← Chapters

တွဲဖက် 'မင်'

Vol. 11 Ch. 205

တွဲဖက် 'မင်'

Vol. 11 Ch. 205

ပေထင်းဟွမ်သည် မင်၏ဘေးသို့ အလျင်စလိုသွားလိုက်၏။ သူမသည် မင်၏မျက်နှာမှ အမူအရာကိုတစ်ချက်မှ အလွတ်မပေးပေ။ မင်သည် ကလေး အရွယ်သာရှိသေးသည်။ သူ၏ခွန်အားနှင့်ဆိုလျှင် တစ်ကွက်တည်းနှင့် အရွယ် ရောက်ပြီးသား နတ်သားရဲကိုသတ်ရန်မှာ မဖြစ်နိုင်ပေ။ သူသည် အဟန့်အတား တစ်ခုဖြစ်စေရန် လုပ်ခြင်းဖြစ်နိုင်သည်။ သေချာပေါက်ပဲပေါ့.. ထိုအရာသည် လည်း သူမအတွက်လုပ်ခြင်းပင်။

ထိုသို့တွေးလိုက်သောအခါ ပေထင်းဟွမ်သည် နာကျင်မိသည်။ သူမသည် စိတ်ထဲမှ မေးလိုက်သည် “မင်း ဘယ်လိုနေလဲ”

သူမ၏တွဲဖက်ကို သူမအတွက်နှင့် ထိုမျှလောက် မလုပ်စေချင်ပေ။

ပေထင်းဟွမ်အားကြည့်ချိန်၌ မင်၏မျက်နှာပေါ်တွင် အပြုံးခပ်သဲ့သဲ့ပေါ် လာသည် “မင်းက မင်းရဲ့လူသားသူငယ်ချင်းတွေနဲ့ မှော်သားရဲအပေါင်းအဖော် တွေကို ဘယ်တော့မှသစ္စာမဖောက်ဘဲ သူတို့မထိခိုက်အောင်လို့ တစ်သက်လုံး ကာကွယ်သွားမယ်လို့ သစ္စာဆိုထားတာမလား.. မင်းက ငါ့ရဲ့မွေးဖွားခြင်း စာချုပ်ပိုင်ရှင်ပဲ.. မင်း သန်မာလာမှ ငါလည်းသန်မာနိုင်မှာ.. ပေယဲ့ အခုချိန်က မင်း အားနည်းနေသေးတယ်.. တချို့ကိစ္စတွေသိရင် မင်းရဲ့စိတ်အတွင်းက နတ်မိစ္ဆာဖြစ်သွားပြီး မင်းရဲ့ကြီးထွားမှုကို အတားအဆီးဖြစ်လိမ့်မယ်… မင်း သွားရမယ့်လမ်းက အရှည်ကြီးလိုသေးတယ်ဆိုတာကို မှတ်ထားရမယ်.. အနာဂတ်က အရမ်းအန္တရာယ်များတယ်.. ကျင့်ကြံခြင်းလမ်းစဉ်မှာ အရှိန်နှေး မသွားစေနဲ့”

သူမသည် ဟန်မုနှင့်ဂူဟောက်တို့နှင့် တိတ်တိတ်လေး ကျိန်ဆိုခဲ့သည့် သစ္စာကို သူ သိနေလိမ့်မည်ဟု သူမ ထင်မထားပေ။ သူမ မသိသည်မှာ သူတင် သာမကဘဲ လျှပ်စီး၊ မိုးကြိုးသွားနှင့် နွယ်ပင်လေးပါ သိသည်ဟူ၍ပင်။ သူတို့ သည် သူမနှင့်စာချုပ်ရှိရာ စိတ်ချင်းလည်း ဆက်နေသည်။ သူမ၏ အသိစိတ် ပင်လယ်ဆက်သွယ်ချက်ကို မပိတ်မချင်း သူတို့သည် သူမ၏အတွေးများကို သိနိုင်သည်။

ပေထင်းဟွမ် ဆိုလိုက်သောသစ္စာစကားကို ကြားပြီးနောက် သူမ၏ စာချုပ်သားရဲများသည် ရင်ထဲထိကာ မျက်ရည်များပင် ကျခဲ့သည်ကို သူမ မသိ ပေ။ အခြေခံအားဖြင့် ဝိညာဉ်သခင်များသည် သူတို့၏စာချုပ်သားရဲများကို လက်နက်သဖွယ်သာသုံးကြသည်။ ပေထင်းဟွမ်ကဲ့သို့ စာချုပ်သားရဲကို အပေါင်းအဖော်ကဲ့သို့ ဆက်ဆံသည့် ဝိညာဉ်သခင်မှာ နည်းပါးလှသည်။ သူတို့ သည် ပေထင်းဟွမ်ကဲ့သို့ သခင်နှင့်တွေ့ရသည်မှာ အလွန်ကံကောင်းလှသည်။ ထိုအချိန်တွင် မှော်သားရဲများအားလုံးသည် သူတို့၏စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ဤကဲ့သို့ သခင်တစ်ယောက်အတွက် သူတို့သည် သေရန် ဆန္ဒရှိ သည်။

“ငါလုပ်မှာပါ” ပေထင်းဟွမ်သည် အခိုင်အမာပင် ပြောလိုက်သည် “မင် ငါ သန်မာလာရင် ငါ့ကိုထပ်ပြောပြဦး.. ဘယ်သူက မင်းကိုအမဲလိုက်နေတာလဲ.. အဲပြိုင်ဘက်က ဘယ်သူပဲဖြစ်ပါစေ အဲကောင်တွေကို အတူသတ်ရအောင်”

သူမ၏ အရင်ဘဝတွင် ပေထင်းဟွမ်သည် အမှောင်ကြေးစားလောက၏ ဘုရင်တစ်ပါးဖြစ်ခဲ့သည်။ သူမသည် မည်သူ့ကိုမှ အညံ့မခံပေ။ မင်သည် သူမကို မညွှန်ကြားလျှင်တောင် သူမသည် ခွန်အားတိုးလာစေရန် အကောင်းဆုံး ကျင့်ကြံမည်ဖြစ်သည်။ သူမ၏ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ချက်ပေါင်းများစွာ သယ်ဆောင်ထားရသည်။ သူမ၏နောက်ခံနှင့် ကစဥ့်ကလျားနတ်အရင်းအမြစ် သည် သူမကို အချိန်မရွေးပြာကျသွားနိုင်သည့် ချိန်ကိုက်ဗုံးဖြစ်သည်။ ပြီးနောက် ယန်ယဲ့... သူ၏ ညပြည့်ညနာကျင်မှုကို ဖြေလျော့ရန် ကူညီပေးမည် ဟု သူမ စိတ်ပိုင်းဖြတ်ထားသည်။

ထိုအရာများအားလုံးသည် သူမ ပညာရှင်ဖြစ်လာစေရန် တွန်းအားပေးနေ သည်။

“ငါ့စာချုပ်သခင်က ဘယ်လိုလုပ် အားနည်းမှာလဲ.. ငါ မင်းကိုယုံတယ်” မင်၏အသံသည် ပင်ပန်းနွမ်းနယ်နေသည်။ သူသည် ခြေထောက်မြှောက်ကာ မြေပေါ်မှ သေအံ့ဆဲဆဲဖြစ်နေသည့် အမြီးကိုးချောင်းမီးမြေခွေးကို ကန်လိုက် သည် “သူနဲ့စာချုပ်တည်ထောင်လိုက်.. ဒီကောင်ရှိနေရင် မင်း မှော်သားရဲတော ထဲမှာ အထွတ်အမြတ်သားရဲတွေကို သွားရန်မစသရွေ့ အန္တရာယ်ကြီးကြီးမား မား ဖြစ်မှာမဟုတ်ဘူး… ဒါပေမဲ့ မင်း သူတို့ကို သွားရန်စရင်တောင် ကိစ္စမရှိဘူး မင်း အန္တရာယ်နဲ့တွေ့ရင် ငါ့ကိုသာခေါ်ထုတ်လိုက်.. မင်းအသက်က တန်ဖိုးအရှိ ဆုံးပဲ”

“ဟုတ်ပြီ” ပေထင်းဟွမ်၏မျက်လုံးထဲတွင် စိုးရိမ်စိတ်များရှိသည်မှာ ထင်ရှားနေသည်။ သူမသည် မင့်ကို အလွန်စိတ်ပူသည်။ ဤကိစ္စသည် သူ၏ ခန္ဓာကိုယ်ကို သက်ရောက်မှုမရှိစေရန် သူမ မျှော်လင့်သည်။

“ဒီတစ်ခါအိပ်ရင် ကြာလိမ့်မယ်.. မင်းကိုယ်မင်း ဂရုစိုက်ပါ.. ငါပေါ်လာရင် မင်း ပြဿနာဖြစ်နိုင်တယ်.. မင်းကိုယ်မင်း ဂရုစိုက်ရမယ်” မင်သည် ပေထင်းဟွမ်အား အကဲဖြတ်လေသည်။ သူ့လက်ထဲမှလှံတံသည် မီးလုံးအဖြစ် ပြန်ပြောင်းသွားကာ လက်ဖဝါးမှ ပျောက်ကွယ်သွားလေသည်။

ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည် “ငါ နားလည်ပါတယ် စိတ်မပူပါနဲ့”

***

All Chapters