မီးလျှံဖိနှိပ်ခြင်း
Vol. 11 Ch. 202
ထိုအချိန်တွင် ဖိအားသည် မင်နှင့်ပင် ယှဉ်နိုင်သည်။ ဖိအားသည် သိပ်သည်းလွန်းသဖြင့် မင် ချုုပ်ကိုင်ထားသော သားရဲများအပေါ်တွင်ပါ ပြေလျော့သွားသလိုပင်။ ထိုမြင်ကွင်းသည် နောက်တစ်ကြိမ်ဖြစ်ပေါ်လာပြန် သည်။ ကံကောင်းစွာပင် မင်၏ဖိအားသည် လူသားစစ်သည်ပေါ်တွင်ကျရောက် နေသည့် မြေခွေး၏ လွှမ်းမိုးမှုကို ချိုးဖျက်လိုက်သည်။ ကာကွယ်ရေးသည် ထို နေရာတွင်ရှိနေဆဲဖြစ်ပြီး လူသားကာကွယ်ရေးကို မထိခိုက်စေပေ။ ထိုမြင်ကွင်း ကို လျင်မြန်စွာ ထိန်းချုပ်နိုင်လိုက်သည်။
ထိုဖိအားသည် မွန်မြတ်သောဝိညာဉ်အပျက်အစီး ပွင့်ပြီးနောက် ပင်မ တိုက်ကြီးသို့ လာရောက်ကြသည့် ပြင်ပမှော်သားရဲများကို ဖိတ်ခေါ်နေသည်။ စာချုပ်သားရဲများသည် ထိုပြင်ပမှော်သားရဲများ မှော်သားရဲတောသို့ အောင်မြင် စွာရောက်ရှိနိုင်ရန်အတွက် လမ်းကြောင်းဖွင့်ပေးနေသည်။
“ဟင်း.. ဒီမှာ မင်းတစ်ယောက်ပဲ အထွတ်အမြတ်သားရမဟုတ်ဘူး.. ငါ့ကို ချုပ်ဖို့စိတ်တောင်မကူးလိုက်နဲ့” ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ အမြီး ကိုးချောင်းမီးမြေခွေးသည် ၎င်း၏မူလအသွင်သို့ ပြောင်းသွားလေသည်။ ၎င်း၏ ခြေလေးချောင်းသည် တောက်လောင်နေသော တိမ်တိုက်များဆီသို့ ပျံတက် သွားကာ မိုးပေါ်သို့ ထိုးအူရန် ပြင်ဆင်လေသည်။ ၎င်းသည် ကြယ်လွင်ပြင် ပတ်ပတ်လည်ရှိ တောင်များကိုဖြတ်ကာ မှော်သားရဲတောအတွင်းနက်ထဲထိ ပြေးသွားလေသည်။ ၎င်း၏ခံစားချက်များ မြင့်တက်လာပြီး အနှိုင်းမဲ့ စိတ်လှုပ် ရှားဖွယ်ကောင်းလေသည် “မင်းက ကလေးသာသာပဲရှိသေးတယ် ပြီးတော့ အဲဒီအထွတ်အမြတ်သားရဲက အရွယ်ရောက်နေပြီ.. မင်း ငါ့ကို အုပ်စိုးပိုင်ခွင့် မရှိ ဘူး”
မြေခွေးများသည် အမှန်တကယ်ပင် ကောက်ကျစ်သည်။ ပေထင်းဟွမ် သည် ထိုကောင်လေးကို ပိုပိုပြီးစိတ်ဝင်စားလာသည်။ မှော်သားရဲများသည် အလွန်ပင် အာရုံခံပါးသည်။ မင်ကို ယှဉ်ပြိုင်လိုသော မွန်မြတ်သောသားရဲသည် အရွယ်ရောက်ပြီးသား မှော်သားရဲဖြစ်မည်။ ပေထင်းဟွမ်သည်လည်း မှော်သားရဲတော အနက်ပိုင်းကို စိတ်ဝင်စားသည်။ သူမသည် ဗလာကျင်းနေ သော မေးစေ့ကို ထိလိုက်သည်။ ဤကိစ္စပြီးနောက် သူမသည် မှော်သားရဲတော သို့သွားကာ မင်နှင့်ယှဉ်ပြိုင်ရဲသည့် အထွတ်အမြတ်သားရဲကို သွားတွေ့မည်။
“ဟင်း.. အထွတ်အမြတ်သားရဲလောက်ကများ ဒီသခင်ကြီးနဲ့ လာပြိုင်ရဲ သေးတယ်.. ငါ အရွယ်ရောက်တဲ့အဆင့်တင်ရင် မင်းနဲ့ အခါးရည်သောက်ပေးရ တာပေါ့.. မင်းလိုမြေခွေးလေးက ဒီသခင်ကြီးရဲ့လက်ထဲမှာရှိနေတယ်ဆိုတာကို နားလည်ထားရမယ်.. မြေခွေးတွေက ဉာဏ်ရည်မြင့်တယ်လို့ ထင်ထားတာ မင်း လိုမြေခွေးလေးက ဒီလောက်တုံးအလိမ့်မယ်လို့ ထင်မထားဘူး” မင်၏ ကိုးရောင်စပ် မျက်အိမ်သည် ဖိအားလာရာဘက်သို့ကြည့်နေကာ သူ၏ အေးစက်သောမျက်နှာသည် အရင်ကကဲ့သို့ အထင်သေးမှုအပြည့်ပင်။
ပေထင်းဟွမ်နှင့် အမြီးကိုးချောင်းမြေခွေးတို့သည် ဆွံ့အသွားကြသည်။ သူသည် နတ်သားရဲကို ဂရုမစိုက်သလို အထွတ်အမြတ်သားရဲကိုလည်း ဂရုမစိုက်ပေ။ မင် မိုးကြိုးသွားနှင့် လျှပ်စီးအကြောင်းပြောစဉ်က အထင်သေးမှု များ ပြည့်နေခဲ့သည်ကို ပေထင်းဟွမ် မှတ်မိသေးသည်။ ကြောင်လေးနဲ့ ခွေးပေါက်လေး.. ပေထင်းဟွမ်သည် မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။ ဒီကောင်လေးက တကယ်ကို မောက်မာလွန်းတာပဲ။
“မြေခွေးလေးလောက်က ငါ့ကို အထင်သေးရဲတယ်ပေါ့… ငါ ဘယ်လောက် အားကောင်းလဲဆိုတာပြပြီး သင်ခန်းစာပေးဦးမယ်”
မင်သည် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ့ကိုညင်သာစွာ ထိတွေ့နေ သည့် မီးလျှံများသည် လေထဲသို့မြင့်တက်လာပြီး သူ့တစ်ကိုယ်လုံးကို ရစ်ပတ် လိုက်၏။ ထိုနေရာသည် ပူလာသည်။ နဂိုကတည်းက မင်နှင့် ခပ်ခွာခွာနေကြ သူများသည် မီတာအနည်းငယ် နောက်ဆုတ်ကြသည်။ မင်၏ခန္ဓာကိုယ်မှ ကိုးရောင်စပ်ချပ်ဝတ်တန်ဆာသည် တောက်ပသောအလင်းတန်းများ ထုတ်လွှတ်နေပြီး သူ၏ကိုးရောင်စပ်ဆံပင်သည်လည်း မီးလျှံနှင့်အတူ ကနေခဲ့ သည်။ သူ့နဖူးပေါ်မှ အဆင်တန်ဆာသည် တောက်ပသောရွှေရောင်အလင်း တန်း ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းသည် စိန်ပုံသဏ္ဍာန် ကိုးရောင်စပ် ကျောက်မျက်မှခွဲထွက်ပြီး မင်၏လက်ထိသို့ ကျရောက်ကာ လျင်မြန်စွာ စုစည်းသွားလေသည်။
“ဒါဘယ်လို မီးတောက်မျိုးလဲ.. မင်းက ဘာမှော်သားရဲအမျိုးအစားလဲ” အရင်က မောက်မာခဲ့သော အမြီးကိုးချောင်းမီးမြေခွေးသည် ထိတ်လန့်နေချေ ပြီ။ ၎င်း၏ဝိညာဉ်အတွင်းထဲမှပင် တုန်ယင်နေသည်။ အမြီးကိုးချောင်းမီး မြေခွေး၏ မွေးရာပါမီးတောက်သည် ကောင်းကင်မီးအမျိုးအစားဖြစ်သည်။ သို့သော် သူတို့သည် ကောင်းကင်မီးထက်ပင် သာလွန်နေသည်။ ထို့အပြင် အထွတ်အမြတ်သားရဲသည် ကလေးအရွယ်သာရှိသေးသော်လည်း ကြီးမား သော မီးတောက်ကို ဆင့်ခေါ်နိုင်သည်။ ၎င်းသည် သူ၏မွေးရာပါ ကောင်းကင် မီးတောက်ကိုပင် နှိမ်နှင်းနိုင်လောက်အောင် အစွမ်းထက်သည်။
မင်သည် သူ့ကို စိတ်မဝင်စားပေ။ သူ၏ အေးစက်သောမျက်နှာတွင် ကိုးရောင်အလင်းတန်းဖြင့် ရောယှက်နေသည့် နီရဲသောနှုတ်ခမ်းများသည် ပါးလွှာသောမျဉ်းတစ်ကြောင်းအဖြစ် တွန့်သွားသည်။ ကျောက်စိမ်းဖြင့် ထွင်းထု ထားသော သူ၏မျက်နှာသေးသေးလေးမှာ မောက်မာပြီး အေးစက်နေသည်။ သူ၏ သူမထင်သောမျက်လုံးများသည် အမြီးကိုးချောင်းမီးမြေခွေးအား ညင်သာ စွာစိုက်ကြည့်ပြီး အဓိပ္ပာယ်တစ်ခုတည်းကိုသာ ဖော်ပြလေသည်… မင်းကို ယုံကြည်လာအောင် ရိုက်ပေးမယ်။
***