အပိုင်း(၅၄၇)
Vol. 37 Ch. 547
ရှစ်ဖုန့်က ကျတ်တီးတောင်ကုန်းအား ငုံ့ကြည့်လိုက်သည်။ ထိုနေရာ၌ သွေးသောက်ဓား၏ အပိုင်းအစရှိနေသည်ကို
သူသိသော်လည်း သူလုပ်နိုင်သောအရာဘာမှရှိမနေချေ။ ရုတ်တရက်သူ အစွမ်းမဲ့သလို
ခံစားလိုက်ရသည်။
“ထားလိုက်ပါလေ. ဒီလိုဆိုမှတော့လည်း ဒီကိုပြန်မလာခင် ပိုပြီးအစွမ်းထက်လာတဲ့အထိစောင့်ရတာပေါ့”
ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ တောင်ကုန်းအထက်မှ စွမ်းအင်အတက်အကျတို့အား အရုံခံမိပြီးနောက် ဆီးလ်အားအကြမ်းပတမ်းချိုး
ဖျက်ခြင်းကသေခြင်းကိုသာ
ဦးတည်စေနိုင်သည်ကိုရှစ်ဖုန့်
ရှင်းလင်းစွာသိသည်ဖြစ်၏။
ရှစ်ဖုန့်၏လက်ထဲ၌ သွေးနီရောင်အလင်းတစ်ခုလင်း
လက်သွားသည်။ သွေးဓားက သွေးနီရောင်ဓားအမှတ်သား
အဖြစ်ပြန်ပြောင်းသွားပြီး ရှစ်ဖုန့်ညာလက်လက်ခလယ်၌
ဝင်ရောက်ပျောက်ကွယ်သွားသည်။
“ဒီသခင်လေးက အခု ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ပဲ.. ဝိညာဉ်စွမ်းအင်ကတော့ အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် စဦးအဆင့်မှာရှိတယ်..ပုလဲမြိုမှာ မဟူရာသွေးပုလဲကို သန့်စင်ပြီးတဲ့နောက် ကာယခန္ဓာခွန်အားက ကြယ်နှစ်ပွင့်အင်ပါယာနယ်ပယ်ကနေ ကြယ်လေးပွင့်အင်ပါယာနယ်ပယ်ဖြစ်လာပြီ.. ဒီသခင်လေး အခုဆိုရင် မဟာသူတော်စင်နယ်ပယ်တစ်ယောက်နဲ့ ယှဉ်တိုက်နိုင်နေပြီ”
“အခုကအချိန်ငါးရက်တောင် ကျန်နေသေးတာဆိုတော့ … ထျန်းလျန်အင်ပါယာဆီကိုသွားကြတာပေါ့”
ရှစ်ဖုန့်ကဆုံးဖြတ်လိုက်သည်။ သူ့အနေဖြင့် ချိတ်ပိတ်ကုန်းမြေအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိသောကြောင့် ချိတ်ပိတ်နယ်မြေအတွင်းမှ ချူးရှင်းရှိရာသို့သူ့အနေဖြင့် သွားလည်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူက ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ သူ့အနေဖြင့်ယခုအခါ၌ ထျန်းလျန်အင်ပါယာ၏တောင်
ဝင်မြို့တော်သို့ဦးတည်ရမည်ဖြစ်သည်။
နတ်ဆိုးသားရဲတောင်တန်းအတွင်း၌ သွေးပျက်ဖွယ်အစုလိုက် အပြုံလိုက်သတ်ဖြတ်ကတည်း
ကယခုထိဆိုလျှင် ခြောက်ရက်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့ရှင်းယောင်မြို့သို့ရောက်
သောအခါမှစ၍ ရှင်းယောင်အမြို့၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးသည်အထိ တစ်နေ့တာကကုန်ဆုံးသွားပြီးဖြစ်သည်။ငါးရက်ကြာပြီးနောက်တွင် သူတို့အနေဖြင့် ထျန်းလျန်အင်ပါယာတော်ဝင်မြို့
သို့ရောက်ရှိမည်ဖြစ်ပြီးထိုနေ့၌ ကျိမို့အတွက်သတို့သားရွေးချယ်ရန် သိုင်းပြိုင်ပွဲကိုလည်းကျင်း
ပလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က ကျိမို့အားသိုင်းပြိုင်ပွဲအတွင်းမှ လွတ်လပ်ခွင့်ပေးမည်ဟူ၍ ကတိပေးခဲ့သည်။ ထို့ကြောင့်သူ့အနေဖြင့် သူ၏ကတိအားဖြည့်ဆည်း
ပေးရလိမ့်မည်ဖြစ်သည်။
“ဝေါင်း”
ဤအချိန်တွင် ကျားတစ်ကောင်၏ ဟိန်းသံက ညကောင်းကင်ယံ၏အကွာ
အဝေးတစ်ခုမှထွက်ပေါ်လာသည်။ ရှစ်ဖုန့်က ဟိန်းသံလာရာဆီသို့ကြည့်လိုက်ပြီးအဖြူလေးကသူ့ထံသို့ လျှင်မြန်စွာပြေးလာနေသည်
ကိုတွေ့လိုက်ရသည်။
ကန်းချမ်းကြေးစားအဖွဲ့မှ ရှောင်းယီက တောအုပ်ထဲသို့သွားပြီးအဖြူလေးအား ပြန်လာရန်သတင်းပို့ခဲ့ပုံပေါ်၏။
အဖြူလေး ဖြတ်သန်းသွားရာနေရာတိုင်းတွင် လေပြင်းများက တိုက်ခတ်လာသည်။ မကြာခင်တွင် ၎င်းကရှစ်ဖုန့်၏ဘေးနားသို့ရောက်လာပြီး ၎င်း၏ဧရာမကိုယ်ကြီးအား ဝပ်လိုက်သည်။
ရှစ်ဖုန့်က ဘယ်ခြေအားမလိုက်ပြီး အဖြူလေးကျောပေါ်သို့ခြေချ လိုက်သည်။ထို့နောက်သူက အော်လိုက်သည်။
“သွားစို့… အဖြူလေး.. မြို့လည်က ပို့ဆောင်ရေးအစီအရင်ဆီကို သွားကြစို့ .. တို့တွေထျန်းလျန်အင်ပါယာဆီကိုသွားရမယ်”
“ဝေါင်း”
နားကွဲလုမတက်ဟိန်းသံတစ်
ခုထွက်ပေါ်လာသည်။ အဖြူလေး၏အသံကနည်း
ငယ်စိတ်လှုပ်ရှားမှုတို့ရောပြွန်းနေ၏။
အဆင့်ခုနှစ် သူတော်စင်နယ်ပယ်ကျားဖြူ
တစ်ကောင်ဖြစ်သည်နှင့်အညီ အဘယ်ကြောင့်ရှစ်ဖုန့် ထျန်းလျန်အင်ပါယာသို့သွား
လိုသည်ဆိုသည်အား နားလည်သည်ဖြစ်၏။
သူတို့အတူတကွကုန်ဆုံးခဲ့သည့်ချိန်က တိုတောင်းလှသော်လည်း အဖြူလေးကကျိမို့အား
အရမ်းနှစ်သက်သဘောကျ
သည်ကိုသူပြောနိုင်သည်ဖြစ်သည်။
လေများကတဟူးဟူး
တိုက်ခတ်နေသကဲ့သို့ အဖြူလေးကရှစ်ဖုန့်အား မြို့အလယ်ဗဟိုသို့တစ်ဟုန်ထိုး
ခေါ်ဆောင်သွားသည်။မြို့အလည်သို့ နီးကပ်လာသကဲ့သို့ သူတို့အောက်ရှိ ကြီးမားသော ပို့ဆောင်ရေးအစီအရင်ကို တွေ့လိုက်ရသည်။အစီအရင်ပလ္လင်အား ရှင်းယောင်မြို့၏ ချပ်ဝတ်တန်ဆာဝတ်အစောင့်များက ဝန်းရံထားသည်။
အဖြူလေးက ပြင်းထန်စွာထိုးဆင်းလိုက်သည်။ နောက်ကျသောညအချိန်အ
ခါဖြစ်နေပြီဖြစ်သောကြောင့် ပလ္လင်ပေါ်၌ အခြားသူများရှိမနေချေ။
အဖြူလေးနှင့်ရှစ်ဖုန့်တို့က ပလ္လင်ပေါ်သို့တိုက်ရိုက်
ဆင်းသက်လိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်မှာ မြို့အတွင်းအရုံစူးစိုက်ခံရသည့်အ
ချက်အချာကျသူဖြစ်နေသည်။
သူကရှင်းယောင်မြို့၌ထွန်းတောက်လာသော ကြယ်တစ်ပွင့်ကဲ့သို့ဖြစ်သည်။ အောက်တွင်ရှိနေသော အစောင့်များမှာ ရှစ်ဖုန့်ထိုက်မိသားစုအား
သတ်ကတည်းကသူ့အား
သိထားကြပြီးဖြစ်သည်။
ရှစ်ဖုန့်ရောက်လာသည်အား
တွေ့ရသောအခါတွင် အစောင့်ခေါင်းဆောင်ဖြစ်သူက အလျှင်အမြန်သူ၏လက်သီး
တို့အားဆုပ်လိုက်ပြီး လေးစားစွာဖြင့်ရှစ်ဖုန့်ကိုပြောလိုက်သည်။
“အရှင်.. ဘယ်ကိုသွားမလို့ပါလဲ”
ထျန်းဟန်တိုက်ကြီးမှာ ဤကဲ့သို့ပင်ဖြစ်သည်။ သန်မာသူများသာ လေးစားခံရသည်ဖြစ်သည်။ လူတစ်ယောက်၌ အကြွင်းမဲ့စွမ်းအားရှိနေသ၍ ရှစ်ဖုန့်က ရှင်းယောင်မြို့အတွင်း၌ ဥပဒေမဲ့လုပ်ဆောင်လျှင်ပင် ရှစ်ဖုန့်ကမြို့အတွင်း၌ များပြားသော လူအရေအတွက်ပမာဏအား
သတ်ပစ်လျှင်ပင် ထျန်းလျန်အင်ပါယာ
၏ဥပဒေ
အားချိုးဖောက်လျှင်ပင် ဘာဖြစ်သေးသနည်း။သူ့အားဖိနှိပ်နိုင်သည့်စွမ်းအားရှိမနေလျှင် မည်သူကမှသူ့၏ကိစ္စများအား ကြားဝင်ရှုပ်လိမ့်မည်မဟုတ်ပေ။
ထိုသည်သာမကသေးဘဲ သန်မာသောသူများမှာသူတို့သွား
ရာနေရာတိုင်းတွင်လေးစား
ခံရလိမ့်မည်ဖြစ်သည်။
“ထျန်းလျန်အင်ပါယာတော်ဝင်မြို့ကို”
ရှစ်ဖုန့်ကလက်သီးတို့အား
လေးစားစွာဆုပ်ထားသည့် အစောင့်ကို အေးအေဆေးဆေးပင်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင် .. ကျေးဇူးပြုပြီးခဏစောင့်ဆိုင်းပေးပါ”
အစောင့်ခေါင်းဆောင်က ပြောလိုက်သည်။ ထို့နောက်သူက အခြားသော အစောင့်များအား လေးနက်သောအသံဖြင့်အော်ပြေလိုက်၏။
“ပို့ဆောင်ရေးအစီအရင် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ဆီကို တည်နေရာဆုံမှတ်တွေကို ချိန်ညှိကြ”
“ဟုတ်ကဲ့”
အစောင့်များက ပြိုင်တူ အော်ပြောလိုက်ကြပြီး စတင်အလုပ်များကုန်ကြ၏။ထို့နောက် ရှစ်ဖုန့်ရပ်နေသော ပို့ဆောင်ဆက်သွယ်ရေးအစီအရင်က
အဖြူရောင်အလင်းတစ်ခုထွန်းလင်းလာသည်။ထို့နောက် အဖြူရောင်အလင်းမှာ ပို၍ပို၍ သိပ်သည်းလာပြီး မျက်စိကျိန်းလောက်စရာအလင်းနှင့်အတူ ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
ရှင်းယောင်မြို့ကထျန်းလျန်အင်ပါယာ၏တောင်ဝင်မြို့တော်နှင့် ကြားထဲတွင်မြို့ရှစ်မြို့ခြားသည်ဖြစ်သည်။ သို့သော် ထျန်းလျန်အင်ပါယာမြို့တော်၏ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်က ထျန်းမြောင်အင်ပါယာမြို့တောင်မှ ပို့ဆောင်ရေးအစီအရင်နှင့်နှိုင်း
ယှဉ်၍မရနိုင်ပေ။သူ့ရှေ့ရှိမြင်ကွင်း
အားရှစ်ဖုန့်ပြန်မြင်ရချိန်တွင် သူ့ပတ်ဝန်းကျင်မှ များပြားသောလူအုပ်ကြီးကိုတွေ့လိုက်ရသည်။
ဤအချိန်တွင် ရှစ်ဖုန့်မှာ ထျန်းလျန်အင်ပါယာ၏ တော်ဝင်မြို့တော်သို့ရောက်ရှိနေပြီဖြစ်ပြီး ပို့ဆောင်ရေးအစီအရင်ပေါ်၌ရပ်နေဆဲဖြစ်သည်။ နောက်ကျသော ညပိုင်းဖြစ်သော်လည်း ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်၏ ပို့ဆောင်ရေးအစီအရင်၌ လူများဖြင့်ပြည့်ကျပ်နေဆဲဖြစ်သည်။ အနည်းဆုံးရာဂဏန်းခန့်ရှိသည်ဖြစ်၏။
ဤလူများမှာလည်းရှစ်ဖုန့်ကဲ့သို့ပင် ပို့ဆောင်ရေးအစီအရင်များကိုဖြတ်သန်း၍ အခြားမြို့များမှ ရောက်လာကြခြင်းဖြစ်သည်။
“ကောင်းပြီ .မင်းတို့အားလုံး ပို့ဆောင်ရေးအစီအရင်ပလ္လင်ပေါ်ကနေဆင်းကြတော့. ပို့ဆောင်ရေးအစီအရင်ကို ပိတ်ဆို့မနေမိစေနဲ့”
ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ဝန်းကျင်၌ မိုးပြာရောင်ချပ်ဝတ်များအားဝတ်ဆင်ထားသော အစောင့်အုပ်စုတစ်စုရှိသည်ဖြစ်သည်။ ၎င်းတို့ကလူများအား လမ်းညွှန်ပေးကာ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်အားဖြတ်သန်းသောလူစီးကြောင်းကို ရှင်းလင်းပေးနေသည်။
ရှစ်ဖုန့်ကကျားဖြူပေါ်မှစီးနင်းလိုက်ပါလာပြီး လူများနောက်မှလိက်ပါ၍ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ပေါ်မှဆင်းသက်လိုက်သည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် လူအုပ်ကြားထဲမှ အံ့အားသင့်စွာအလန့်တကြား
အော်သံတစ်ခုထွက်ပေါ်လာသည်။
“ကြည့် ..မြန်မြန်..ကြည့်လိုက်..အဲ့လူကို..အဲ့တာသူပဲ..သူထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ကိုတကယ်ကြီးလာတယ်. သူက မင်းသမီးလင်လုံအတွက်လာတာပဲဖြစ်ရမယ်”
“သူရဲကောင်းတွေက အလှလေးတွေကိုချစ်ကြတယ်.. ဒီလိုမျိုးထူးချွန်ပြောင်မြောက်တဲ့
ပါရမီရှင်တောင်မှ ငါတို့ရဲ့အလှလေးမင်းသမီးလင်လုံရဲ့
နမည်အောက်ကနေမလွတ်မြောက်နိုင်ဘူး”
တစ်စုံတစ်ယောက်ကထပ်
ပေါင်းပြောလိုက်သည်။
ဤအချိန်တွင်ပို့ဆောင်ရေး
အစီအရင်အနီး၌ရှိနေသည့်များစွာသောလူများကလည်း အဖြူရောင်ဝတ်ရုံနှင့်ချောမော
သောလူငယ်အားကြည့်လိုက်သည်။ သူကနှစ်ဆယ်အစောပိုင်းအရွယ်သာရှိသေးပြီး ဓားကဲ့သို့သောမျက်ခုံးတို့နှင့် တောက်ပသောမျက်ဝန်းတို့ကိုပိုင််ဆိုင်ထားသည်။ ဤအချိန်တွင် လူငယ်က နှင်းဖြူရောင်ဝံပုလွေတစ်ကောင်
၏ကျောထက်၌ ဝင့်ကြွားစွာရပ်နေသည်။
အားလုံကသူ့အားကြည့်နေကြပြီး လအားဝန်းရံနေသည့်ကြယ်
များနှယ်ဖြစ်နေသည်။
“အဲ့လူကဘယ်သူလဲ. သူကအရမ်းနမည်ကျော်တာလား”
အဖြူရောင်ဝတ်ရုံနှင့်လူငယ်အားမ
သိသောတစ်စုံတစ်ယောက်က သူ့ဘေးရှိလူအားမေးလိုက်သည်။
“မင်း..မင်းသူ့ကိုတောင်မသိဘူးလား..သူက ပိုင်ကျွင်းရွှမ်းပဲ အရှေ့ပိုင်းဒေသကြီးရဲ့မြင့်မြတ်ကုန်းမြေသုံးခုထဲကတစ်ခုဖြစ်တဲ့ ယွဲ့ဟူ ဂိုဏ်းက ပါရမီရှင်တစ်ပည့်တစ်ဦးပဲ.. ကောလဟာလတွေအရ ပိုင်ကျွင်းရွှမ်းက အသက်နှစ်ဆယ့်နှစ်နှစ်ပဲရှိသေးပြီးတော့.ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကိုဝင်ရောက်နေပြီတဲ့”
“သူ့ရဲ့သိုင်းပါရမီက ထျန်းလျန်အင်ပါယာက ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ယောက်ထဲကကျိရှောင်းထက်သာတယ်လို့ အားလုံးကပြောကြတယ်”
“ဒီတော့ ဒါကပိုင်ကျွင်းရွှမ်းပေါ့. ငါသူ့ရဲ့ဂုဏ်သတင်းတွေကိုတော့ကြားဖူးပေမဲ့ ..ဒါကသူ့ကိုပထမဆုံးအကြိမ်ငါမြင်တွေ့ဖူးတာပဲ…ပိုင်ကျွင်းရွှမ်းက ပါရမီရှိရုံတင်မဘူး သူ့ရဲ့ပုံစံကလည်း ပထမတန်းစားလောက်ကို ကြည့်ကောင်းမယ်လို့ငါမထင်ထားခဲ့မိဘူး”
“အခု နောက်ထပ် အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့
ပါရမီရှင်တစ်ဦး ရောက်လာပြန်ပြီ ထျန်းလျန်အင်ပါယာကတော့ တကယ့်ကိုမှ ပါရမီရှင်တွေနဲ့ပြည့်နှက်နေပြီ. မင်းသမီးလင်လုံရဲ့လက်ထက်ပွဲ
အတွက်သိုင်းပြိုင်ပွဲက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းမဲ့ပုံပဲ.. ငါတော့ ပိုပြီးပိုပြီးစိတ်လှုပ်ရှားလာပြီ”
ရှစ်ဖုန့်သည်လည်းလူများ၏အကြည့်နောက်သို့လိုက်၍ အဖြူရောင်ဝတ်ရုံနှင့်လူငယ်
အားကြည့်လိုက်သည်။ ၎င်းကတကယ့်ကို ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးဖြစ်လေသည်။သို့သော် သူကငယ်ရွယ်ပြီး သူ၏ကိုယ်ပေါ်ရှိ အရှိန်အဝါက ရှင်းယောင်မြို့မှ အဘိုးအိုချူးကျူးထက်ပို၍ စွမ်းအားကြီးမားသည်ဖြစ်၏။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE