နတ်သခင်ကြီးရဲ့ဒေါသ
Vol. 11 Ch. 214
ချင်းယွိသည် သူမကို မှော်သားရဲတောင်တန်းများအစွန်းထိ လိုက်ပို့သည်။ သူသည် နှစ်တစ်ထောင်သက်တမ်းရှိ ရှေးသစ်ပင်ကြီးအောက်တွင်ရပ်ကာ သူမ၏ ပုံရိပ် တဖြည်းဖြည်းဝေးကွာသွားသည်ကို ကြည့်နေခဲ့၏။ တဖြည်းဖြည်း နှင့် သူမသည် အစက်အပျောက်အဖြစ်ပြောင်းသွားကာ ထူထဲသောတောအုပ်ထဲ တွင် ပျောက်ကွယ်သွားလေသည်။
သူတို့၏သခင်လေး အတန်ကြာသည်အထိ ထွက်သွားရန် တွန့်ဆုတ်နေ သည်ကိုကြည့်ပြီး ခေါင်းဆောင်နှင့် တိုင်နွန်တို့သည် စိတ်ထဲမှ သက်ပြင်းချမိကြ သည်။ သနားစရာသခင်လေး… သူက သခင်ပေယဲ့နဲ့ ဒီအတိုင်းပဲ လမ်းလွဲသွား ပြီ။ သူသိသွားလျှင် စစ်သူကြီးသည် သူ့ရင်ဘတ်ကိုရိုက်ပြီး ခြေဖဝါးဆောင့်လိမ့် မလားဟု သိချင်မိသည်။
“ဌာနချုပ်ကို ပြန်ပြီးရင် ဓားတံခါးမျှော်စင်ကိုဝင်ပြီး လေ့ကျင့်မယ်.. အပြင်က ကိစ္စတွေကို မင်းတို့နှစ်ယောက်ကိုပဲ အပ်ထားခဲ့မယ်” ချင်းယွိသည် ပြောပြီးသည်နှင့် မည်းနက်နေသောမျက်နှာထားဖြင့် ထွက်သွားလေသည်။
“ဘာ” ခေါင်းဆောင်သည် ထိတ်လန့်သွားကာ ရှေ့သို့တိုးလိုက်၏။ “သခင်လေး အရင်ကြေးစားအဖွဲ့ခေါင်းဆောင်တွေက ကောင်းကင်အဆင့်ထိ တက်ပြီးမှ ဓားတံခါးမျှော်စင်ကိုဝင်ကြတာ.. သခင်လေး.. အခုသွားရင် ဒုက္ခ မရောက်နိုင်ဘူးလား”
“ဟုတ်တယ် သခင်လေး.. အဖွဲ့ခေါင်းဆောင်က ဝင်ခွင့်ပြုမှာမဟုတ်ဘူး” တိုင်နွန်သည် ဖျောင်းဖျလေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါဝင်ရမယ်..” ချင်းယွိသည် ခေါင်းမော့ပြီး ကောင်းကင်ကြီးအား ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် နူးညံ့သောမျက်လုံးများ ထဲတွင် မကြုံစဖူးစိတ်ပိုင်းဖြတ်မှုများရှိနေသည်။ “ငါ ခွန်အားတက်လာမှ သူ့ကို ကာကွယ်နိုင်မှာ.. သူလည်း ဒီလောက်ခံစားနေရမှာမဟုတ်ဘူး”
“ဟင်” သူတို့နှစ်ယောက်သည် ဆွံ့အသွားကြသည်။ သူနှင့် တိုင်နွန်တို့ သည်တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြကာ သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်မှုများကို မြင်လိုက်ရသည်။ သူတို့သခင်လေးက လမ်းမှားကိုတောင် လျှောက်နေပြီ။ သူတို့ရဲ့အဖွဲ့ခေါင်းဆောင် ဘယ်လိုများ အသက်ရှင်နိုင်တော့မှာ လဲ။
သူတို့နှစ်ယောက်သည် ငိုချင်သော်လည်း မျက်ရည်မထွက်ပေ။ သူတို့ သည် ရေနက်ကြေးစားအဖွဲ့ခေါင်းဆောင်၏ သမီးဖြစ်သူဟွမ်မုန်ပေါ်တွင်သာ မျှော်လင့်ချက်ထားရတော့မည်။ ထိုမိန်းကလေးသည် သူမ၏ကျက်သရေကို အသုံးချကာ ချင်းယွိကို သတိဝင်လာအောင် လုပ်နိုင်မလားဟု သူတို့ကြည့်ချင်မိ သည်။
ပေထင်းဟွမ်ထွက်သွားပြီးနောက် ပေထင်းဟွမ်၏ စီမံချက်အတိုင်း ချင်းယွိသည် မီးလျှံယုံမှားငှက်နှင့် စာချုပ်တည်ထောင်လိုက်သည်။ သူ၏ ပါးစပ်ကျယ်လင်းတကို လွှတ်လိုက်ပြီးနောက် မြေကြီးချပ်ဝတ်နဂါးနှင့် စာချုပ် တည်ထောင်ခဲ့သည်။ ပေထင်းဟွမ်သည် သူ့ကို မြေကြီးချပ်ဝတ်နဂါးနှင့် စာချုပ် တည်ထောင်စေချင်သည်။ မြေကြီးချပ်ဝတ်နဂါး၏ ခုခံနိုင်မှုသည် သန်မာသည် ဟု သူမ ပြောခဲ့သည်။ သူမက သူထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်နေတာမလား။
သည်လိုနှင့် သူသည် သူမကို ဂရုစိုက်မိကာ နေ့နေ့ညည သူမကို စိုးရိမ်ရုံ သာ တတ်နိုင်တော့သည်။
နှင်းဝံပုလွေထွက်သွားပြီးနောက် ရေနက်လည်း ထွက်သွားသည်။ လှည့်လည်သွားလာသူများ ဤစခန်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွား သည်နှင့် သည်နှစ် မှော်သားရဲစီးကြောင်းသည် အဆုံးသတ်သွားတော့သည်။
ဂူဟောက်သေဆုံးပြီးနောက် စီရင်ချက်ဗိမာန်တွင်ကျန်ခဲ့သည့် သူ၏ အသက်တံဆိပ်ပြားသည် ကွဲသွားတော့သည်။ ဤမမျှော်လင့်ထားသော ဖြစ်ရပ် သည် စီရင်ချက်ဗိမာန်တစ်ခုလုံးအတွက် မိုးပြိုသွားသလို ထိတ်လန့်သွားစေ သည်။ ဂူဟောက်သည် နှစ်ပေါင်းများစွာ ပွဲထွက်ခဲ့ပြီးဖြစ်ကာ ဓား ၃ လက် ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ စီရင်ချက်ဗိမာန်၏ သန့်စင်သောသားတော်အနေ နှင့် သူ့ရာထူးသည် နတ်ဘုရားဧကရာဇ်ကျီမင်ထက်သာ နိမ့်သည်။ စီရင်ချက် ဗိမာန်ကိုဆန့်ကျင်ပြီး သန့်စင်သောသားတော်ကို သတ်ရဲလောက်အောင် ဘယ်သူကများ သတ္တိတွေရဲနေတာလဲ။
သန့်စင်သောသားတော်သည် ဤတိုက်ကြီးတွင် ညအရှင်ပြီးလျှင် ဒုတိယ မြောက် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သည်။ သူ၏သေဆုံးမှုသည် စီရင်ချက် ဗိမာန်အတွက် ဘေးဒုက္ခထက်မလျော့ပေ။
တောက်ပသော စီရင်ချက်ဗိမာန်၏ မြင့်မားသောပုလ္လင်ပေါ်တွင် ထိုင်နေသော ရွှေရောင်မျက်အိမ်၊ ငွေရောင်ဆံပင်ရှည်နှင့်လူကြီးသည် နှင်းဖြူရောင် ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် ပိန်ပါးကာ ပုလ္လင်၏နဂါးလက်ကိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ် သည် ရှေ့သို့ကိုင်းလာကာ ရွှေရောင်မျက်လုံးထဲမှ နာကျင်မှုများသည် ဖုံးဖိ၍မရ ပေ။ အောက်မှအကြီးအကဲများကိုကြည့်သည့် သူ့မျက်နှာတွင် လှောင်ပြောင် သည့်အပြုံးရှိနေသည် “သန့်စင်တဲ့သားတော် ကျဆုံးမှုအတွက် ဘယ်သူတာဝန် ယူမှာလဲ… ပေယဲ့ရဲ့အသက်နဲ့လဲဖို့ မွန်မြတ်တဲ့သားရဲပေါက်ကို သုံးဖို့ သန့်စင်တဲ့သားတော်ကို ဘယ်သူပြောတာလဲ.. သန့်စင်တဲ့သားတော်က ဘယ်မှာလဲ.. သားမွေးကရော”
ကျီမင်၏အသံသည် ပိုပိုကျယ်လာရာ သူ၏အေးစက်သော ပုံရိပ်နှင့် မတူ တော့ပေ။ စားပွဲထိပ်တွင်ထိုင်နေသည့် အကြီးအကဲကြီးသည် အများဆုံးခံစားရ သည်။ သူသည် ခေါင်းငုံ့ထားကာ သူ့ကိုမကြည့်ရဲပေ။ သို့သော် စိတ်ထဲမှ ရေရွတ်နေသည် “သန့်စင်တဲ့သားတော်ဂူဟောက်က စီရင်ချက်နတ်ဘုရားရဲ့ တရားမဝင်သားလို့သိရတယ်.. အစကတော့ အဲဒါကိုမယုံရဲဘူး ဒါပေမဲ့ အခု ကြည့်ရတာ အမှန်ဖြစ်နိုင်တယ်”
***