Chapters

မင်းလိုက်နာရင် ပိုကောင်းမယ်

Vol. 11 Ch. 220

မင်းလိုက်နာရင် ပိုကောင်းမယ်

Vol. 11 Ch. 220

နတ်သားရဲအနေနှင့် ကျို့ယန်၏ သိမြင်မှုသည် ပေထင်းဟွမ်နှင့် တခြား အထွတ်အမြတ်သားရဲများထက် ပိုသန်မာသည်။ “ငါတို့ရှေ့မှာ လူသားဝိညာဉ် သခင်နဲ့ နတ်သားရဲတစ်ကောင်ရှိတယ်.. အဲလူက လူဆိုးပဲဖြစ်ရမယ်.. သူ့ပစ္စည်း တွေသွားလုကြမလား”

“ဟင်” အစကပင် စိတ်လှုပ်ရှားနေသော ပေထင်းဟွမ်သည် မျက်လုံးများ အရောင်တောက်လာသည်။ သူမသည် ညကွပ်မျက်ကိုထုတ်လိုက်သည်။ လူသားဝိညာဉ်သခင်ဟု ကြားလိုက်ချိန်တွင် သူမ အနည်းငယ် စိတ်လှုပ်ရှားမိ သည်။ နတ်သားရဲနဲ့အဲလူကို ရှုံးမှာကိုကြောက်တာမဟုတ်ဘူး သူ့ကို လုယူလို့ ကောင်းပါ့မလား။ သူမ၏သားရဲများကို စိတ်မပျက်စေရန်နှင့် သူမကို သူတို့ အထင်သေးမည်ကို စိုးသဖြင့် ပေထင်းဟွမ်ပြောလိုက်သည် “အရင်သွားကြည့် ကြတာပေါ့”

ပေထင်းဟွမ်သည် ချက်ချင်းဆုံးဖြတ်ချက်ချကာ မြင်းပျံပေါ်သို့ ခုန်တက် လိုက်သည်။ သူမသည် လူသားဝိညာဉ်သခင်ရှိရာသို့ မပြေးခင် သားရဲများသည် သူတို့၏ရောင်ဝါများကို ချုပ်တည်းထားလိုက်ကြသည်။

ပေထင်းဟွမ်သည် ပျော်ရွှင်စရာများတွင် ပါဝင်ရသည်ကို နှစ်သက်တတ် သည်မဟုတ်သလို သူမ၏သားရဲများရှေ့တွင် မျက်နှာမပျက်စေရန် သူမကိုယ် သူမ အတင်းအကြပ်လည်းမလုပ်ပေ။ သူမသည် လူသားတစ်ယောက်၏ အကူအညီတောင်းသံကို ကြားလိုက်ရုံသာဖြစ်သည်။ သူမသည် စပ်စုတတ်သူ မဟုတ်သော်လည်း တခြားလူသည် သူ၏နတ်သားရဲကြောင့် သတိထားမိနိုင် သည်။

ဥပမာဆိုရလျှင် အထွတ်အမြတ်သားရဲပင်..

ပေထင်းဟွမ် လျှောက်သွားသောဝိညာဉ်ကွဲမြစ် မြောက်ဘက်ကမ်းပါးမှာ အဆင့်မြင့်မှော်သားရဲများ အများဆုံးသွားလာသောနေရာဖြစ်သည်။ ဤကဲ့သို့ အန္တရာယ်များသည့် လမ်းကြောင်းကိုရွေးရသည့်အကြောင်းအရင်းမှာလည်း မိုင်ပေါင်းတစ်သောင်းကွာဝေးသည့် လမ်းကိုကွေ့ပတ်ရှောင်ချင်၍ဖြစ်သည်။ သူမသည် မင်နှင့် တိုက်ခိုက်ရဲသည့် အထွတ်အမြတ်သားရဲကို ကြိုတွေ့ချင်၏။

အထွတ်အမြတ်သားရဲသာဆိုရင်.. ပေထင်းဟွမ်သည် သူမ၏ ချောမွတ် နေသော မေးစေ့ကို အကြောက်အလန့်မရှိ ပွတ်ရင်းနှင့် အထွတ်အမြတ်သားရဲ လက်ထဲမှ လွတ်မြောက်နိုင်ခြေကို တွေးနေသည်။

အတန်ကြာအောင် ပြေးပြီးနောက် ပေထင်းဟွမ်သည် အသံများကို ပိုမို ရှင်းလင်းစွာ ကြားလာရသည်။ ၎င်းသည် လူသားနှစ်ဦးဖြစ်သည်။ ပေထင်းဟွမ် သည် အထူးသဖြင့် စိတ်ပျက်သွားသည်။ သူမ လှည့်ထွက်မည်အပြုတွင် “မျိုးနွယ်ကြီးလေးခု” ဟူသောအသံကို ကြားလိုက်ရချိန်တွင် ရပ်လိုက်သည်။

“ဟင် မင်း ငါ့ကို နာခံတာကောင်းမယ်”

ပေထင်းဟွမ်သည် ထိုစကားကိုကြားသောအခါ မထိတ်လန့်ဘဲမနေနိုင် တော့ပေ။ ၎င်းသည် ယောက်ျားသားနှစ်ယောက်ဖြစ်သည်ကို သူမ ကြားမိသည် မှာကြာပြီဖြစ်သည်။ တစ်ယောက်မှာ ထွက်ပြေးကာ နောက်တစ်ယောက်မှာ သူ့ကိုဖမ်းရန် မှော်သားရဲတောသို့လာခြင်းဖြစ်နိုင်သည်။ သူ့နောက်သို့လိုက်သူ သည် မိုင်ပေါင်းထောင်ချီအကွာအဝေးထိ လိုက်လာလိမ့်မည်ဟု သူမ ထင်မထားပေ။ ကံကောင်းစွာပင် ၎င်းသည်ထိုစကား၏ နောက်တစ်ဝက်သာ ဖြစ်သည်။ တခြားတစ်ဝက်မှာ ချက်ချင်းပင် မတူညီသောအကြောင်းအရာသို့ ရောက်သွားသည်။ ပေထင်းဟွမ်သည် စိုးရိမ်လာသည်။

“ချူဖုန်း မင်းသတိဝင်သင့်ပြီ.. ဒီတစ်ခါ ငါတို့မျိုးနါယ်ကြီးလေးခုက လေ့ကျင့်ရေးသမားတွေ အကုန်ရောက်နေတာ.. အဖွဲ့ကိုခေါင်းဆောင်တဲ့သူ တွေကလည်း ကောင်းကင်အဆင့်ဝိညာဉ်သခင်တွေပဲ.. ပြီးတော့ ငွေလရောင် အင်ပါယာက ပြောတဲ့အပေးအယူကလည်း ဆွဲဆောင်မှုရှိနေတယ်.. ငါတို့သာ မင်းကိုဖမ်းပြီး ပြန်ပို့ပေးနိုင်ရင် အင်ပါယာက သန့်စင်တဲ့သားရဲကိုဆုပေးလိမ့် မယ်… မင်းက ငွေလရောင်အင်ပါယာရဲ့ မင်းသားဖြစ်နေတော့ ဘာဖြစ်လဲ.. ပုလ္လင်ဆက်ခံထားတဲ့ မင်းရဲ့အဲဒီအစ်ကိုကြီးက မင်းကိုဖမ်းနိုင်တဲ့ သူကို မွန်မြတ် တဲ့သားရြပေးမှာလေ.. မွန်မြတ်တဲ့သားရဲပေးမယ်လို့ပြောတာကို ဘယ်သူတွေ ကများ တောင့်ခံနိုင်မှာလဲ.. ဒီကိုလာတဲ့လမ်းမှာ မိသားစုဆရာတွေက မင်း နေရာကို လှည့်လည်သွားလာသူတွေကို မေးနေတာကြားခဲ့တယ်.. နန်ကုန်း မိသားစုရဲ့ ခေါင်းဆောင် အဲဒီအဘိုးကြီး နန်ကုန်းဖန်အပါအဝင်ပဲ.. ကြည့်ရတာ သူက မင်းကိုဖမ်းဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ.. သူများကို အကျိုးအမြတ်ပေးမယ့် အစား ငါ့ကိုပဲပေးလိုက်တာကောင်းမယ်”

အဖမ်းခံနေရသူသည် ချူဖုန်းဟုခေါ်သောလူဖြစ်သည်။ သူသည် တံတွေး ထွေးကာ အံကြိတ်ပြီး ခက်ထန်စွာပြောလေသည် “တုန်ဖန်းကျောက် ဘာမှ လှုပ်ဖို့မတွေးနဲ့.. နန်ကုန်းမိသားစု၊ ရှီမန်မိသားစုနဲ့ ပေထင်းမိသားစုက မင်းကို အလွတ်ပေးမယ်လို့ထင်နေလား.. ထီးနန်းဆက်ခံတဲ့ မင်းအစ်ကိုက မင်းကို သေစေချင်တာ ငါသိတယ်.. စောစောသေတာ ပိုကောင်းလိမ့်မယ်… အဲဒီမှာ ဘယ်သူလဲ”

***