← Chapters

အဖြူအမည်းပြောင်းပြန်လှန်ခြင်း၊ အရှက်မဲ့ခြင်း

Vol. 11 Ch. 215

အဖြူအမည်းပြောင်းပြန်လှန်ခြင်း၊ အရှက်မဲ့ခြင်း

Vol. 11 Ch. 215

ထို့အပြင် အတိတ်များဆီက စီရင်ချက်ဗိမာန်တွင် ရာထူးမြင့်လူများ အသတ်မခံရဖူးခြင်းလည်း မဟုတ်ပေ။ ညအရှင်သည် ဒုအကြီးအကဲကိုသတ်ခဲ့ ၍လား၊ သို့မဟုတ် ဒုအကြီးအကဲသည် တရားမဝင်သားဖြစ်‌နေ၍လားတော့ မသိနိုင်ပေ။ နတ်သခင်ကြီးသည် ရာယာအင်ပါယာ၏ ဧကရာဇ်ကို အလွန်အမင်း ရှုံ့ချသည်။ ဤကိစ္စကို မဖြေရှင်းနိုင်သေးပေ။

အကြီးအကဲကြီး စကားမပြောနိုင်တော့သည်ကို အသစ်တက်လာသည့် ဒုအကြီးအကဲမြင်နေရသည်။ သူသည် ဤရာထူးကိုရလာသည်မှာ နှစ်အနည်း ငယ်သာရှိသေးကာ နတ်သခင်၏ အသိအမှတ်ပြုမှုနှင့် နှစ်သက်မှုကို လိုချင်နေ ခြင်းဖြစ်သည်။ ထို့ကြောင့် သူ တာဝန်ခံလိုက်သည် “နတ်သခင် အဲဒီကောင်လေးပေယဲ့က သူ့အတွက်ဘာကကောင်းလဲဆိုတာကို မသိဘူး.. ဒီ မှော်သားရဲစီးကြောင်းစစ်ပွဲကို ထောက်ပံ့ဖို့အတွက် ကျုပ်တို့စီရင်ချက်ဗိမာန်က အဖိုးတန်မွန်မြတ်တဲ့သားရဲပေါက်ကို ထုတ်သုံးခဲ့တာ.. ပေယဲ့က ကျေးဇူးတင်ရ ကောင်းမှန်းမသိဘဲ သန့်စင်တဲ့သားတော်ကို မနာလိုအားကျမှုကြောင့် သတ်ပစ် ခဲ့တယ်.. ဒါက တိုက်တစ်ခုလုံးရဲ့ရှေ့မှာ စီရင်ချက်ဗိမာန်ရဲ့မျက်နှာကို ဖြတ်ရိုက် လိုက်တာပဲ.. ကျုပ် သန့်စင်တဲ့သားတော်အတွက် ဒီသစ္စာဖောက်ကိုသတ်ဖို့ သွားချင်ပါတယ်”

အကြီးအကဲကြီးသည် ဒုအကြီးအကဲကို မျက်လုံးထောင့်မှ ကြည့်လိုက် သည်။ သူသည် ဤလူ၏အရှက်ကင်းမဲ့မှုကို စိတ်ထဲမှ ချီးကျူးမိသည်။ ထိုစဉ်က သန့်စင်သောသားတော်သည် ပေယဲ့၏ မွန်မြတ်သောသားရဲနှစ်ကောင်ကိုယူရန် မွန်မြတ်သောသားရဲပေါက်ကို ယူသွားခဲ့သည်။ ယခု သူသေသွားသလို မစ်ရှင် လည်းကျရှုံးခဲ့သည်။ ဒုအကြီးအကဲအဆိုအရ မွန်မြတ်သောသားရဲပေါက်သည် ပေယဲ့အတွက် ဤမှော်သားရဲစီးကြောင်းတွင် စီရင်ချက်ဗိမာန်မှပေးသည့် ဆု ဖြစ်သွားသည်။

သို့သော် ကောင်းကင်သိသည်။ မြေကြီးသိသည်။ သူလည်းသိသည်။ တခြားသူများမသိလျှင် ကိစ္စမရှိပေ။ သူသည် သန့်စင်သောသားတော်ကို ပေယဲ့ သတ်လိုက်ကြောင်းကို ဖန်လုံးမှတစ်ဆင့် တွေ့မြင်ပြီးသားဖြစ်သည်။ သန့်စင် သောသားတော်သည် ပေယဲ့ကို ချောင်းမြောင်းတိုက်ခိုက်ပြီး ပေယဲ့၏ မွန်မြတ် သောသားရဲ၏ သတ်ခြင်းကိုခံလိုက်ရသည်။ ယခု သန့်စင်သောသားတော်ကို မနာလိုသည်မှာ ပေယဲ့ဖြစ်သွားပြန်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ထိပ်ဆုံးသို့ရောက်ချင်သည့် ဒုအကြီးအကဲ၏ အရှက်ကင်းမဲ့မှုကို အကြီးအကဲကြီးက မည်သို့မသိဘဲနေမည် နည်း။

သို့သော် ထိုစကားကိုကြားပြီးနောက် နတ်သခင်ကျေနပ်နေသည်မှာ သိသာလွန်းသည်။ သူ့မျက်နှာထားသည် အနည်းငယ်နူးညံ့သွားသည်။

သို့သော် အကြီးအကဲသည် မသင့်တော်သည့်အချိန်တွင် မတ်တတ်ရပ်ပြီး ငြင်းဆန်လေသည် “နတ်သခင် တစ်ဖက်လူက အထွတ်အမြတ်သားရဲရှိပြီး သားရဲထိန်းသခင်ကြီးလည်းဖြစ်နေတယ်.. ကျုပ်အမြင်အရတော့ အဲလို အရည်အချင်းမျိုးက တိုက်တစ်ခုလုံးက အင်အားကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင် တယ်.. ညအရှင်သခင်ကလည်း သူ့ကို အတော်လေး သဘောကျတယ်လို့ ကျုပ် ကြားတယ်.. အဲလိုလူကို တိုက်ခိုက်ရင် တိုက်ကြီးမှာ လူထုက ဒေါသထွက်မှာ ကိုစိုးရပါတယ်” သူသည် ခက်ခက်ခဲခဲတံတွေးမျိုချကာ ထင်မြင်ချက်ကို ခေါင်းမာစွာဖြင့် ပြောလေသည် “သန့်စင်တဲ့သားတော်က ကျဆုံးပြီးနေပါပြီ.. ပြီးတော့ သန့်စင်တဲ့သားတော်အသစ်လည်းမရှိသေးဘူး.. ကျုပ်အမြင်ကတော့ အဲလိုမျိုးအရည်အချင်းရှိတဲ့သူကို စီရင်ချက်ဗိမာန်အတွက် ခန့်အပ်သင့်တယ်လို့ ထင်ပါတယ်”

နတ်ခန်းမသည် တိတ်ဆိတ်သွားသည်။ အားလုံးသည် ကြောက်ရွံ့မှု ကြောင့် တုန်ယင်နေကြသည်။ အကြီးအကဲကြီးပြောသည်မှာ အဓိပ္ပာယ်ရှိသည် ကို သိကြသော်လည်း အကြီးအကဲကြီးအတွက် ချွေးအေးများပြန်မိသည်။

နတ်သခင်သည် သန့်စင်သောသားတော် သေဆုံးမှုအပေါ်တွင် အလွန် အမင်း ဒေါသထွက်နေသည်ကို အားလုံးပြောနိုင်ကြသည်။ မည်သူကမှ နတ်သခင်၏ဒေါသကို မခံနိုင်ကြပေ။ သို့သော် အကြီးအကဲကြီးသည် ကျားဂူ ထဲတိုးဝင်ခဲ့သည်။ ပြောရရင် သူ အဲလောက် လန့်စရာကောင်းတဲ့ကိစ္စကို လုပ် ချင်လည်းရတယ်.. ဒါပေမဲ့ သူတို့ထွက်သွားတာကို စောင့်ပြီး နှစ်ယောက်တည်း ရှိတဲ့အချိန်မှပြောပါလား။

နတ်သခင်၏မျက်လုံးများသည် အေးစက်သွားကာ အကြီးအကဲကြီးကို စိုက်ကြည့်နေသည်။ အကြီးအကဲကြီးသည် တုန်ယင်ပြီး အသက်ရှူကြပ်လု နီးပါးပင်။ သို့သော် သူတောင့်ခံနေတုန်းပင်။ သူသည် နတ်သခင်၏ ရန်ငြိုးရန်စ ကြောင့် စီရင်ချက်ဗိမာန်ပျက်စိးသွားမည်ကို ကြည့်မနေနိုင်ပေ။

ပေယဲ့သည် ဤတိုက်ကြီးတွင် ရှားပါးသောပါရမီရှင်ဖြစ်သည်။ သူသည် ၁၄ နှစ်အရွယ် ဝိညာဉ်သခင်ကြီး၊ အပြာရောင်ဒြပ်စင်စွမ်းအားကျင့်နိုင်သည့် မြေကြီးအဆင့်ဝိညာဉ်ဖြစ်ပြီး အားကောင်းသည့်အထွတ်အမြတ်သားရဲပိုင်ဆိုင် ကာ သားရဲထိန်းသခင်ကြီးလည်းဖြစ်သည်။ စီရင်ချက်ဗိမာန်ပင်လျှင် သူနှင့် တိုက်ခိုက်ရန် နှစ်ကြိမ်မျှစဉ်းစားရမည်။

အမှောင်နတ်မိစ္ဆာနန်းတော်သည် စီရင်ချက်ဗိမာန်အား ငမ်းငမ်းတက် စောင့်ကြည့်နေသည်ကို အားလုံးသိကြသည်။ အကယ်၍ လွန်ခဲ့သည့် ၅ နှစ်က မီးလျှံမြို့မှ ထိုလူသည် အမှောင်နတ်မိစ္ဆာနန်းတော်၏ ခွန်အားတစ်ဝက်ကိုသာ မသတ်ခဲ့လျှင် စီရင်ချက်ဗိမာန်နှင့် အမှောင်နတ်မိစ္ဆာနန်းတော်ကြားတွင် မည်သူ အားကြီးသည်ကို ပြောနိုင်ရန် မသေချာပေ။

***

All Chapters