← Chapters

အထင်သေးခြင်း *

Vol. 79 Ch. 1106

အထင်သေးခြင်း *

Vol. 79 Ch. 1106

သူ့အဖေနှင့်သူ့ညီအကိုဟောင်းများ၏ပြန်လည်စုံစည်းခြင်းကို ထန်ရှုက နွေးထွေးစွာနှင့်သာ တိတ်တဆိတ် ကြည့်နေခဲ့သည်။

ရုတ်တရက် သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး သူက ဂိုထောင်အပြင်ဘက်သို့ တိတ်တဆိတ် နောက်ဆုတ်သွားသည်။ သူက ကွက်လပ်အပြင်ဘက်၌ ထွက်ပေါ်လာပြီး အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် မေးလိုက်သည် “မင်း ဘာလို့ ဒီနေရာကို လာတာလဲ”

“ဆရာအဘိုး”ထန်အန်၏ပုံရိပ်က မထွက်ပေါ်လာဘဲ သူမ၏အသံခပ်ဖျော့ဖျော့သာ ထန်ရှု၏နားထဲသို့ ဝင်လာ၏။ “ပြည်ပကျွမ်းကျင်သူတစ်ဖွဲ့က ယွင်ကန်းမြို့က ဟိုင်သိပုဂ္ဂလိကဆိပ်ကမ်းမှာ စုဝေးနေတယ်ဆိုတာ ငါတို့ သတင်းရခဲ့တယ်။ သူတို့က နေရာကို အပြည့်အဝ သိမ်းပိုက်ထားပြီး တစ်ယောက်မှ အနားကပ်လို့မရဘူး။ ငါတို့ရဲ့သတင်းအချက်အလက်ဌာနရဲ့သတင်းပေးချက်အရ အဲနေရာမှာ လူတစ်ရာနီးပါး စုဝေးနေပြီး အရေအတွက်က တိုးလာနေတုန်းပဲ”

ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “အဲဒီဆိပ်ကမ်းရဲ့ပိုင်ရှင်က ဘယ်သူလဲ”

“ဝမ်ဖန်း။ သူက ယွင်ကန်းမြို့က အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ယောက်ပဲ၊ ပြီးတော့ အဲနေရာမှာ အချမ်းသာဆုံးလူလဲ ဟုတ်တယ်”ထန်အန်းက ပြော၏ “ငါတို့ရဲ့လူတွေက သူတို့ကို တိတ်တဆိတ်စုံစမ်းခဲ့တယ်၊ သူနဲ့ဆက်စပ်နေတဲ့ကိစ္စအချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်”

“အဲဒီကိစ္စတွေက ဘာတွေလဲ”ထန်ရှုက ဆက်မေးလိုက်သည်။

“အသက်၁၂နှစ်မတိုင်ခင်အထိ ဝမ်ဖန်းက မိဘမဲ့ဂေဟာက မိဘမဲ့ကလေးတစ်ယောက်ပဲ”ထန်အန်က ပြော၏ “ဒါပေမယ့် နောက်ပိုင်းမှာ မိဘမဲ့ဂေဟာမှာ မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပြီး ဝန်ထမ်းနဲ့ကလေးများစွာက မီးလောင်ပြီး သေခဲ့ကြတယ်၊ ကလေးအများစုက ပျောက်ဆုံးသွားတယ်။ ဝမ်ဖန်းက ပျောက်နေတဲ့လူတွေထဲကတစ်ယောက်ပဲ၊ ဒါပေမယ့် မတော်တဆဖြစ်ပြီးနောက် ခြောက်နှစ်ခန့်၊ သူ အသက်ဆယ့်ရှစ်ရောက်လာတဲ့အချိန်မှာ ဝမ်ဖန်းက ယွင်ကန်မြို့မှာ ရုတ်တရက် ထွက်ပေါ်လာတယ်။ သူက ယွင်ကန်မြို့က အဓိကကျောင်းကို ဝင်ရောက်ခဲ့ပြီး သူ့ရဲ့ဒုတိယနှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့တယ်။ သူက မြောက်ပိုင်းတက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့ပေမယ့် လက်လွှတ်ပြီး ယွင်ကန်မှာ သူ့ရဲ့စီးပွားရေးလုပ်ငန်းကို စတင်ခဲ့တယ်”

“၂၁နှစ်ရောက်ပြီးနောက် သူက မြစ်တောင်အုပ်စုကို တည်ထောင်ခဲ့ပြီး ယွမ်ဆယ်ဘီလီယံကြွယ်ဝမှုနဲ့အတူ ယွင်ကန်းမြို့ရဲ့အချမ်းသားဆုံးလူဖြစ်လာခဲ့တယ်။ ဒီမြစ်တောင်အုပ်စုက အိမ်ခြံမြေဆောက်လုပ်ရေးသာမက ကုန်သင်္ဘောဆယ်စီးကျော်ဝင်ဆံတဲ့ဆိပ်ကမ်းတစ်ခုနှင့်အတူ နိုင်ငံခြားနဲ့ချိတ်ဆက်တဲ့စီးပွားရေးလုပ်ငန်းလဲ ရှိတယ်”

“ငါ သိချင်တာက သူ့ရဲ့အထောက်အထားနဲ့ ပတ်သက်ပြီးတော့ ပြဿနာက ဘာလဲ”ထန်ရှုက ခပ်ဖျော့ဖျော့မေး၏။

“အဲဒါတွေအားလုံးက သူ့ရဲ့ငွေကြေးနဲ့ ပတ်သက်တာပဲ။ သူ့ရဲ့ငွေကြေးအများစုက ပြည်ပကပဲ”ထန်အန်က ပြောသည် “သူ့ရဲ့အရောင်းအဝယ်ကနေ တရုတ်ကို ဝင်လာတဲ့ငွေကြေးစီးဆင်းမှုက အလွန်လျှို့ဝှက်ထားပေမယ့် ငွေကြေးစီးဆင်းမှုက ပြည်ပကနေ လာတယ်ဆိုတာကို ငါတို့လူတွေက ခြေရာခံနိုင်ခဲ့တယ်၊ သက်ဆိုင်ရာအရာရှိတွေက သူ့ကို ရည်ရွယ်ချက်ရှိရှိစုံစမ်းခဲ့ပေမယ့် သူတို့က ဘာတစ်ခုမှ မရခဲ့ဘူး”

ထန်ရှု၏မျက်လုံးများက အံ့အားသင့်မှုနှင့်အတူ လင်းလက်သွားသည်။ ခြောက်နှစ်ကြာ‌ ပျောက်ဆုံးနေတဲ့အချိန်မှာ ဝမ်ဖန်းက ဘာတွေ ကြုံတွေ့ခဲ့တာလဲ။ သူက စုဆောင်းခံရပြီး ပြည်ပအဖွဲ့အချို့ရဲ့လက်တံတစ်ခုအဖြစ် တရုတ်ပြည်ကို ပြန်လာခဲ့တယ်ဆိုရင် သူ့မှာ ထမ်းဆောင်ရမယ့်ပစ်မှတ်အချို့၊ ရည်ရွယ်ချက်တွေနဲ့ အကြံအစည်တွေ ရှိမှာပဲ။

“အဲနေရာကို ရောက်လာတဲ့လူတွေရဲ့အထောက်အထားနဲ့ ပတ်သက်ပြီး မင်းတို့ ရှာတွေ့ပြီးပြီလား”

“ငါတို့ ဘာတစ်ခုမှ ရှာမတွေ့သေးဘူး”ထန်အန်က ပြန်ပြောသည် “သူတို့ရဲ့လှုပ်ရှားမှုက ပုံမှန်မရှိဘူး၊ ဒါ့အပြင် သူတို့က တစ်နေရာကနေတစ်နေရာကို ရွေ့လျားနေတာ။ ပြီးတော့ သူတို့က အရမ်းသတိကြီးတယ်။ ငါတို့ရဲ့ထောက်လှမ်းရေးတွေက သေချာဂရုစိုက်ခဲ့တာတောင် သူတို့ကို သတိပြုမိလုနီးပါးဖြစ်ခဲ့တယ်”

ထန်ရှု၏စိတ်ထဲ၌ အတွေးမရေမတွက်များစွာ လှုပ်ရှားသွားသည်။ အချိန်အတော်ကြာနှုတ်ဆိတ်ပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဒီည ငါတို့ ယွင်ကန်မြို့ကို သွားကြမယ်။ ငါတို့နှစ်ယောက်ပဲ။ ဒီလူတွေက ဘယ်သူတွေလဲ၊ ဝမ်ဖန်းနဲ့ ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်နေတယ်ဆိုတာကို ငါတို့ ရှာရမယ်”

“နားလည်ပါပြီ…”

ထန်အန်ပြောပြီးနောက် အသံတစ်သံလှုပ်ရှားမှုတစ်ခုမှ မထွက်လာပေ။

ထန်ရှုက အတွေးရထားထဲသို့ ခဏတာ စီးမျောသွားပြီးနောက် ဂိုထောင်သို့ ပြန်လှည့်လာသည်။ သူက အထဲသို့ ဝင်လာပြီး ထိုလူကြီးများအားလုံး လေ့ကျင့်နေသည်ကို မြင်လိုက်ရသည်၊ လီချိုင်ပင်းကမူ သူ့အဖေနှင့်နယ်ဖမ်းကန်းတို့နှင့်အတူ စကားပြောနေသည်။

‘ဟေး၊ ရှုအာ။ မင်း ဘယ်နေရာကို သွားခဲ့တာလဲ”ထန်ရှုက အထဲသို့ လျှောက်ဝင်လာသည်ကို မြင်ပြီး ထန်ယွမ်ဒီက ချက်ချင်း မေးလိုက်သည်။

“စာတစ်ခုရောက်လာလို့ ငါ ခဏ ထွက်သွားတာ။ ဒါနဲ့ အဖေရဲ့ညီအကိုဟောင်းတွေနဲ့ တွေ့ရတဲ့အပေါ် ငါ ဝမ်းသာပါတယ်၊ အဖေ”ထန်ရှုက ပြုံးလိုက်သည်။

“ဟုတ်တယ်။ ငါ့ရဲ့ညီအကိုဟောင်းတွေနဲ့ ပြန်တွေ့ရတာ ငါ တကယ်ပျော်တယ်”ထန်ယွမ်ဒီက ပျော်ရွှင်စွာ ပြုံးလိုက်သည် “ငါ မင်းနဲ့ မိတ်ဆက်ပေးမယ်၊ ရှုအာ။ သူက လီချိုင်ပင်း၊ တစ်ချိန်က စစ်တပ်ရဲ့ပါရမီရှင်တစ်ယောက်ပဲ”

“တွေ့ရတာ ဝမ်းသာပါတယ်၊ ဉီးလေးလီ”ထန်ရှုက လီချိုင်ပင်းအား ကြည့်ကာ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

လူကြီးက ထန်ရှုအား ဂရုတစိုက် စစ်ဆေးကာ ခေါင်းခါယမ်းလိုက်သည် “အရိုးနဲ့ခန္ဓာကိုယ်က အားနည်းလွန်းတယ်၊ မင်းရဲ့ပညာရှင်ပုံစံအရှိန်အဝါက ထူထဲလွန်းတယ်။ စစ်မှန်တဲ့စစ်သည်တော်တစ်ယောက်ဖြစ်ဖို့ဆိုရင် မင်းက သန်မာတဲ့အားတစ်ခု လိုအပ်တယ်။ ဒါပေမယ့် မင်းရဲ့အဖေက အတိတ်မှာ ငါတို့အတွက် စစ်နတ်ဘုရားလိုပဲ၊ ဒါကြောင့် ကျားအဖေက ခွေးသားတစ်ယောက်ကိုတော့ မွေးမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။ မင်းက အခြားကဏ္ဍတွေမှာ အံ့အားသင့်စရာကောင်းတာဖြစ်ရမယ်”

“…”

ထန်ရှု၏မျက်လုံးများက ထူးဆန်းသောအမူအရာတစ်ခုနှင့် ပြည့်သွားသည်၊ ထန်ယွမ်ဒီနှင့်နယ်ဖမ်းကန်းတို့က မျက်လုံးများ လိမ့်သွားပြီး အသွင်အပြင်ကို ကြည့်ကာ တစ်စုံတစ်ယောက်အား အကဲဖြတ်သည့် လီချိုင်ပင်းကြောင့် သူတို့က ရယ်ချင်မိသွားကြ၏။

လီချိုင်ပင်းကမူ လူတိုင်း၏အမူအရာအား လစ်လျူရှုကာ ဆက်ပြောလိုက်သည် “ဒါပေမယ့် သဲအိတ်နဲ့ပတ်သက်ပြီး သူ ပြောခဲ့တာတွေက ငါ့ကို တကယ်စိတ်ဝင်စားစေတာပဲ။ ဒါဆို မင်းမှာ ငါ့ရဲ့ခွန်အားကို ရင်ဆိုင်နိုင်တဲ့ အရည်အသွေးကောင်းတဲ့သဲအိတ်တွေ တကယ်ပဲ ရှိတယ်ဆိုရင် ငါ လိုချင်သလောက် ရနိုင်မလား”

ထန်ရှုက ထန်ယွမ်ဒီအား မေးမြန်းသောအကြည့်တစ်ခုနှင့် တစ်ချက်ကြည့်လိုက်သည်။

ထန်ယွမ်ဒီက မျက်လုံးစောင်းငဲ့လျက် နယ်ဖမ်းကန်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူက ထန်ရှုအား လက်ဝှေ့ယမ်းပြကာ ပြုံးလျက် ပြောလိုက်သည် “ကောင်းပြီလေ၊ ငါတို့က မင်းဆီ သူတို့ကို လွှဲပေးဖို့ စီစဉ်ထားမှတော့ မင်း သူတို့နဲ့ ကစားပေးလိုက်ပါ။ ဒါပေမယ့် အရမ်းတော့ မလုပ်နဲ့နော်။ ယနေ့ခေတ်မှာ ဆေးကုသစရိတ်က ဘယ်လောက်ကြီးလဲဆိုတာ မင်းလဲ သိပါတယ်”

ထန်ရှုက ပြုံးလျက်သာ တုံ့ပြန်ပြီး လီချိုင်ပင်းအား ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် “ဦးလေးလီ၊ ငါ့ရဲ့ခန္ဓာကိုယ်နှင့်အရိုးတွေက အားနည်းလွန်းတယ်လို့ ဉီးလေးထင်တယ်မလား။ ငါက ကြွက်သားသန်မာတဲ့လူတွေနဲ့တိုက်ခိုက်ဖို့ မသင့်တော်ဘူးလို့ ဉီးလေးခံစားရတယ်မလား”

လီချိုင်ပင်းက မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းလျက် ပြောလိုက်သည် “ထန်ရှု၊ ငါက ငါ့ရဲ့စိတ်ထဲမှာ ရှိတဲ့အတိုင်း အမြဲတမ်းပြောတတ်တယ်၊ မင်းရဲ့အဖေလဲ ဒါကို သိပါတယ်။ ငါ မင်းအကြောင်း မကောင်းပြောလိုတဲ့ရည်ရွယ်ချက်မရှိဘူး။ ဒါပေမယ့် မင်းက တကယ်ပဲ အားနည်းလွန်းတယ်လို့ ငါ ခံစားရတယ်၊ ဒါကြောင့် အနာဂတ်မှာ မင်းက ကြိုးစားလေ့ကျင့်ခန်းလုပ်ရမယ်။ မင်း သဘောကျတယ်ဆိုရင် နောက်ကျရင် မင်း ငါ့ဆီ လာလို့ရပါတယ်၊ ငါတို့က မင်းကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အကွက်အချို့ သင်ကြားပေးနိုင်ပါတယ်”

“ဟီးဟီးဟီး”

ထန်ရှုက ဘေးနားရှိ သံဘောင်သို့ လျှောက်သွား၏။ သူ၏အပေါ်အင်္ကျီအား ချွတ်ကာ သံဘောင်ပေါ် တင်ပြီးနောက် သူက ကျယ်လောင်စွာ ပြောလိုက်သည် “အားလုံးပဲ၊ သေချာနားထောင်။ ကျုပ်က အားနည်းလွန်းတယ်လို့ ခင်ဗျားတို့ရဲ့ကတ်ပတိန်လီက ထင်တယ်၊ ကျုပ်ကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အကွက်အချို့ သင်ပေးချင်တယ်လို့ ပြောတယ်။ ဒါကြောင့် ကျုပ်က ကတ်ပတိန်လီကို စိန်ခေါ်မှာပါ။ ကျုပ်ရှုံးသွားရင် ကျုပ်ကို တပ်သားသစ်တစ်ယောက်လို့ ဆက်ဆံနိုင်တယ်၊ ကျုပ်က နေ့တိုင်း ဒီနေရာကို လာပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အကွက်တွေကို သင်ကြားပါ့မယ်”

သူ့အသံက ကျယ်လွန်းသဖြင့် ဂိုထောင်တစ်လျှောက် ချက်ချင်း ပျံ့နှံ့သွားသည်။ အထဲ၌ လေ့ကျင့်နေသူအားလုံးက တစ်ယောက်ပြီးတစ်ယောက် ရပ်ကာ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများနှင့် စုဝေးလာကြ၏။

‘စိန်ခေါ်တာလား။ သူက ကတ်ပတိန်လီကို စိန်ခေါ်နေတာလား’

ကျန်ရှိသည့်လုံခြုံရေးကုမ္ပဏီ၏လက်ရွေးစင်၇၉ယောက်က ထန်ရှုအား အရူးတစ်ယောက်အား ကြည့်နေရသည့်အလား ကြည့်လိုက်ကြသည်။ ကတ်ပတိန်လီ၏ခွန်အားအား သူတို့ သိသည်၊ သူတို့ထဲတွင် အအသန်မာဆုံးဖြစ်၏။ တစ်ချိန်က ဒီနေရာသို့ သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူတစ်ယောက် ရောက်လာခဲ့ပြီး သူ့အား သူတို့၏ကတ်ပတိန်က အနိုင်ယူခဲ့သည်။

“သူက ငါတို့အိုင်ဒေါရဲ့သားမဟုတ်လား။ ဘယ်လိုလုပ်ပြီး သူက သူ့အဖေရဲ့ဉာဏ်ပညာကို အမွေဆက်မခံထားဘဲ ငါတို့ရဲ့ကတ်ပတိန်ကို စိန်ခေါ်ရတာလဲ။ ဒါက သက်သက်အနိုင်ကျင့်ခံချင်နေတာမလား”

“အလား၊ ကျားအဖေက ခွေးသားတစ်ယောက်ကို ဘယ်တော့မှ မမွေးဘူးလို့ ငါ အမြဲတမ်း ထင်ထားတာ။ ဒီလူငယ်က ဒီလောက်တောင် မဆင်မခြင်လုပ်တတ်မယ်လို့ ငါ မထင်ထားဘူး။ သူက ငါတို့ကတ်ပတိန်ရဲ့ခွန်အားနဲ့ပတ်သက်ပြီး နည်းနည်းလေးတောင် မမေးဘဲနဲ့ အပေါ်အင်္ကျီကို တန်းချွတ်ပြီး သူ့ကို စိန်ခေါ်ခဲ့တယ်။ ငါတို့အားလုံးက ကတ်ပတိန်ရဲ့ခွန်အားကို သိတယ်၊ သူက အကိုထန်ရဲ့သားဆိုရင်တောင် ကတ်ပတိန်က ညှာမှာမဟုတ်ဘူး။ ဒီလူငယ်က တကယ်ကံမကောင်းတာပဲ”

“ဟုတ်တယ်၊ လူတစ်ယောက်က ကို့ယ်ကိုယ်ကိုယ်သိရမယ်၊ မဟုတ်ရင် သူက အနှေးနဲ့အမြန် သေပွဲဝင်ရလိမ့်မယ်”

“အာ၊ ယနေ့ခေတ်လူငယ်တွေက ဒီလိုပါပဲ။ သူတို့က အမြဲတမ်း စိတ်လိုက်မာန်ပါလုပ်တတ်ကြတယ်။ ကတ်ပတိန်လီက သူ့အဖေရဲ့မျက်နှာကို ထောက်ပြီး သူ့ကို အလျှော့ပေးမယ်လို့ သူ ထင်နေတာလား။ ဒါ လုံးဝတုံးအတာပဲ”

“ဟူး၊ ထားလိုက်တော့၊ ငါ့ကောင်တို့။ ဒီပြပွဲကို မကြည့်ကြနဲ့။ ဒါက ဘာမှ စိတ်လှုပ်ရှားစရာရှိမှာမဟုတ်ဘူး”

“…”

သူ၏ထက်ရှသောအကြားအာရုံနှင့်အတူ ထန်ရှုက သူတို့၏တီးတိုးပြောသံများနှင့်ဆွေးနွေးသံများအား ကြားရသည်။ သူက နှုတ်ခမ်းအနည်းငယ်တွန့်လျက် သူ့မျက်နှာပေါ်ရှိအပြုံးက အနည်းငယ် ပိုထူထဲသွား၏။

ထန်ရှုအား တည်ငြိမ်သောအကြည့်နှင့် တစ်ချက်ကြည့်လိုက်ပြီး လီချိုင်ပင်းက စိတ်ထဲ၌ မကျေမနပ်မှုအပြည့်ဖြစ်နေ၏။ သူ၏ယခင်ကတ်ပတိန်ထန်ယွမ်ဒီနှင့်နယ်ဖမ်းကန်းတို့က သူတို့ညီအကိုများအား ဤလူငယ်ထံ လွှဲပြောင်းပေးချင်သည်ကို သူ ရေးရေးလေး ခန့်မှန်းမိသည်။ ဤလူငယ်က စွမ်းရည်နှင့်စကေးအချို့ရှိလျှင် သူက မေးခွန်းတစ်ခုတောင် မထုတ်ဘဲ နာခံလိုက်မည်။ သူ၏ကိုယ်ပိုင်တိုက်ခိုက်ရေးခွန်အားက ဆိုးရွားလျှင်ပင် သူက ဉာဏ်ကောင်းထက်မြတ်နေသရွေ့ အဆင်ပြေသည်။

သို့သော် သူက ဒီလောက်မောက်မာကာ သူ့အား စိန်ခေါ်ခဲ့သည်။

ထန်ရှုက စွမ်းအားအများကြီးမရှိရုံတင်မက သူ့ဉီးနှောက်လည်း မကောင်းဟု လီချိုင်ပင်းက ခံစားမိသည်။ သူနှင့်သူ့ညီအကိုများအား ဤလူငယ်ထံ ပေးလိုက်မယ်ဆိုလျှင် ထိုအရာက သူတို့အတွက် ကံဆိုးမှုသာ ဖြစ်ပေးလိမ့်မည်။

“မင်း သေချာလား”

သူက ပြုံးနေသော ထန်ရှုအား ကြည့်လိုက်သည်။ သူ့လေသံက သူ့စိတ်ထဲရှိဆိုးဝါးမှုအား သယ်ဆောင်ထား၏။

ဤလူ၏သဘောထားအား သိသော်ငြား ထန်ရှုက မတွန့်ဆုတ်ပေ။ သူက လစ်လျုရှုလျက် ပြုံးကာ ပြောလိုက်သည် “ဉီးလေးလီ၊ လူတစ်ယောက်ရဲ့စကားက သူ့ရဲ့ဂုဏ်သိက္ခာကို ထမ်းပိုးထားတယ်ဆိုတာ ဉီးလေးလီလဲ သိမှာပါ။ ငါ ပြောခဲ့တာဆို ငါ အဲအတိုင်း လုပ်မှာပါ။ ငါ ဝင်လာကတည်းက ဉီးလေးတို့ ပြောနေတာကို ကြားပါတယ်၊ ဉီးလေးလီက သဲအိတ်ကို ကန်တာကိုလဲ မြင်ရပါတယ်၊ ဒါကြောင့် ဉီးလေးရဲ့ခွန်အားက အတော်လေးကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် အခြားသူတွေကို ဒီလိုကျဉ်းမြောင်းတဲ့အမြင်နဲ့ ကြည့်ဖို့ လိုမယ်လို့ ငါတော့ မထင်ဘူး။ ငါတို့ တိုက်ခိုက်ပြီးရင် ငါ့မှာ ခွန်အားရှိသလားမရှိသလားဆိုတာ ဉီးလေးသိလာမှာပါ”

“မင်း သိလား၊ တစ်ဖက်လူက သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူအနည်းငယ်ဆိုရင်တောင် ငါက သဘောတူဖို့ လုံးဝတွန့်ဆုတ်နေမှာမဟုတ်ဘူး”လီချိုင်ပင်းက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါပေမယ့် မင်းက ကတ်ပတိန်ရဲ့သားပဲ။ ကတ်ပတိန်က ငါ့နှလုံးသားထဲမှာ အလေးစားရဆုံးလူဖြစ်တာကြောင့် ငါ မလှုပ်ရှားနိုင်တာပဲ”

ထန်ရှု၏မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားသည်။ သူက အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “ဉီးလေးက ဒီလုံခြုံရေးအဖွဲ့ရဲ့ကတ်ပတိန်ပဲ။ ကိုယ့်ရဲ့ပြိုင်ဘက်တွေကို ဘယ်တော့မှ အထင်မသေးရဘူးဆိုတာ ဉီးလေးသိသင့်တယ်၊ သူတို့က ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့၊ မဟုတ်ရင် ဉီးလေးတို့ရဲ့လုံခြုံရေးအဖွဲ့တစ်ခုလုံးက ဆုံးရှုံးမှုကြီးစွာ ခံစားရလိမ့်မယ်”

လီချိုင်ပင်းက ထန်ရှု၏အဆိုအား လုံးဝဂရုမစိုက်ခဲ့ပေ။ ဤအမှန်တရားအား သူ နားမလည်သည်မဟုတ်သော်လည်း ထန်ရှုက သိုင်းပညာရှင်တစ်ယောက်ဟု သူ ခံစားမိသည်၊ ထို့ကြောင့် သူက လိုက်လျောရန် နည်းနည်းလေးပင် စိတ်မဝင်စားပေ။ ထို့နောက် သူက အနီးနားရှိလူငယ်အား လက်ညှိုးထိုးကာ ပြောလိုက်သည် “ဟေး၊ ယန်ဟူ။ မင်း သူနဲ့ ကစားပေးလိုက်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်တော့ မလုပ်နဲ့”

***

All Chapters