လွှမ်းမိုးနိုင်ခြင်း ကိုးရောင်စပ် ကောင်းကင်ခွဲ လှံတံ
Vol. 11 Ch. 203
ကိုးရောင်စွမ်းအင်မီးတောက်မှဖြစ်ပေါ်လာသော မီတာဒါဇင်အနည်းငယ် ရှည်လျားသည့် လက်နက်တစ်ခုသည် မင်၏လက်ထဲတွင် ပေါ်လာသည်။ လက်ကိုင်မှာ လုံးဝိုင်းချောမွတ်နေကာ လှံနှင့်တူသော်လည်း ဓားသည် အကိုင်း အခက်ငယ်နှစ်ခုမှတစ်ဆင့် လှံထိပ်နှင့်ချိတ်ဆက်ထားသော လခြမ်းပုံသဏ္ဍာန် ရှိ ဓားဖြစ်သည်။ ၎င်းသည် အလွန်ခမ်းနားသောလှံတံဖြစ်ကာ မီးတောက်မီးလျှံ မှဖြစ်လာခြင်းဖြစ်သည်။ ၎င်း၏ကိုယ်ထည်ပိုင်းတစ်ခုလုံးမှ ကြောက်မက်ဖွယ် စွမ်းအားထွက်နေသည်မှာ လူတစ်ယောက်၏ ဝိညာဉ်ကိုပင် တုန်ယင်သွားစေ သည်။
“မှော်သားရဲဝိညာဉ်ပညာ” အမြီးကိုးချောင်းမီးမြေခွေး၏အသံသည် တုန်ယင်နေပြီဖြစ်သည်။
လူသားဝိညာဉ်သခင်နှင့် စာချုပ်တည်ထောင်ပြီးနောက် မှော်သားရဲသည် အရင်ကထက် ပိုအားကောင်းလာရသည့်အကြောင်းအရင်းမှာ ဝိညာဉ်သခင်များ သည်အကြီးမားဆုံးစွမ်းအင်သို့ ရောက်ရန် မှော်သားရဲများ၏ သီးသန့်စွမ်းရည် များကို သုံးခြင်းကြောင့်ဖြစ်သည်။ မှော်သားရဲများသည် သူတို့ဘာသာအသုံးပြု လျှင် ၎င်း၏ကျန်းမာရေးကိုပါ လောင်ကျွမ်းစေသည်။ သို့သော် အထွတ်အမြတ် သားရဲများသည် မတူညီပေ။ သူတို့၏အားကောင်းသော စွမ်းအင်များသည် အရွယ်ရောက်ပြီးသောအခါတွင် လူသားအသွင်သို့ပြောင်းနိုင်ပြီး ရုပ်ဖျက်ကာ ဝိညာဉ်သခင်ပင်ဖြစ်လာနိုင်သည်။ ထိုကဲ့သို့ အရည်အချင်းရှိလျှင် မှော်သားရဲ ဝိညာဉ်ပညာသုံးချိန်တွင် အထွတ်အမြတ်သားရဲများသည် ကန့်သတ်ရန်မလို အပ်ပေ။
ထို့ကြောင့်ပင် အထွတ်အမြတ်သားရဲများသည် ကောင်းကင်အားခုခံသည့် စွမ်းအားဖြင့် မွေးဖွားလာခြင်းဖြစ်သည်။
“ကိုးရောင်ကောင်းကင်ခွဲလှံတံ”
မင်၏အသံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ထွက်ပေါ်လာ သည်။ သူ၏အေးစက်သောအသံသည် နေရာနှင့်အချိန်ကို စုတ်ဖြဲချင်နေသည့် အလားပင်။ သူ၏အားကောင်းသောအခွန်အားနှင့် ထိုလွှမ်းမိုးနိုင်သော မှော်သားရဲဝိညာဉ်ပညာနှင့် တွဲဖက်လိုက်သောအခါ လေထုကိုပင် ရပ်တန့်သွား စေနိုင်သည်။
ရွှေရောင်တောက်ပနေသည့် အသွားနှစ်ဖက်ရှိသော လှံတံသည် အားအပြည့်ဖြင့် သူ့လက်ထဲမှထွက်သွားလေသည်။ တဟုန်းဟုန်းတောက်နေ သော မီးတောက်များသည် မှန်း၏အရှိန်ကြောင့် ခွဲထွက်သွားတော့မလိုထင်ရ သည်။ လှံထိပ်၏အရှိန်မှာ လည်နေသည်။ ၎င်းဖြတ်သွားသည့်နေရာတိုင်းမှာ လေဆင်နှာမောင်းတိုက်သွားသလိုပင်။ ရွှေရောင်စွမ်းအင်အပိုင်းအစများသည် လေထဲတွင် ပြန့်ကျဲသွားပြီး အမြီးကိုးချောင်းမီးမြေခွေးကို မယှဉ်နိုင်သော ရောင်ဝါဖြင့် ဗုံးကြဲလိုက်လေသည်။
မင်၏ကိုယ်လုံးကိုယ်ထည်သည် ပုနေသေးကာ ၇ နှစ် ၈ နှစ်အရွယ် ကလေးဟု ထင်ရသည်။ သို့သော် သူ၏ခွန်အားနှင့်အရှိန်သည် ကြောက်စရာ ကောင်းသောအဆင့်သို့ရောက်နေပြီဖြစ်သည်။ သူ၏ရောင်ဝါတစ်ခုတည်းနှင့် တင် အမြီးကိုးချောင်းမီးမြေခွေးကို ဖိနှိပ်နိုင်သည်။
အမြီးကိုးချောင်းမီးမြေခွေးသည် ထိတ်လန့်သဖြင့် တုန်ယင်နေပြီဖြစ် သည်။ သူသည် ဤသခင်မင်သည် တွေဝေခြင်းမရှိ တိုက်ခိုက်လိုက်လာလိမ့်ဟု ထင်မထားပေ။ သူ၏ နီရဲနေသောမျက်လုံးများသည် ကခုန်နေသော မီးတောက် များကဲ့သို့ စူးရှတောက်ပသည့် အလင်းရောင်ကို ရုတ်တရက် ထုတ်လွှတ်လိုက် သည်။ သူ၏တစ်ကိုယ်လုံးကို သွေးလွှမ်းနေသကဲ့သို့ အနီရောင်စွမ်းအင်များက ဖုံးအုပ်ထားသည်။ သူ၏ချွန်ထက်သောနားရွက်နှင့် မျက်ခုံးကြားရှိနေရာမှ အနီ ရောင်အလင်းများသည် အနီရောင်စွမ်းအင်အဖြစ် စုစည်းသွားကာ မင်၏ လှံတံနှင့် ထိပ်တိုက်တွေ့လေသည်။
ရွှေရောင်အလင်းနှင့် အနီရောင်အလင်းတို့ ထိပ်တိုက်တွေ့ချိန်တွင် ကောင်းကင်ကြီး ပေါက်ကွဲရာ ပေါက်ကြီးဖြစ်သွားလေသည်။ တိမ်တိုက်မည်း များ လွင့်လာကာ လေနှင့်တိမ်တိုက်များသည် အရောင်ပြောင်းကုန်ကြသည်။
ကြီးမားသောလေလှိုင်းကြီးသည် ပတ်ပတ်လည်မှ လူအုပ်နှင့် သားရဲများ ကို မမြင်နိုင်သောလက်ကဲ့သို့ တွန်းထုတ်လေသည်။ သူတို့သည် ယိုင်နဲ့သွားကြ ကာ မျက်လုံးများပင် မဖွင့်နိုင်တော့ပေ။ သူတို့သည် ငေးငိုင်ရင်းနှင့် နောက်ဆုတ်ကြရသည်။ သူတို့၏ စိတ်များတွင် ရွှေနှင့်အနီရောင်များ ပြည့်နေ သည်။ အဖြစ်အပျက်ကို မည်သူမှ ရှင်းရှင်းလင်းလင်းမမြင်ရပေ။
“ဝူး”
ပြင်းထန်သောနာကျင်မှုနှင့်အတူ ကြေကွဲဖွယ်ရာ အူသံသည် ကောင်းကင် ကို စုတ်ဖြဲလိုက်သလိုပင်။ အမြီးကိုးချောင်းမီးမြေခွေး၏ ကြီးမားသောခန္ဓာ ကိုယ်သည် ကောင်းကင်လှံတံ၏ အားကောင်းသောသက်ရောက်မှုကြောင့် မီတာရာချီအောင် တွန်းထုတ်ခံလိုက်ရ၏။ ၎င်း၏ခန္ဓာကိုယ်မှ တောက်ပသော အမွေးနီနီများသည် ပျောက်ကွဘ်သွားလေပြီ။ ၎င်း၏ခန္ဓာကိုယ်မှာ ကျုံ့သွားပြီး နောက် အမြီးရှည်ကိုးချောင်းကိုသာမြင်ရသော မကျက်တကျက် မြေခွေးသာ ရှိတော့သည်။ ထူထဲသောအမွေးများမရှိတော့သလို အသားကင်တစ်ပိုင်းဖြစ်၍ နေလေပြီ။
လှံတံသည် ၎င်း၏ပခုံးကိုထိုးဖောက်ကာ မြေကြီးတွင်သွားစိုက်နေသည်။ ရှည်လျားသောလှံသည် မြေပေါ်တွင်စိုက်ကာ မီးတောက်များ တောက်လာ၏။ ထိုရက်စက်သောမြင်ကွင်းကို မည်သူမှ မကြည့်ရက်ကြပေ။
တစ်ကွက်ပြီးလျှင် နောက်တစ်ကွက်… တစ်ကွက်တည်းနှင့် လူသား ကြယ်ဝိညာဉ်သခင်ကို သတ်ခဲ့သည်။ နောက်တစ်ကွက်တည်းနှင့် အားကောင်း သည့် အမြီးကိုးချောင်းမြေခွေးကို မြေပေါ်တွင်လဲကျအောင်လုပ်နိုင်သည့် လွှမ်းမိုးနိုင်သော စွမ်းအားပင်ဖြစ်သည်။
***