← Chapters

သူရဲကောင်း *

Vol. 11 Ch. 206

သူရဲကောင်း *

Vol. 11 Ch. 206

ပေယဲ့ဆိုသောနာမည်သည် အတုအယောင်သာ။ သူမ ဖန်တီးထားသည့် နာမည်ဖြစ်သည်။ သူမတွင် ဟွမ်ကျို့ဆိုသည့် နာမည်အပိုလည်းရှိသေးသည်။ အချိန်တစ်ခုရောက်လျှင် သူမသည် အသွင်အပြင်ပြောင်းပြီး ထိုနာမည်ကို အသုံးပြုမည်ဖြစ်သည်။ သူမ အမှန်တကယ်အားမကောင်းခင်တွင် မင်၏ ရန်သူ များကိုပါ ထည့်ပေါင်းလျှင် သူမသည် ပေထင်းမိသားစု၏ လိုက်ခြင်းကို သတိမူ ရဦးမည်ဖြစ်သည်။

ဤတိုက်ပွဲပြီးသည်နှင့် သူမသည် ဤနေရာမှထွက်ပြီး နာမည်ပြောင်း မည်။ ပင်မတိုက်ကြီးသည် အလွန်ကြီးမားရာ သူမ မည်သူမည်ဝါဆိုသည်ကို အဘယ်သူသိတော့မည်နည်း။

မင်နှင့်သူမသည် ပင်ကိုအားဖြင့် ချည်နှောင်ထားရာ သူတို့၏စိတ်များ သည်လည်း ဆက်သွယ်နေသည်။ အတူနေလာခဲ့သည်မှာ ကြာပြီဖြစ်ရာ သူမ မည်သို့လူစားမျိုးဖြစ်သည်ကို သူသိသည်။ သူမကိုစိတ်ပူနေရန် မလိုတော့ပေ။ သူ့ခန္ဓာကိုယ်သည် မီးတောက်လုံးအဖြစ်ပြောင်းသွားပြီး ကမ္ဘာပေါ်ရှိ အားလုံး၏ အမြင်မှ ပျောက်ကွယ်သွားလေသည်။

ပေထင်းဟွမ်သည် သက်ပြင်းရှည်ကြီးချပြီးနောက် မိုးကုတ်စက်ဝိုင်းကို ကြည့်လိုက်သည်။ နေလုံးနီနီသည် မိုးကုတ်စက်ဝိုင်းအောက်တွင် နစ်မြုပ်နေ သည်။ စစ်ပွဲသည် သည်အတိုင်းပြီးဆုံးသွားလေပြီ။ မွန်မြတ်သောသားရဲများ၊ နတ်သားရဲများနှင့် အဆင့်မြင့်ဝိညာဉ်သားရဲများသည် အရှုံးပေးပြီး အညံ့ခံသွား ကြလေပြီ။ အမှောင်ထုကုန်သွားသည်နှင့် နေ့သစ်တစ်ခု ပြန်စတင်လာချေပြီ။

“အဲဒီသခင်က အရမ်းမိုက်တာပဲ” တိုင်နွန်သည် သက်ပြင်းရှည်ကြီးချ လိုက်သည်။

“ဘာသခင်လဲ တုံးလိုက်တာ” ချင်းယွိသည် တိုင်နွန်၏ပခုံးကို ဒေါသတကြီးပုတ်လိုက်သည် “မင်း နားမလည်သေးပါဘူး အဲဒါကပေယဲ့ရဲ့ မှော်သားရဲပဲ”

“လူသားအသွင်ပြောင်း မှော်သားရဲလား.. အထွတ်အမြတ်သားရဲပေါ့.. အဲဒါ တကယ်ကြီးအထွတ်အမြတ်သားရဲလား” ခေါင်းကိုတစ်ခုခုနှင့် အရိုက်ခံ လိုက်ရသကဲ့သို့ တိုင်နွန်၏မျက်လုံးများသည် ပြူးကျယ်လာသည် “ပြောဦးမယ် မှော်သားရဲတွေအကုန်လုံး အညံ့ခံလာအောင် သူ ဘယ်လိုလုပ်လိုက်တာလဲ”

ဤသည်မှာ သားရဲများအားလုံးကို အညံ့ခံစေသည့် ကမ္ဘာကြီးကို အုပ်စိုးသော ဘုရင်တစ်ပါး၏ ပြောဆိုပြုမူပုံဖြစ်သည်။

နတ်သားရဲကိုပင် ဒူးထောက်စေပြီး လူသားအသွင်ပြောင်းနိုင်သည်မှာ အထွတ်အမြတ်သားရဲအပြင် တခြားမရှိနိုင်ပေ။ လူသားတစ်ယောက်မှာ မည်မျှ ပင် အားကောင်းစေကာမူ သားရဲများအားလုံးကို အရှုံးပေးအောင်မလုပ်နိုင်ပေ။ အထူးသဖြင့် နတ်သားရဲများကိုပင်။ သူတို့ သေသွားလျှင်တောင် လူသား တစ်ဦး ဆီသို့ အညံ့ခံမည်မဟုတ်ပေ။

“ပေယဲ့က ကောင်းကောင်းကြီးကို ဖုံးကွယ်ထားတာပဲ.. မွန်မြတ်တဲ့သားရဲ နှစ်ကောင် အထွတ်အမြတ်သားရဲတစ်ကောင်.. သူ့နာမည်ကို ငကြောင်လို့ ဘာလို့မပြောင်းတာလဲ” ဟွမ်ယွမ်သည် ခေါင်းခါလေသည်။ သူသည် ပေထင်းဟွမ်ကို စောဒကတက်ရန် အားမရှိတော့ပေ။

စစ်မြေပြင်၏ထောင့်တိုင်းမှ အားပေးသံများညံလာရာ ထိတ်လန့်ငေးနေ သည့်လူများကို ပြန်သတိဝင်လာစေသည်။ စစ်မြေပြင်၏ ကောင်းကင်ပေါ်ရှိ စစ်သည်များအားလုံးသည် လက်နက်များကို မြှောက်ကြသည်။ ပြူထွက်လာ သောနေသည် သွေးနှင့်တူကာ သူတို့၏လက်နက်များကို ရောင်ပြန်ဟပ်ပြီး တောက်ပစေသည်။ နောက်ဆုံးတော့ ပြီးသွားလေပြီ။ တစ်နေကုန် ပင်ပန်းထား သော စစ်သည်များသည် အလိုအလျောက်ပင် ပေထင်းဟွမ်ရှိရာဘက်သို့ ဩဘာပေးကြသည်။ သူတို့သည် သူမအားဝန်းရံပြီး သူမ၏နာမည်ကို အော်ကြ သည်။

“သခင်ပေယဲ့က အရမ်းကိုအင်အားကြီးတာပဲ”

“မှော်သားရဲခံတပ်ရဲ့ သူရဲကောင်းပဲ”

“စစ်သည်ကြီးကို အလေးပြု”

ပေထင်းဟွမ်နှင့် သူမ၏ ‘အစောင့်အရှောက်စစ်သည်များ’၊ သူမ၏ ခေါင်းဆောင်ကောင်းပီသသော စိတ်ဓာတ်ကြောင့်သာမဟုတ်လျှင် ဤစစ်ပွဲ၏ နောက်ဆက်တွဲကို တွေးကြည့်ရန် မဖြစ်နိုင်သည်ကို အားလုံးသိကြသည်။ မွန်မြတ်သောသားရဲငါးကောင်၏ ခွန်အားနှင့် အမြီးကိုးချောင်းမီးမြေခွေး၏ အရည်အချင်းကိုပေါင်းလိုက်လျှင် ဤစစ်ပွဲမှာ မယှဉ်နိုင်စရာဖြစ်သည်။

“ဟုတ်တယ် ပြီးသွားပြီ” ဟွမ်ယွမ်နှင့်ချင်းယွိတို့ ရောက်လာပြီး ပေထင်းဟွမ်အား ကောက်ပင့်ကာ သူမကိုလေထဲသို့မြှောက်လိုက်လေသည်။

မှော်သားရဲခံတပ်၏မြို့ဝန်သည် ခြင်္သေ့ပျံပေါ်တွင် မတ်မတ်ရပ်ကာ လေထဲတွင် ရပ်တန့်လိုက်သည်။ သူသည် ဩဘာပေးနေသော လူအုပ်ဆီသို့ အော်လိုက်သည် “ဒီနေ့က ငါတို့ရဲ့အောင်ပွဲနေ့ပဲ… စစ်သည်တို့ ရဲစွမ်းသတ္တိနဲ့ ပြည့်တဲ့တိုက်ပွဲအတွက် ကျေးဇူးတင်ပါတယ်.. မင်းတို့ရဲ့နမာည်ကို မှော်သားရဲ ခံတပ်ရဲ့ သမိုင်းကြောင်းမှာ ထွင်းထုသွားမှာပါ.. ငါတို့ရဲ့သားစဉ်မြေးမြစ်တွေက မင်းတို့ရဲ့ ခမ်းနားလှတဲ့စစ်ပွဲရလဒ်ကို ချီးကျူးသွားကြမှာပါ.. စစ်သည်တို့ ကျေးဇူးကြောင့် ဒီနေ့ ငါတို့တွေ မမူးရင်မပြန်ဘူး”

ဩဘာပေးသံများသည် ကမ္ဘာအနှံ့ပျံ့သွားသည်။ ပေထင်းဟွမ်သည် ရူးခါနေသောစစ်သည်များကြောင့် လေပေါ်မြောက်မြောက်သွားသည်။ စစ်သည်တိုင်းသည် ဤကဲ့သို့အခွင့်အရေးရသည့်အတွက် ဂုဏ်ယူမဆုံးဖြစ်နေ ကြသည်။ သူတို့သည် ဤစစ်ပွဲ၏သူရဲကောင်းများဖြစ်လျှင် ပေထင်းဟွမ်သည် သူရဲကောင်းထဲမှ သူရဲကောင်းဖြစ်သည်မှာ သံသယဝင်ဖွယ်မရှိပေ။ နှစ်ပေါင်း များစွာကြာပြီးသည်အထိ ဤစစ်ပွဲတွင် ဝင်နွှဲခဲ့ကြသည့် စစ်သည်များသည် ဤတိုက်ပွဲကိုမေ့နိုင်မည်မဟုတ်ပေ။ ပေထင်းဟွမ်၏နာမည်နှင့် သူမ၏ အားကောင်းသော ‘စောင့်ရှောက်သူစစ်သည်’ တို့အကြောင်းကို မည်သူမှ မေ့နိုင် မည်မဟုတ်ပေ။

***

All Chapters