Chapters

ညအရှင်၏ဆု

Vol. 11 Ch. 211

ညအရှင်၏ဆု

Vol. 11 Ch. 211

သူမသည် ချင်းယွိအား အားတုံ့အားနာဖြင့် ကြည့်လိုက်သည်။ ပေထင်းဟွမ်သည် သူ၏နွေးထွေးမှုကြောင့် ရင်ထဲမထိဘဲမနေနိုင်တော့ပေ။ သူမသည် သူနှင့်သိလာသည်မှာ မကြာသေးသလို အချိန်ကြာမြင့်စွာ ကုန်ဆုံးခဲ့ ခြင်းလည်းမရှိပေ။ သို့သော် သူသည် သူမကို ကောင်းစွာနားလည်သည်။

“အဲအကြောင်းကို နောက်မှပြောကြတာပေါ့.. ဒီတစ်ခေါက် မှော်သားရဲ ခံတပ်တိုက်ပွဲမှာ မင်းပါတယ်လို့ အစ်ကိုမုယန်းပြောတယ်.. ရိုးရာအရဆိုရင် မင်း ဆုရသင့်တယ်.. ဒီတစ်ခေါက် မြို့ဝန်အိမ်တော်က ဘာဆုပေးမလဲဆိုတာ အစ်ကိုချင်းလည်း သိချင်နေတာ” ချင်းယွိ၏လက်သည် သဘာဝကျကျပင် ပေထင်းဟွမ်၏ ပခုံးပေါ်ရောက်လာသည်။ သူသည် ပေထင်းဟွမ်အား သူ၏ အရိပ်အောက်တွင်ထည့်ပြီး ကာကွယ်ထားသည်။

မုယန်းသည် လက်စွပ်ထဲမှဓားတိုထုတ်ကာ ပေထင်းဟွမ်အား အကဲဖြတ် လေသည်။ “ပေယဲ့ မင်း ခွန်အားက ထပ်တိုးလာသလို ဘာလို့ခံစားနေရတာလဲ မင်းအဆင့်ထပ်တက်ပြန်ပြီလား”

မနေ့ကတိုက်ပွဲပြီးနောက် တစ်ညကုန်ဆုံးသွားသော်လည်း ပေထင်းဟွမ် သည် ပင်ပန်းပုံမပေါက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် တက်ကြွနေ သလိုထင်ရသည်။ သူမခန္ဓာကိုယ်မှထွက်လာသည့် စွမ်းအားများသည် ဖိအား များကို တစ်ဆင့်လျော့သွားစေသည်။

“ဟုတ်တယ် တက်သွားတာ” ပေထင်းဟွမ်သည် သူမ၏နှာခေါင်းကို မသက်မသာပွတ်လိုက်သည်။ အရုဏ်မတက်ခင်တွင် သူမသည် မွန်မြတ်သော သားရဲ ၆ ကောင်နှင့် နတ်သားရဲ ၁ ကောင်ကို ထိန်းကျောင်းခဲ့သည်။ ခေါင်းသုံး လုံးငရဲခွေး၊ မီးတောက်နီကျား၊ မီးလျှံယုံမှားငှက်၊ မြေကြီးချပ်ဝတ်နဂါး၊ မိုးဟိန်း ဂဠုန်နှင့် အမြီးကိုးချောင်းမီးမြေခွေးတို့ဖြစ်ကြသည်။ သူမ၏ခွန်အားသည် အဆင့် ၆ ကြယ်ဝိညာဉ်သခင်ကြီးအဆင့်မှ ကြယ် ၉ ပွင့် ဝိညာဉ်သခင်ကြီးဖြစ် သွားသည်။ သူမသည် ကြယ်ဝိညာဉ်သခင်ဖြစ်ရန် တစ်ဆင့်သာလိုတော့သည်။

“သေစမ်း အစစ်လားအတုလား.. မင်းက အဲလောက်တောင် ရဲစွမ်းသတ္တိ ရှိတာလား.. ငါ မင်းနဲ့သိတာ ရက်နည်းနည်းပဲရှိသေးတယ် ကြယ် ၁ ပွင့်ဝိညာဉ် သခင်ကြီးကနေ.. ပြောရင်းနဲ့ကို အဆင့်ထပ်တက်ပြန်ပြီပေါ့” မုယန်းသည် ပေထင်းဟွမ်အား ဓားတိုပေးရန်ပင် မေ့သွားသည်။ သူသည် ဓားတိုလက်ကိုင်ကို ကိုင်ပြီး အားကျစွာဖြင့် ပြောလေသည် “မင်းရဲ့ခွန်အားက ကောင်းကင်ကို နည်းနည်းအံတုနေတာမဟုတ်ဘူးလား.. အဲဒါကြောင့် ရာယာအင်ပါယာက ညအရှင်က မင်းကို ဆွဲထားချင်တာ”

“ဟင်” ပေထင်းဟွမ်သည် အနည်းငယ် ရှုပ်ထွေးသွားသည်။ ညအရှင် ဟုတ်လား။ ယန်ယဲ့နဲ့ ဒါကဘာဆိုင်လို့လဲ။

သူမ၏အကြည့်သည် မုယန်း၏လက်ထဲမှ ဓားတိုဆီသို့ကျရောက်သွား သည်။ ဓားတိုသည် နှင်းဖြူနှင့် ခပ်ဆင်ဆင်ပင်။ ဒါကိုလည်း ယန်ယဲ့က သန့်စင် ထားတာလား။ သူမက အဆင့်မြင့်ဝိညာဉ်လက်နက်ရထားပြီးတာကို ဘာလို့ ဓားတိုလိုဦးမှာလဲ။

ပေထင်းဟွမ်၏ ရှုပ်ထွေးမှုကို သတိထားမိသဖြင့် မုယန်းသည် သူမအား လက်ထဲမှဓားတိုပေးပြီး ရှင်းပြလေသည် “ဒီတစ်ခါဆုက ရာယာအင်ပါယာက‌ နေ ပို့ပေးလိုက်တာပဲ.. မင်းအတွက်ပေးတာဖြစ်နိုင်တယ်.. ဒါက ညအရှင်သခင် က ကိုယ်တိုင်သန့်စင်ထားတဲ့ နတ်လက်နက်ပဲ.. ညအရှင်က မင်းကို ကိုယ်တိုင် ပေးချင်တယ်လို့ ပြောတယ်”

ပေထင်းဟွမ်သည် ဓားတိုကိုယူလိုက်သည်။ သည်တစ်ခေါက်တွင် သူမသည် မတုံးအတော့သလို ဤဓားတိုကို အထင်မသေးတော့ပေ။ သူမ၏ ခွန်အားတိုးလာလျှင် သူမအတွက် အဆင့်မြင့်သည့်ဝိညာဉ်လက်နက် ပေးမည် ဟု ယန်ယဲ့ပြောခဲ့သည်။ ဤဓားတိုသည် မည်သည့်အဆင့်ရှိသည်ကို သူမ မသိ ပေ။ ပေထင်းဟွမ်သည် အလွန်သိချင်နေသည်။ တွေဝေမှုမရှိဘဲ သူမ သွေးစက် ချကာ သူမအား သခင်အဖြစ် အသိအမှတ်ပြုစေသည်။ အမည်းရောင်ဓားတိုမှ ငွေရောင်အလင်းတန်းထွက်လာသည်။ ဓားတိုတွင် အားလုံးပေါင်း အဆင့် ငါး ဆင့်ရှိသည်။ သံသယဝင်စရာပင်မရှိပေ.. ဤအရာသည် နတ်လက်နက်ဖြစ် သည်။

“နတ်လက်နက်လား” ချင်းယွိသည်လည်း မြင်နေရသည်။ သူသည် ပေထင်းဟွမ်၏လက်ထဲမှ နတ်လက်နက်ကို ပျော်ရွှင်စွာကြည့်လေသည် “ညအရှင်သခင်က တော်တဲ့ လက်နက်သန့်စင်သခင်ကြီးဆိုတာကို ငါ ကြားဖူး တာကြာပြီ.. တကယ်ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး.. နတ်လက်နက်ကို မြင်လိုက်ရတာ ငါ ကံကောင်းတာပဲ”

“မဟုတ်ဘူး ငါ့အဖေဆီကကြားတာတော့ ညအရှင်သခင်က တကယ် တော့ ကောင်းကင်မီးသန့်စင်သခင်တဲ့.. သူက သာမန် လက်နက်သန့်စင်သခင် ကြီးမဟုတ်ဘူး.. သူ ကံကောင်းရင်တောင် ဒီလိုမျိုးနတ်လက်နက်ကို သန့်စင်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး.. ညီလေးပေယဲ့.. ညအရှင်က မင်းကို စာပို့ခိုင်းတယ်လို့ လည်း ငါ့အဖေပြောတယ်.. မင်းခွန်အားထပ်တက်လာရင် သူ မင်းကို ပိုကောင်း တဲ့ဆုပေးလိမ့်မယ်” မုယန်းသည် အလွန်ပင် အားကျနေသည်။ သူသည် ညအရှင်၏ အသိအမှတ်ပြုခြင်းကိုခံရရုံသာမကဘဲ ဆုလည်းရသည်။

***