မင်းက ငါ့ညီအစ်ကိုပဲ
Vol. 11 Ch. 212
မြို့ဝန်အိမ်တော်မှ ညအရှင်ကိုယ်တိုင် သန့်စင်ထားသည့်လက်နက်ကို ဆု အဖြစ်ပေးမည်ကိုသာ ကြိုသိထားလျှင် ဤသားရဲစီးကြောင်းတိုက်ပွဲသည် ထိုမျှ လွယ်ကူနိုင်မည်မဟုတ်ပေ။ ထိုနတ်လက်နက်ကြောင့် ပညာရှင်များအားလုံး သည် တိုက်ကြီးပေါ်တွင် မိုင်ထောင်းထောင်ချီအောင် သွေးချောင်းစီးအောင် လုပ်လိမ့်မည်။
ဤနတ်လက်နက်သည် ထိခိုက်စေနိုင်သောနတ်လက်နက်ဖြစ်သည်။
ပေထင်းဟွမ်သည် နှုတ်ခမ်းသပ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူမသည် ဤဓားတိုကိုအလွန်သဘောကျသည်။ သို့သော် သူမသည် လက်နက် သန့်စင်ရသည်ကို ပိုစိတ်ဝင်စားသည်။ သူမသာ မြို့တော်သိုသွားရလျှင် သူမ လိုချင်သည့် လက်နက်သန့်စင်နည်းကို သူ့ကိုသင်ခိုင်းရမည်။ ဤလုပ်ငန်းစဉ် သည် ပျော်ရွှင်ဖွယ်ဖြစ်သည်။
“နားလည်ပါပြီ ကျွန်တော်ကြိုးစားပါ့မယ်” ပေထင်းဟွမ်သည် ခေါင်းမော့ လာသည်။ “ဆုအတွက်ကျေးဇူးတင်ပါတယ်လို့ မြို့ဝန်ကို ကူပြောပေးပါဦး”
တကယ်တော့ မြို့ဝန်အိမ်တော်နှင့် ဘာမှမဆိုင်ပေ။ ပေထင်းဟွမ်သည် သူ့အတွက်ပြောပေးသည်ကို မုယန်းကောင်းစွာသိသည်။ သူသည် အလွန် ကျေးဇူးတင်မိသည်။ သူသည် လက်မြှောက်ကာ ပေထင်းဟွမ်ပေါ်တင်လိုက် သည် “တကယ်တော့ ငါ့အဖေက မင်းကိုတစ်ခုခုပေးချင်တာ.. ဒါပေမဲ့ ဒီဓားတို နဲ့မယှဉ်နိုင်ဘူးလေ.. ငါ့အဖေက မင်းကို ဖျောင်းဖျချင်တာ.. ဒါပေမဲ့ ငါတို့က ညီအစ်ကို သူငယ်ချင်းတွေပဲ.. အဲဒီလိုအပိုစကားတွေပြောဖို့မလိုဘူးလေ ဟုတ်တယ်မလား”
“ဒါပေါ့” ဆုနှင့်ယှဉ်လျှင် ပေထင်းဟွမ်သည် ညီအစ်ကို သူငယ်ချင်းကို ပိုတန်ဖိုးထားသည်။ သူမသည် မုယန်း၏ပခုံးပေါ်လက်တင်ကာ ပြန်ဖက်လိုက် သည် “တကယ်ပဲ ဖျောင်းဖျနေဖို့မလိုပါဘူး.. အစ်ကိုက ကျွန်တော့်သူငယ်ချင်း ဟုတ်သလို ညီအစ်ကိုလည်းဖြစ်နေတာပဲ.. နောက်ကို မှော်သားရဲခံတပ်က အန္တရာယ်ဖြစ်လာရင် ကျွန်တော်သေချာပေါက် ပြေးလာလိုက်မယ်.. ကျွန်တော် ဒုက္ခရောက်ရင်လည်း အစ်ကိုတို့က ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ယုံတယ်”
“သေချာပေါက်ပဲပေါ့ ပေယဲ့ မေးစရာလိုသေးလို့လား” မုယန်း၏ မျက်လုံး များအရောင်လက်လာသည်။ သူသည် လက်စွပ်ထဲမှ နောက်ထပ်ကျောက်တစ် လုံးထုတ်လိုက်သည်။ ၎င်းသည် ရေခဲဖန်တုံးနှင့်တူသည် အပြာရောင်ကျောက် တုံးဖြစ်သည်။ သူသည် ပေထင်းဟွမ်၏လက်ထဲသို့ ထည့်လိုက်သည် “ပေယဲ့ ဒါက ငါ့အဖေ မတော်တဆတွေ့ခဲ့တဲ့ သတ္တုတုံးပဲ.. ဒါကိုလရောင်ကျောက်လို့ ခေါ်တယ်.. ရှားတဲ့သတ္တုတုံးပဲ.. ဒါကအသက်အရင်းအမြစ်ကို မွေးမြူပေးတယ် လို့ပြောကြတယ်.. ငါ့အဖေလက်ထဲဆို အသုံးမဝင်ဘူး.. မင်းကိုပေးဖို့ ငါ့အဖေ ပေးလိုက်တာ”
ပေထင်းဟွမ် ထိုအရာကို လက်ခံရရှိချိန်တွင် ထူထဲသည့်စွမ်းအင်ရောင်ဝါ ပါဝင်နေသည်ကို ခံစားလိုက်ရသည်။ သူမသည် ဤအချိန်တွင် မသုံးနိုင်သေး သော်လည်း ဤပစ္စည်းသည် အလွန်အဖိုးတန်သည်မှာ ထင်ရှားလှသည်။ သန့်စင်သူများအတွက် ဤအရာသည် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးရတနာ ဖြစ်နိုင်သည်။ အသက်အရင်းအမြစ်ကို ပျိုးထောင်သည့် ဤလရောင်ကျောက် နှင့်ဆိုလျှင် သာမန်သန့်စင်သူသခင်ပင်လျှင် ဝိညာဉ်နက်လက်ကို အလွယ်တကူ သန့်စင်နိုင်သည်။
ပင်မတိုက်ကြီးတွင် ဝိညာဉ်လက်နက်သည် အဖိုးမဖြတ်နိုင်ပေ။
ညအရှင်သည် ပေထင်းဟွမ်အား တန်ဖိုးထားသည်ကို မြင်နေရသဖြင့် ပေထင်းဟွမ်အား ဆွဲဆောင်နိုင်ရန် မြို့စားမုဖုန်းသည် ဤလရောင်ကျောက်ကို သုံးခဲ့သသည်။ ယန်ယဲ့သည်လည်း ကောင်းကင်မီးလက်နက်သန့်စင်သူဖြစ် သည်။
“ဒါဆိုမြို့စားကို ကျေးဇူးတင်ရမှာပဲ” ပေထင်းဟွမ်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် သူမသည် နှင်းဖြူကိုထုတ်လိုက်သည်။ သူမသည် နတ်အာရုံကိုပြန်နှုတ်ကာ နှင်းဖြူပေါ်ရှိ သူမ၏ဝိညာဉ်အမှတ်အသားကို ပြန်ယူ ပြီး မုယန်းအားပေးလိုက်သည် “ဒီဓားက နှင်းဖြူလို့ခေါ်တဲ့ အဆင့်မြင့်ဝိညာဉ် လက်နက်ပါ.. ပုံစံသုံးမျိုးပြောင်းလို့ရတယ်.. ပြီးတော့ အခု ကျွန်တော်သုံးစရာ နေရာလည်းမရှိဘူး.. ဒါကိုအမှတ်တရအဖြစ်ပေးလိုက်မယ်”
သူ့ကို အမှတ်တရအနေနဲ့ အဆင့်မြင့်ဝိညာဉ်လက်နက် ပေးတယ်ဟုတ် လား။
ဒီအမှတ်တရက ဈေးကြီးလွန်းတာမဟုတ်ဘူးလား။ မုယန်းသည် သူ့ မျက်လုံးများ တောင်လောင်သွားသည်။ သူသည် ပေထင်းဟွမ်ဆီမှ မထင်ရှား သော ဓားတိုကိုယူလိုက်သည်။ သည်လက်နက်သည် သူမ အရင်ကတိုက်ခိုက် ချိန်တွင် သုံးသည့် ဓားပျော့ဖြစ်နိုင်သည်။ သို့သော် သူသည် လေးလံသောဓား များကိုသာ သုံးလေ့ရှိခဲ့သည်။ ဝိညာဉ်လက်နက်ကို တစ်ခါမှမထိဖူးသည့် မုယန်း သည် တွေဝေနေသည်။ သူသည် ဓားပျော့ကို သုံးနေမကျပေ။ ဒီလိုပစ္စည်း ကောင်းကို သူ့ကိုပေးတာ နှမြောစရာပဲမဟုတ်ဘူးလား။
သို့သော် ပေထင်းဟွမ် သုံးခဲ့သည့်လက်နက်ဖြစ်သည်။ မုယန်းသည် မငြင်းနိုင်သဖြင့် ယူလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ အမှတ်တရအဖြစ် သိမ်းထားရန် အကောင်းဆုံးဖြစ်သည်။
***