← Chapters

မင်းကို သင်ခန်းစာပေးချင်တယ်

Vol. 11 Ch. 216

မင်းကို သင်ခန်းစာပေးချင်တယ်

Vol. 11 Ch. 216

နတ်သခင်နှင့် အကြီးအကဲကြီးတို့ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုသည် နတ်ခန်းမတစ်ခုလုံး၏ လေထုကို အလွန်အမင်းတင်းမာစေသည်။ အချိန်သည် အထူးသဖြင့် နှေးကွေးနေသလိုပင်။ စက္ကန့်တိုင်းသည် ညှဉ်းပန်းနေသလိုပင်။ နောက်ဆုံးတွင် လေထုကြီးပြိုကွဲသွားသည်။ နတ်သခင် ဘာကိုတွေးလိုက်သည် မသိပေ။ သို့သော် သူ အေးစက်စွာပြောလာသည် “ကျုပ်သဘောတူတယ်.. ဒါပေမဲ့ အကြီးအကဲကြီး ပေယဲ့က ကျုပ်တို့ခန့်အပ်မှုကို လက်ခံမယ်လို့ ဘယ်လို တွေများ ယုံကြည်ချက်ရှိနေတာလဲ”

အကြီးအကဲသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်ကြီးချကာ ခေါင်းကိုပိုငုံ့သွားသည် “ဒါဆို သူ့ကို ပေးနိုင်သမျှပေးရမှာပေါ့.. အဲလို အရည်အချင်းရှိတဲ့လူကို ကျုပ်တို့မသုံးနိုင်ဘဲ အမှောင်နတ်မိစ္ဆာခန်းမက ခေါ်သွားမယ်ဆိုရင် ကျုပ်တို့အတွက် ပြဿနာကြီးဖြစ်လိမ့်မယ်.. ဝမ်းနည်းနေ တာထက် လုံခြုံတာပိုကောင်းပါတယ်.. အဲကလေးက ကျေးဇူးတင်ရကောင်း မှန်းမသိရင်တော့ ကျုပ်တို့စီရင်ချက်ဗိမာန်က ဒီပြိုင်ဘက်ကင်းပါရမီရှင်ကို စောစောပြန်ဝင်စားအောင် ပို့ပေးရတာပေါ့”

နတ်သခင်၏ ရွှေရောင်မျက်အိမ်များသည် အကြီးအကဲကြီး ထိုစကားများ ပြောချိန်တွင် မည်မျှစိတ်ရင်းမှန်ကြောင်းကို အတန်ကြာအောင်စိုက်ကြည့်နေ သည်။ သူသည် အလွန်အေးစက်သောအသံဖြင့် ပြောလေသည် “ဒါဆို ဒီခန့်အပ် တဲ့တာဝန်ကို ဒုအကြီးအကဲယူလိုက်ပါ အကုန်သွားကြတော့ ဒုအကြီးအကဲ နေခဲ့ပါ”

ကြီးမားသောခန်းမကြီးတွင် လူနှစ်ဦးသာကျန်ခဲ့သည်။ သူတို့သည် အဆင့် မြင့် နတ်သခင်နှင့် ကြမ်းပေါ်တွင် ပြားပြားဝပ်နေသော ဒုအကြီးအကဲတို့ဖြစ်ကြ သည်။ နတ်သခင်၏အေးစက်သောအသံသည် ဘာမှမရှိသောခန်းမထဲတွင် ပဲ့တင်ထပ်လာသည် “ဒုအကြီးအကဲ ဒီတာဝန်ကို ဘယ်လိုပြီးအောင်လုပ်ရမလဲ ဆိုတာ သိတယ်မလား”

အမှန်အတိုင်းပြောရလျှင် ဒုအကြီးအကဲသည် မသိပေ။ သို့သော် သူသည် လူများ၏စိတ်ကိုဖတ်ရာတွင် တော်သည်။ စဉ်းစားကြည့်ပြီးနောက် သူ ခေါင်းပို ငုံ့သွားသည် “နတ်သခင် စိတ်မပူပါနဲ့.. အဲကောင်စုတ်ပေယဲ့ ကျုပ်လက်ထဲက မလွတ်နိုင်ပါဘူး.. သူ့အတွက်ဘာကကောင်းလဲဆိုတာကိုမသိဘဲ စီရင်ချက် ဗိမာန်ကိုမလာရင် သူ့ကိုခွေးလိုပဲနေခိုင်းရမှာပေါ့.. အဲလိုဆိုရင် ကျုပ်တို့ သန့်စင် တဲ့သားတော်အတွက် လက်စားချေနိုင်ရုံတင်မကဘဲ စီရင်ချက်ဗိမာန်ကိုလည်း ကူညီရာရောက်တယ်.. သူ့အတွက် ဘာကကောင်းလဲဆိုတာမသိရင် ဒီကမ္ဘာမှာ နောင်တရသွားအောင်လုပ်ပေးလိုက်မယ်”

နားဝင်ချိုလိုက်တဲ့ ကြေညာချက်ပါလား။

နတ်သခင်သည် သူ့ခန္ဓာကိုယ်မှ ခါးပတ်အား ကစားနေသည်။ ဤ ဒုအကြီးအကဲကို သန့်စင်သောဂူဟောက်မှ ရွေးချယ်ထားခြင်းဖြစ်သည်။ သူသည် ဤကဲ့သို့ အမြင်ရှိသည့်လူဖြစ်လိမ့်မည်ဟု ထင်မထားပေ။ နတ်သခင် ခေါင်းညိတ်လိုက်သည်။ သူ၏ရွှေရောင်မျက်လုံးများသည် အေးစက်စွာဖြင့် အပြင်သို့ကြည့်လိုက်သည် “ကျုပ်ကျန်တဲ့ဘဝမှာ စီရင်ချက်ဗိမာန်ရဲ့ ဥပဒေနဲ့ သန့်စင်တဲ့သားတော်အတွက် သေချာပေါက် လက်စားချေမယ်.. ကောင်းပြီ ခင်ဗျားသွားတော.. ဒီတာဝန်ပြီးသွားရင် စီရင်ချက်ဗိမာန်က ဖမ်းမိတဲ့ ကြယ် ၁ ပွင့် နတ်သားရဲကို ခင်ဗျားကို ဆုအဖြစ်ပေးမယ်”

“ကျေးဇူးတင်ပါတယ် နတ်သခင်” ဒုအကြီးအကဲသည် ပျော်သွားသည်။ သူ၏ လက်ရှိစာချုပ်သားရဲသည် ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲသာဖြစ်၏။ သူသာ နတ်သားရဲရလျှင် ပအကြီးအကဲနှင့် ယှဉ်ပြိုင်ရန် ခွန်အားရှိသွားမည်။ အဲအချိန်ကျရင် အဲအဘိုးကြီးက သူ့ကိုအထင်သေးဦးမလားကြည့်တာပေါ့။

နတ်သခင်သည် လက်မြှောက်ကာ ခါပြပြီး ဒုအကြီးအကဲယင်ချင်းအား ခွေးတစ်ကောင်ကဲ့သို့ နှင်ထုတ်လိုက်သည်။ သူသည် ပုလ္လင်ပေါ်တွင် တစ်ယောက်တည်းထိုင်ကာ ကျန်ခဲ့သည်။ သူ၏လက်ရှိခံစားချက်ကို မည်သူမှ နားမလည်ကြပေ။ အမုန်းတရားများသည် အဆုံးမရှိပေါ်ထွက်လာပြီး သူ့စိတ် ထဲတွင် မျိုချနေရသည်။ သူသည် သူ့ရင်ခွင်ထဲတွင် သန့်စင်သောသားတော် ဂူဟောက်ကို ပထမဆုံးအကြိမ် ပွေ့ဖွက်ခဲ့ရသည့်အချိန်ကို မမေ့နိုင်ပေ။ ပအကြီးအကဲ ပြောသည်မှာမှန်သည်။ ဂူဟောက်သည် သူ၏သားဖြစ်သည်။ သူ၏ တစ်ဦးတည်းသောသားပင်။

အရင် သူ သန့်စင်သောသားတော်ဘဝက သူသည် တာဝန်အတွက် အပြင် သွားရင်းနှင့် မှော်သားရဲတောအစွန်းတွင် မိန်းကလေးတစ်ဦးမှ သူ့ကို ကယ်တင် ခဲ့သည်။ သူ ကျန်းမာရေးအနည်းငယ်ကောင်းလာသည်နှင့် ထိုမိန်းကလေးနှင့် ငြိစွန်းခဲ့သည်။ သူသည် သူမကို မေ့မေ့ပျောက်ပျောက်ဖြစ်နေချိန် ၁ နှစ်အကြာ တွင် ကလေးကို လူတစ်ယောက်မှခေါ်လာသည်။ ထိုအချိန်က အရင်နတ်သခင် သည် နတ်မိစ္ဆာသခင်၏ သတ်ခြင်းကိုခံရပြီး သေဆုံးသွားခဲ့သည်။ သူသည် နတ်သခင်အဖြစ် အောင်မြင်စွာဆက်ခံခဲ့သည်။ သူသည် ထိုကလေးကို ပထမ ဆုံးမြင်လိုက်ရချိန်က သူ၏ရွှေရောင်မျက်လုံးများသည် အာရုံစိုက်စရာဖြစ်ခဲ့ သည်။ ထိုကလေးသည် သူ၏ကလေးဖြစ်သည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။

ထိုကလေးသည် မွေးဖွားပြီး သုံးလအရွယ်သာရှိသေးသည်။ သူ၏ ကာကွယ်မှုအောက်တွင် ထိုကလေးသည် စီရင်ချက်ဗိမာန်၏ သန့်စင်သော သားတော်ဖြစ်လာခဲ့သည်။ သူ လုံ့လစိုက်ထုတ်ပြီး မွေးမြူထားသည့်ကလေး သည် ပေယဲ့၏အထွတ်အမြတ်သားရဲ၏ လက်ထဲတွင် သေသွားလိမ့်မည်ဟု ထင်မထားပေ။

“ပေယဲ့.. မင်းကို ဖမ်းပြီး ငါ့သားအတွက် အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်”

***

All Chapters