← Chapters

အပိုင်း(၅၄၆)

Vol. 37 Ch. 546

အပိုင်း(၅၄၆)

Vol. 37 Ch. 546

ချူးကလန်မှ အဘိုးအို က  ညကောင်းကင်ယံအားထိုးခွင်း၍

ရှစ်ဖုန့်အားဦးဆောင်ခေါ်သွားပြီး   များစွာသောမြင့်မားသည့်အဆောက်အဦးများကိုကျော်ဖြတ်သွားသည်။ထို့နောက် ရှစ်ဖုန့်၏မြင်ကွင်းအတွင်းသို့မည်သည့်သစ်ပင်မှရှင်သန်ပေါက်ရောက်နေခြင်းမရှိသော ကျတ်တီးတောင်ကုန်းတစ်ခုက ဝင်ရောက်လာသည်။

ဤတောင်ကုန်းကချူးကလန်၏  နောက်ကျောဘက်၌ ထီးထီးမားမားရပ်တည်နေခြင်းဖြစ်သည်။  ထို့နောက် ချူးကလန်မှအဘိုးအို က မြင့်မားသောတောင်ကုန်းအား

လက်ညှိုးထိုးညွှန်ပြသ၍ ပြောလိုက်သည်။

“အရှင်. အဲ့တာကချိတ်ပိတ်ကုန်းမြေပါ”

“အဲ့တာလား.. ချိတ်ပိတ်ကုန်းမြေက..”

ရှစ်ဖုန့်ကကျတ်တီးတောင်ကုန်းအား စိုက်ကြည့်နေသည်။ တကယ်ကို ထိုနေရာ၌ဘာသက်ရှိအရိပ်အ

ရောင်ကိုမှရှစ်ဖုန့်အာရုံခံမိခြင်းမရှိချေ။  ၎င်းမှာတောင်သေတစ်လုံးကဲ့သို့ပင်ဖြစ်သည်။  လုံးဝကို ဆိတ်သုဉ်းနေခြင်းဖြစ်သည်။

ထိုနေရာရှိအပင်များအားလုံးပင် သေဆုံးနေသည်ဖြစ်၏။

“တစ်ချက်သွားကြည့်ကြတာပေါ့”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဟုတ်ကဲ့”

အဘိုးအိုက ခေါင်းညိမ့်လိုက်ပြီး  တောင်ကုန်းထံသို့ထပ်မံပျံသန်းလိုက်သည်။  အလွန်လျှင်မြန်စွာဖြင့်  သူတို့နှစ်ယောက် တောင်ကုန်း၏ထိပ်သို့ရောက်ရှိသွားသည်။ အောက်ရှိတောင်ကုန်းအားငုံ့ကြည့်ရင်း ဆန်းကြယ်သောစွမ်းအားအားရှစ်ဖုန့်အာရုံခံမိလိုက်သည်။  ဤစွမ်းအားက ချူးကလန်ခေါင်းဆောင်ယခင်ကပြောခဲ့သော ချူးကလန်ဘိုးဘေးချထားခဲ့သည့်ဆီးလ်၏စွမ်းအားဖြစ်လိမ့်မည်ဖြစ်သည်။

“ဒါကဝင်တဲ့နေရာလား”

ဤအချိန်တွင်ရှစ်ဖုန့်က  လှည့်လိုက်ပြီးသူ့ဘေးရှိအဘိုး

အိုကိုကြည့်ကာမေးလိုက်သည်။

“ဟုတ်ကဲ့. ကျုပ်တို့ဒီနေရာကနေဝလို့ရနိုင်ပါတယ်..ဒါပေဲ့ ကျုပ်တို့ချူးကလန်ဘိုးလေးချန်ထားခဲ့တဲ့ချိတ်ပိတ်နေရာရဲ့ သော့မပါရင် ချိတ်ပိတ်ကုန်းမြေရဲ့တံခါးက ပေါ်လာမှာမဟုတ်ပါဘူး”

အဘိုးအိုက ဂရုတစိုက်ဖြေလိုက်သည်။ အကယ်၍သူ၏အဖြေသာမှားခဲ့လျှင် ဤအကြင်နာမဲ့သောလူ၏ဒေါသ

နှင့်ရင်ဆိုင်ရမည်ကို သူကြောက်မိသည်ဖြစ်၏။

“ခင်ဗျားနေထိုင်လာတာအရမ်းကြာနေပြီပဲ. ဒီနေရာမှာ ဘာကို ဆီးလ်ခတ်ထားလဲဆိုတာကိုခင်ဗျားသိလား”

ရှစ်ဖုန့်ကထပ်မံမေးလိုက်သည်။

“ချူးကလန်ရဲ့ခေါင်းဆောင်ကလွဲပြီးတော့ အခြားဘယ်သူကမှ ဒီနေရာမှာ ဘာကိုဆီးလ်ခတ်ထားတယ်ဆိုတာ

ကိုမသိပါဘူး”

အဘိုးအိုက ဆက်လက်ဖြေကြားလိုက်သည်။

အဘိုးအိုက စကားပြောပြီးသည့်အချိန်တိုင်းတွင်သူ၏မျက်နှာထက်၌  သတိထားမှုများဖြစ်ပေါ်လာသည်။ သူကရှစ်ဖုန့်အားဂရုတစိုက် စိုက်ကြည့်နေပြီး ရှစ်ဖုန့်ကသူ့အားရုတ်တရက်တိုက်ခိုက်ကာသတ်ပစ်မည်ကိုကြေက်ရွံ့နေသည်။

အထူးသဖြင့် သူရှစ်ဖုန့်အားဤနေရာသို့ခေါ်လာသောအချိန်တွင်ဖြစ်သည်။ သူကချိတ်ပိတ်ကုန်းမြေအကြောင်းနှင့်ပက်သက်ပြီးဘာမှမသိဖြစ်နေသည်။ ယခုသူကရှစ်ဖုန့်အတွက်အသုံးမဝင်ဖြစ်ပုံရ၏။

ချဲ့ကားပျံ့နှံ့နေသော ဇတ်လမ်းများအရဆိုလျှင် ရှစ်ဖုန့်က ဤအခြေအနေ၌သူ့အားသတ်ပစ်လိမ့်မည်ဖြစ်သည်။  လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က တူညီသောအခြေအနေတစ်ခုကိုအဘိုးအိုအမှတ်ရလိုက်သည်။ ထိုအချိန်ကသူသည် ဘိုးဘေးနယ်ပယ်ကျင့်ကြံသူတစ်ဦးအား  လျှို့ဝှက်နေရာတစ်ခုသို့ ခေါ်သွားပေးရန်ပြောခဲ့သည် ။ အဆုံးသတ်၌ ထိုကျင့်ကြံသူကသူ့အတွက်အသုံး

မဝင်တော့သောအခါတွင် သူကထိုကျင့်ကြံသူအားသတ်ပစ်ခဲ့သည်ဖြစ်၏

ဤကဲ့သို့သောအခြေအနေအောက်၌ ထိုကျင့်ကြံသူအားသတ်လိုက်ရချိန်တွင် အဘိုးအိုအနေဖြင့်များစွာစိတ်ကျေနပ်မှုကိုပင်ခံစားခဲ့ရသည်ဖြစ်၏။

ထိုစကားများအားပြောပြီးနောက်  အဘိုးအို၏ကိုယ်က တောင့်တင်းသွားပြီး ရှစ်ဖုန့်က သူ၏ကံကြမ္မာကိုဆုံးဖြတ်ပေးမည်ကိုစောင့်ဆိုင်းနေမိသည်။ သူသေသည်ရှင်သည်က ရှစ်ဖုန့်အပေါ်၌လုံးဝမူတည်နေသည်ဖြစ်၏။

ဤအချိန်တွင် ရှစ်ုဖန့်က အောက်ရှိ တောင်ကုန်းအားစိုက်ကြည့်နေပြီး  အဘိုးအိုအား အစကတည်းက ဂရုစိုက်ခြင်းမရှိပေ။  ရှစ်ဖုန့်၏သူ့အားလျစ်လျူရှုထားခြင်းက အဘိုးအိုအားပို၍ စိုးရိမ်သောကရောက်စေ၏။  မသိလိုက်ပါဘဲ သူ၏အသက်ရှူနှုန်းတို့လျှင်မြန်လာသလို နှလုံးခုန်နှုန်းတို့ကလည်း မြန်ဆန်လာသည်။

ခဏကြာမျှစိုက်ကြည့်နေပြီးနောက် ရှစ်ဖုန့်က ခေါင်းကိုအနည်းငယ်လှည့်၍  သူ့ဘေးရှိအဘိုးအိုအားကြည့်လိုက်သည်။ ရှစ်ဖုန့်၏အကြည့်အောက်တွင် အဘိုးအိုမှာရုတ်တရက် ချောက်ချားသွားသည်။ သူ၏ကိုယ်က တမင်တကာမဟုတ်ပါဘဲတုန်ယင်နေပြီး   ချွေးအေးများက  သူ၏တစ်ကိုယ်လုံးမှ စီးကျနေသည်။သူ၏စိတ်ထဲ၌ အလန့်တကြားပြောနေမိသည်။

“အား..ငါ့ဘဝတော့အဆုံးသတ်ပြီ”

သို့သော်မကြာလိုက်ခင်မှာပင် ရှစ်ဖုန့်၏ထူးမခြားနားစွာပြောသံအား

အဘိုးအိုကြားလိုက်ရသည်။

“ကောင်းပြီ.. ခင်ဗျားထွက်သွားလို့ရပြီ”

“အား”

ရှစ်ဖုန့်၏ “ခင်ဗျားသွားလို့ရပြီ” ဟူသောစကားအားကြားလိုက်ရသောအခါတွင် အဘိုးအို၏နှလုံးသားတို့တဆက်ဆက်တုန်ယင်နေ၏။ထိုနေ့ကအကြောင်းအားပြန်တွေးမိသောအခါတွင်သူသည်လည်း  ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်ကျင့်ကြံသူအား  မသတ်ခင် ထိုစကားများကိုပြောခဲ့သည်ဖြစ်သည်။

ထို့နောက်  ထိုလူလှည့်လိုက်သောအချိန်တွင်  ၎င်းအား တိုက်ခိုက်ခဲ့ပြီး လျှို့ဝှက်နေရာ၌ ထာဝရထားရစ်ခဲ့သည်ဖြစ်သည်။

ဤဝဋ်လည်ခြင်းက သူ့ထံသို့ရောက်ရှိလာပြီလော။

ဤအရာအားတွေးမိသောအခါတွင် အဘိုးအိုကရုတ်တရက်သူ၏ဒူးတို့အားကွေးလိုက်ကာရှစ်ဖုန့်၏ရှေ့ဟင်းလင်းပြင်ထဲ၌ ဒူးထောက်ချလိုက်သည်။ သူကထပ်မံသနားညှာတာပေးရန်

တောင်းပန်လိုက်၏။

“အ..အရှင်. ကျေးဇူးပြုပြီး ကျုပ်အသက်ကိုချမ်းသာပေးပါ.. ကျုပ်. ကျုပ်မသေချင်သေဘူး. ကျေးဇူးပြုပြီး ကျုပ်အသက်ကိုချမ်းသာပေးပါ”

အဘိုးအို၏ မျက်နှာထက်၌ ဝဋ်ဆင်းရဲဒုက္ခတို့ဖြင်ပြည့်နှက်နေပြီး ရှစ်ဖုန့်အားအသနားခံပြောဆိုနေသည်။

သူ့ရှေ့ရှိဟင်းလင်းပြင်ထဲ၌ဒူးထောက်နေသော အဘိုးအိုအားကြည့်၍ ရှစ်ဖုန့်က စိတ်မရှည်သည့်အမူအယာကိုပြသကာပြောလိုက်သည်။

“ဘယ်အချိန်က ဒီသခင်လေးက ခင်ဗျားအသက်ကို ယူမယ်လို့ပြောလို့လဲ.. ခင်ဗျားအသက်မရှင်ချင်ရင်လဲ ဒီသခင်လေးက ခင်ဗျားသွားချင်တဲ့လမ်းကိုပို့ပေးဖို့ဝန်မလေးဘူးနော်”

“အာ.. မဟုတ်ပါဘူး..မဟုတ်ရပါဘူး…မဟုတ်ပါဘူး..အရှင်”

ရှစ်ဖုန့်၏စကားအားကြားသောအခါတွင်  အဘိုးအိုက သူ၏လက်တို့အားအလျှင်အမြန် ဝေ့ယမ်းလိုက်ပြီး  အံ့အားသင့်စွာပြောလိုက်သည်။

“အ..အရှင်.တကယ်ပဲ ကျုပ်ကို မသတ်ဘူးလား”

“သွားတော့”

ရှစ်ဖုန့်ကအေးစက်သောအသံဖြင့်အော်ပြောလိုက်သည်။

“အာ..ကောင်းတယ်.ကောင်းတယ်. ကျုပ်သွားပါပြီ.. အရှင်.ကျုပ်သွားပါ့မယ်”

ရုတ်ခြည်းအဘိုးအို၏ ကိုယ်က သူ၏ကိုယ်အား လှည့်လိုက်ကာ အဝေးသို့တကယ်ပျံသန်းသွားသည်။

အဝေးသို့ရောက်သောအခါတွင် စိုးရိမ်သောအနေအထားဖြင့် ခေါင်းလှည့်ကြည့်လိုက်၏။ ရက်စက်သောပုဂ္ဂိုလ်ကသူ၏နောက်သို့တကယ်လိုက်လာခြင်းမရှိသည်ကို အဘိုးအိုတွေ့လိုက်ရသည်။ ၎င်းကသူ့အားတကယ်သတ်ရန်ရည်ရွယ်ချက်ရှိမနေပေ။ ဤအခိုက်အတန့်တွင် ရှစ်ဖုန့်ကအဘိုးအိုကိုပင် ဂရုစိုက်နေခြင်းမရှိတော့ပေ။သူကခေါင်းကိုငုံ့၍  အောက်ရှိတောင်ကုန်းအား

ဆက်လက်စိုက်ကြည့်နေသည်။

ရှစ်ဖုန့်ကဤကဲ့သို့ဖြစ်နေသောကြောင့်   အဘိုးအိုက စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်သို့ ဆိတ်ငြိမ်စွာဆင်းသက်လိုက်၏။  မြေပြင်နှင့်သူပိုနီးကပ်လာလေ ပိုပြီးစိတ်လှုပ်ရှားလာလေဖြစ်သည်။

“ဒီနေ့ငါမသေတော့ဘူး. ဒီအဘိုးကြီးထပ်ပြီးတော့ ရှင်သန်ပြန်ပြီကွ.. ကောင်းလိုက််တာ.  အခု ပြည့်တန်ဆာအချို့ကိုရှာပြီးတော့ငါ့စိတ်ကိုတည်ငြိမ်သွားအောင်ကူညီခိုင်းရမယ်”

အောက်ဘက်ရှိတောင်ကုန်းအားစိုက်ကြည့်နေသောရှစ်ဖုန့်က  နောက်ဆုံးတွင်လှုပ်ရှားလိုက်သည်။သူ ၏ညာလက်ချောင်းအားဖျက်ခနဲလှုပ်ရှားလိုက်ပြီး သွေးနီရောင်မီးတောက်အား ရွှတ်ခနဲပစ်လွှတ်လိုက်ကာ ဆိတ်သုဉ်းနေသော အောက်ဘက်ရှိကျတ်တီးတောင်ကုန်းပေါ်သို့သက်ဆင်းသွားသည်။

သို့သော်  သွေးနီရောင်မီးတောက်က  တောင်ကုန်းနှင့်မီတာအနည်းအကွာအဝေးသို့ရောက်သောအခါတွင် ရုတ်တရက် ဟင်းလင်းပြင်အထက်၌ ရေလှိုင်းကဲသို့သောစွမ်းအင်အတက်အကျများဖြစ်ပေါ်လာပြီး  ရှစ်ဖုန့်ပစ်လွှတ်လိုက်သော သွေးနီရောင်မီးတောက်မှာလည်းရုတ်ခြည်း ငြိမ်းသက်သွားသည်။

ထို့နောက်ချက်ချင်း လှိုင်းတွန့်များမှာလည်း ပျောက်ကွယ်သွား၏။

“အားကောင်းတဲ့စွမ်းအားတစ်ခုပါလား”

ရှစ်ဖုန့်က အစောကပေါ်လာသော စွမ်းအင်အတက်အကျလှိုင်းများအားအာရုံခံမိပြီး တီးတိုးရေရွတ်လိုက်သည်။  ထိုစွမ်းအားကလက်ရှိသူ၏စွမ်းအားထက်များစွာအားကောင်း၏။

သို့သော် ဤအခိုက်အတန့်တွင် အရာခပ်သိမ်းရဲမူလဇစ်မြစ်ကိစ္စကြောင့်တစ်ချိန်လုံး တိတ်နေခဲ့သော ကောင်းကင်မီးတောက်က  နောက်ဆုံး၌ စကားပြောလာသည်။

“ကောင်လေး.. အဲ့မှာ မြင့်မြတ်ဓားရဲ့အပိုင်းအစတစ်ခုရှိနေတယ်”

“မြင့်မြတ်ဓား အပိုင်းအစတစ်ခုဟုတ်လား”

“မြင့်မြတ်ဓား အပိုင်းအစ” ဟူသောစကားအားကြားလိုက်ရသည့်အခါတွင်  ရှစ်ဖုန့်အံ့အားသင့်သွားသည်။  သူ၏အမူအယာကပြောင်းလဲသွားပြီး သွေးနီရောင်အလင်းတစ်ခုက သူ၏ညာလက်ထဲ၌တောက်ပလာကာ သွေးသောက်ဓားကသူ၏လက်အတွင်းပေါ်လာသည်။

သွေးသောက်ဓားကရှစ်ဖုန့်၏ လက်အတွင်း၌ပေါ်လာပြီးပြီးချင်း  စတင်တုန်ယင်လာက တစီစီမြည်သောအသံကိုထုတ်လွှတ်နေသည်။  ဤသည်မှာ ယခင်အကြိမ်ကကဲ့သို့အ

တူတူပင်ဖြစ်သည်။ ၎င်းက ဓား၏အပိုင်းအစအားအာရုံခံမိခြင်းဖြစ်၏။

ထို့နောက် ရှစ်ဖုန့်က သူ၏မျက်လုံးတို့အား သွေးသောက်ဓား၏အဝေးသို့ဖယ်ခွာလိုက်ပြီး ချူးမိသားစုကပြောခဲ့သော ချိတ်ပိတ်ကုန်းမြေဟူသည့်အောက်

ဘက်မှတောင်ကုန်းကိုကြည့်လိုက်သည်။

ထိုနေရာတွင် မြင့်မြတ်ဓား၏အပိုင်းအစတစ်ခု ရှိနေသည်လော။ ချိတ်ပိတ်ကုန်းမြေက သွေးပန်းခက်မျိုးနွယ်စုနှင့်မည်ကဲ့သို့ ဆက်နွယ်မှုရှိနေပါသနည်း။

သို့သော်မည်သို့ပင်ဖြစ်နေပါစေ ယခုအကြီးမားဆုံးပြဿနာက အောက်ဘက်၌သွေးသောက်ဓား၏ အပိုင်းအစတစ်ခုရှိတနသည်ဆိုလျှင်တောင် စွမ်းအားကြီးမားပြီးဆန်းကြယ်သော ဆီးလ်စွမ်းအားကြောင့်သူအောက်သို့

သွား၍မရနိုင်ပေ။

သူ၏လက်ရှိစွမ်းအားဖြင့် ဆိုလျှင် သူ့အနေဖြင့်ဆီးလ်စွမ်းအားအား

လုံးဝချိုးဖျက်နိုင်ခြင်းမရှိပေ။

သားအဖနှစ်ယောက်ထွက်လာသည့်အချိန်ထိတိုင်အောင်သူစောင့်ဆိုင်းရမည့်ပုံပေါ်သည်။ သို့သော် ၎င်းတို့က ခိုကိုးရာအဖြစ်ဝင်ရောက်သွား

ခဲ့ခြင်းဖြစ်သောကြောင့် မည်သည့်အချိန်မှထပ်မံထွက်လာမည်ကိုမည်သူမျှမသိနိုင်ချေ။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters