အလင်းမြင်းပျံ
Vol. 11 Ch. 207
ခဏကြာသည်အထိ ဩဘာပေးပြီးနောက် စစ်သည်များသည် စစ်မြေပြင် ကို ရှင်းလင်းကြလေသည်။
ချင်းယွိသည် လျှောက်သွားပြီး ပေထင်းဟွမ်၏ ပခုံးပေါ်သို့ လက်တင် လိုက်သည် “ပြန်ရအောင် ငါ့ရဲ့သူရဲကောင်းလေး”
ပေထင်းဟွမ်သည် နှာခေါင်းပွတ်ကာ ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။ သူမ တွင် ဝင့်ဝါမှုမရှိသလို သူမသည် ယခုချိန်ထိ သေမျိုးဖြစ်နေဆဲပင်။ သူမသည် ကျော်စောမှုနှင့် ကံကြမ္မာ၏အနှောင်အဖွဲ့မှ မလွတ်မြောက်နိုင်ပေ။ ထို့အပြင် ဤစစ်ပွဲအပြီးတွင် ကြေးစားများနှင့် စွန့်စားသူများသည် သူမအား သူရဲကောင်း တစ်ယောက်လို ဆက်ဆံကြသည်။ ထိုခံစားချက်မှာ ကောင်းလွန်းသည်ဟု သူမ ပြောရမည်။
နှင်းဝံပုလွေနှင့် ရေနက်အဖွဲ့မျ ကြေးစားများသည် ရှေ့သို့အပြေးသွားကာ သေလုဆဲဆဲ မွန်မြတ်သောသားရဲများနှင့် မှော်သားရဲများကို သယ်ဆောင်လာ ပြီး ပေထင်းဟွမ်ကို ထိန်းကျောင်းစေကာ စာချုပ်တည်ထောင်ကြသည်။ သေချာပေါက်ပဲပေါ့.. ကြေးစားအဖွဲ့နှစ်ဖွဲ့သည် ဤတိုက်ပွဲမှ အကျိုးအမြတ် အများဆုံးရခြင်းပင်။ နှင်းဝံပုလွေနှင့် ရေနက်ကြေးစားအဖွဲ့ဝင်များအားလုံး နီးပါးတွင် စာချုပ်သားရဲတစ်ကောင်စီ ရှိနေပြီဖြစ်သည်။ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများသည် အံ့အားသင့်လောက်စရာပင်။ အဆင့် ၉ မှော်သားရဲပင်မရှိ သည့် လှည့်လည်သူများအတွက် ထိုကြေးစားများသည် အားကျစရာဖြစ်နေ သည်။
အားလုံးသည် မွန်မြတ်သောသားရဲနှင့် နတ်သားရဲများကိုလိုချင်ကြသည်။ သို့သော် ထိုမွန်မြတ်သောသားရဲနှင့် နတ်သားရဲများကို မည်သူကမှ မျက်စိမကျ ရဲပေ။ ပေထင်းဟွမ်ကို ဘယ်သူနိုင်မှာလဲ။ သခင်မင်ကို ဘယ်သူနိုင်မှာလဲ။ နှင်းဝံပုလွေနှင့် ရေနက်ကြေးစားအဖွဲ့တို့၏ အလုံးစုံတိုက်ခိုက်ရေးခွန်အားနှင့် ပေထင်းဟွမ်ဆီမှ အကျိုးအမြတ်ရထားသော လှည့်လည်သွားလာသူတို့နှင့် တွဲဖက်လိုက်လျှင် တခြားသူများကို အောင်နိုင်လိမ့်မည်။
သားရဲအရိုးများသည် တန်ဖိုးရှိသော်လည်း အသက်ရှင်မှပင် ရနိုင်သည့် အရာများဖြစ်သည်။ ထို့အပြင် သားရဲထိန်းသခင်ကြီး၏ အကူအညီမရှိလျှင် မွန်မြတ်သောသားရဲနှင့် နတ်သားရဲအရှင်ရလျှင်လည်း အသုံးမဝင်ပေ။
ပေထင်းဟွမ်ကို ချင်းယွိကဆွဲခေါ်လာသည်။ သူမသည် ရုတ်တရက် တစ်စုံတစ်ရာ တွေးမိရာ နှုတ်ခမ်းတွန့်လိုက်သည်။ သူမသည် သတ္တိမွေးပြီး ချင်းယွိအားပြောလိုက်သည် “အစ်ကိုချင်း ကျွန်တော် တစ်ခုခုအမှားလုပ်မိလို့ ကျွန်တော့်ကို ဒေါသထွက်ပြီး လျစ်လျူရှုနေတာလား”
ချင်းယွိသည် တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ပေထင်းဟွမ်အား စိုက်ကြည့် လေသည်။ သူ၏နူးညံ့သောမျက်လုံးများသည် လှောင်ရယ်မှုများဖြင့် ပြည့်နေ သည် “မင်းမှာ မွန်မြတ်တဲ့သားရဲနှစ်ကောင်ရှိတာကို မပြောရင် ငါ စိတ်ဆိုးမှာ မဟုတ်ဘူး”
“တော်သေးတာပေါ့” ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူမသည် ချင်းယွိ၏လက်မောင်းကိုဆွဲကာ သူ့ကို ဖက်လိုက်သည်။ သူမသည် အလေးအနက်ပင်ပြောလိုက်သည် “အစ်ကိုချင်း ကျွန်တော့်ကိုယုံရမယ်.. ကျွန်တော့်ကိုစိတ်ဆိုးရင်တောင် အပြစ်မတင်ပါနဲ့.. ကျွန်တော့်နှလုံးသားထဲ မျက်လုံးထဲမှာ အစ်ကိုက အမြဲတမ်း ကျွန်တော့်ရဲ့ အစ်ကိုချင်းပဲ.. ကျွန်တော်တို့ ပထမဆုံးတွေ့တုန်းကလိုပဲ ဘယ်တော့မှမပြောင်း လဲဘူး”
ချင်းယွိသည် နှလုံးခုန်မြန်လာသည်။ ထိုစကားများသည် အဓိပ္ပာယ် လေးနက်လှသည်။ ဒီကောင်လေးက တောင်းပန်ရလောက်အောင် ဘာများ လုပ်ခဲ့လို့လဲ။ သို့သော် သူစိတ်မပူပေ။ ပေထင်းဟွမ် မည်သို့ပင်လုပ်ခဲ့စေကာမူ သူ့ကို မထိခိုက်နိုင်သည်ကို ယုံကြည်သည်။ ဤကောင်လေး၏ ရည်ရွယ်ချက် ကောင်းများသည် မကောင်းသည့်အကျိုးဆက်ဖြစ်လာခြင်းလည်း ဖြစ်နိုင်၏။ သူမတင်ပါးကို သူ ရိုက်မိမှာကိုကြောက်နေတာလား။ သူသည် မရယ်ဘဲမနေနိုင် တော့ပေ “ဟုတ်ပြီ ပြန်သွားမှ ပြောကြတာပေါ့”
ပေထင်းဟွမ် ရှေ့ဆက်လျှောက်မည်အပြုတွင် နှင်းဖြူရောင်မြင်းပေါ် တစ်ကောင်သည် သူမဆီသို့ ပြေးလာသည်။ ၎င်းသည် အမြီးယမ်းကာ ပေထင်းဟွမ်အား မျက်ရည်ဝဲနေသော ငွေရောင်မျက်လုံးများဖြင့် ကြည့်လေ၏။ ၎င်းသည် အလွန်တရာနာကျင်နေပုံပေါက်သည်။
“ဒါက…” ပေထင်းဟွမ်သည် အနည်းငယ် ရှုပ်ထွေးသွားသည်။ သေချာ ပေါ်က်ပဲပေါ့.. ဤအထွတ်အမြတ်သားရဲသည် ဂူဟောက်နှင့် အလောင်းအစား လုပ်ခဲ့သည့်သားရဲဖြစ်သည်ကို သူမ မှတ်မိသည်။ ဂူဟောက်သည် ပြာကျသွားပြီ ဖြစ်သည်။ ဂူဟောက်ရဲ့ စာချုပ်သားရဲက ဘယ်လိုလုပ် အသက်ရှင်နေနိုင်တာ လဲ။
ဝိညာဉ်သခင်နှင့် စာချုပ်သားရဲတို့ကြားမှ စာချုပ်သည် အလွန်တင်းကြပ် သည်။ အကယ်၍ ဝိညာဉ်သခင်သေဆုံးသွားလျှင် စာချုပ်သားရဲများအားလုံး သည် သူနှင့်အတူ သေဆုံးရသည်။ သို့သော် တစ်ဖက်တွင် အသက်စာချုပ် မဟုတ်ဘဲ သခင်အစေခံစာချုပ်သာဆိုပါက စာချုပ်သားရဲသေသွားလျှင် ဝိညာဉ် သခင်သည် ဘာကိုမှမဆုံးရှုံးနိုင်ပေ။
ထို့ကြောင့်ပင် သေသည်အထိ အရိုက်ခံရလျှင်တောင် အဆင့်မြင့် မှော်သားရဲများသည် လူသားဝိညာဉ်သခင်နှင့် စာချုပ်မတည်ထောင်လိုခြင်းဖြစ် သည်။ အသက်စာချုပ်သာဆိုပါက လူသားများသည် မှော်သားရဲလောက် အားမကောင်းနိုင်ပေ။ အသက်စာမချုပ်မဟုတ်လျှင်လည်း ဂုဏ်မောက်သည့် မှော်သားရဲများအတွက် သေလိုက်သည်ကပင် ပိုကောင်းလိမ့်မည်။
***