← Chapters

အခမ်းအနားအားလုံး ပြီးသွားပြီ

Vol. 11 Ch. 210

အခမ်းအနားအားလုံး ပြီးသွားပြီ

Vol. 11 Ch. 210

သီချင်းဆုံးသည်နှင့် တိတ်ဆိတ်မှုများအကြားမှ ပေထင်းဟွမ်သည် ချင်းယွိအား တိုးညင်းစွာလေသံဖြင့်ပြောလိုက်သည် “အစ်ကိုချင်း ကျွန်တော့်ကို ကတိပေးထားတယ်မလား..”

သူမ စကားမဆုံးခင်မှာပင် ချင်းယွိသည် ပေထင်းဟွမ်အား လက်ဖြင့် သိုင်းဖက်ကာ ရင်ခွင်ထဲပွေ့ဖက်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သာ ကြားနိုင်သည့်အသံဖြင့် ပြောလိုက်သည် “ရှောင်ကျို့ တကယ်ပဲ မင်းပဲ”

သူသည် သူမကို နောက်တစ်ကြိမ် မပြန်မတွေ့နိုင်တော့မည်ကို အမြဲစိုးရိမ်ခဲ့သည်။ သူမ အနိုင်ကျင့်ခံရမည်ကို သူ ကြောက်ခဲ့သည်။ သူမသည် မတော်တဆတွေ့ဆုံမှုကြားတွင် ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထားပေ။ ယနေ့ သူမ၏အောင်မြင်မှုများကို မြင်သောအခါ ချင်းယွိသည် သူကိုယ်တိုင် ပေါက်မြောက်သည်ထက်ပင် ပိုဝမ်းသာသည်။

“အာ..”

စခန်းတွင် မည်သူမှ မကြည့်ရဲကြပေ။ သခင်ချင်းယွိ.. ခင်ဗျား သခင်ပေယဲ့ နဲ့ ဘဝတည်ထောင်ချင်ရင် အခန်းယူမလား။

ထိုအချိန်တွင် အသည်းများကွဲကြသည်။

သို့သော် စခန်းတွင်းမှ မိန်းကလေးများနှင့် စစ်သည်များ၏အကြည့်များ သည် ပေထင်းဟွမ်ပေါ်တွင်ရှိနေဆဲပင်။ ဤလူငယ်သည် လက်ရာမြောက်သော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏စွဲမက်ဖွယ်ကောင်းသော နှိမ့်ချ တတ်မှု၊ ကြည်လင်သောသီချင်းဆိုသံ၊ အေးစက်သောမျက်နှာထားနှင့် အားကောင်းသော ခွန်အားတို့သည် အားလုံး၏နှလုံးသားထဲတွင် မဖျောက်ဖျက် နိုင်သော ပုံရိပ်ကျန်ခဲ့လေပြီ။ အချိန်ကြာသွားသည့်တိုင်အောင် အားလုံး၏ နှလုံးသားထဲမှ သူ့ကိုဆွဲထုတ်နိုင်မည်မဟုတ်ပေ။

“ခွမ်း”

ပေထင်းဟွမ်၏လက်ထဲမှ သေရည်ခွက်သည် ချင်းယွိ၏သေရည်ခွက်နှင့် တိုက်လိုက်သည်။ လူငယ်၏ အနက်ရောင်မျက်လုံးများသည် ချင်းယွိ၏ နူးညံ့ သောအကြည့်နှင့် သွားဆုံလေသည်။ စကားလုံးများမလိုအပ်သည့် ခံစားချက် များသည် နှလုံးသားကို ဆက်သွယ်ပေးသည်။ ပေထင်းဟွမ်သည် အရင်ဘဝကို ပြန်ရောက်သွားသလိုပင်။ သူမသည် ကြေးစားအဖွဲ့ထဲမှ ညီအစ်ကိုများနှင့် မစ်ရှင်လုပ်ပြီး ပြန်လာကာ အောင်ပွဲခံသည်နှင့်တူသည်။ တိတ်ဆိတ်သည့် အင်္ဂလိပ်ရွာထဲတွင် မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ဇိမ်ခံအပျော်စီးသင်္ဘော တစ်စင်းပေါ်၌ သူမသည် ဘေးချင်းယှဉ်လျက် တိုက်ခိုက်ခဲ့သည်။

ထိုအခိုက်တွင် ပေထင်းဟွမ်သည် ဤတိုက်ကို ပိုင်ဆိုင်ရသလို ခံစားလိုက် ရသည်။

အောင်ပွဲခံသံများ ထပ်မံထွက်လာကာ ချီးကျူးသံများသည် စစ်သည်များ ၏ ပါးစပ်မှထွက်လာသည်။ မိန်းကလေးများသည် ပေထင်းဟွမ်ရှေ့တွင် လက်ချင်းတွဲကာ ကခုန်ကြသည်။ သစ်လွင်သောနေ့တစ်နေ့သည် ပေထင်းဟွမ် အားလက်ယက်ခေါ်နေသည်။ ဤတိုက်ကြီးတွင် သူမသည် အရင်ဘဝကကဲ့သို့ ထိပ်ဆုံးအဆင့်ထိ ဂုဏ်ကျက်သရေရှိစွာဖြင့် တက်သွားနိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။

မီးပုံသည် တစ်ညလုံး တောက်လောင်သည်။ မနက်ခင်း ပထမဆုံး နေရောင်မြေပေါ်သို့ကျချိန်တွင် စခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ မနေ့က စစ်ပွဲကြီးအပြီးတွင် မင်၏အားကောင်းသော ဖိအားသည် ဤနေရာတွင် ကျန်ရှိ နေသေးရာ မှော်သားရဲများသည် မချည်းကပ်ရဲကြပေ။ ထပ်ပေါင်းပြောရလျှင် လူသားပညာရှင်များ ဤနေရာတွင် စုဝေးနေကြရာ မှော်သားရဲများ ချောင်းမြောင်းတိုက်ခိုက်မည်ကို စိတ်ပူရန်မလိုပေ။ ဤနေရာသည် အလွန်ပင် တိတ်ဆိတ်၍နေသည်။

ပေထင်းဟွမ်သည် တဲထဲမှ လျှောက်ထွက်ခဲ့လိုက်သည်။ သူမသည် တဲအဝင်ဝတွင် ရပ်ကာ အကြောဆန့်လိုက်သည်။ သူမသည် ချင်းယွိ၏ တဲကို တွန့်ဆုတ်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူမသည် အနက်ရောင် ဝတ်ဆင်ထားပြီး ကျောက်စိမ်းရုပ်ထုနှင့်တူသော ခွေးပေါက်လေးသည် သူမ၏ ပခုံးပေါ်တွင်နေရာယူထားသည်။ ၎င်းသည် တုံးအစွာ ငိုက်မြည်းနေသည်။ သူမသည် သူမ၏ဇာမဏီဝတ်ရုံကို ဝေ့ယမ်းကာ လျှောက်ထွက်လာသည်။

ကြယ်လွင်ပြင်ထွက်ပေါက်တွင် ပုံရိပ်နှစ်ခုသည် မနက်ခင်းမြူခိုးများ အကြားတွင် စောင့်နေသည်။ တစ်ယောက်မှာ အပြာရောင်စစ်ဝတ်စုံဝတ်ဆင် ထားပြီး ကျောတွင် လေးလံသောဓားကြီးကိုလွယ်ထားသည်။ သူသည် ကြီးကျယ်မြင့်မြတ်သော အသွင်ရှိသည်။ နောက်တစ်ယောက်မှာ အဖြူရောင် ဝိညာည်သခင်ဝတ်စုံဝတ်ထားပြီး ကျောက်စိမ်းကဲ့သို့ နူးညံ့သည်။ သူတို့သည် မုယန်းနှင့် ချင်းယွိတို့မဟုတ်လျှင် မည်သူဖြစ်နိုင်ဦးမည်နည်း။

ပေထင်းဟွမ်သည် တဒင်္ဂမျှ တုံ့ဆိုင်းသွားကာ သူမ၏နှာခေါင်းကို ရှက်ကိုးရှက်ကန်းပွတ်မိသည်။ သူမသည် သူတို့ဆီသို့သွားကာ ရှက်ရွံ့စွာ ခေါ် လိုက်သည် “အစ်ကိုချင်း အစ်ကိုမု”

“မင်းက တိတ်တိတ်လေး ထွက်သွားနိုင်တယ်လို့ ငါ့အဖေပြောတယ်.. ငါ သူ့ကိုမယုံခဲ့ဘူး… မင်းကို ရှာဖို့ထွက်လာတုန်းက သခင်ချင်းယွိက မင်းတဲအပြင် မှာစောင့်နေတာတွေ့လိုက်တာ..သူက မင်း တစ်ယောက်တည်း တိတ်တိတ် လေး ထွက်သွားမှာကိုကြောက်နေတာ.. ထင်ထားတဲ့အတိုင်း သူတို့တွေမှန်နေ တာပဲ” ပေထင်းဟွမ် ရှက်ကိုးရှက်ကန်းဖြစ်နေပုံကိုမြင်ရသည်မှာ မုယန်း အတွက်ရှားပါးလွန်းသည်။ သူသည် မရယ်ဘဲမနေနိုင်တော့ပေ။

***

All Chapters