← Chapters

မူလမီးတောက်ကမ္ဘာ

Vol. 19 Ch. 254

မူလမီးတောက်ကမ္ဘာ

Vol. 19 Ch. 254

တာအိုဆရာတယန်က ဟန်မူယဲ့ကိုလှည့်ကြည့်သည်။ အချိန်အတော်ကြာသွားသောအခါတွင် သူက သက်ပြင်းချသည်။

သူ့မျက်နှာထားက အတော်လေးရှုပ်ထွေးနေပြီး ညင်သာစွာရေရွတ်လိုက်သည်။

“သူက ငါတို့ကို တကယ်မလိုချင်တော့ဘူး ထင်ပါတယ်”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် ဓားဆေးလုံးသုံးလုံးသည် မူလနေရာသို့ ပြန်ရောက်သွား၏။

သူက တာအိုဆရာတယန်ကို ကြည့်လျက် ဂရုမစိုက်စွာ ပြောသည်။

“ကျုပ်က ဓားဘုရင်ယွမ်ထျန်းအကြောင်းကို သိချင်နေတယ်”

“မင်းက သူ့အကြောင်းကို သိချင်တာလား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် တာအိုဆရာတယန်က ဟန်မူယဲ့ကိုလက်ညှိုးထိုးပြီး ရယ်သည်။

“ကောင်လေး၊ မင်းမှာ သူ့ရဲ့ဓားဆေးလုံးတွေနဲ့ အမွေအနှစ်ရှိနေတဲ့အတွက် သူ့လို ဖြစ်ချင်နေတာလား”

သူ့မျက်နှာပေါ်တွင် အထင်သေးမှုနှင့် မာနများ ရှိနေသည်။

“ဓားဘုရင်ယွမ်ထျန်းက တစ်ယောက်ပဲရှိတယ်။ မင်းက သူ့လိုမျိုးစွမ်းရည် ရှိမလာနိုင်ဘူး”

ဟန်မူယဲ့က တစ်ခွန်းမှမပြောပေ။

တာအိုဆရာတယန်က ဓားဘုရင်ယွမ်ထျန်းနှင့် ပတ်သက်ပြီး ရှုပ်ထွေးသောခံစားချက်များ ရှိပုံရသည်။

“ကောင်းပြီ။ ငါ မင်းကို အားလုံးပြောပြလိုက်မယ်”

သူက ဟန်မူယဲ့ကို ကြည့်လျက် ညင်သာစွာ ပြောသည်။

“အလယ်ပိုင်းကုန်းမြေရဲ့အပြင်ဘက်မှာ ဓားတာအိုက အရာအားလုံးကို လွှမ်းမိုးထားတယ်။ အဲဒါက ဓားဘုရင်ယွမ်ထျန်းပဲ”

‘ဓားတာအိုက အရာအားလုံးကို လွှမ်းမိုးထားတယ်’

ထိုစကားမှတစ်ဆင့် ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်း၏ ပုံစံကို သိနိုင်သည်။

ဓားဘုရင်ယွမ်ထျန်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှာပဲ သောင်းကျန်းနိုင်သည်ဟု သူတွေးထင်မိ၏။

အလယ်ပိုင်းကုန်းမြေ၏ အပြင်ဘက်မှာ အမည်တစ်ခု ရှိနေပေလိမ့်မည်ဟု ထင်မထားမိပေ။

တာအိုဆရာတယန်၏ပြောစကားအရ ဓားဘုရင်ယွမ်ထျန်းသည် ဓားလမ်းစဉ်၌ အလွန်ပါရမီ ရှိသည်။ သူက လက်ထဲမှဓားတစ်ချောင်းဖြင့် လောကကို လွှမ်းမိုးနိုင်သည်။

ကောင်းကင်စက်ဝန်း ဓားဆေးလုံး ၄၈လုံး၊ ကောင်းကင်တိမ်တိုက်ဓားတစ်လက်ဖြင့် ဓားဘုရင်ယွမ်ထျန်းသည် အလယ်ပိုင်းကုန်းမြေ၏ အမတ်ချုပ်ကြီးဝမ်နှင့် မဟာစစ်သူကြီးချွမ်ဝူတို့ထက် အဆင့်မနိမ့်ပေ။

သမိုင်းတစ်လျှောက်မှာ ဓားဘုရင်ယွမ်ထျန်းနှင့် နှိုင်းယှဉ်နိုင်သော ဓားကျင့်ကြံသူ ဆယ်ယောက်ခန့်သာ ရှိသည်။

ဓားဘုရင်ယွမ်ထျန်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အရှေ့ပင်လယ်မှ မိစ္ဆာများကို သတ်ဖြတ်သည်။ မြောက်ပိုင်းကုန်းမြေတွင် နှင်းရေခဲနဂါးကို ဖိနှိပ်သည်။ သူသည် ကြောက်ရွံ့ခြင်းကင်းမဲ့ပြီး လွတ်လပ်သော ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

တာအိုဆရာတယန်ပြောလိုက်သော ဖြစ်ရပ်တိုင်းက လူတစ်ယောက်ကို သွေးများဆူပွက်သွားစေနိုင်သည်။

“ကောင်လေး၊ ဓားဘုရင်ယွမ်ထျန်းရဲ့ရှေ့မှာ ကောင်းကင်ဘုံအဆင့်နဲ့ ဝိညာဉ်သူငယ်အဆင့်ကျင့်ကြံသူတွေက အမှိုက်ပဲ”

“မင်းက နှစ်တစ်သန်းကြာသွားရင်တောင် သူ့လိုမျိုးဖြစ်လာမှာမဟုတ်ဘူး”

တာအိုဆရာတယန်က ဟန်မူယဲ့ကို ကြည့်လျက် ရယ်သည်။

‘နှစ်တစ်သန်းလား’ ဟန်မူယဲ့က တွေးသည်။ သူက ဓားဘုရင်ယွမ်ထျန်း၏ အဆင့်ကိုရောက်ရန် သိပ်ကြာမည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိသည်။

“ဓားဘုရင်ယွမ်ထျန်းက သေသွားပြီလို့ ခင်ဗျားထင်လား”

ဟန်မူယဲ့က တာအိုဆရာတယန်ကို ကြည့်သည်။

တာအိုဆရာတယန်က ကြောင်အသွားသည်။ သူက ခဏလောက်တိတ်ဆိတ်နေပြီး ခေါင်းခါလျက် ပြောသည်။

“ငါ မသိဘူး”

“အရင်တုန်းက ပြင်ပဘုံကျင့်ကြံသူတွေနဲ့ သူ တိုက်ခိုက်ခဲ့တယ်။ ကောင်းကင်စက်ဝန်းဓားဝင်္ကပါ ပျောက်ကွယ်သွားတဲ့အချိန်မှာ သူပြန်ပေါ်မလာတော့ဘူး”

“သူ့မှာ လွတ်မြောက်အောင် ထွက်ပြေးနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိနေတာ ငါတို့သိပေမဲ့ သူသေသွားပြီလားဆိုတာကိုတော့ ငါတို့မသိဘူး”

တာအိုဆရာတယန်ပြောသော ‘ငါတို့’ဆိုသည့်စကားက ဓားဆေးလုံးများကို ရည်ညွှန်းသည်။

ဓားဆေးလုံး၄၈လုံးထဲတွင် အနည်းငယ်သည်သာ တာအိုဆရာတယန်ကဲ့သို့ ဓားဝိညာဉ်များ ဖြစ်လာနိုင်သည်။

ထိုဓားဆေးလုံးများက အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ပြန့်ကျဲနေပြီး ရှာမတွေ့နိုင်ပေ။

“တကယ်လို့”

တာအိုဆရာတယန်က ခေါင်းငုံထားပြီး ညင်သာစွာ ပြောသည်။

“သူ့မှာ စီစဉ်ထားတာရှိမယ်ဆိုရင် ကောင်းကင်မြေခွေးက သိနေလောက်တယ်”

“ကောင်းကင်မြေခွေးက သူ့ရဲ့ ပထမဆုံးဓားဆေးလုံးပဲ”

ကောင်းကင်မြေခွေး…။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“တခြားဓားဆေးလုံးတွေကို ဘယ်လိုရှာရမလဲသိလား”

သူက ဓားဆေးလုံး၄၈လုံးကို စုဆောင်းချင်သည်။

တာအိုဆရာတယန်က ခေါင်းမော့ကြည့်လျက် ပြုံးသည်။

“ကောင်လေး၊ မင်းက တကယ်ရည်မှန်းချက်ကြီးတာပဲ”

ဟန်မူယဲ့၏ တည်ငြိမ်သော မျက်နှာထားကို မြင်လိုက်ရသောအခါတွင် တာအိုဆရာတယန်က ညင်သာစွာ ပြောသည်။

“မင်းရဲ့ကံအပေါ်မှာ မူတည်တယ်။ မင်းက သူတို့နဲ့တွေ့လာရင် ငါက မင်းကို သတိပေးမယ်”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သည်တွင် ဓားဆေးလုံးသုံးလုံးဆီမှ ဓားအလင်းများသည် တာအိုဆရာတယန်အပေါ်သို့ ကျရောက်လာသည်။ ထို့နောက် ဓားဆေးလုံးများပျောက်ကွယ်သွားသည်။

“ကျုပ် ခင်ဗျားကို မသန့်စင်ချင်ဘူး။ ဒါပေမဲ့ ခင်ဗျားမှာ တခြားအတွေးတွေရှိမနေဖို့ မျှော်လင့်တယ်”

ဓားအလင်းက တာအိုဆရာတယန်၏ဝိညာဉ်ကို ချက်ချင်းစုပ်ယူနိုင်သည်။

တာအိုဆရာတယန်က ခေါင်းညိတ်သည်။

“သွားကြစို့။ ဒါနဲ့ ဒီကမ္ဘာငယ်ကို ခင်ဗျားရောက်လာတဲ့အကြောင်းနဲ့ ဒီကမ္ဘာငယ်ရဲ့အင်အားစုတွေအကြောင်းကို ပြောပြပါဦး”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်သွားသည်။

တာအိုဆရာတယန်က ခါးသီးသော မျက်နှာထားနှင့်အတူ နောက်မှလိုက်သွားပြီး တီးတိုးပြောနေသည်။

....

ခဏအကြာမှာတော့ သွမ့်ယန်ကျိဦးဆောင်သော မူလမီးတောက်နန်းတော်၏ တပည့်များ မိုင်းတွင်းထဲမှ ထွက်လာကြသည်။

ထိုလူများက မိုင်းတွင်းအပြင်သို့ ရောက်သောအခါတွင် ရူးသွပ်စွာအော်ဟစ်လိုက်ကြသည်။

ထို့ကြောင့် ဟန်မူယဲ့က ပြောစရာစကား ကင်းမဲ့သွားသည်။

‘ငါတို့ဒီမှာ ရှိမနေရင် အဲဒီလိုအော်နေတာက သေလမ်းရှာနေတာနဲ့ အတူတူပဲမဟုတ်လား’

သူထင်ထားသည့်အတိုင်း လူတချို့ပျံသန်းလာသည်။

“မိုင်းတွင်းကျွန်တွေ လွတ်သွားပြီ”

“ရဲတင်းလိုက်တာ။ မိုင်းတွင်းကျွန်တွေက သေချင်နေတာပဲ”

“မြန်မြန်လေး ဂိုဏ်းကိုသတင်းပို့လိုက်’

လူရိပ်များစုစည်းနေပြီး အချက်ပြမီးက ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

ပတ်ဝန်းကျင်က ချက်ချင်းဆူညံလာသည်။

ထိုလူအများစု၏ ကျင့်ကြံဆင့်သည် ချီစုဆောင်းခြင်းနှင့် ချီစုစည်းခြင်း၌ ရှိသည်။ ခေါင်းဆောင်နှစ်ယောက်မှာ အခြေခံအုတ်မြစ်အဆင့်သို့ ရောက်ခါစဖြစ်သည်။

လုကောက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး အပြာရောင်ကျောက်တုံးပေါ်၌ ခြေတစ်ဖက်တင်လိုက်သည်။

“ဘမ်း ....”

ကျောက်တုံးသည် ကွဲကြေသွားပြီး မရေမတွက်နိုင်သောအပိုင်းအစများ လွင့်ထွက်လာသည်။ ထိုကျောက်တုံးအပိုင်းအစများကြောင့် ချီစုဆောင်းခြင်းနှင့် ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများ လဲကျသွားသည်။

အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူနှစ်ယောက်၏လက်ထဲတွင် ဝိညာဉ်စွမ်းအင်အလင်းများတောက်ပလာပြီး ရေခဲမြားအဖြစ်ပြောင်းကာ လုကောဆီသို့ တိုးဝင်လာသည်။

သို့သော်လည်း လုကော၏လက်မောင်းနှင့် တိုက်မိသောအခါတွင် ရေခဲမြားများက တစ်ပိုင်းတစ်စစီပျက်စီးသွားသည်။

လုကော ဒဏ်ရာမရပေ။

ထိုမြင်ကွင်းကြောင့် အခြေခံအုတ်မြစ်ကျင့်ကြံသူနှစ်ယောက် ကြောင်အသွားသည်။

သူတို့၏ ကျင့်ကြံဆင့်က လုံလောက်အောင်သန်မာမှုမရှိလျှင်ပင် မန္တန်၏ အားဖြည့်မှုကြောင့်‌ ရေခဲမြားကို ကမ္ဘာမြေအဆင့်အောက်တွင် ရှိသော ကျင့်ကြံသူများ မခုခံနိုင်ပေ။ ခန္ဓာကိုယ်နှင့်ခုခံလိုက်ခြင်းက ပိုမဖြစ်နိုင်ပေ။

လုကောက ရယ်မောလျှက် လှုပ်ရှားလိုက်လျှင် နေရာတွင် ပုံရိပ်ယောင်တစ်ခု ကျန်ရစ်၏။ သူက မာန်သွင်းလျှက် ပြေးထွက်သွားသည်။

အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ သွေးအန်လျက် လွင့်စင်သွားကြသည်။

ထိုနှစ်ယောက်မှာ မြေကြီးပေါ်သို့ ပြန်ကျလာသောအခါတွင် အရိုးနှင့်အကြောများ ပျက်စီးနေပြီ ဖြစ်သည်။ သူတို့က ပင့်သက်ရှိုက်နေရသည်။

“အထင်ကြီးစရာပဲ ....”

မိုင်းတွင်းရှေ့တွင် ရပ်နေသော ကျင့်ကြံသူများက မျက်လုံးပြူးသွားသည်။

“တာအိုရောင်းရင်းရဲ့ ရုပ်ခန္ဓာကျင့်ကြံခြင်းက တကယ်အားကောင်းတာပဲ”

သွမ့်ယန်ကျိက လုကောကို ကြည့်လျက် သက်ပြင်းချသည်။

မိုင်တွင်း၏ အစောင့်များကို ဖြေရှင်းပြီးသောအခါတွင် ဟန်မူယဲ့က လုကောကို သွမ့်ယန်ကျိနှင့်အတူလိုက်သွားပြီး မိုင်းတွင်းထဲတွင် ရှိနေသော တခြားကျင့်ကြံသူများကို ကယ်ဆယ်စေ၏။

နေ့တစ်ဝက်အတွင်း၌ မိုင်းတွင်းထဲမှ ကျင့်ကြံသူတစ်ထောင်နီးပါး ထွက်လာကြသည်။

လူတချို့သည် မိုင်းတွင်းထဲတွင် နှစ်တချို့ကြာအောင် ရှိနေပြီးနောက် တချို့ကတော့ နှစ်ရာချီနေပြီ ဖြစ်သည်။

ဆံပင်နှင့်မုတ်ဆိတ်များဖြူနေသော လူအိုကြီးတစ်ယောက်က မျက်ရည်များကျဆင်းလျက် မိုင်းတွင်းထဲမှ ထွက်လာသည်။

“မင်းတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကလား”

လူအိုကြီးက ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့ရှေ့သို့ ရောက်လာသောအခါတွင် သွမ့်ယန်ကျိ၏ မိတ်ဆက်ပေးမှုကြောင့် သူတို့ကို စိတ်လှုပ်ရှားစွာကြည့်နေသည်။

“ငါကလည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာကပဲ ....”

“ငါက နေမင်းရောင်ဝါနန်းတော်ဟောင်းမှာ စူးစမ်းလေ့လာနေပြီး ဒီကမ္ဘာငယ်လေးကို မတော်တဆရောက်လာခဲ့တာ နှစ်ပေါင်းနှစ်ရာရှိပြီ”

ဖိနှိပ်ခံရပြီး မှောင်မည်းနေသောမိုင်းတွင်းထဲတွင် နှစ်ပေါင်းနှစ်ရာကျော်အောင် အသက်ရှင်လျက်နေထိုင်ခဲ့သည့်အတွက် ဟန်မူယဲ့က ထိုလူအိုကြီးကို လေးစားသွားသည်။

ထိုလူအိုကြီး၏နာမည်က တုန်ရှန်းထုံဖြစ်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဂိုဏ်းအသေးတစ်ခု၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူ့ကျင့်ကြံဆင့်သည် ကမ္ဘာမြေဒုတိယအဆင့်မှာ ရှိနေသည်။

သူက ဤကမ္ဘာသို့ မတော်တဆရောက်လာပြီးနောက် ပြင်ပဘုံကျင့်ကြံသူများ၏ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် မိုင်းတွင်းထဲသို့ အပို့ခံလိုက်ရသည်။

ဟန်မူယဲ့တို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကျင့်ကြံသူများ ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် သူက လျင်မြန်စွာ ပြောသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်လာပြီလား”

“ငါက တောင်အိုရောင်းရင်းကျင်းကျီကို တွေ့ဖူးတယ်။ သူ့ပြောစကားအရ ကြီးကြီးမားမားတစ်ခုခုကို ကြံစည်နေတာပဲ”

နှစ်ပေါင်းနှစ်ရာကြာအောင် အတွေ့အကြုံများကို ခံစားပြီးသောအခါတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာ၏။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူတစ်ယောက်ကိုကယ်တင်နိုင်သောကြောင့် ခေါင်းဆောင်တောက်ရင်နှင့်တခြားလူများက ခံစားချက်ကောင်းနေသည်။

သူတို့က အတိတ်ကို အမှတ်ရနေပြီး မိုင်းတွင်းမှ ထွက်လာကြသည်။

ထိုကျင့်ကြံသူတစ်ထောင်နီးပါးတွင် ငါးယောက်က ကမ္ဘာမြေအဆင့်ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။ သူတို့ကို ကယ်တင်ပြီးသောအခါတွင် ဟန်မူယဲ့က ကုသဆေးလုံးများထုတ်၍ ပေးလိုက်သည်။

သူ့ဆေးလုံးများက အနည်းဆုံး အမြင့်ဆုံးအဆင့်အရည်အသွေးမှာ ရှိပြီး ထိုလူများ၏ဒဏ်ရာအတွက် အလွန်အကျိုးရှိသည်။

ကမ္ဘာမြေအဆင့်ကျင့်ကြံသူငါးယောက်က ဆေးလုံးများကို မြိုချလိုက်သောအခါတွင် ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင်အလင်းများ တောက်ပလာသည်။ သူတို့က ကျင့်ကြံဆင့်ကို ဖြည်းဖြည်းချင်းရရှိလာကြသည်။

တခြားလူများအတွက်တော့ ကျင့်ကြံဆင့်ပြန်လည်ရရှိနိုင်လျှင် ဖြည်းဖြည်းချင်းကျင့်ကြံရန်အတွက် ဝိညာဉ်ကျောက်တုံးများ ခွဲဝေပေးလိုက်သည်။

ကမ္ဘာမြေအဆင့်ကျင့်ကြံသူငါးယောက်ထဲတွင် မူလမီးတောက်နန်းတော်မှ နှစ်ယောက်ပါသည်။ ထိုနှစ်ယောက်မှာ သွမ့်ယန်ကျိနှင့် ကောင်းကျန်းတို့ ဖြစ်ကြသည်။

လွန်သောနှစ်သုံးဆယ်ခန့်က မူလမီးတောက်နန်းတော်သည် တိုက်ခိုက်ခံရပြီး ကောင်းကျန်းကို ရန်သူများ ဖမ်းဆီးခဲ့ကြသည်။

ကမ္ဘာမြေအဆင့်ကျင့်ကြံသူ နောက်ထပ်နှစ်ယောက်မှာ ရှကျောက်ယွမ်နှင့် ဟောင်တောက်ဖြစ်ပြီး ဤကမ္ဘာငယ်လေး၌ မွေးဖွားလာကြသူများ ဖြစ်သည်။

သူတို့၏ပြောစကားအရ ပြင်ပဘုံကျင့်ကြံသူများက ဤကမ္ဘာငယ်လေးကို အုပ်စိုးလုနီးပါးဖြစ်နေသည်။

ထန်တောင်ကုန်းဓားဂိုဏ်း၏ အကြွင်းအကျန်အင်အားစုများမှာ နေရာအနှံ့၌ အမဲလိုက်ခံနေရသည်။

မူလမီးတောက်နန်းတော်သည် ဤကမ္ဘာ၏ နယ်မြေခံများနှင့်  ပူးပေါင်းထားသည့်တိုင် ဆက်တိုက်နောက်ဆုတ်ပေးနေရသည်။

“ပြင်ပဘုံကျင့်ကြံသူတွေထဲမှာ ကျွမ်းကျင်သူသုံးယောက်ရှိတယ်။ သူတို့က ရွှေအမြုတေအထွတ်အထိပ်အဆင့်မှာ ရှိနေတယ်”

ရှကျောက်ယွမ်က ကူရာမဲ့စွာ ပြောသည်။

ရွှေအမြုတေ အထွတ်အထိပ်အဆင့်သည် ဤကမ္ဘာငယ်လေးထဲတွင် အသန်မာဆုံးဖြစ်သည်။

သူတို့သည် ပြိုင်ဘက်ကင်း၏။

မူလမီးတောက်နန်းတော်၏ခေါင်းဆောင်သည် ရွှေအမြုတေ အဌမအဆင့်၌ ရှိနေသည်။ သူသည် အမွေအနှစ်ရတနာ၏ အကူအညီဖြင့် ရွှေအမြုတေအထွတ်အထိပ်အဆင့်ကျွမ်းကျင်သူကို တားဆီးနိုင်သည်။

လူတိုင်း၏ အချက်အလက်များကို စုပေါင်းလိုက်သောအခါတွင် ဟန်မူယဲ့က ဤကမ္ဘာနှင့် ပတ်သက်ပြီး အကြမ်းဖျင်းနားလည်သွားသည်။

ဤကမ္ဘာကို မူလမီးတောက်ကမ္ဘာဟုခေါ်ပြီး မူလမီးတောက်နန်းတော်က ဤကမ္ဘာ၏ အမည်ကို အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်သည်။

မူလမီးတောက်ကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူတစ်ယောက် သိမ်းပိုက်လိုက်သော ကမ္ဘာငယ်လေးဖြစ်သည်။

All Chapters