမယုံဘူးဆိုရင် စမ်းသပ်ကြည့်လို့ပါတယ်”
နယ်ဖမ်းကန်းက ခဏတုံ့ဆိုင်းပြီးနောက် အနီးနားတွင် ရပ်နေသော သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်အား ချက်ချင်း ကြည့်လိုက်သည်။ သူတို့ထံ လက်ဝှေ့ယမ်းပြပြီးနောက် သူက ပြော၏ “မင်းတို့နှစ်ယောက်က အားကောင်းတဲ့ကျွမ်းကျင်သူတွေပဲ။ တစ်ယောက်ချင်းစီဆိုရင် မင်းတို့ကို ငါ အနိုင်ယူနိုင်ပေမယ့် မင်းတို့နှစ်ယောက်လုံးနဲ့ တစ်ပြိုင်တည်း ရင်ဆိုင်ရမယ်ဆိုရင်တော့ ငါ့အတွက် ခက်ခဲလိမ့်မယ်။ မင်းတို့နှစ်ယောက်လုံးနဲ့ ငါ ဖလှယ်ချင်တယ်”
သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က အကြည့်များ ဖလှယ်လိုက်ကြပြီး သူတို့ထဲမှတစ်ယောက်က ထူးဆန်းစွာ ပြုံးလိုက်သည် “မင်း သေချာရဲ့လား၊ သူဌေး”
တုံ့ပြန်သည့်အနေနှင့် နယ်ဖမ်းကန်းက ရှေ့တစ်လှမ်းတိုးလာပြီး သူ့ထံ လက်ညှိုးထိုးကာ ပြောလိုက်သည် “လာစမ်းပါ၊ မင်းတို့မှာ ရှိသမျှ အကုန်ထုတ်စမ်းပါ”
“နားလည်ပါပြီ”
လူနှစ်ယောက်က အကြည့်များဖလှယ်လျက် နယ်ဖမ်းကန်းထံ ချက်ချင်း ပြေးဝင်လာသည်။ သူတို့၏အရှိန်က အလွန်မြန်ပြီး သူတို့၏ခွန်အားကလည်း သန်မာသည်။ သူတို့၏လှုပ်ရှားမှုတစ်ခုစီက ရွှီခနဲမြည်သံများ ထွက်ပေါ်လျက် သူတို့၏လက်သီးချက်များက နယ်ဖမ်းကန်းထံ ရောက်ရှိလာ၏။
မျက်မှောင်ကြုတ်လျက် နယ်ဖမ်းကန်းက ခြေနင်းကွက်သုံးကာ ထိုလူနှစ်ယောက်၏လက်သီးချက်များအား ရုတ်ချည်း ရှောင်တိမ်းကာ အော်လိုက်သည် “မင်းတို့နှစ်ကောင်က ထမင်းမစားရသေးတာလား။ မင်းတို့မှာရှိသမျှ အရာအားလုံး ထုတ်လိုက်စမ်း”
သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က ခေါင်းရှုပ်သွားသည်။ သူတို့က အားကုန်ထုတ်ခဲ့သည်မှာ ရှင်းလင်း၏။ သူတို့၏ပူးပေါင်းတိုက်ခိုက်မှုများက သူတို့၏ကြွယ်ဝသောတိုက်ခိုက်ရေးအတွေ့အကြုံများအား သယ်ဆောင်ထားကာ ချို့ယွင်းချက်ကင်းမဲ့သည်၊ ဒါပေမယ့် နယ်ဖမ်းကန်းက ဘယ်လိုလုပ်ပြီး ဒီလို အလွယ်တကူရှောင်တိမ်းခဲ့တာလဲ။
“သူ့ရဲ့မြန်နှုန်း”သက်လတ်ပိုင်းအရွယ်ယောကျ်ားတစ်ယောက်က တိုးတိုးပြောလိုက်သည်။
အခြားတစ်ယောက်က ဝေ့ကြည့်ကာ ပြန်ပြော၏ “သူက အရင်ကထက် ပိုသန်မာတယ်ဆိုရင်တောင် ငါတို့က အားမနည်းပါဘူး။ ဆက်တိုက်ခိုက်ကြစို့”
“ကောင်းပြီ”
နှစ်ယောက်လုံးက မာကျောခက်ထန်သောကျွမ်းကျင်သူများ ဖြစ်ကြပြီး တိုက်ခိုက်ရေးအတွေ့အကြုံများ ကြွယ်ဝကြ၏။ သူတို့၏ပူးပေါင်းတိုက်ခိုက်မှုနှင့်အတူ နယ်ဖမ်းကန်းအား အဆက်မပြတ်နောက်ဆုတ်ရန် ဖိအားပေးခဲ့သည်။ သို့သော် သူတို့ ဘယ်လိုပဲလုပ်လုပ်၊ နယ်ဖမ်းကန်းအား ဒဏ်ရာရအောင် မလုပ်နိုင်ပေ၊ အသာစီးမရပေ။ ထိုအစား နယ်ဖမ်းကန်း၏တန်ပြန်တိုက်ခိုက်သောလက်သီးချက်များနှင့်ကန်ချက်များကသာ သူတို့အား ထိမှန်၏။
“ရပ်လိုက်ကြတော့”
နယ်ဖမ်းကန်းက တိုက်ခိုက်မှုအား ရပ်တန့်ကာ နေရာ၌တင် ရပ်နေသေးသည်။ သူက မျက်မှောင်ကြုတ်ကာ အော်လိုက်၏ “မင်းတို့နှစ်ကောင် ဘာလုပ်နေတာလဲ။ ငါ မင်းတို့ကို အားကုန်ထုတ်ဖို့ ပြောခဲ့တယ်မလား။ မင်းတို့ရဲ့ဒီနေ့ကန်ချက်က ပျော့လွန်းတယ်၊ မင်းတို့ရဲ့အရှိန်က နှေးလွန်းတယ်…ငါက လုပ်ချင်ရင် တစ်မိနစ်ဝက်အတွင်း မင်းတို့ရဲ့သွားတွေကို ပြုတ်ထွက်အောင် လုပ်နိုင်တယ်”
“ဘာ…”
လူနှစ်ယောက်က မျက်လုံးပြူးမျက်ဆံပြူးလျက် နယ်ဖမ်းကန်း၏ဒေါသထွက်နေသောမျက်နှာအား စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူတို့က တစ်ခုခုအား သဘောပေါက်သွားပြီး မျှော်လင့်ချက်တို့ လောင်ကျွမ်းလျက် ထန်ရှုထံ လှည့်ကြည့်လိုက်ကြသည်။
နေ့တစ်ဝက်သာ ကြာ၏၊ ထန်ရှုက သူတို့သူဌေးနယ်ဖမ်းကန်းအား ပိုပြောင်မြောင်အောင် လုပ်ပေးနိုင်သည်။ ဤကား သဘာဝကို ဆန့်ကျင်သောနည်းလမ်းတစ်ခုပင်။ သူတို့နှစ်ယောက်လုံးလည်း ယခုကဲ့သို့ ပိုသန်မာချင်သည်။
သူတို့၏အကြည့်များကို မြင်ပြီး ထန်ရှုက စိတ်ထဲ၌ အနည်းငယ် ရယ်ချင်မိသွားသည်။ သူက နယ်ဖမ်းကန်း၏ဘေးနားသို့ လျှောက်လာကာ အပြုံးတစ်ဝက်နှင့် ပြောလိုက်၏ “ကောင်းပြီ၊ သူတို့က အားကုန်ထုတ်ခဲ့တာပဲ၊ ဉီးလေး။ ဉီးလေးက ပိုသန်မာလာတာကြောင့်ပဲ။ ဉီးလေးက ဒါကို လောလောဆယ် သဘောမပေါက်နိုင်ပေမယ့် ချီသန့်စင်ခြင်းအဆင့်ကို ရောက်သွားတဲ့အခါကျရင် ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်ပြောင်မြောင်သလဲဆိုတာ သိလာမှာပါ။ အဲအခါကျရင် လက်ရှိထက် ဆယ်ဆလောက် ပိုသန်မာလာတယ်ဆိုတာ ဉီးလေးသိလာမှာပါ”
နယ်ဖမ်းကန်းက ထန်ရှုအား တစ်ခဏလောက် မှင်တက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက သူ့အာရုံအား သူ့လူနှစ်ယောက်ထံ ပြောင်းရွှေ့ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ခဏက မင်းတို့နှစ်ယောက်လုံး အားကုန်ထုတ်ခဲ့တယ်ဆိုတာ သေချာလား”
“ငါတို့ တစ်ရာရာခိုင်နှုန်း သေချာတယ်။ ငါတို့ရဲ့စွမ်းအားနည်းနည်းလေးတောင် မထိန်ချန်ခဲ့ပါဘူး”
ထန်ရှုက သူတို့အား တန်းကာ လစ်လျူရှုခဲ့သည့်အတွက် လူနှစ်ယောက်က စိတ်ထဲ၌ မကျေမနပ် ဖြစ်မိ၏။ နယ်ဖမ်းကန်း၏မေးမြန်းမှုကို ကြားပြီး သူတို့က ချက်ချင်း အလေးအနက်ထားဖြေလိုက်သည်။
နယ်ဖမ်းကန်းက နှုတ်ဆိတ်သွားသည်။ အချိန်တစ်ခုကြာပြီးနောက် သူက ခေါင်းမော့ကာ မေးစေ့ပွတ်လျက် ပြောလိုက်၏ “နောက်ကျရင် ငါ မင်းနောက်လိုက်ပြီး မင်းလက်အောက်မှာ အလုပ်လုပ်ပါ့မယ်၊ ထန်ရှု”
“အာ၊ ကျေးဇူးပြုပြီး အဲလိုမပြောပါနဲ့၊ ဉီးလေးနယ်”ထန်ရှုက ကမန်းကတန်း ကြားဖြတ်ပြောလိုက်သည် “အဖေက ငါတို့ကို ကြည့်နေတယ်၊ သူ့က ငါ့ကို သင်ခန်းစာပေးအောင် ဉီးလေးက လုပ်နေတာပဲ”
အပြုံးတစ်ခုက ထန်ယွမ်ဒီ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူ့သား၏ယနေ့လုပ်ဆောင်ချက်အတွက် သူက အလွန်ကျေနပ်၏။ သူနှင့်နယ်ဖမ်းကန်းက သေဖော်ရှင်ဖက်ညီအကိုများဖြစ်ကြပြီး ဘုံရန်သူများရှိသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် နယ်ဖမ်းကန်းက သူ့အား သစ္စာရှိနေလိမ့်မည်ဟု တစ်ရာရာခိုင်နှုန်း သူ အာမမခံရဲပေ။ သို့သော် ယခု နယ်ဖမ်းကန်းက သူ့သားအား အညံ့ခံခဲ့သည်။
“ဒီတော့ လုံခြုံရေးကုမ္ပဏီနဲ့လူအင်အားကို ရှုအာထံ လွှဲပြောင်းပေးလိုက်ပါ၊ ဖမ်းကန်း။ သူ့ရဲ့ဉီးဆောင်မှုအောက်မှာ သူက လက်ရွေးစင်စစ်သည်အမြောက်အများကို လေ့ကျင့်ပေးနိုင်တယ်လို့ ငါ အာမခံတယ်၊ ဒါဆို နောက်ကျရင် ငါတို့ရဲ့ရန်ငြိုးကို လက်စားချေနိုင်မယ်”ထန်ယွမ်ဒီက ပြုံးကာ ပြောလိုက်သည်။
“ငါတို့လုံခြုံရေးကုမ္ပဏီရဲ့စီနီယာအဖွဲ့ဝင်တွေအားလုံးကို မင်း ဖွဲ့စည်းပေးခဲ့တာပဲ၊ အကိုထန်။ ငါက သွေးသစ်တွေ ဖြည့်ခဲ့ရုံပဲ၊ ဒါကြောင့် အခုဆိုရင် ကုမ္ပဏီရဲ့လူအရေအတွက်က ရှစ်ဆယ်ရှိပြီ”နယ်ဖမ်းကန်းက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည် “သူတို့အားလုံးက သစ္စာရှိပြီး ယုံကြည်စိတ်ချရတဲ့သူတွေဆိုတာ ငါ အာမခံတယ်။ ဒီကောင်လေးမှာ စွမ်းရည်ရှိတာကြောင့် သူတို့ကို ထန်ရှုဆီ ပေးဖို့ ငါလဲ စိတ်သက်သာရာရပါတယ်”
ဂိုထောင်ထဲတွင် တိမ်မီးပြင်းဖိုလုံခြုံရေးကုမ္ပဏီ၏အဖွဲ့ဝင်ရှစ်ဆယ်လုံးက ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတို့ ပြုလုပ်နေကြ၏။ သူတို့ခန္ဓာကိုယ်ပေါ်တွင် ချွေးများစိုရွှဲနေပြီး လက်ရှိတွင် သူတို့က မောပန်းနေပုံပေါ်သော်လည်း လေ့ကျင့်ခြင်းအား မရပ်တန့်ခဲ့ပေ။
ဘန်း…
နွားထီးတစ်ကောင်အလား သန်မာသော လူတစ်ယောက်က သဲအိတ်များအား ကန်ကျောက်နေသည်။ သူ၏အပေါ်ပိုင်းခန္ဓာကိုယ်က တောက်ပြောင်နေပြီး အမာရွတ်များက သူ၏ကြွက်သားများအား အလှဆင်ထားလျက် သေရေးရှင်ရေးတိုက်ပွဲများအား အကြိမ်ပေါင်းမရေမတွက်များစွာ ရင်ဆိုင်ခဲ့ကြောင်း သက်သေထူနေ၏။ မျက်နှာပေါ်တွင် အမာရွတ်တစ်ခုက ညာဘက်မျက်ခုံးမှ ဘယ်ဘက်အထိ ရေးဆွဲထားပြီး လဲလျောင်းနေသောကင်းမြီးကောက်တစ်ကောင်နှင့် တူကာ သူ့အား ကြောက်စရာကောင်းသောအသွင်အပြင် ဖြစ်စေသည်။
“မင်းရဲ့သဲအိတ်ကို ပိုအကန်ခံနိုင်တဲ့တစ်ခုနဲ့ ပြောင်းလိုက်ပါ၊ ယန်ဟူ…”
တောင့်တင်းသန်မာသောလူတစ်ယောက်က ပဝါတစ်ခု ယူကာ မျက်နှာနှင့်လည်ပင်းမှ ချွေးများ သုတ်လိုက်သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ အော်ပြောလိုက်၏။
“ငါတို့မှာ ပိုအကန်ခံနိုင်တဲ့သဲအိတ်တစ်ခုမှ မရှိတော့ဘူး၊ ကတ်ပတိန်။ ဒါက ငါတို့ရဲ့နောက်ဆုံးလက်ကျန်ပဲ”အနက်ရောင်လေ့ကျင့်ခန်းဝတ်စုံနှင့် အလားတူမြင့်မားသောလူရွယ်တစ်ယောက်က မျက်လုံးလိမ့်လျက် အကူအညီမဲ့သောမျက်နှာနှင့် ဖြေလိုက်သည်။
တောင့်တင်းသန်မာသောလူက မျက်မှောင်ကြုတ်လျက် ဒေါသတကြီး ဆိုလိုက်သည် “ဒီသဲအိတ်တွေကို ထုတ်လုပ်တဲ့သူတွေအားလုံးက အမှိုက်တွေလား။ ဒီသဲအိတ်စုတ်တွေက သုံးရက်ကနေငါးရက်ထိတောင် ငါ သုံးဖို့ မလုံလောက်ဘူး၊ ဒါက တကယ်ကို အသုံးမကျတာပဲ”
လူငယ်က မျက်နှာအား ဘေးသို့ လွှဲလိုက်သည်။ သူ့ကတ်ပတိန်၏ခွန်အားနှင့် ပတ်သက်၍ သူက ရှင်းရှင်းလင်းလင်းသိသည်။ သူ၏လက်သီးအားက ၂၅၀ကီလိုဂရမ်ကို မရောက်လျှင်ပင် သိပ်တော့မကွာပေ။ သူ၏ကန်အားက ပိုတောင် လွန်ကဲပြီး ၆၀၀ကီလိုဂရမ်ပတ်လည်ရှိ၏။ သူ၏၁.၉မီတာမြင့်မားသောအရပ်နှင့် တွဲဖက်လိုက်လျှင် သူက လုံးဝကို လူတူမွန်းစတားတစ်ကောင်ပင်။
ဖြောင်း…ဖြောင်း…ဖြောင်း…
ဂိုထောင်ထဲသို့ သူ့အဖေနှင့်နယ်ဖမ်းကန်းနောက်မှ လိုက်လာလျက် ထန်ရှု၏အမြင်အာရုံက တောင့်တင်းခိုင်မာသောလူဆီသို့ ပြောင်းသွားကာ သူက ပြုံးကာ လက်ခုပ်တီးလိုက်သည် “ဘယ်လိုတောင် ကောင်းမွန်တဲ့ခွန်အားလဲ။ သာမန်လူတစ်ယောက်မှာ ဒီလိုခွန်အားတစ်ခုရှိတာ အရမ်းရှားတယ်။ ဒါပေမယ့် စက်ရုံတွေက ထုတ်တဲ့ သဲအိတ်တွေရဲ့အရည်အသွေးက တကယ်ကို ဆိုးရွားတယ်။ ဒါပေမယ့် ခင်ဗျားက သဲအိတ်အချို့ လိုချင်ရင် ငါ့လူတွေကို လွှတ်ပြီး ပို့ခိုင်းလိုက်မယ်၊ ခင်ဗျားမှာ လက်သီးအားပေါင်တစ်ထောင်ခွန်အားရှိရင်တောင် သူတို့ကို ပေါက်ကွဲစေဖို့ မဖြစ်နိုင်စေရဘူး”
“သူဌေး”
တောင့်တင်းသန်မာသောလူက နယ်ဖမ်းကန်းအား ခေါင်းညိတ်ပြကာ ထန်ရှုထံ စိတ်မဝင်စားစွာနှင့် တစ်ချက်သာ ကြည့်လိုက်သည်။ သူ့အကြည့်က ထန်ယွမ်ဒီထံ ပြောင်းသွားပြီးနောက် သူ့မျက်ခုံးများက ကျုံ့သွားပြီး မယုံကြည်နိုင်မှုက သူ့မျက်လုံးများထဲ၌ စီးဆင်းသွား၏။ သူ့လက်ထဲရှိပဝါက ကြမ်းပြင်ပေါ် ကျသွားပြီး သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက အရူးအလား ထန်ယွမ်ဒီထံ ပြေးဝင်လာလျက် ကျယ်လောင်စွာ ပြောလိုက်သည် “မင်း…မင်းက…ကတ်ပတိန်မလား”
ထန်ယွမ်ဒီ၏မျက်လုံးများက အနည်းငယ်စိုဆွတ်သွားသည်။ သူအသက်ရှင်နေသေးသည့်သတင်းအား ကျန်ရှိနေသည့်ညီအကိုများအား ပြောပြရန် နယ်ဖမ်းကန်းအား ခွင့်မပြုခဲ့ပေ။ တစ်နေ့တွင် သူတို့အား သူ့သားထံ လွှဲပြောင်းပေးရန် စီစဉ်ထားသည်။
“ချိုင်ပင်း”ထန်ယွမ်ဒီ၏နှုတ်ခမ်းများက တွန့်လိမ်သွားပြီး သူက လီချိုင်ပင်း၏မျက်နှာအား ကြည့်ကာ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။
ဖြောင်း…
လက်ဝါးနှစ်ဖက်က တင်းကြပ်စွာ ဆုပ်ကိုင်သွားသည်။ သူတို့က တစ်ယောက်နောက်ကျောအားတစ်ယောက် တင်းကြပ်စွာ ပွေ့ဖက်လိုက်ကြ၏။ အချိန်အတန်ကြာသည့်အထိ သူတို့၏ခံစားချက်များအား မထိန်းချုပ်နိုင်ပေ။
“ကတ်ပတိန်…”
“နည်းပြ…”
“အကိုထန်…”
လေဝဲတစ်ခုအလား ရွေ့လျားလျက် ချွေးများစိုရွှဲနေသောသက်လတ်ပိုင်းအရွယ်လူဒါဇင်ကျော်က ထန်ယွမ်ဒီအရှေ့သို့ လျင်မြန်စွာ ပြေးလာကြသည်။ သူတို့အားလုံးက ထိတ်လန့်တုန်လှုပ်လျက် ကျေနပ်အံ့အားသင့်သောအမူအရာတို့ ဖြစ်နေကြ၏။
ထန်ယွမ်ဒီက လီချိုင်ပင်းအား လွှတ်ကာ သက်လတ်ပိုင်းယောကျ်ားများအား တစ်ယောက်ပြီးတစ်ယောက် ပွေ့ဖက်လိုက်သည်။
ထိုလူများကြားထဲတွင် စကားလုံးများ မလိုအပ်ပေ၊ မင်း ဘေးကင်းနေသည်ကိုသာ သိရန် လိုအပ်သည်။
ထန်ယွမ်ဒီအား ရင်းနှီးသလို ခံစားမိသော်လည်း ကျန်ရှိနေသည့်တုတ်ခိုင်သန်မာသောလူခြောက်ဆယ်ကျော်က စိတ်ရှုပ်ထွေးနေကြ၏။
“ဒီကောင်က ဘယ်သူလဲ”နဖူးပေါ်တွင် သွေးကြောများ ပြူးထွက်နေလျက် လက်လေ့ကျင့်ခန်းကိရိယာတစ်ခုကိုင်ထားသည့်လူကြီးတစ်ယောက်က မေးလိုက်၏။
“မသိဘူး”
“ဒါပေမယ့် သူ့ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”
“သူက ငါတို့ထဲက တစ်ယောက်ယောက်များ ဖြစ်နိုင်လား”
“ခဏက ကတ်ပတိန် သူ့ကို ဘယ်လို ခေါ်လိုက်တဲ့ဆိုတာကို မင်း မကြားဘူးလား”
နောက်ဆုံးလူ၏အသံပျောက်သွားပြီးနောက် သူ့ဘေးနားရှိသန်မာသောလူအားလုံးက မှင်တက်လျက် အံ့အားသင့်သွားကြသည်။ စက္ကန့်သုံးဆယ်ကြာပြီးနောက် မယုံကြည်နိုင်မှုက သူတို့၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားခဲ့ပြီး သူတို့က ထန်ယွမ်ဒီအား စိတ်အားထက်သန်စွာ ကြည့်လိုက်ကြ၏။
“ဒါ ဟုတ်တယ်…ဒါ ကတ်ပတိန်ထန်ယွမ်ဒီပဲ”
“ဒါ သူပဲ”
“မင်းတို့ပြောတာ မှန်တယ်။ သေချာပေါက် သူပဲ…”
“ဒါက ငါတို့ရဲ့အိုင်ဒေါပဲ၊ ငါ့ကောင်တို့…”
“…”
သူတို့အားလုံးက စစ်တပ်မှ အနားယူခဲ့ပြီး မရေမတွက်နိုင်သောသေရေးရှင်ရေးအတွေ့အကြုံများရှိသည့်စစ်သည်တော်များဖြစ်ကြသည်။ သို့သော် သူတို့အားလုံး၏နှလုံးသားထဲတွင် စံပြပုဂ္ဂိုလ်တစ်ယောက်ရှိ၏၊ ထိုလူက ဆယ်စုနှစ်နှစ်ခုကျော်ကြာ အထူးစစ်တပ်၏ကတ်ပတိန်ဖြစ်ခဲ့သည့်ထန်ယွမ်ဒီပင်။
သူက စစ်တပ်၏ဒဏ္ဍာရီပုဂ္ဂိုလ်၊ အားကောင်းသောစစ်နတ်ဘုရားတစ်ယောက်ဖြစ်သည်။
ထန်ယွမ်ဒီ၏အကြည့်က သူ့ရှေ့ရှိ ညီအကိုဟောင်းများထံ ရိုက်ခတ်သွား၏။ သူ့နှုတ်ခမ်းများက အကြိမ်အနည်းငယ် လှုပ်ရွသွားပြီး သူက ပျော်ရွှင်သောမျက်နှာနှင့် အက်ကွဲစွာ ပြောလိုက်သည် “ကောင်းတယ်…ဒါ အရမ်းကောင်းတယ်…မင်းတို့အားလုံး အသက်ရှင်နေသေးတာပဲ။ ငါ နိုးလာပြီးနောက် မင်းတို့နဲ့ ထပ်တွေ့ရမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး၊ ညီအကိုတို့”
လီချိုင်ပင်းက မေးလိုက်သည် “မင်း ဒီနှစ်တွေမှာ ဘယ်ရောက်နေတာလဲ၊ ကတ်ပတိန်။ ပြီးတော့ မင်း နိုးလာတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ”
နယ်ဖမ်းကန်းက ရှင်းပြလိုက်သည် “ညီအကိုတို့၊ အကိုထန်က အားကောင်းတဲ့ရန်သူတွေရဲ့လျှို့ဝှက်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဒီနှစ်တွေမှာ မေ့မြောနေခဲ့တာ။ သူက အိပ်ရာထဲမှာ ဆယ်စုနှစ်နှစ်ခုကြာ လဲနေခဲ့တယ်၊ ဒါပေမယ့် အခု သူနိုးလာပြီ၊ ငါတို့ဆီ ပြန်လာပြီ”
‘နှစ်နှစ်ဆယ်ကြာ မေ့မြောနေတာလား’
လူတိုင်းက တုန်လှုပ်သွားကြသည်။ ထန်ယွမ်ဒီက ထိုအခြေအနေမှ နိုးထနိုင်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ ထို့ပြင် သူ့ကို ကြည့်ရသည်မှာ သာမန်လူများနှင့် မကွာခြားပေ။
***