ဘာလို့ ခိုးပြေးတာလဲ
Vol. 11 Ch. 213
ပေထင်းဟွမ် စကားကိုပြန်ရုတ်သိမ်းမည်ကို စိုးသဖြင့် မုယန်းသည် နှင်းဖြူကို ယူပြီးပြေးလေသည်။
ချင်းယွိသည် ခေါင်းခါပြီးပြုံးလိုက်သည်။ သူ ပေထင်းဟွမ်ကိုကြည့်သည့် အကြည့်မှာ ပို၍ပင်နူးညံ့လာသည်။ ရှောင်ကျို့ဖြစ်စေ ပေယဲ့ဖြစ်စေ သူ့ရင်ထဲ တွင် အစမှအဆုံးထိ သူတို့သည် တစ်ယောက်တည်းဖြစ်နေခဲ့သည်။
“မင်းက မှော်သားရဲခံတပ်ကိုလာပြီး ဒီတိုက်ပွဲမှာဝင်တိုက်ခဲ့တယ်.. ပြီးတော့ နှင်းဝံပုလွေနဲ့ရေနက်အဖွဲ့အတွက် မှော်သားရဲတွေအများကြီး ထိန်းကျောင်းပေးခဲ့ပြီးတော့ မုယန်းအတွက် နှင်းဖြူကိုပေးခဲ့တယ်.. မင်းအတွက်ကျတော့ရော.. ငါတို့တွေ မင်းကို ဘာမှလည်းမပေးရဘူး” ချင်းယွိ၏ ရင်နာမိသည်။ သူမသည် အမြဲတမ်း ဤကဲ့သို့ပင်။ သူမသည် မကျင့်ကြံနိုင်စဉ်ကဖြစ်စေ ကမ္ဘာပေါ်တွင် အမှိုက်ဟုထင်မြင်ခံရစဉ်ကဖြစ်စေ သူရဲကောင်းဖြစ်လာချိန်တွင်လည်း သူမကိုယ်သူမထက် မိတ်ဆွေများအတွက် စဉ်းစားပေးခဲ့သည်။ သူမကိုယ်သူမ ဘယ်တော့မှ ဦးစားပေးမှာလဲ။
“အစ်ကိုချင်း ကျွန်တော့်မှာ အစ်ကိုတို့ရှိတယ်မဟုတ်ဘူးလား” ပေထင်းဟွမ်သည် အချစ်ခံရသည့်ခံစားချက်ကို ပျော်မွေ့သည်။ ချင်းယွိ၏လက် သည် သူမကို အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ဂရုစိုက်ပေးသည်မှာ သူမအတွက် နွေဦးလေပြေကဲ့သို့ ခံစားရစေသည်။
ဤကိစ္စများသည် သူမအတွက် ရှင်းပြရန်ခက်သည်ကို ချင်းယွိသိသည်။ သူသည် တင်းမာသောမျက်နှာဖြင့် သူမကို အပြစ်နေသကဲ့သို့ ကြည့်လေသည်။ “ဘာလို့ခိုးပြေးချင်နေတာလဲ.. မင်းက အစ်ကိုကြီးကိုတောင် နှုတ်မဆက်ချင်ဘူး လား”
ပေထင်းဟွမ်၏မျက်နှာသည် အနည်းငယ်လေးနက်သွားလေသည် “အစ်ကိုချင်း ကျွန်တော့်တဲထဲမှာ ထိန်းကျောင်းပြီးသား မွန်မြတ်တဲ့သားရဲ ၅ ကောင်ထားခဲ့တယ်.. ကျွန်တော်စစ်မြေပြင်မှာဖမ်းခဲ့တဲ့ နီရဲမီးလျှံကျား၊ မြေကြီး ချပ်ဝတ်နဂါး၊ သွေးဆာလင်းနို့၊ မိုးဟိန်းဂဠုန်နဲ့ မီးလျှံယုံမှားငှက်တွေပဲ.. မီးလျှံ ယုံမှားငှက်မဆိုးဘူး.. ပြီးတော့ ကျွန်တော် မှော်သားရဲတွေထိန်းကျောင်းတုန်း က မှော်သားရဲတွေရဲ့အဆင့်လည်း တက်သွားတယ်.. နီရဲမီးတောက်ကျားနဲ့ မြေကြီးချပ်ဝတ်နဂါးတွေက အခုဆို ကြယ် ၅ ပွင့်နဲ့ ကြယ် ၆ ပွင့် မွန်မြတ်တဲ့ သားရဲတွေဖြစ်နေပြီ.. သွေးဆာလင်းနို့နဲ့ မိုးဟိန်းဂဠုန်တို့က ကြယ် ၇ ပွင့် မွန်မြတ်တဲ့သားရဲနဲ့ မီးလျှံယုံမှားငှက်က အခုဆို ကြယ် ၉ ပွင့်မွန်မြတ်တဲ့သားရဲ ဖြစ်နေပြီ.. ပြီးတော့ သူ့မီးတောက်က မြေကြီးမီးမှာဆို နံပါတ် ၁ အမျိုးအစား ကြာရိုးမီးပဲ.. သူန့်စာချုပ်တည်ထောင်လိုက်ရင် သူ့ရဲ့ မြေကြီးမီးကို သုံးလို့ရ တယ် နောက်ဆိုရင် ဆေးသန့်စင်တဲ့အခါတို့ လက်နက်သန့်စင်တဲ့အချိန်ကျရင် အကူအညီကြီးဖြစ်လိမ့်မယ်”
ချင်းယွိ၏ရင်ထဲတွင် ကျေးဇူးတင်သည့်စိတ်နှင့်အတူ မလိုလားမှုလည်း ကြီးစိုးနေသည်။ သူမ အကျဘက်ရောက်နေချိန်တွင် သူသည် အကူအညီ များများစားစားမပေးနိုင်ခဲ့ပေ။ ယခုအခါ သူမသည် သူ့ကို လေးစားသမှုသဖြင့် ကောင်းကောင်းဆက်ဆံပေးသည်။
သူမသည် ချင်းယွိ၏ စိတ်ကိုဖတ်နိုင်သည့်အတိုင်းပင် ပေထင်းဟွမ်သည် ရင်ထဲထိမိသည်။ “အစ်ကိုချင်း ကျွန်တော်တို့က ညီအစ်ကိုတွေပဲ.. ညီအစ်ကို အရင်းတွေလိုပဲ.. ကျွန်တော့်မှာ ပြဿနာတွေအများကြီးရှိသေးတယ် အဲဒါ ကြောင့် ရွေးချယ်စရာမရှိဘဲ ထွက်သွားရမှာ.. နောက်ပိုင်း ဒီပြဿနာတွေကို ရှင်းပြီးသွားရင် တိုက်ကြီးမှာ အတူခရီးသွားကြတာပေါ့.. ကျွန်တော်လည်း အစ်ကိုနဲ့ အတူတူ တိုက်ခိုက်ရတာကို တကယ်သဘောကျတာ.. အဲခံစားချက် က အရမ်းကောင်းတာပဲ”
ပေထင်းဟွမ် မျက်နှာဖုံးဝတ်ပြီး သူမ၏နာမည်အရင်းကို မသုံးသည်မှာ အကြောင်းအရင်းရှိလိမ့်မည်ဟု ချင်းယွိခန့်မှန်းမိသည်။ သူ့ရင်များ ပို၍ပင် နာကျင်သွားသည်။ သူမသည် ငယ်သေးသည်။ သူမရဲ့ပခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုး တွေ ဘယ်လောက်တောင်ရှိနေတာလဲ။ မွန်မြတ်သောသားရဲရှိနေတဲ့ ပေထင်းဟွမ်တောင် မကိုင်တွယ်နိုင်တဲ့ပြဿနာတွေက ဘယ်လောက်တောင် ရှိနေတာလဲ။ ယခုအခါ သူမ၏မွန်မြတ်သောသားရဲသည် သန့်စင်သော သားတော်ကို သတ်လိုက်ပြီဖြစ်ရာ အနှေးနှင့်အမြန်ပင် ပေထင်းဟွမ်သည် စီရင်ချက်ဗိမာန်ကို ရင်ဆိုင်ရဦးမည်… သူသည် စိတ်ပိုင်းဖြတ်ကာ ခေါင်းညိတ် လိုက်သည် “ဟုတ်ပြီ မင်းသတင်းကို ငါစောင့်နေမယ်.. ပြီးတော့ မင်း အပြင် ထွက်သွားပြီဆို မင်းရဲ့မွန်မြတ်တဲ့သားရဲနှစ်ကောင်ကို ထုတ်မပြတာကောင်း မယ်”
ပေထင်းဟွမ်သည် ပျော်ရွှင်စွာပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူငယ်ချင်းတစ်ယောက်ဆီမှ ယုံကြည်ပေးမှုနှင့် ဂရုစိုက်ပေးမှုခံရသည့် ခံစား ချက်သည် အမှန်တကယ်ပင်ကောင်းသည်။ သူမသည် လက်မြှောက်ကာ မျက်နှာကိုဝေ့ယမ်းပြီး သူမ၏မျက်နှာကို ပြသလိုက်သည်။ ချင်းယွိသည် သူမ၏ သရုပ်မှန်ကို ထုတ်ပြမည်ကို သူမ မကြောက်ပေ။ သူ၏အေးစက်ပြီးချောမော သော မျက်နှာအောက်တွင် ပေထင်းဟွမ်၏ အသံသည် ခါတိုင်းကဲ့သို့ အေးစက် မနေတော့ပေ။ သူမသည် သူနှင့် ခွဲခွာရမည်ကို တွန့်ဆုတ်နေသည်။ သူမသည် ချင်းယွိအားလက်ဝေ့ယမ်းကာပြောလိုက်သည် “အစ်ကို နောက်တစ်ခါ တွေ့ကြတာပေါ့”
***