နတ်သားရဲ၊ မာန်လျှော့ခြင်
Vol. 11 Ch. 201
ပေထင်းဟွမ်သည် မထိတ်လန့်ဘဲမနေနိုင်တော့ပေ။ ၎င်းသည် အမှန်တကယ်ပင် မြေခွေးဖြစ်နေသည်။။ အသံသည် အလွန်ပင်အားကောင်းလှ သည်။
အားကောင်းလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ။
စစ်မြေပြင်တွင် တိုက်ခိုက်ရန်ပင် မလိုပေ။ အားကုန်အော်လိုက်သည်နှင့် တစ်ဖက်လူမှာ လက်နက်ချပြီး ဒူးထောက်အရှုံးပေးအောင် လုပ်ပေးနိုင်သည်။
ဤမြေခွေး၏သောင်းကျန်းမှုသည် မှော်သားရဲလောက၏ အထင်ကရဖြစ် သည့် သခင်ကြီးမင်ကို မကျေမနပ်ဖြစ်စေသည်မှာ ထင်ရှားသည်။
သွေးသားဖိအားထွက်လာပြီး သခင်ကြီးမင်၏ အေးစက်သောအသံသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ထွက်ပေါ်လာသည် “ဘာမဟုတ်တဲ့ နတ်သားရဲတစ်ကောင်က ငါ့ရှေ့မှာ ဆိုးဆိုးဝါးဝါးပြုမူရဲတယ်ပေါ့”
ဟူး….
အားလုံးသည် ပြန်နိုးထလာကြကာ အိပ်မက်များပင် မက်နေသလားဟု ခံစားရလေသည်။ သူတို့သည် မတ်တတ်ရပ်ပြီး လှည့်ပတ်ကြည့်ကြသည်။ သူတို့သည် ကြယ်လွင်ပြင်တွင် မှော်သားရဲများကို ခုခံနေခြင်းဖြစ်သည်။ သူတို့ ဘယ်သူ့ကို ဒူးထောက်နေကြတာလဲ။
မွန်မြတ်သောဝိညာဉ်အပျက်အစီးရှိရာဘက်သို့ကြည့်လိုက်ရာ အားလုံး ရှေ့သို့ ကြီးမားသောမှော်သားရဲ၏ ခန္ဓာကိုယ်တစ်ခုပေါ်လာလေသည်။ ချက်ချင်းဆိုသလိုပင် ကြောက်လန့်နေကြသူများသည် လှည့်ပြီးဖနောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် ပြေးကြလေသည်။
“ဘုရားရေ နတ်သားရဲပဲ.. တကယ်ကြီး နတ်သားရဲပဲ.. ဒီနတ်သားရဲက ဘယ်တုန်းက ပေါ်လာတာလဲ”
မွန်မြတ်သောဝိညာဉ်အပျက်အစီး စတုတ္ထကြိမ်မြောက် ပွင့်ချိန်တွင် အားလုံးသတိထားမိလောက်သည့် မငြိမ်သက်မှုများပြားလှသည်။ မွန်မြတ် သောဝိညာဉ်အပျက်အစီးမှ အနီရောင်များ ဖြန့်ကျက်လာသည်ကိုမြင်သောအခါ သူတို့စိတ်များ ရှုပ်ထွေးနောက်ကျိသွားလေသည်။ အမြီးကိုးချောင်းမီးမြေခွေး၏ ဖမ်းစားသောအသံအောက်တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို မည်သို့ ခွဲခြားသိနိုင်တော့မည်နည်း။
“မိုးနတ်မင်းရေ အထွတ်အမြတ်သားရဲပဲ ပြေးကြတော့”
အတန်ကြာပြေးပြီးနောက် သူတို့အနောက်တွင် လှုပ်ရှားမှုမရှိတော့သည် ကို သတိထားမိလိုက်ကြသည်။ အားလုံးလှည့်ကြည့်လိုက်ကြသည်။ ကြီးမား သော မီးမြေခွေး၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းကျုံ့ဝင်သွားသည်။ ၎င်း၏ ခန္ဓကိုယ်မှ တောက်လောင်နေသော မီးလျှံများသည် တခဏချင်းငြိမ်းသွားခဲ့ သည်။ ၎င်းသည် သာမန်ကြောင်တစ်ကောင် အရွယ်အစားအဖြစ် ရောက်သွား ချေပြီ။ ကျောမှ အမွေးပွအမြီးများသည် ၎င်း၏ခန္ဓာကိုယ်ထက်ပင် အဆပေါင်း ဒါဇင်ခန့်ကြီးမားလေသည်။ အမြီးတစ်ခုချင်းစီသည် မီတာများစွာရှည်လျားကာ အရွယ်ရောက်ပြီးသားလူကို အပတ်ပေါင်းများစွာ ချည်နှောင်နိုင်သည်။
၎င်းသည် နတ်သားရဲ၏ ပုံစံငယ်ဖြစ်သည်။
နတ်သားရဲအား ပုံစံငယ်အဖြစ်ပြောင်းအောင်လုပ်နိုင်သည့် ပေထင်းဟွမ် ဘေးမှ ကလေးကို အားလုံး မကြည့်ဘဲမနေနိုင်ကြပေ။ သခင်ကြီးပေယဲ့ဘေးက ဒီအားကောင်းတဲ့လူက ဘယ်သူလဲ။
“သခင်ပေယဲ့ ဒီသခင်ကြီးက မင်းရဲ့စောင့်ရှောက်သူစစ်သည်လား” တိုင်နွန်သည် မမေးဘဲမနေနိုင်ပေ။ ထိုမေးခွန်းသည် အားလုံး၏ စိတ်ထဲမှ မေးခွန်းဖြစ်သည်။
“အာ..” ပေထင်းဟွမ်သည် ခေတ္တမျှတွေဝေပြီးနောက် ခေါင်းညိတ်လိုက် သည်။ ထိုသို့လည်း တွေးနိုင်သည်။ မဟုတ်လျှင် တခြားသူများကို မည်သို့ရှင်းပြ ရမည်ကို သူမ မသိတော့ပေ။
ထင်ထားသည့်အတိုင်းပင် သူသည် မိသားစုကြီးမှလာခြင်းဖြစ်သည်။ စောင့်ရှောက်သူစစ်သည်ကပင် အလွန်အားကောင်းသည်။ ဒီသခင်ကြီးကို ကြည့်ပါဦး။ လက်မြှောက်လိုက်တာနဲ့ ကောင်းကင်အဆင့်ဝိညာဉ်သခင်ကို ဖျက်ဆီးနိုင်တယ်။ အားကောင်းတဲ့နတ်သားရဲက သူ့ဖိအားအောက်မှာ ဦးညွှတ် ရတယ်။ ဤအခိုက်အတန့်တွင် ထိုလူများသည် မသိကြပေ။ ဤနေရာရှိ မှော်သားရဲများအားလုံးသည် အမြီးကိုးချောင်းမြေခွေးအား အညံ့ခံရသည်ဟု ထင်စရာရှိသည်။ သို့သော် အမှန်တကယ်မှာ သူတို့သည် ခေါင်းကိုလက်ဖြင့်ကာ ပြီး ဒူးထောက်ကာ မင်ကိုဦးညွှတ်နေခြင်းဖြစ်သည်။
***