ရေချိုးကန်ထဲက အလှလေးများ
Vol. 7 Ch. Chapter 23
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V23 - ရေချိုးကန်ထဲက အလှလေးများ
"ဒီတော့ ဥစာကီကို ပိုးကောင်တွေက မိသွားပြီးတော့ ပိုးကောင်ဘုရင်မလောင်းလျာအဖြစ် ရွေးချယ်လိုက်တယ်ပေါ့။"
ဆိုဖီယာက မက်ဒါနာအကျဥ်းချုံးပြီး ပြောပြတဲ့ စကားကို နားထောင်ပြီးတဲ့နောက် လက်ထဲမှာကိုင်ထားတဲ့ သကြားမပါတဲ့ အချိုရည်ပုလင်းလေးကို မော့သောက်လိုက်တယ်။ မက်ဒါနာကတော့ ဖလေရာရဲ့ခန္ဓာကိုယ်သစ်ကို စူးစမ်းချင်စိတ်အပြည့်ဖြစ်နေတုန်းပဲ။
ရေခိုးရေငွေ့တွေကြားက အရပ်ပုပု၊ နားရွက်ချွန်ချွန်နဲ့ အကိတ်သက်ကြီးပုလေးက တကယ်ချစ်စရာလေးလေ။ ဖလေရာပြောသလောက်တော့ ဒီနတ်သူငယ်က
ကမ္ဘာသက်တမ်းနဲ့ဆိုရင် နှစ်သုံးရာလောက်အသက်ရှင်ပြီးပြီမလို့ အရွယ်ရောက်တာထက်လွန်နေပြီတဲ့။ မူရင်းခန္ဓာကိုယ်ပိုင်ရှင်က ဖက်ဒရေးရှင်းရဲ့အဆင့်မြင့်အဖွဲ့ဝင် ဒက်ဖနီပေမဲ့ ရောဂါတစ်ခုကြောင့်သေသွားတာ။ သေခါနီးမှာ ဖလေရာကို သူ့ခန္ဓာကိုယ်လွှဲပေးခဲ့တယ်လို့ဆိုတယ်။
စကားမစပ် သူတို့က ကွန်ပေါင်းရေကန်ရဲ့သစ်လုံးအိမ်ငှားတဲ့နေရာက ရေပူစမ်းအတုလေးကို ရောက်နေကြတာ။ အနားမှာဘာမီးတောင်မှမရှိလို့ ရေပူစမ်းရှိစရာအကြောင်းကိုမရှိပေမဲ့ လာလည်တဲ့သူတွေ စိတ်ကျေနပ်အောင် ရေကန်ထဲကရေတွေကို မြောင်းနဲ့သွယ်ယူသန့်စင်ပြီး အပူပေးစနစ်တပ်ပေးထားလိုက်တာ။ အရင်ရာစုနှစ်ဝက်လောက်ကစပြီး ဂျပန်ပြည်က အန်နီမေးရှင်းတွေခေတ်စားလာတဲ့အတွက် နေရာအနှံမှာ ရေပူစမ်းရောဂါခေတ်ထတဲ့ကာလရှိဖူးတယ်။
အဲဒီကနေ ကွန်ပေါင်းရေကန်မှာ တစ်ခုရှိလာတာပဲ။
ပြဿနာတစ်ခုရှိတာဆိုလို့ သူတို့ရှိနေတဲ့နေရာက မိုးလုံ အဆောက်အအုံထဲမှာမလို့ ရောမမြို့က သာမန်ရေချိုးကန်နဲ့တူနေတာ။ ဖလေရာက သီးသန့်ရေကန်ကြီးငှားလိုက်လို့ အပြင်လူမရှိပေမဲ့ ရေပူစမ်းမဟုတ်တော့ ပျင်းစရာကြီးရယ်။
"ဘော....ဘလော...." လင်ဒါဆိုရင် ပျင်းလွန်းလို့ ကန်ရေမျက်နှာပြင်အောက်ကို မျက်နှာတစ်ဝက်ငုံပြီး ပါးစပ်ကနေ ရေပူဖောင်းတွေမှုတ်ထုတ်နေတယ်။ အပူချိန်က သိပ်လည်းမမြင့်ဘူးလေ။ အေမီကတော့ လင်ဒါနဲ့မက်ဒါနာရှိနေတဲ့နေရာကြားမှာ ကိုယ်လုံးတီးရပ်ရင်း လင်ဒါကိုသံသယနဲ့စိုက်ကြည့်နေဆဲပါ။ ကန်ထဲမှာ ထိုင်မနေဘဲ မတ်တပ်ရပ်နေတာမလို့ သူ့ရင်အပေါ်ပိုင်းက ရေမျက်နှာပြင်အထက်မှာရောက်နေပြီး ဆီလီကွန်ရင်သားညိုညိုလုံးလုံးလေးက အားလုံးမြင်နိုင်တဲ့ အနေအထားမှာပါ။
"အေမီရေ၊ နင်ထိုင်ပြီးရေချိုးလို့မရဘူးလား။" မက်ဒါနာက ဆိုဖီယာနဲ့စကားပြောနေရင်းကနေ အေမီရဲ့နောက်ကျောအလှလေးကို ကြည့်မိနေရာကနေ ပြောလိုက်တယ်။ အရေးကြီးကိစ္စဆွေးနွေးတဲ့နေရာမှာ အေမီရဲ့ကျောနဲ့ရေပေါ်နည်းနည်းလေးပေါ်နေတဲ့ တင်တစ်ဝက်ကို မြင်နေရတာက အာရုံပျက်စေတယ်လေ။
"ကျွန်မက ဘလက်လစ်ဝင်နေတဲ့သူတွေကို စောင့်ကြည့်နေတာ သူတို့ကိုကောင်းကောင်းမြင်ရအောင် မတ်တပ်ရပ်ကြည့်နေမှ ဖြစ်မှာမလို့ပါ။"
အေမီက မက်ဒါနာရဲ့ဆန္ဒကို ဆန့်ကျင်ပြီးပြောပါတယ်။ တကယ်တော့ အေမီ့အလွန်လည်းမဟုတ်ဘူး။ ဆိုဖီယာနဲ့စကားမပြောခင် ရေချိုးအိမ်ထဲဝင်ဝင်ချင်း ဖလေရာက မက်ဒါနာရဲ့ရင်ဘတ်ကို နောက်ကနေ ပြေးကိုင်ဖို့လုပ်လို့ အေမီကန်ထဲကန်ချတာ ခံပြီးပြီ။ ခုတော့ ကန်ဘောင်နဲ့နဖူးနဲ့ဆောင့်မိထားလို့ဆိုပြီး ကန်ထဲက ရေနွေးငွေ့နဲ့ ပုဝါကိုကျပ်ထုတ်လုပ်ပြီး နဖူးကိုဖိနေရတယ်။ ဒါတောင် သူရှိနေတဲ့ ကန်ထောင့်ကနေပြီး မက်ဒါနာကို တစ်ချက်တစ်ချက်ချောင်းနေသေးတာ။
"နင်ကန်ဘောင်ပေါ်တက်ပြီး မက်တပ်ရပ်ကြည့်နေလို့မရဘူးလား၊ ငါ့ရှေ့မှာမနေရင်ပြီးရော။"
မက်ဒါနာက ပါးစပ်ထဲတွေ့ရာပြောလိုက်ပေမဲ့ အေမီက ဟုတ်လို့တစ်ခွန်းတည်းခေါင်းညိတ်ပြီး ရေချိုးကန်ဘောင်ပေါ်မှာ အဝတ်ဗလာနဲ့သွားရပ်ပြီး ဖလေရာနဲ့လင်ဒါကို စောင့်ကြည့်နေတယ်။ အခုဆိုရင် မက်ဒါနာက အေမီရဲ့တစ်ကိုယ်လုံးကိုမြင်နေရပြီ။ ဖန်တီးထားတာမလို့ လုံးဝပြစ်ချက်မရှိတဲ့ ရွှေအချိုးခန္ဓာလေး၊ မက်မွန်သီးလေးတွေအပြင် ချယ်ရီသီးအဟလေးနှစ်ခုကိုပါ မြင်နေရသေးတယ်။
"ဟေး၊ မက်ဒါနာ။ သတိထားဦးလေ။ ငါတို့အရေးကြီးကိစ္စပြောနေတုန်းတန်းလန်းကြီး။"
ဆိုဖီယာက မက်ဒါနာရဲ့ပခုံးကိုလှုပ်ရှိုးမှပဲ ပါးစပ်ထဲကနေ အာငွေ့ပူပူတွေ မှုတ်ထုတ်နေမိတဲ့ မက်ဒါနာသတိပြန်ဝင်လာပြီး အေမီကို ပဝါရှည်ရှာပတ်ပြီးမှ ပြန်လာဖို့ အမိန့်ပေးလိုက်တယ်။ အေမီကတော့ မသွားခင် အကုန်လုံးကို မျက်စောင်းထိုးကြည့်ပြီးမှ ဆိုဖီယာကို ပြောလိုက်တယ်။
"ရှင်တို့အားလုံးကိုမယုံပေမဲ့ ကျွန်မပြန်လာတဲ့အထိ သခင်မလေးကိုကာကွယ်ရမယ့်တာဝန်ကို ရှင့်ဆီအပ်ထားလိုက်မယ် ဆိုဖီယာ။" နောက်တော့ အေမီက ရေချိုးခန်းနဲ့ကပ်လျက် အဝတ်လဲခန်းဆီထွက်သွားတယ်။
"ဒီတော့၊ နင်တို့ပိုးကောင်ဗိုလ်ချုပ် ဘယ်နှစ်ယောက်နဲ့ ရင်ဆိုင်ရပြီးပြီလဲ။" ဆိုဖီယာက အချိုရည်ကို ထပ်ငုံလိုက်ရင်းမေးတော့ မက်ဒါနာက လက်ချောင်းလေးတွေကိုမြှောက်ပြီး တစ်ချောင်းချင်းစီချိုးရေတွက်ကြည့်တယ်။ သူ့လက်ကလေးတွေ လှုပ်ရှားလိုက်တိုင်းမှာ လက်ကနေ ရေစက်ကလေးတချို့ ရေချိုးကန်ထဲ ပြန်ကျသွားတယ်။
"ပိုးတောင်မာရယ်၊ သစ်ဆွေးပိုးရယ်၊ ရှန်ဟိုင်းကို အုတ်ပုံအဖြစ်ပြောင်းပစ်တဲ့ ဖိုးဖလံရယ်။ အားလုံးပေါင်း သုံးယောက်ရှိမှန်းတော့ ငါတို့သိပြီးပြီ။ နကျယ်ကောင်နဲ့ကျိုင်းကောင်တွေကတော့ မျိုးနွယ်ရှိမှန်း ငါတို့သိပေမဲ့ သူတို့ဗိုလ်ချုပ်တွေ ထွက်မလာသေးဘူး။"
မက်ဒါနာက စဥ်းစားပြီးပြောလိုက်တော့ ဆိုဖီယာက မက်ဒါနာကို ပြုံးပြုံးလေးနဲ့ကြည့်လိုက်ရင်း အနားကပ်လာတယ်။ အခုသူတို့နှစ်ယောက်ရဲ့ပခုံးတွေက ထိလုထိခင်လေးဖြစ်နေပြီ။
"နင်ပြောတဲ့အတိုင်းဆိုရင် ဥစာကီကို ဥချခဲ့တဲ့ မျိုးပွားမိခင်က နကျယ်ကောင်မျိုးနွယ်ကမဟုတ်လား။ ဒီတော့ သူတို့မှာ ပိုးကောင်ဗိုလ်ချုပ်မရှိဘူးလို့ ယူဆလို့ရတယ်။ မျိုးပွားမိခင်တွေက ဘုရင်မသားလောင်းကို မွေးပေးပြီးတာနဲ့ ဘာရွန်လို့ခေါ်တဲ့ အထူးပိုးကောင်တစ်ကောင်ကိုပါ မွေးပေးတယ်။ ဘုရင်မကို ကာကွယ်ဖို့အတွက်ပေါ့။"
မက်ဒါနာက မျက်မှောင်ကြုတ်လိုက်ပြီး ဖရာလီတာသူ့ကိုပို့ပေးခဲ့တဲ့ ဖိုင်ထဲက အချက်အလက်တွေကို ပြန်စဥ်းစားကြည့်တယ်။ နောက်တော့ သူ့မေးကို လက်နဲ့ကိုင်ရင်း ခေါင်းညိတ်ပြလိုက်တယ်။
"အင်း၊ သူတို့ပြောတာကတော့ ဥစာကီရဲ့အဖိုးအိခဲဒကလည်း ထူးခြားတဲ့အကောင်တစ်ကောင်ဖြစ်လာပြီး
ကိုင်းတိုကို ခြေရာဖြတ်နိုင်ခဲ့တယ်တဲ့။"
"အဲဒါက ဘာရွန်ဖြစ်လိမ့်၊ ဘာရွန်တွေသာ အာကိုင်းဂါမီလိုလူမျိုးလက်ကနေ အလွယ်လေးထွက်ပြေးနိုင်တာ။"
မက်ဒါနာက ဆိုဖီယာပြောတဲ့အချက်အလက်တွေနဲ့ သူရထားတဲ့အချက်အလက်တွေကိုပေါင်းပြီး စတင်တွေးစကြည့်ဖို့ကြိုးစားတယ်။ "ကြည့်ရတာ ဘာရွန်ဆိုတာက ပိုးကောင်ဗိုလ်ချုပ်တွေရဲ့အရံအမျိုးအစားတစ်ခုဖြစ်နေမလား။ ပိုးတောင်မာပြာတွေမှာ မီးမှုတ်ပိုးတောင်မာဆိုပြီး အရံအမျိုးအစားရှိမှန်းတော့ ငါတို့အတည်ပြုပြီးပြီ။"
ဆိုဖီယာက မက်ဒါနာနားကို ပိုတိုးကပ်လာတယ်။ အခုသူတို့က တကယ်ပခုံးချင်းထိသွားပြီ။ ဆိုဖီယာရဲ့ခန္ဓာကိုယ်လေးက ပိုပြီးသေးငယ်တာကြောင့် မက်ဒါနာရဲ့ရင်ခွင်လောက်မှာပဲရှိနေပြီး သူ့လည်ပင်းက ရေမှာပေါ်ရုံလေးပဲရှိတာ။ ဒါပေမဲ့ ဆိုဖီယာက မရှက်မကြောက်နဲ့ ဆိုဖီယာရဲ့ရင်ဘက်ကို ကလေးလေးတစ်ယောက်လိုမျိုး မှီချလိုက်တယ်။ မက်ဒါနာကလည်း သူ့စိတ်ထဲ ဘာမှမဖြစ်လောက်ပါဘူးလို့ ယူဆတာကြောင့် လွတ်ထားပေမဲ့ ဆိုဖီယာက မက်ဒါနာရဲ့အဝတ်ဗလာရင်ခွင်ကို တိုးဝေ့လို့နေပါပြီ။
"ဒါပေမဲ့ နင်တို့ကမ္ဘာက လေးတော့လေးစားစရာကောင်းသား၊ ပိုးကောင်ဗိုလ်ချုပ်တစ်ကောင်ကို သေအောင်သတ်နိုင်ပြီး တခြားတစ်ကောင်က သေလုမျောပါးဖြစ်သွားတယ်။"
မက်ဒါနာက ယားလာတဲ့အတွက် ဆိုဖီယာကို အသာလေးတွန်းထုတ်လိုက်ရင်း ဝမ်းနည်းနေတဲ့လေသံနဲ့ ပြန်ဖြေလိုက်တယ်။
"ဒါပေမဲ့ ငါ့သူငယ်ချင်းတစ်ယောက် အသက်ပေးလိုက်ရတယ်။" မယ်လီရဲ့မျက်နှာကို ပြန်မြင်ယောင်လာပြီးတဲ့နောက် ဆိုဖီယာရဲ့ခေါင်းကိုကိုင်ထားတဲ့ သူ့လက်တွေက ရပ်တန့်သွားတယ်။ ရေခိုးရေငွေ့တွေကြောင့်လားတော့မသိပေမဲ့ သူမျက်ရည်ကျချင်လာသလိုပဲ။ ဆိုဖီယာကတော့ ရေခဲကနေ ထလိုက်ပြီး မက်ဒါနာရဲ့ရေထဲမှာမြုပ်နေတဲ့ ပေါင်တံလေးတွေပေါ်မှာ တစောင်းလေးလာထိုင်ပါတယ်။
"နင်စိတ်ညစ်နေတာလား၊ နင်တို့ကမ္ဘာကလူတွေက ကောင်မလေးတွေခေါင်းကိုပွတ်ရင် စိတ်ဓာတ်ပြန်တက်ကြွလာတတ်တယ်တဲ့။ လုပ်ကြည့်ပါလား။"
မက်ဒါနာလည်း လက်က ဆိုဖီယာ့ခေါင်းပေါ်တင်ထားပြီးပြီမလို့ ငြင်းရကောင်းမှန်းမသိဘဲ ခေါင်းကိုသာသာလေးပွတ်လိုက်တယ်။ ဖလေရာနဲ့လင်ဒါတို့လည်း မနာလိုဖြစ်လာပြီး ချက်ချင်းပြေးလာကြပါတယ်။
"မက်ဒါနာ၊ အဲဒါမတရားတာပဲ။ သူ့ကိုခေါင်းပွတ်ပေးပြီး ငါတို့ကိုကျ အဝေးမှာထားထားလို့ရမလား။"
"ငါတို့ကို လစ်လျူရှုထားတာ လုံးဝလူမဆန်ဘူး။ ငါတို့ကိုလည်း ခေါင်းပွတ်ပေး။"
နောက်တော့ အဲဒီနှစ်ယောက်လုံး မက်ဒါနာဘေးတစ်ဖက်တစ်ဖက်မှာ လာထိုင်ပြီး ဝိုင်းခေါင်းပွတ်ပေးဖို့ တောင်းဆိုကြတယ်။ မက်ဒါနာက ဘာပြန်ပြောရမှန်းမသိပေမဲ့ သူတို့တောင်းဆိုတာကို လက်ခံလိုက်မိပြီး လက်နှစ်ကိုဖြန့်ကာ ဖလေရာနဲ့လင်ဒါရဲ့ခေါင်းတွေကို ပွတ်ပေးလိုက်တယ်။ ဆိုဖီယာကတော့ မက်ဒါနာ့ပေါင်ကို ဆိုဖာလုပ်ထိုင်နေတုန်းပဲ။
"အရင်ကတော့ သူတို့နဲ့တအားနီးနီးကပ်ကပ်နေရင် တစ်ခုခုဖြစ်လာတော့မလားဆိုပြီး ခံစားမိပေမဲ့ အခုလိုကျတော့လည်း အဆင်ပြေသားပဲ။" မက်ဒါနာက ကျေနပ်စွာပြုံးလိုက်တယ်။ ဒီကောင်မလေးတွေက သူတို့ကိုအလိုလိုက်ပေးရင်ကို အဆင်ချောနေတာ။
ခရက်...
ကံမကောင်းတာက စက္ကန့်ပိုင်းလောက်အကြာမှာပဲ ရေချိုးကန်ဘောင်ကိုခင်းထားတဲ့ ကြွေပြားတွေရဲ့ကွဲအက်သံကို ကြားလိုက်ရပြီး ရေချိုးခန်းသုံးပဝါရှည်ကြီးပတ်ထားတဲ့ အေမီရဲ့အော်သံကျယ်ကြီးကို သူတို့ကြားလိုက်ရတော့တာပဲ။
"သခင်မလေး.... အဲဒါဘာလုပ်နေတာလဲ။"
နောက်တော့ အေမီက အကုန်လုံးကို မက်ဒါနာနားကနေ မောင်းထုတ်ရော။ အေမီပြောတာတော့ ဆိုဖီယာကိုပါ ဘလက်လစ်သွင်းလိုက်ပြီဆိုလား။ မိန်းကလေးသုံးယောက်ကို ရေကူးကန်ရဲ့ထောင့်တွေဆီသွားခိုင်းပြီးတဲ့နောက် မက်ဒါနာကိုလည်း အေမီက ထောင့်တစ်ခုမှာနေခိုင်းလိုက်တယ်။
"ခက်တော့တာပဲ သခင်မလေးရယ်၊ ဒီလောကမှာ သခင်မလေးကြောက်ရမှာက ယောက်ျားလေးတွေတင်မကဘူးရှင့်။ မိန်းကလေးချင်းလည်းကြောက်ရတယ်။ အကုန်လုံးကို ဟိုနေကာမျက်မှန်နဲ့ကောင်ကို နှင်သလိုနှင်လွှတ်ရမှာ။"
မက်ဒါနာကတော့ အေမီကိုနားမလည်နိုင်စွာနဲ့ကြည့်လိုက်တယ်။ 'သူက ငါ့ရဲ့အိမ်စေပေမဲ့ အဲဒီလောက်ကြီး တင်းကျပ်နေတာကျ မလွန်ဘူးလား။' ဒါပေမဲ့ အေမီအပေါ် မက်ဒါနာရဲ့သံသယတွေက ခနနေတော့ တခြားအရေးကြီးတဲ့ကိစ္စတွေကြောင့် ပျောက်သွားပြီး ဆိုဖီယာနဲ့စကားစပ်တယ်။ ဝေးသွားလို့ ကျယ်ကျယ်တော့ ပြောရတာပေါ့။ အေမီကတော့ ရေကန်အလယ်မှာ လက်ပိုက်ပြီး အကုန်လုံးကိုထရိုက်မယ့်မျက်နှာနဲ့ ကင်းစောင့်နေပါတယ်။
"ဒါနဲ့ဆိုဖီယာရေ၊ ပိုးကောင်ဗိုလ်ချုပ်က စုစုပေါင်း ဘယ်နှစ်ယောက်ရှိနိုင်လဲ။"
"ပိုးကောင်မျိုးနွယ်အရေအတွက် စုစုပေါင်းက ရာချီပေမဲ့ မျိုးဆက်တိုင်းမှာ ၁၂ယောက်ရှိတယ်။ အခုထိ ဖက်ဒရေးရှင်းက အရင်မျိုးဆက်ဗိုလ်ချုပ်တွေကို အာကာသထဲမှာ ကိုင်တွယ်နေတုန်းပဲ။ တိတိကျကျပြောရရင် ဗိုလ်ချုပ်တိုင်းက သာမန်ဂြိုဟ်တစ်ခုကို ဖျက်ဆီးနိုင်ကြတယ်။ နင်တို့ဂြိုဟ်က သာမန်မဟုတ်လို့ အခုလိုလုပ်နိုင်နေတာ။"
ပိုးကောင်ဗိုလ်ချုပ်အရေအတွက်ကို ကြားပြီးတဲ့နောက် မက်ဒါနာရဲ့မျက်နှာအမူအရာက လေးနက်သွားတယ်။ အဲဒီပမာဏက လွယ်လွယ်လေးနဲ့ ကိုင်တွယ်လို့မရဘူးလေ။
"ဆိုလိုတာက တခြားမျိုးနွယ်ဗိုလ်ချုပ်တွေက မွေးမလာသေးဘူးပေါ့။"
ဆိုဖီယာက ခေါင်းညိတ်ပြပြီး "ဟုတ်တယ်၊ ဒါပေမဲ့ နင်တို့ကမ္ဘာသက်တမ်းနဲ့ဆိုရင် သူတို့တွေက သုံးနှစ်မပြည့်ခင်မှာပဲ လူစုံသွားလိမ့်မယ်။ သူတို့တွေက ဒါကြောင့် နင်တို့ကို သေချာမတိုက်သေးတာဖြစ်လိမ့်မယ်။"
ဒါပေမဲ့ မက်ဒါနာမှာတော့ တခြားအမြင်ရှိနေဆဲပါ။ သူ့အနေနဲ့ လစ်လျူရှုလို့မရသေးတဲ့အရာတစ်ခုပေါ့။ ဘာလို့မယ်လီလို ပိုးကောင်ဗိုလ်ချုပ်ရဲ့အမိန့်ကိုဆန့်ကျင်နိုင်တဲ့သူတွေရှိနေတာလဲ။ အထူးသဖြင့် ပိုးဟပ်သုံးကောင်ရဲ့တည်ရှိမှု။ သိချင်စိတ်တွေပြင်းပြနေတဲ့ မက်ဒါနာက မေးကိုငေါ့ပြီးတော့ တိုက်ရိုက်မေးတယ်။
"ဒါပေမဲ့ ဘာလို့မယ်လီက ပြန်အသိဝင်လာရတာလဲ။
ပြီးတော့ ဟိုပိုးဟပ်သုံးကောင်နဲ့မယ်လီက ဘာလို့ပိုးကောင်ဗိုလ်ချုပ်တွေကို ဆန့်ကျင်နိုင်တာလဲ။"
ဆိုဖီယာရဲ့အပြုံးဖျော့ဖျော့က အေးခဲသွားတယ်။ သူက နောက်ဆုံးကျန်တဲ့ အချိုရည်ကိုမော့ချလိုက်ပြီး လေချဥ်တက်လိုက်တယ်။ နောက်တော့ သူက မက်ဒါနာကို လေးနက်တည်ငြိမ်တဲ့လေသံနဲ့ ဖြည်းဖြည်းချင်း ရှင်းပြပါတယ်။
"သူတို့ကို အချုပ်အနှောင်ချိုးဖျက်သူတွေ (Chains
Breakers)တွေလို့သိကြတယ်။ တစ်သန်းပုံပုံရင် တစ်ပုံတောင်ဖြစ်နိုင်ဖို့ခဲယဥ်းတဲ့ ပိုးကောင်တွေရဲ့မျိုးရိုးခွဲခြားစနစ်ကို ဆန့်ကျင်နိုင်တဲ့သူတွေ။ ရှိခဲ့ရင်တောင် အသက်ရှင်နိုင်ဖို့မလွယ်ဘူး။ ဖြစ်ပြီးမကြာခင်မှာပဲ အကြောင်းအရင်းအမျိုးမျိုးကြောင့် သေသွားကြတာ။"
အကြောင်းအရင်းတွေက ဘာတွေလဲဆိုတာ မက်ဒါနာမေးနေစရာမလိုဘူး။ သူတွေ့ခဲ့ပြီးပြီ။ မီးမှုတ်ပိုးတောင်မာတွေက ပိုးဟပ်သုံးကောင်ကို သတ်ဖို့လုပ်တယ်။ ရေဂင်ကလည်း မယ်လီကိုသတ်ဖို့လုပ်ခဲ့သေးတယ်။ သူတို့ကို ကူညီပေးမယ့်လူမရှိခဲ့ရင် ချက်ချင်းဆိုသလို သေကုန်ကြမှာပဲ။
ဆိုဖီယာက ရေကန်ထဲမှာ ဆက်စိမ်ချင်စိတ်မရှိတော့တဲ့ဟန်နဲ့ ရေထဲကနေ စထွက်လိုက်တယ်။ ဒါပေမဲ့ ဖြည်းဖြည်းချင်းထွက်နေတာဖြစ်ပြီး မက်ဒါနာကို ဆက်ရှင်းပြနေသေးတယ်။ သူ့အသံက ဝေးဝေးသွားပေမဲ့ပေါ့။
"သူတို့ကို အဲဒီလိုဖြစ်အောင်လုပ်နိုင်တဲ့ အချက်က စိတ်ခံစားချက်ပဲ။ ငါ့ရဲ့ဘဏ္ဍာစိုးသုံးကောင်က အရင်ဘုရင်မကို အလွဲလွဲအချော်ချော်နဲ့ သတ်မိပြီးနောက် ကွပ်မျက်ခံရမှာကို လက်မခံနိုင်ခဲ့ကြဘူး။ ရှင်သန်ချင်စိတ်က သူတို့ကိုမောင်းနှင်ခဲ့တာ။ နင့်သူငယ်ချင်းအတွက်တော့ သူငယ်ချင်းကောင်းပီသမှုပေါ့။"
မက်ဒါနာက သူသိချင်နေတဲ့ နောက်ဆုံးမေးခွန်းကို ဆိုဖီယာ အဝတ်လဲခန်းဆီမသွားခင် မေးလိုက်ပါတယ်။ တခြားကောင်မလေးတွေလည်း ကန်ထဲက ထွက်ဖို့လုပ်နေကြပြီ။ ရေထဲမှာ ကြာကြာစိမ်တာ မကောင်းဘူးလေ။
အေမီကလည်း မက်ဒါနာဖက်ကိုလှည့်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်ပါတယ်။ "သခင်မလေးရှင့်၊ ဒီရေကန်က သဘာဝရေပူစမ်းမဟုတ်တဲ့အတွက် ကြာကြာစိမ်လို့မကောင်းပါဘူး။ နေမကောင်းဖြစ်ပါလိမ့်မယ်။ သွားကြရအောင်။"
မက်ဒါနာလည်း အေမီကိုခေါင်းညိတ်ပြလိုက်ပြီး ရေကန်ထဲကနေထွက်တယ်။ အဝတ်လဲခန်းထဲရောက်တော့ အေမီက သူ့ကိုပဝါနဲ့ရေခြောက်အောက်သုတ်ဖို့
ကူညီပေးပေမဲ့ သူ့စိတ်ကတော့ ဆိုဖီယာပြောခဲ့တဲ့ စကားတွေအပေါ်မှာပဲ အာရုံရောက်နေဆဲပါ။
"စိတ်ခံစားချက်တွေက သူတို့ကို အုပ်စုကနေ ကွဲထွက်စေတာလား။ ပိုးကောင်ဗိုလ်ချုပ်တွေမှာရော အဲဒီအချက်က သက်ရောက်လား။ ဒါမှမဟုတ် ပိုးဟပ်တွေလို ငယ်သားတွေအတွက်ပဲလား။"
မက်ဒါနာအတွေးတွေရှုပ်နေတဲ့အချိန် အဝတ်လဲပြီးသွားပြီဖြစ်တဲ့ ဆိုဖီယာက မက်ဒါနာရှေ့ကိုရောက်လာတဲ့အတွက် အတွေးစပြတ်သွားတယ်။ ဆိုဖီယာက မက်ဒါနာဘာတွေးနေလဲဆိုတာကို သိတဲ့ပုံစံနဲ့ပြောလိုက်ပါတယ်။
"ငါပြောတာကို ဆက်စဥ်းစားနေရင်တော့ အဲဒီလို ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ဖြေရမှာပဲ။ ဖက်ဒရေးရှင်းရဲ့နှစ်သောင်းချီတဲ့သမိုင်းတစ်လျှောက် ဘယ်အဆင့်မြင့်ပိုးကောင်မှ အုပ်စုကနေ ခွဲမထွက်ဖူးသေးဘူး။ အမြင့်ဆုံးက ပိုးဟပ်သုံးကောင်လို တပ်ဗိုလ်လေးတွေပဲ။"
မက်ဒါနာ သက်ပြင်းချလိုက်တယ်။ ဘယ်လိုပဲဖြစ်ပါစေ လက်တွေ့ဘဝက စိတ်ကူးယဥ်ပုံပြင်တစ်ပုဒ်မဟုတ်ဘူး။ အတွေးစကိုဖြတ်ပြီးနောက် သူတို့တွေ ရေချိုးကန်ကနေ ထွက်လာခဲ့တယ်။ ဖရက်ကတော့ သူတို့ထွက်လာတဲ့အထိ သစ္စာရှိရှိကင်းစောင့်နေဆဲပါ။ သစ်လုံးအိမ်ကိုပြန်ရောက်တော့ ကံကောင်းစွာနဲ့ သူတို့တွေအားလုံးနေဖို့ နေရာအလုံအလောက်ရှိနေတာနဲ့ အိပ်ရာတွေထပ်မှာတာလောက်ပဲ လုပ်စရာလိုခဲ့တယ်။ အပန်းဖြေခရီးထွက်လက်စနဲ့ သစ်လုံးအိမ်မှာပဲ ညအိပ်ဖို့ ဆုံးဖြတ်ရတာပေါ့။
...
နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာရဲ့လုပ်ငန်းစဥ်က ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ ဖရက်၊ အေမီနဲ့ဆိုဖီယာကိုခေါ်ပြီး ကျောင်းကိုပြန်ဖြစ်တယ်။ ဖလေရာနဲ့လင်ဒါကတော့ သက်ဆိုင်ရာလုပ်ငန်းတွေဆီ ပြန်သွားကြပြီ။
ငြိမ်းချမ်းရေးမဟာမိတ်မှာ သားရဲလေးကောင်လုံး အကြီးအကျယ်ငြင်းခုံနေတယ်ကြားတော့ ဆိုဖီယာက သိပ်အံ့ဩပုံမပေါ်ဘူး။ သူက ဒီလိုပဲအကြံပေးပါတယ်။
"သူတို့မှာ ဝှက်ဖဲတစ်ခုခုရှိရင်ရှိမှာပေါ့၊ စာသင်နှစ်ဝက်ပြီးရင် ငါလည်းလိုက်ခဲ့မယ်လေ။" ဒီလိုနဲ့ပဲ အဆင်ပြေသွားပါတယ်။
ကျောင်းပြန်ဖွင့်တော့ မက်ဒါနာကျောင်းမှာစာပြန်သင်ရတယ်။ ကျောင်းသားတွေရဲ့နေ့စဥ်ဘဝကတော့ ခါတိုင်းလိုပါပဲ။ ပျင်းစရာကောင်းတဲ့ သင်ခန်းစာတွေသင်လိုက်၊ လက်တွေ့လေ့ကျင့်ခန်းတွေလုပ်လိုက်၊ အေမီလိုက်ရိုက်တာ ခံရလိုက်ပဲ။
စိတ်ဝင်စားစရာဆိုလို့ အီဗန်တစ်ယောက် သူ့ရဲ့တိုက်ကွက်ကို သေချာအပြီးသတ်သွားနိုင်တာပဲ။ အခုသူစိတ်ရှိတဲ့အတိုင်း ထုတ်သုံးနိုင်သွားပြီး B rank ဖြစ်နေပြီ။ ဘရီစာကို ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ပထမရဖို့လိုတယ်ပြောတော့ သိပ်လန့်သွားပုံမပေါ်ဘူး။ အဲဒီအစား ဘရီစာက နဂိုကတည်းက ကြိုပြီးမျှော်မှန်းထားပုံပဲ။ သူ့ကျောင်းသားတွေအပေါ် သူယုံကြည်မှုရှိတဲ့ပုံပဲ။
နျူရေနဲ့မက်ဒါနာ ပူးတွဲစမ်းသပ်နေတဲ့ ကာကွယ်ရေးစနစ်ကလည်း ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့နောက် ဒီဇိုင်းအပြီးသတ်ပြီးပြီးသွားတယ်။ အေမီရဲ့စူပါကွန်ပျူတာကိုသုံးပြီး ကွန်ပျူတာပုံစံငယ်နဲ့စမ်းသပ်တာလည်း အဆင်ပြေပြီးအလုပ်ဖြစ်တယ်။ စွမ်းအင်အမိုးခုံးက ပိုးကောင်လေးသိန်းလောက်ကို သာသာလေးတားနိုင်တယ်။ ကွန်ပျူတာနဲ့စမ်းသပ်
တာက အပြင်ကနဲ့ ၉၉ ရာခိုင်နှုန်းလောက်တူပေမဲ့ မက်ဒါနာကတော့ စိတ်မကျေနပ်နိုင်သေးဘူး။ ပုံစံငယ်အစစ်နဲ့ စမ်းသပ်ချင်နေတုန်းပဲ။
"ကောင်းပြီလေ၊ ကျောင်းမှာအရင်ဆုံး အသေးစားမော်ဒယ်တစ်ခုလုပ်ကြည့်ကြတာပေါ့။" နောက်ဆုံးတော့ မက်ဒါနာက ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး နျူရေနဲ့အတူ ပရောဂျက်ကိုစတင်တယ်။ နျူရေကတော့ သူ့ကိုယ်သူ အရူးသိပ္ပံပညာရှင်တစ်ယောက်နဲ့အတူ စာတမ်းရေးနေရတဲ့ ဘွဲ့လွန်ကျောင်းသူလိုမျိုးခံစားမိလာပြီ။
တစ်ဖက်မှာတော့ အေမီကလည်း ကျောင်းသားတွေလုပ်ဖို့သင့်တော်တဲ့ လက်တွေ့တိုက်ပွဲနှစ်ဝက်စာမေးပွဲအတွက် မစ်ရှင်ကိုရှာတွေ့သွားပြီ။ ဒါပေါ့ ကျောင်းမှာရှိတဲ့ ကျောင်းသားတိုင်းပါရမှာမဟုတ်ဘဲ လိုအပ်တဲ့ စွမ်းအားအဆင့်ရှိတဲ့ ကျောင်းသားတွေပဲပါရမှာဖြစ်ပြီး ကျန်တဲ့ကျောင်းသားတွေက ရေးဖြေပဲ။ ဒါပေမဲ့ အမှတ်ပေါင်းနဲ့အဆင့်ကတော့ ကွာခြားသွားမှာပါ။
"ဒီတော့ သူတို့အတွက်တာဝန်က နင်ထောက်လှမ်းနေခဲ့တဲ့ အီတလီဆေးမှောင်ခိုဂိုဏ်းပေါ့။" မက်ဒါနာက ကျောင်းအုပ်ရုံးခန်းစားပွဲမှာတင်ထားတဲ့ တင်ပြချက်ကိုဖတ်ရင်း အေမီကိုမေးလိုက်တယ်။ အေမီကတော့ ဦးညွှတ်ရင်း
"ဟုတ်ကဲ့၊ B rank အီတလီမူးယစ်ရာဇာမာတီရိုက သခင်မလေး ဟီးရိုးဖြစ်ကတည်းက နယူးယောက်ကနေခွာပြီး ပန်ဆာဘေးနီးယားပြည်နယ်မှာ ကျက်စားနေတာပါ။ မြို့ထဲမှာ ရာဇဝတ်ဂိုဏ်းမရှိလုနီးပါးဖြစ်နေလို့ သူတို့ကို အိမ်နီးချင်းပြည်နယ်ဆီပို့ဖို့ဆုံးဖြတ်ထားပါတယ်။"
"အင်း၊ သူတို့ကိုင်တွယ်နိုင်တဲ့အဆင့်ပဲ။ ငါလက်မှတ်ထိုးလိုက်မယ်။"