အညံ့ခံမှာလား အသေခံမှာလား
Vol. 11 Ch. 204
အားလုံးသည် တဒင်္ဂမျှ နှလုံးမခုန်နိုင်လောက်အောင် ဖြစ်သွားလေသည်။ သူတို့၏မျက်လုံးများသည် မင်ကိုသာ တည့်တည့်စိုက်ကြည့်နေသည်။ ကိုးရောင်မီးလျှံနှင့် ရစ်ပတ်ထားသောကလေး… ဟုတ်သည် ကလေး တစ်ယောက်သာဖြစ်သည်။ သူသည် ကျောက်စိမ်းနှင့်ထွင်းထုထားသကဲ့သို့ အလွန်ပင်လှပသော်လည်း ရဲစွမ်းသတ္တိလည်းရှိသည်။
“မိုးနတ်မင်းရေ အားကောင်းလိုက်တာ အဲဒါတကယ်ကြီး အထွတ်အမြတ် သားရဲလား”
“မဟုတ်ဘူး အဲလိုမဖြစ်နိုင်ဘူး အရွယ်ရောက်ပြီးသား အထွတ်အမြတ် သားရဲကပဲ လူသားအသွင်ပြောင်းနိုင်တာ.. ဒီသခင်က အခုမှ ၈ နှစ် ၉ နှစ်ပဲရှိ ဦးမယ်”
“သူက နတ်မိစ္ဆာဖြစ်အောင် ကျင့်ကြံတဲ့ အဘိုးကြီးပဲဖြစ်ရမယ်.. အဲလိုလူ တွေက ငယ်ချင်ယောင်ဆောင်ကြတယ်လို့ ငါ ကြားဖူးတယ်”
“တိုးတိုးပြောစမ်းပါ အဲအဘိုးကြီးဒေါသမထွက်အောင် သတိထား”
“သခင်တိုင်နွန်မေးတာကို မင်း မကြားလိုက်ဘူးလား သူက သခင်ပေယဲ့ရဲ့ စောင့်ရှောက်သူစစ်သည်ပဲ”
တုန်လှုပ်ချောက်ချားမှုသည် လှိုင်းလုံးကြီးကဲ့သို့ပင်။ တစ်နေကုန် တိုက်ခိုက်နေရသော လူသားစစ်သည်များသည် အစကပင် ခြေကုန်လက်ပန်း ကျနေသည်။ သို့သော် မင်၏ ကိုးရောင်ကောင်းကင်ခွဲလှံတံသည် တိုက်ခိုက်ရေး အမျိုးအစားနတ်သားရဲ အမြီးကိုးချောင်းမီးမြေခွေးကို ကောင်းကင်မီးဖြင့် ကင် လိုက်လေ၏။ ၎င်းသည် စစ်မြေပြင်ရှိလူတိုင်းအတွက် လှုံ့ဆော်မှုသာဖြစ်သည်။ သူတို့၏ မောပန်းနွမ်းနယ်မှုသည် တစ်ခဏချင်းပင် ပျောက်ကွယ်သွားသည်။ စိတ်ထားထက်သန်မှု၊ ရဲစွမ်းသတ္တိနှင့် ပြင်းထန်သောတိုက်ခိုက်ရေးစိတ်ဓာတ် သာ ကျန်တော့သည်။
ပေယဲ့၏ နာမည်သည် အားလုံး၏ပါးစပ်ဖျားတွင်ရောက်နေပြီဖြစ်၏။ မင်၏ ခွန်အားသည် အားလုံး၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ကဗ္ဗည်းထိုး ပြီးသားဖြစ်သည်။ ဤစစ်ပွဲသည် နှစ်ပေါင်း တစ်သောင်းအတွင်း ကြယ်လွင်ပြင် တိုက်ပွဲ၏ မမေ့နိုင်စရာ၊ စိတ်ဓာတ်တက်ကြွစရာ၊ အမှတ်ရလောက်စရာ စစ်ပွဲ ဖြစ်ခဲ့သည်။ ယနေ့မှစပြီး ပေယဲ့နာမည်သည် သမိုင်းတွင် ရေးထိုးပြီးသားဖြစ် သွားမည်။
“အညံ့ခံမှာလား အသေခံမှာလား” မင်၏အေးစက်သောအသံသည် မာန်နှင့်လွှမ်းမိုးနိုင်သောရောင်ဝါကို သယ်ဆောင်လာသည်။
သူရှေ့တိုးပြီး အမြီးကိုးချောင်းမီးမြေခွေးရှေ့သို့ သွားလိုက်သည်။ သူသည် လက်မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ အမြီးကိုးချောင်းမီးမြေခွေးအား ထိုးစိုက်နေသည့် ကောင်းကင်လှံတံသည် သူ့လက်ထဲရောက်သွားသည်။ လှံထိပ်ပိုင်းသည် အမြီးကိုးချောင်းမီးမြေခွေး၏ မျက်ခုံးအကြားမှနေရာကို ညွှန်ပြနေသည်။ ထိုနေရာသည် အမြီးကိုးချောင်းမီးမြေခွေး၏ နတ်မိစ္ဆာဗဟို ချက်တည်ရှိရာဖြစ်သည်။ အေးစက်သောအလင်းသည် ၎င်း၏ကိုးရောင် မျက်လုံးထဲတွင် အရောင်စုံသောအလင်းတန်းအဖြစ် ပေါ်လာသည်။ ထိုအရာ သည် တစ်နှစ်ပတ်လုံး အရည်မပျော်သည့် တောင်ထိပ်မှ နှင်းနှင့်တူသည်။ ၎င်းသည် နေရောင်ကို ရောင်ပြန်ဟပ်နေသကဲ့သို့ လှပသော်လည်း အေးစက် သည်။
“ဝူး ဝူး… အညံ့ခံပါတယ် သခင်ကြီး.. ငါ အညံ့ခံပါတယ်”
အမြီးကိုးချောင်းမီးမြေခွေးသည် ၎င်း၏အသက် နည်းနည်းချင်းစီ လျော့ပါးသွားသည်ကို ခံစားမိသည်။ ထိုအရာကလည်း သခင်ကြီးမင်၏ သနား မှုကြောင့်ဖြစ်သည်။ မင်၏လှုပ်ရှားမှုသည် အမှန်တကယ်ပင် ကောင်းကင်ကို ခုခံနေခြင်းဖြစ်သည်။ မင်သည် ၎င်း၏ပခုံးကို ဖြတ်ဖောက်သွားစေကာ တစ်ကိုယ်လုံးကိုပင် ထိုးဖောက်စေသည်။ ဤအထွတ်အမြတ်သားရဲသည် သူ့ အသက်ကိုမလိုချင်သောကြောင့် လှံတံကိုအနည်းငယ်လွဲအောင်လုပ်လိုက်ခြင်း ကို သူသိသည်။ မဟုတ်လျှင် သူ၏ကိုယ်တွင်းအင်္ဂါများကို ထိုးဖောက်သွားမည် ဖြစ်သည်။
သူသည် အားကောင်းသော မှော်သားရဲတစ်ကောင်ဟု ဆိုလိုနိုင်သည်။ သူ၏ ဒဏ်ရာများသည် ပြင်းထန်သော်လည်း အသက်သေဆုံးနိုင်သည်အထိ တော့မဟုတ်ပေ။ အစွမ်းထက်သည့်အချက်မှာ ကိုးရောင်ရွှေမီးတောက်သည် အမှန်တကယ်ပင် လွှမ်းမိုးနေခြင်းဖြစ်သည်။ ၎င်းသည် သူ၏အမွေးကို လောင်ကျွမ်းစေရုံသာမက သူ၏အကြောများကိုပင် အကင်ခံရသည်။ သူသည် သူ၏တိုက်ခိုက်ရေးခွန်အား လုံးဝကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
ဤသခင်၏ ခွန်အားသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သူသည် မူလအထွတ်အမြတ်သားရဲမဟုတ်ပေ။ ယခုချိန်ထိ ပိုကြောက်မက်ဖွယ် ကောင်းနေသည်မှာ သူသည် တစ်ဖက်လူ၏လက်ထဲတွင် သေလုနီးပါးဖြစ်ခဲ့ သည်။ အမြီးကိုးချောင်းမီးမြေခွေးသည် ထိုလူမှာ မည်သည့်မှော်သားရဲအမျိုး အစားဖြစ်သည်ကိုပင် မသိပေ။ သူ၏ မွေးကင်းစအဆင့်မှာ ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သည်။ ဤသခင်သည် အရွယ်ရောက်သည့်အဆင့်သို့ရောက် သည့်အချိန်တွင် ကောင်းကင်ဘုံကို မည်သို့မည်ပုံအံတုနိုင်မည်ကို တွေးကြည့် ရန်မှာ ခက်ခဲလှသည်။
အမြီးကိုးချောင်းမီးမြေခွေးသည် မှော်သားရဲတောရှိ ဤသခင်ကိုဆန့်ကျင် ဝံ့သော မွန်မြတ်သောသားရဲအတွက် တိတ်တိတ်လေးဖယောင်းတိုင်ထွန်းညှိ ထားသည်။ အထွတ်အမြတ်သားရဲသည် ဂုဏ်မောက်သောသတ္တဝါဖြစ်သည်။ ဤသခင်သည် မှော်သားရဲတောဆီသို့ အခါးရည်သောာက်ရန်သွားမည့် မြင်ကွင်းကို ကြည့်ရန်မစောင့်နိုင်တော့ပေ။ နောက်ဆုံးတော့ အပြင်းအထန် သတ်ဖြတ်တာနဲ့ပဲ အဆုံးသတ်သွားမှာလား။
***