ညကွပ်မျက်၊ ခရီးစဉ်အသစ်
Vol. 11 Ch. 217
မိုင်ပေါင်းသောင်းချီကျယ်ပြန့်သော မှော်သားရဲတောအနက်ဆုံးအပိုင်း၌ တစ်နှစ်ပတ်လုံး လှည့်ပတ်သွားနေသူမှာ အလွန်နည်းပါးလှသည်။ ထိုနေရာသည် အလွန်ပင် အန္တရာယ်များလှသည်။ အတွင်းပိုင်းသွားလေလေ အန္တရာယ်များသော အဆင့်မြင့်မှော်သားရဲများရှိရာ အုပ်စုဖွဲ့နေတတ်သော မှော်သားရဲများသည် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။ များပြားလှသော မှော်သားရဲများသည် အုပ်စုဖွဲ့နေကြရာ မွန်မြတ်သောသားရဲများပင် သူတို့ကို ရှောင်ရှားကြသည်။
ကောင်းကင်အဆင့်ရောက်သော လူသားစစ်သည်သာလျှင် မှော်သားရဲ တောထဲတွင် တစ်ယောက်တည်း သွားလာရန် အဆင့်မှီသည်။ သာမန်စွန့်စားသူ အဖွဲ့များ သို့မဟုတ် ကြေးစားအဖွဲ့များသည် ဦးဆောင်ရန် အဆင့် ၃ အဆင့်မြင့် ပညာရှင်များလိုအပ်သည်။
ထိုနေရာတွင် တစ်ယောက်ဖြစ်ဖြစ် သတိလွတ်သွားပါက အသက်ဆုံးရှုံးရ နိုင်သည်။ အချိန်တိုင်း စက္ကန့်တိုင်း နေ့တိုင်းတွင် ထောင်ပေါင်းများစွာသော လူများသည် မှော်သားရဲများ၏ အစာအိမ်ထဲမှ အစာဖြစ်သွားရသည်။
ပေထင်းဟွမ်သည် ဤနေရာတွင် လှည့်ပတ်သွားနေသည်မှာ တစ်လ ကျော်ပြီဖြစ်သည်။ လက်ရှိတွင် သူမသည် ကြယ် ၉ ပွင့် အဆင့် ၃ ပညာရှင်ဖြစ် သည်။ ပြီးခဲ့သည့်လတွင် သူမသည် ဖြည်းဖြည်းသာသွားခဲ့သည်။ သူမသည် အဆင့်မြင့်ကြယ်ဝိညာဉ်သားရဲများ ပေါ်လာသည့်နေရာများကို အထူးရှာဖွေ၏။ အဆင့်မြင့်ကြယ်ဝန်ညာဉ်သားရဲများကို ဖမ်းမိချိန်တွင် တိုက်ခိုက်သည်။ သူမ၏ ကြယ် ၉ ပွင့်ဝိညာဉ်သခင်လောကကို ဝင်ရောက်ပြီးနောက် အရှိန်မြှင့်လိုက်၏။
ငွေရောင်တောင်ပံမြင်းပျံပေါ်တွင်ရပ်ပြီး ပေထင်းဟွမ်သည် လက်ထဲမှ ဓားတိုကိုကြည့်နေသည်။ အနက်ရောင်အလင်းတန်းမှာ မှေးမှိန်သွားပြီး နှင်းဖြူ ရောင်ထွက်ပေါ်လာသည်။ ပြီးခဲ့သည့်လတွင် ဤဓားတိုသည် များစွာသော သွေးများကို စုပ်ယူခဲ့သည်။ ဓားသွားပေါ်မှအလင်းသည် ပို၍သန်မာလာပြီး အနီရောင်ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေပြီဖြစ်သည်။
“တကယ့်ကိုပဲ နှင်းဖြူထက် ပိုသန်မာတာပဲ.. အဆင့် ၅ ဆင့်တောင်ရှိ တယ် ပထမအဆင့်ကဓားတိုအဆင့်.. သေချာအသက်မသွင်းရသေးတဲ့ နတ်လက်နက် ဒုတိယအဆင့်က ငါသုံးနေကျ ဓားပျော့အဆင့်.. တတိယအဆင့် က ကိုယ်ပွားအဆင့်.. ယဲ့လုပ်တဲ့ ကောင်းကင်ကိုအံတုတဲ့ပစ္စည်းက တစ်ခါ တည်း ကိုယ်ပွား ၁၀၈ ခုထုတ်နိုင်လားမသိဘူး.. ဆရာလန်ချန်းမိုသင်ပေးတဲ့ ထောင်ချီဓားနတ်မိစ္ဆာချက်နဲ့သာ တွဲဖက်လိုက်မယ်ဆိုရင်တော့ သေချာပေါက် ကောင်းကင်ကိုအံတုနိုင်မှာပဲ.. စတုတ္ထအဆင့်ကတော့ ငါအကြိုက်ဆုံး ကိုယ်ပျောက်အဆင့်ပဲ.. ဓားကိုယ်ထည်ကို ဖျောက်ပြီး သတိလွတ်နေတဲ့ရန်သူ ကို ဖမ်းလို့ရတယ်.. ပဉ္စမအဆင့်က ဓားပျံပဲ ဟားဟား… ငါ အချိန်တစ်ခုထိ ကောင်းကင်အဆင့်ကို မတက်နိုင်ရင်တောင် ဒီဓားကိုထိန်းချုပ်ပြီး ကောင်းကင် မှာပျံလို့ရပြီ”
နောက်လဝက်တွင် ပေထင်းဟွမ်သည် လန်ချန်းမိုသင်ပေးခဲ့သည့် ထောင်ချီဓားနတ်မိစ္ဆာချက်ကို လေ့ကျင့်နေခဲ့သည်။ သူမသည် အတွေ့အကြုံ ရင့်နေပြီဖြစ်သည်။ သူမသည် လက်ထဲတွင် ဓားတိုကိုတင်းကြပ်နေအောင် ကိုင်ထားကာ မျက်လုံးများကိုကျဉ်းမြောင်းပြီး တွေးကြည့်နေသည် “ဒီဓား နာမည်ကိုတောင်မပေးရသေးဘူး.. ယဲ့ကလည်း သူ့နာမည်ကိုမပြောလိုက်ဘူး.. ဟင်း ဒါကို ညကွပ်မျက်လို့ ဘာလို့မခေါ်ရမှာလဲ.. ဟုတ်တယ် ညကွပ်မျက်လို့ ခေါ်မယ်.. ဒီနာမည်က တကယ်ကိုလွှမ်းမိုးနိုင်တာပဲ”
၄ လပိုင်းတွင် မှော်သားရဲတောရှိ ကုန်းမြင့်များ၌ပင်လျှင် နှင်းများအရည် ပျော်ကာ မြစ်များနွေးလာပြီဖြစ်သည်။ မြင်းပေါ်တွင်ထိုင်ရင်းနှင့် ပေထင်းဟွမ် သည် မြစ်၏မြောက်ဘက်ကမ်းပါးတစ်လျှောက်တွင် တုန်တုန်ယင်ယင်ဖြင့် လျှောက်လာသည်။ ဤမြစ်သည် ဝိညာဉ်ကွဲမြစ်ဟုခေါ်သည်။ ၎င်းသည် မှော် သားရဲတောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်မှ စီးဆင်းလာပြီး မှော်သားရဲတော တစ်ခုလုံးကို နှစ်ပိုင်းခွဲထားသည်။ ဘယ်ဘက်တောင်ဘက်ကမ်းပါးမှာ မှော်သားရဲတော၏ အကြီးဆုံးအပိုင်းဖြစ်ပြီး ညာဘက်သည် မှော်သားရဲတော၏ အန္တရာယ်အများဆုံးတောင်တန်းဖြစ်သည့် ဝိညာဉ်ခွဲတောင်တန်းရှိသည်။
မြင်းပျံသည် မြက်ခင်းပေါ်တွင် ကဆုန်ပေါက်ပြေးနေကာ အရှေ့ဘက် လေသည် သူမ၏မျက်နှာအား ဖြတ်တိုက်နေသည်။ ပေထင်းဟွမ်သည် အလင်း စီးကြောင်း၏ ကျောပြင်အားမှီနေသည်။ အလင်းစီးကြောင်းသည် ယခုအခါတွင် ကြယ် ၅ ပွင့် မွန်မြတ်သောသားရဲဖြစ်နေလေပြီ။ ပေထင်းဟွမ်နှင့် စာချုပ် တည်ထောင်လိုက်ရာ သူမကို ကြယ် ၄ ပွင့်တက်သွားစေသည်။ တခြားသော သားရဲများဖြစ်သည့် ရွှေမျက်လုံးနတ်မြွေပါရှောင်ကျောင်းသည် ပေထင်းဟွမ် နှင့် စာချုပ်တည်ထောင်ပြီးနောက် ၎င်း၏မွေးကင်းစအဆင့်မှ အရွယ်ရောက် သည့်အဆင့်သို့ ချက်ချင်းရောက်ခဲ့သည်။ ခေါင်းသုံးလုံးငရဲခွေးသည် ကြယ် ၃ ပွင့် မွန်မြတ်သောသားရဲမှ ရုတ်တရက်ဆိုသလို ကြယ် ၇ ပွင့်မွန်မြတ်သော သားရဲဖြစ်လာခဲ့သည်။ လျှပ်စီးနှင့် မိုးကြိုးသွားတို့သည် အလွန်မနာလိုလျက်ရှိ ၏။ အလင်းစီးကြောင်းတစ်ယောက်သာ ခြွင်းချက်ရှိသည်။ ၎င်းသည် သားရဲ အမ,လေးဖြစ်သဖြင့် လျှပ်စီးနှင့်မိုးကြိုးသွားတို့မှ သည်းခံခဲ့ကြသည်။
ထိုအရာကြောင့်ပင် ရှောင်ကျောင်းနှင့် လင်းမိုတို့ အလွန်စိတ်ဓာတ်ကျခဲ့ရ သည်။
***