← Chapters

နွယ်ပင်လေးလည်း စိတ်ကြီးတယ်

Vol. 11 Ch. 208

နွယ်ပင်လေးလည်း စိတ်ကြီးတယ်

Vol. 11 Ch. 208

“ဒါကဂူဟောက်ရဲ့ မွန်မြတ်တဲ့သားရဲပဲ.. မင်းနဲ့ဂူဟောက်ကြားက အလောင်းအစားကြောင့် ကောင်းကင်နဲ့မြေကြီးဥပဒေက ဒီမြင်းပျံကို ထားခဲ့တာဖြစ်နိုင်တယ် ဟုတ်တယ်မလား” ချင်းယွိသည် ထိုမြင်းပျံကို အကောင်းဘက်ကကြည့်သည်။ သူသည် လက်မြှောက်ကာ ၎င်း၏ခေါင်းကို ပွတ်သပ်လိုက်သည်။

“အဲလိုကိုး” ထိုအကြောင်းအရင်းကြောင့်ဖြစ်မည်ဟု ပေထင်းဟွမ် ယုံကြည်သည်။ ချင်းယွိ သဘောကျနေသည်ကို မြင်သဖြင့် သူ့တွင် ဝိညာဉ် သားရဲအဆင့် ပါးစပ်ကျယ်လင်းတတစ်ကောင်သာရှိသည်ကို အမှတ်ရသွား၏။ သူမ ပြောလိုက်သည် “အစ်ကိုချင်း.. အလောင်းအစားအရဆိုရင် ဒီသားရဲက ကျွန်တော့်အပိုင်ဖြစ်သွားပြီ.. အစ်ကို သူနဲ့ဘာလို့ စာချုပ်မတည်ထောင်တာလဲ”

ပေထင်းဟွမ်စကားဆုံးသည်နှင့် အလင်းမြင်းပျံသည် ခေါင်းမော့ကာ ပေထင်းဟွမ်အား အထိတ်တလန့်ကြည့်လေသည်။ ၎င်း၏ငွေရောင်ဖန်လုံးနှင့် တူသောမျက်လုံးများသည် ဝမ်းနည်းမှုများ မလိုလားမှုများဖြင့်ပြည့်နေကာ စွန့်ပစ်ခံရသည့် သနားစဖွယ်ကလေးတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ ထိုအရာ ကိုကြည့်ပြီး ပေထင်းဟွမ်သည် ထိုစကားကိုနောင်တရသွားသည်။ သို့သော် ထိုအရာသည် အစ်ကိုချင်းကောင်းဖို့အတွက် မဟုတ်ပါလား။ သူမသည် မင်နှင့် ကစဥ့်ကလျားနတ်အရင်းအမြစ်တို့ဆီမှ အကျိုးအမြတ်များစွာရခဲ့သော်လည်း ချင်းယွိသည် သူ၏လက်ရှိခွန်အားကို ကျင့်ကြံသည့်အပေါ်တွင် မှီခိုနေရသည်။

“ပေယဲ့ ငါ မလုပ်နိုင်လေက်ဘူး” ချင်းယွိသည် ခေါင်းခါလေသည်။ သူသည် ဤမှော်သားရဲကို လွန်စွာသဘောကျသော်လည်း စာချုပ် မတည်ထောင်နိုင်ပေ။ “မင်း စာချုပ်မတည်ထောင်ရင် သုံးရက်အတွင်းမှာ ကောင်းကင်နဲ့မြေကြီးဥပဒေအရ သူသေသွားမှာစိုးတယ်”

“အဲလိုလား” ပေထင်းဟွမ်သည် လက်လျော့ရုံသာတတ်နိုင်တော့သည်။ ထို့ကြောင့်ပင် မှော်သားရဲ၏ မျက်လုံးများ ဝမ်းနည်းသွားခြင်းဖြစ်သည်။ ပေထင်းဟွမ်တွင် အားကောင်းသော တိုက်ခိုက်ရေးအမျိုးအစား မွန်မြတ်သော သားရဲနှင့် ပြိုင်ဘက်ကင်းအထွတ်အမြတ်သားရဲတစ်ကောင်ရှိသဖြင့် သူ့ကို လက်မခံလောက်ဟု သူထင်သွားခြင်းဖြစ်နိုင်သည်။ ဤကောင်လေး၏ နှလုံးသားမှာ အလွန်ပင်ကျိုးပဲ့လွယ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သည်တစ် ခေါက်တွင် သူသည် မွန်မြတ်သောသားရဲများစွာရရှိခဲ့သည်။ သူသည် အစ်ကို ချင်းကို တခြားမွန်မြတ်သောသားရဲရွေးခိုင်းရမည်။ “ဟုတ်ပြီ ဒါဆို ခဏလောက် စောင့်ပေး ငါမင်းနဲ့ ဒီနေ့ညစာချုပ်တည်ထောင်မယ်”

အလင်းမြင်းပျံသည် ထိုစကားကိုကြားသောအခါ ပျော်လွန်းသဖြင့် ထခုန် မတတ်ပင်။ ၎င်းသည် လူကြီးလက်သီးတစ်ဆုပ်စာ အရွယ်အစားသို့ အမြန် ပြောင်းလိုက်သည်။ ၎င်း၏တစ်ကိုယ်လုံးမှာ ငွေရောင်တောက်ပနေရာ ကျောက်စိမ်းထွင်းထုထားသလိုပင်။ အလွန်ပင်ရိုးစင်းလွန်းသည်။ ၎င်းသည် ပေထင်းဟွမ်၏ပခုံးပေါ်သို့ ခုန်တက်ပြီး ခေါင်းဖြင့် သူမ၏လည်တိုင်ကို မြတ်နိုး စွာ ပွတ်သပ်နေသည်။

နွယ်ပင်လေးသည် မနာလိုလာသည်။ ၎င်းသည် နွယ်ပင်တစ်ခုထုတ်ကာ မြင်းပေါက်၏တင်ပါးကို ရိုက်လိုက်ရာ မြင်းပေါက်သည် ကြောက်လန့်သွား သဖြင့် မြေပေါ်သို့ ကျလုမတတ်ပင်။

“ဟားဟား အရူး မင်းက သခင့်ရဲ့မှော်သားရဲတောင်မဖြစ်သေးဘူး.. အချစ်ခံရဖို့ ဒီလောက်တောင် ကြိုးစားနေတာလား ခံရသင့်တယ်..” မိုးကြိုးသွား သည် ပေထင်းဟွမ်၏ တခြားပခုံးပေါ်မှ ခိုးကြည့်လေသည်။ ၎င်းသည် သူ၏ ဒဏ်ရာကို မတော်တဆထိသွားသဖြင့် နာကျင်စွာ အော်လေသည်။

လျှပ်စီးသည် ဒဏ်ရာအပြင်းအထန်မရသော်လည်း ပေထင်းဟွမ် သေလုနီးပါးဖြစ်ခဲ့သလို အစ်ကိုကြီးမင်၏ ကောင်းကင်ကိုအံတုသည့် ခွန်အား ကိုမြင်သောအခါ နှစ်ဆထိသွားသဖြင့် လက်ပတ်ထဲတိတ်တဆိတ်ပြန်ကာ ကျင့်ကြံနေသည်။

အချိန်နောက်ကျနေပြီဖြစ်သည်။ တစ်နေကုန်တိုက်ခိုက်ပြီးနောက် ယခု အချိန်မှ မြို့သို့ပြန်ရန်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့်ပင် စစ်မြေပြင်တွင် တဲများ ထိုးကာ စခန်းချလိုက်ကြသည်။

“ပေယဲ့ ဒီကိုမြန်မြန်လာ သောက်ရအောင်” မုယန်းသည် သေရည်ခွက်ကို မြှောက်ပြကာ ပေထင်းဟွမ်အား ကြိုဆိုလေသည်။ သူ့ဘေးမှ မြို့စောင့်သည် နက်ရှိုင်းပင်လယ်ပြာကျောက်စိမ်းနှစ်ခွက်ထည့်ထားသည့် ဗန်းယူလာပြီး ပေထင်းဟွမ်နှင့် ချင်းယွိအားပေးလိုက်သည်။

“သခင်ပေယဲ့ လေးစားပါတယ်” မြို့စောင့်သည် ဗန်းကိုပြန်ယူကာ ပေထင်းဟွမ်အား အရိုအသေပြုလိုက်သည်။ ထို့နောက် မျက်နှာနီရဲစွာဖြင့် ထွက်ပြေးသွားလေသည်။ သူသည် နှစ်လှမ်းမျှပြေးပြီးနောက် အောင်ပွဲခံနေပြန် သည် “အာ.. ငါ သခင်ပေယဲ့ကို စကားပြောလိုက်တာ သခင်ပေယဲ့က ငါ့ကို ပြုံးပြတယ်”

ပေထင်းဟွမ်သည် ခေတ္တမျှ မှင်တက်မိသည်။ သူမသည် သူမ၏ မျက်နှာကို ထိမိသည်။ ခုနက သူမပြုံးလိုက်တာလား။ သူမ ပြုံးရင်တောင် အဲလူ က သူမမျက်နှာဖုံးဝတ်ထားတဲ့ကြားက မမြင်နိုင်လောက်ပါဘူး။ ဟုတ်တယ် မလား။

“ဟားဟား မင်း မခံနိုင်တော့ဘူးလား နောက်ကျပိုဆိုးမယ်” ချင်းယွိသည် ကျယ်လောင်စွာ ရယ်မောလေသည်။ သူသည် ပေထင်းဟွမ်၏ ပခုံးပေါ်လက် တင်လျက် စခန်းဆီသို့ လျှောက်သွားလေသည်။

***

All Chapters