← Chapters

စစ်သည်

Vol. 11 Ch. 219

စစ်သည်

Vol. 11 Ch. 219

သူတို့နှစ်ယောက်သည် ပေထင်းဟွမ် မှော်သားရဲတောတွင် လှည့်ပတ် သွားမည်ကို မစောင့်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ကြယ် ၃ ပွင့် မှော် သားရဲ၊ အမြီးကိုးချောင်းမြေခွေးတို့သည် သူမကို ကြပ်မတ်လျက်ရှိသည်။ နတ်သားရဲ၏ မွေးရာပါဖိအားသည် မွန်မြတ်သောသားရဲထက်ပင် ပိုသန်မာ၏။ သာမန်မှော်သားရဲများသည် မကပ်ရဲသဖြင့် အန္တရာယ်သည် လျော့ကျလျက်ရှိ သည်။

“သခင် ဒီမှော်သားရဲတောက အန္တရာယ်များပေမဲ့ အထဲမှာ ကောင်းကင် ပစ္စည်းတွေနဲ့ မြေကြီးရတနာတွေအများကြီးရှိတယ်.. အခွင့်အရေးတွေရှိတဲ့ နေရာမှာ လူတွေရှိတယ်.. မှော်သားရဲတောကို နေ့တိုင်းလူတွေဝင်နေကြတာ.. လူတွေရှိရင်လည်း စီးပွားရေးအခွင့်အလမ်းတွေရှိလာမှာပဲ.. အဲဒီစွန့်စားသူတွေ က ပစ္စည်းတွေလဲလှယ်ဖို့နေရာမှာ သွားစုကြလိမ့်မယ်.. ပြီးတော့ စီးပွားရေး အခွင့်အလမ်းကို ဆုပ်ကိုင်မယ့်လူတွေလည်းရှိမှာပဲ.. သူတို့တွေက အစားအသောက်တွေနဲ့ တခြားစားသုံးကုန်တွေကို ရောင်းဖို့သယ်လာကြမှာပဲ ဒါပေမဲ့ ဈေးကတော့ အရမ်းမြင့်တယ်”

လျှပ်စီးသည် ဝိညာဉ်ခွဲတောင်ကြားတွင် နေခဲ့သည့် မှော်သားရဲပီသသည်။ ၎င်းသည် ဤဒေသမှ အခြေအနေနှင့် ရင်းနှီးသည်။ ၎င်းသည် ပေထင်းဟွမ်အား ဦးတည်ဘက်တစ်ဘက်သို့ ညွှန်ပြလေသည်။ “အရင်က အဲဒီမှာ လူသား စွန့်စားသူတွေ စခန်းချတာကိုမြင်ဖူးတယ်”

ပေထင်းဟွမ်၏မျက်လုံးများအရောင်လက်သွားသည်။ သူမသည် ချောမွတ်နေသောမေးစေ့ကို ပွတ်ကာ ချက်ချင်းပင် စိတ်ဝင်စားလာသည်။ “ငါတို့ ဒီကိုရောက်မှတော့ သွားကြည့်ကြတာပေါ့.. အနည်းဆုံး နောက်လစာ အတွက်ပါ အစားအသောက်တွေစုရမယ်”

သူမသည် အမှန်တကယ်ပင် မှော်သားရဲအသားကင်များကို မစားလိုတော့ ပေ။ သေရည်နှင့် ပေါင်မုန့်အကြောင်းတွေးလိုက်သည်နှင့်ပင် သူမ သွားရည်ယို လာသည်။ ထို့အပြင် သူမသည် ယခုအခါ သူဌေးမလေးဟုပင် ပြော၍ရနေပြီ ဖြစ်သည်။ သူမ၏အိတ်ထဲတွင် ပတ္တမြားသောင်းချီရှိနေပြီဖြစ်၏။ စွန့်စားသူ စခန်းမှ ပေါင်မုန့်သည် အလွန်တရာဈေးကြီးလျှင်တောင် တစ်လစာ မရနိုင်စရာ အကြောင်းမရှိပေ။

“ဒါပေမဲ့ သခင် မှော်သားရဲတောက အပြင်ကမ္ဘာနဲ့မတူဘူး.. ဒီမှာ ဘာ စည်းမျဉ်းမှမရှိဘူး.. လိုက်နာစရာစည်းကမ်းပဲရှိတယ်.. အဲဒါက သန်မာတဲ့သူ တွေကို လေးစားမယ်ဆိုတာပဲ.. ဒီနေရာမှာ သွားလာနေတဲ့ ကျွမ်းကျင်သူတွေက လူသားစစ်သည်တွေနဲ့ ကောင်းကင်အဆင့်ရောက်ခါနီးပညာရှင်တွေပဲ.. သူတို့ က သူတို့ကိုယ်သူတို့ အားကောင်းတယ်ဆိုပြီး သူတို့ကြည့်ချင်တာကို လုကြည့် ကြတာပဲ.. နေ့တိုင်း ပဋိပက္ခတွေဖြစ်နေပြီးတော့ နှစ်တိုင်းမှော်သားရဲ လက်သည်းတွေအောက်မှာ သေတဲ့လူသားဆိုတာနည်းတယ်.. အဲအစား လူသားအချင်းချင်း ဓားအောက်မှာ သေကြတာပဲ”

ထိုအရာများသည် ပေထင်းဟွမ် မျှော်မှန်းထားသလိုဖြစ်ကာ လျှပ်စီးပင် သတိပေးရန်မလိုပေ။ ၂၁ ရာစုတွင် လူသားတို့၏ယဉ်ကျေးမှုသည် တိုးတက် လာပြီး မြို့ကြီးပြကြီးများတွင် အေးချမ်းသာယာဝပြောလာသော်လည်း ပင်လယ်ပြင်ရှိ ကျွန်းများကဲ့သို့ မှောင်မိုက်သောနေရာများတွင် ဝရမ်းပြေးများ လာစုကြသည်။ ပေထင်းဟွမ်သည် ထိုနေရာများသို့ မစ်ရှင်ကြောင့် အခေါက် ပေါင်းများစွာရောက်ဖူးသည်။ ထိုနေရာတွင် သွေးထွက်သံယိုများရှိပြီး ရက်စက် ကြမ်းကြုတ်ကာ သန်မာသူများ လေးစားခံရသည်။

မှော်သားရဲတောမှ စွန့်စားသူစခန်းများသည် မင်းမဲ့စိုးမဲ့အခြေအနေ အောက်ရှိ ထိုကျွန်းများနှင့် ဆင်တူသည်။ ဒါပေမဲ့ ပေထင်းဟွမ်က ဘာလို့ ကြောက်နေရမှာလဲ။ ခပ်သဲ့သဲ့ပြုံးကာ ပေထင်းဟွမ်၏ မျက်လုံးများသည် ပုံမှန် ထက် ခိုင်မာကာ ဖန်လုံးနက်ကဲ့သို့မျက်လုံးထဲမှ ပြင်းထန်သောတိုက်ခိုက်ရေး စိတ်ဓာတ်များ ထွက်ပေါ်လာသည်။ “ငါကြောက်မယ်လို့ ထင်နေလား.. အရင်တုန်းက လျှပ်စီးနဲ့ မိုးကြိုးသွားပဲရှိတုန်းကတောင် ငါ မကြောက်ဘူး.. အခု မင်းတို့အားလုံးရှိနေတာ ငါ့ခွန်အားကလည်းအများကြီးတိုးတက်လာပြီ ကောင်းကင်အဆင့်ကိုတောင် တိုက်ခိုက်နေနိုင်ပြီ.. သေမှာကြောက်တဲ့လူတွေ ကသာ ငါ့ကိုရန်လာမစရဲမှာကို ကြောက်နေတာ”

ပေထင်းဟွမ်၏ ခိုင်မာသောယုံကြည်မှုနှင့် သန်မာသော တိုက်ခိုက်ရေး စိတ်ဓာတ်များသည် သူမ၏သားရဲများကိုပါ ကူးစက်သွားစေသည်။ အစားအသောက်၏ ပရိသတ်ဖြစ်လာသော ရှောင်ကျောင်းပင် တိုက်ခိုက်ရေး သမားအဖြစ်ပြောင်းသွားလေသည်။ ၎င်းသည် သူ၏ရှေ့လက်သည်းတိုများကို မြှောက်ကာ ပြောလေသည် “သခင် ငါတို့တိုက်ခိုက်ရင် ငါ့ကိုမတိုက်ခိုက်စေချင် နဲ့နော်.. သခင် ငါ့ကိုသုံးရင် သခင့်အတွက် အဲလူဆိုးတွေကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလုပ်မှာ”

ထိုသို့ဆိုလျှင် မည်သူပင်ဖြစ်စေကာမူ သူတို့သခင်နှင့်တိုက်ခိုက်လာလျှင် လူဆိုးများဖြစ်ကြသည်။

မြင်းပျံလေးသည် ကြက်သီးများပင်ထမိသည်။ သို့သော် ၎င်း၏သခင် သည် ပြောင်ပြောင်တင်းတင်းပင် မာနကြီးသည်။ သူမသည် အစီအစဉ်ကို ဖွင့်ပြ ထားသည်။ ၎င်း၏အရင်သခင် ဂူဟောက်နှင့်ယှဉ်လျှင် ပေါ်တင်လုပ်တတ် သည်။

“သခင် သေမှာမကြောက်တဲ့လူတွေရောက်နေပြီ” အမြီးကိုးချောင်း မြေခွေးကျို့ယန်သည် မျက်လုံးများကိုပျင်းရိစွာကျဉ်းမြောင်းကာ ပေထင်းဟွမ် ၏လည်ပင်းကို အမြီးပတ်ရင်းနှင့် ပြောလေသည်။

***

All Chapters