← Chapters

သားရဲများ

Vol. 11 Ch. 218

သားရဲများ

Vol. 11 Ch. 218

နွယ်ပင်လေးသည် အလင်းစီးကြောင်း၏လည်ပင်းကို ဇက်ကြိုးသဖွယ် ရစ်ပတ်ထားသည်။ အလင်းစီးကြောင်းသည် ပေထင်းဟွမ်၏ စာချုပ်သားရဲ ဖြစ်လာသည့်အချိန်မှစပြီး နွယ်ပင်လေးနှင့် အလင်းစီးကြောင်းတို့သည် ရင်းနှီး သော ဆက်ဆံရေးဖြစ်လာခဲ့သည်။ သားရဲနှစ်ကောင်သည် မခွဲနိုင်မခွာရက်ဖြစ် နေ၏။ အလင်းစီးကြောင်းကို မျက်နှာသာပေးချင်သော လျှပ်စီးနှင့်မိုးကြိုးသွား တို့သည် စိတ်ဓာတ်ကျကြသည်။ ထိုနွယ်ပင်လေးသည် မိခင်သားရဲဖြစ်လိမ့်မည် ဟု သူတို့ ခန့်မှန်းကြသည်။

နွေဦးပေါက်လာပြီသဖြင့် လျှပ်စီးနှင့် မိုးကြိုသွားတို့ အပူမိနေသလား ဟုပင် ပေထင်းဟွမ်‌သိချင်မိသည်။ သူမကို မွေးစားသားသမီးများ မပေးရန်ကို မျှော်လင့်မိ၏။ သူမသည် စာချုပ်မတည်ထောင်နိုင်တော့ပေ။ သူတို့နှင့် စာချုပ် တည်ထောင်လျှင် သူမသည် အဆင့်တက်ရုံသာရှိမည်။ သူတို့ကို ခေါင်းကိုက် စရာလည်းမပေးချင်တော့ပေ။

“သခင် ငါတို့ ဒီလိုမျိုး ဖြည်းဖြည်းချင်းလျှောက်လာတာ ဘယ်လောက် ကြာပြီလဲ” အမြီးကိုးချောင်းမြေခွေးသည် ပေထင်းဟွမ်၏ရင်ခွင်ထဲတွင် ခွေနေ သည်။ ၎င်း၏ခန္ဓာကိုယ်သည် လူကြီးတစ်ယောက်၏ လက်သီးအရွယ်အစား ရှိကာ ၎င်း၏ အမွေးပွအမြီးကိုးချောင်းသည် ပေထင်းဟွမ်၏မျက်နှာနားတွင် ညင်သာစွာ လှုပ်ယမ်းနေသည်။ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများ မပြုလုပ်လျှင် တောင် ၎င်း၏အသံသည် နူးညံ့ပြီးဆွဲဆောင်မှုရှိသည်။ ၎င်းသည် နားဝင်ချိုလှ သည်။ နတ်သားရဲအနေနှင့် အမြီးကိုးချောင်းမြေခွေးသည် ပေထင်းဟွမ်နှင့် စာချုပ်တည်ထောင်ရာတွင် အကျိုးအမြတ်မများလှပေ။ ၎င်းသည် ကြယ် ၁ ပွင့် သာ အဆင့်တက်သည်။ သို့သော် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ၎င်း၏ သွေးကြောနှင့် အကြောများထဲသို့ ကူးပြောင်းစီးဆင်းရာ နတ်သားရဲတစ်ကောင် အတွက် အဆင့်တက်ရန်မလွယ်ကူလှပေ။ သို့သော် ထိုအရာကပင် အကျိုးအမြတ်ကြီးဖြစ်သည်။

“ဟုတ်တယ် သခင် ငါ လူသားလောကကိုသွားပြီး ကြည့်ချင်နေပြီ.. လူသားတွေရဲ့ အစားအစာတွေက အရမ်းအရသာရှိတယ်လို့ ကြားဖူးတယ်.. ငါ့ဘဝမှာ တစ်ခါမှမမြင်ဖူးဘူး” သားပေါက်အရွယ်မှ လွန်မြောက်သည်နှင့် ရှောင်ကျောင်းသည် လောဘတက်လာသည်။ သူသည် ပေထင်းဟွမ်၏ ပခုံးပေါ် တွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူသည် လက်သီးဆုပ်အရွယ်အစားရှိကာ ကြွက်လေးတစ်ကောင်နှင့်ပင် တူနေသည်။ သူ၏ ပုလဲနက်နှင့်တူသော မျက်လုံး များသည် လှိမ့်နေပြီး သွားရည်များကျနေရာ ပေထင်းဟွမ်ပင် ဗိုက်ဆာလာ၏။

ပေထင်းဟွမ်သည် သူမ၏ဝမ်းဗိုက်ကို ထိလိုက်သည်။ သူမ ဖြည်းဖြည်း ချင်းသွားနေရသည့်အကြောင်းအရင်းမှာ ဝိညာဉ်ခွဲတောင်တန်းအစွန်းကို ဖြတ်ပြီး သူမ၏ကံကိုစမ်းချင်သည့်အပြင် ဒဏ္ဍာရီလာအထွတ်အမြတ်သားရဲကို ကြည့်ချင်နေသလို သူမ၏ခွန်အား မြန်မြန်ဆန်ဆန် တိုးလာချင်၍ဖြစ်သည်။ ထို့အပြင် သုံးလမပြည့်သေးခင်မှာပင် သူမသည် အမှိုက်ဘဝမှ ကြယ် ၉ ပွင့် ဝိညာဉ်သခင်ကြီးဖြစ်ခဲ့သည်။ ဤအဆင့်တက်မှုသည် အလွန်ကြောက်မက်ဖွယ် ကောင်းသည်။ သူမသာ အချိန်မှီမစုစည်းနိုင်ပါက အနာဂတ် ကျင့်ကြံမှုတွင် သက်ရောက်မှုရှိလိမ့်မည်။ သူမသာ သတိမထားလျှင် သူမ၏ အကြောများ ပျက်စီးသွားပြီး တစ်ဘဝလုံး ရပ်တန့်သွားနိုင်သည်။

သို့သော် အစားအသောက်အကြောင်းပြောရာတွင် သူမသည် ဤကမ္ဘာကို ရောက်ကတည်းကပင် ကောင်းကောင်းမစားသောက်ရသေးပေ။ မှော်သားရဲ တောကို ဝင်ပြီးနောက်တွင် သူမသည် အနပ်တိုင်းတွင် မှော်သားရဲအသားကင် များကိုသာ စားခဲ့ရသည်။ သူမသည် အသားနံ့ရသည်နှင့် အန်ထွက်ချင်လောက် သည်အထိပင် စားခဲ့ရသည်။

“ဟုတ်တယ် သခင်.. ဝက်နံရုံးပေါင်းက အရမ်းစားကောင်းတယ်လို့ ပြော ကြတယ်.. ငါ ငရဲကတက်လာကတည်းက တစ်ခါမှမစားဖူးသေးဘူး” ခေါင်းသုံး လုံး ငရဲခွေး၏အသံသည် သူ၏နာမည်နှင့်မျိုးစိတ်နှင့်ပင် မလိုက်ဖက်တော့ပေ။ သူ၏ပုံစံငယ်သည် ချစ်စရာလက်ဖက်ရည်ခွက်အရွယ်အစားခွေးပေါက်လေး ဖြစ်သည်။ သူသည် ပေထင်းဟွမ်၏ တခြားပခုံးတစ်ဖက်တွင် ဆောင့်ကြောင့် ထိုင်ကာ ပေထင်းဟွမ်၏ ခေါင်းဘေးတွင် သူ့ခေါင်းကိုမှီထားသည်။ သူသည် ချစ်စရာကောင်းလွန်းသည်။

သူမ၏ ဘာမှမရှိသော မေးစေ့ကိုပွတ်ပြီး ပေထင်းဟွမ်သည် သူမ၏ လက်မောင်းကို ဖက်တွယ်နေသည့်လျှပ်စီးကို လက်ချောင်းဖြင့် ပုတ်လိုက်သည် “လျှပ်စီး ဒီမှော်သားရဲတောထဲမှာ မြို့လေးဖြစ်ဖြစ်ရှိလားဆိုတာ မင်းသိလား.. ငါတို့ အထောက်အပံ့ပစ္စည်းလည်း နည်းနည်းဝယ်ရတာပေါ့.. မုန့်ရှိရင်တော့ ပိုကောင်းတယ်”

ပေထင်းဟွမ်သည် ရွေးချယ်စရာမရှိတော့ဘဲ မှော်သားရဲတော၏ နယ်ခံ လျှပ်စီးကို မေးရတော့သည်။

လျှပ်စီးနှင့်မိုးကြိုးသွားသည် ပေထင်းဟွမ်၏ အမှတ်အသားမွန်မြတ်သော သားရဲဖြစ်နေသဖြင့် ခံစားချက်များမှာ ဖော်ပြ၍ပင်မရပေ။ နောင်တွင် ပေထင်းဟွမ် မြို့သို့ဝင်ချိန်တွင် သူတို့သည် သေချာပေါက် နှင်ထုတ်ခံရလိမ့် မည်။ ပေထင်းဟွမ်ရဲ့နောက်သို့ ဘယ်သူအရင်ဆုံးလိုက်ခဲ့သနည်း။

***

All Chapters