← Chapters

အပိုင်း(၅၄၈)

Vol. 37 Ch. 548

အပိုင်း(၅၄၈)

Vol. 37 Ch. 548

ယွဲ့ဟူဂိုဏ်း၏ ပါရမီရှင်တပည့်ဖြစ်သူ  ပိုင်ကျွင်းရွှမ်းက ထျန်းလျန်အင်ပါယာ၏   ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ပလ္လင်ထက်၌ အဖြူရောင်ဝံပုလွေပေါ်တွင်ရပ်နေသည်။သူက အဖြူရောင်ဝံပုလွေနှင့်အတူလိုက်ပါလျှက် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်မှထွက်လာ၏။ လူအုပ်က အလိုအလျောက်ဘေးသို့ရှဲပေးလိုက်ကြပြီး ပါရမီရှင်အတွက်လမ်းကြောင်းတစ်ခုကိုဖြစ်ပေါ်စေလိုက်သည်။

“အမ်”

ထို့နောက်ချက်ချင်းတစ်စုံတစ်ခု၏ဆွဲယူမှုအားခံရသကဲ့သို့ ပိုင်ကျွင်းရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။ သူကခေါင်းလှည့်လိုက်ပြီးနောက်သို့ကြည့်လိုက်သည်။ သူ၏အကြည့်က အနက်ရောင်ပုံရိပ်တစ်ခုပေါ် သို့ကျရောက်သွား၏။

ကျားဖြူထက်၌ ဝင့်ကြွားစွာရပ်နေရင်း ရှစ်ဖုန့်၏ထက်ရှသောဝိညာဉ်စွမ်းအားက လူအုပ်အားဖြတ်ကျော်လာသော အကြည့်အားချက်ချင်းအာရုံခံမိစေလိုက်သည်။မူလကခေါင်းငုံ့ထားသောသူ၏ဦးခေါင်းက ထပ်မံမော့လာပြီး  အချိန်ခဏမျှသူတို့မျက်လုံးခြင်းတွေ့ဆုံသွား၏။

ရှစ်ဖုန့်၏မျက်နှာက  တည်ငြိမ်နေသော်လည်း ပိုင်ကျွင်းရွှမ်းကတော့လေးနက်စွာ မျက်မှောင်ကြုတ်ထားသည်။ သူက ခေါင်းခါယမ်းလိုက်ပြီးလှည့်လိုက်ကာ  ခပ်တိုးတိုးတီးတိုးရေရွတ်လိုက်၏။

“ဘာဖြစ်သွားတာလဲ.. သူက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးပဲဟာ .. ဘာလို့ငါ့ကို ဒီလိုမျိုးခံစားချက်တစ်ခုကိုပေးနေရတာလဲ”

ပိုင်ကျွင်းရွှမ်းမှာထက်ရှသော ဆဋ္ဌမအာရုံဖြင့်မေးဖွားလာသည့်သူဖြစ်သည်။အစောက သူ၏ ဆဋ္ဌမအာရုံက သူ့အား သူ့ထက်အားနည်းခြင်းမရှိသော ပြိုင်ဘက်တစ်ဦးဖြင့်တွေ့နေရသည်ဟုပြောနေ၏။ သို့သော် ပိုင်ကျွင်းရွှမ်းခေါင်းလှည့်ကြည့်လိုက်သောအခါတွင် ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးကိုသာသူတွေ့လိုက်ရသည်။

ကြယ်တစ်ခုက ကမ္ဘာတစ်ခုစာမျှ ကွာဟချက်ကြီးမားသည်ဖြစ်သည်။ ထိုထက်ပိုသည်ကား သူတို့နှစ်ဦး၏ ကြားထဲ၌ ကြယ်နှစ်ပွင့်ခြားနားနေခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ ခရီးတွေလည်း ခပ်မြန်မြန်သွားရပြီးတော့ ကိစ္စတွေအများကြီးဖြစ်သွားခဲ့တယ်. ငါအရမ်းပင်ပန်းနေပြီပဲ”

ထို့နောက်ပိုင်ကျွင်းရွှမ်းကပြောလိုက်သည်။

“သွားစို့”

ပိုင်ကျွင်းရွှမ်း၏အော်သံအောက်၌ နှင်းဖြူရောင်အမွှေးတို့နှင့်ဝံပုလွေက ရုတ်ခြည်း စတင်ဒုန်းဆိုင်းပြေးလိုက်သည်။

အားလုံး၏အကြည့်အောက်တွင်၎င်းက ညကောင်းကင်ယံထဲသို့ဦးတည်သွားပြီး အကွာအဝေးတစ်ခုအတွင်းဝင်ရောက်သွား၏။

“မြင့်မြတ်ကုန်းမြေက ပါရမီရှင်တပည့်တွေကသာ ထျန်းလျန်အင်ပါယာရဲ့တော်ဝင်မြို့တော်ထဲမှာ လေကိုထိုးခွင်းပြီးပျံသန်းသွားနိုင်တဲ့အထူးအခွင့်အရေးရှိတယ်”

လူအုပ်ထဲမှကျင့်ကြံသူတစ်ဦးက ပိုင်ကျွင်းရွှမ်းအားကြည့်၍ အားကျမနာလိုစိတ်တို့ဖြင့်ပြောလိုက်သည်။ ထို့နောက်သူကလက်သီးကို တင်းနေအောင်ဆုပ်၍ ခိုင်မာပြတ်သားသောအမူအ

ယာဖြင့်ပြောလိုက်၏။

“ငါ..ငါလည်းအနာဂတ်မှာ ပိုင်ကျွင်းရွှမ်းလိုမျိုး  လူတစ်ယောက်ဖြစ်လာရမယ်”

“ကြည့်လိုက်.. အဲ့တာက”

ဤအချိန်တွင်  တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။ များစွာသောလူများမှာ အဖြူရောင်ဝတ်ရုံနှင့်လူတစ်ယောက်က  လူအုပ်ထဲမှ ညကောင်းကင်ယံအတွင်းထိုးခွင်း

ပျံသန်းသွားသည်ကိုတွေ့လိုက်ကြရသည်။

“ဒါက.. ဒါကအခုတလော  ထျန်းလျန်အင်ပါယာမှာ တစ်ဟုန်ထိုးတိုးတက်လာတဲ့ ပါရမီရှင် ယန်ကျုံးပဲ”

“ဟုတ်တယ်.. အမှန်ပဲ. ငါလည်းသူ့ကိုသိတယ်. ယန်ကျုံးပဲ..မျိုးဆက်သစ်တွေထဲ မြင့်တက်လာတဲ့ ပါရမီရှင်တစ်ဦးလည်းဖြစ်တယ်..

သူကသိုင်းပညာရော အဂ္ဂရိတ်ပညာရပ်ရောနှစ်ခုစလုံးကို

ကျင့်ကြံတဲ့ ပါရမီရှင်တစ်ဦးပဲ….အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးက မကြာသေးခင်အချိန်တစ်ချို့

လောက်ကကျင်းပခဲ့တဲ့ အဂ္ဂရိတ်သန့်စင်ဆရာသခင်များ ညီလာခံမှာ ယန်ကျုံးက အဂ္ဂရိတ်သန့်စင်ဆရာသခင်

ကျွမ်းကျင်သူအများကြီးကို  သူကိုယ်တိုင်အနိုင်ယူခဲ့တယ်.. ဒီလိုမျိုးအသက်ငယ်ငယ်လေးနဲ့ အဂ္ဂရိတန်သန့်စင်မှုမှာ အဆင့်ခုနှစ်သူတော်စင်နယ်ပယ် အဆင့်ကိုရောက်နေပြီးတော့ သိုင်းပညာကျင့်ကြံမှုမှာက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်အဆင့်ကိုရောက်နေပြီ..ဒါက သေချာပေါက်ကို နှစ်တစ်ထောင်လောက်မှာမှ တစ်ခါပေါ်လာတဲ့ ပါရမီရှင်တစ်ဦးပဲ”

“ဒီတစ်ကြိမ် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်မှာ  အမှန်တကယ်ပါရမီရှင်တွေစုဝေးနေပြီး သူရဲကောင်းတွေစုစည်းနေတယ်..ဘယ်လိုကျွမ်းကျင်သူ ပါရမီရှင်တွေကို ဆွဲဆောင်နိုင်မလဲဆိုတာကို ငါသိချင်မိတယ်”

“ယန်ကျုံး”

ရှစ်ဖုန့်၏မျက်လုံးတို့ကျဉ်းမြောင်းသွားပြီး  ညကောင်းကင်ယံထဲမှ အဖြူရောင်ပုံရိပ်ကိုစိုက်ကြည့်နေသည်။  ဤယန်ကျုံးက သူသိသောယန်ကျုံးပင်ဖြစ်သည်။

ယခင်ကယွင်လိုင်အင်ပါယာ စန်းယွဲ့မြို့၏ရှို့လင်ကျေးရွာ၌ လီရူက သူ့အားသင်ခန်းစာပေးရန်အတွက်

၎င်းကိုခေါ်လာခဲ့သည်။အဆုံးသတ်၌သူကသူမအားပြန်လည်သင်ခန်းစာပေးခဲ့ပြီးနောက် သူမအားဝိညာဉ်တစ်ကောင်၏ သိမ်းယူခြင်းကိုခံလိုက်ရသည်။ အဆုံးသတ်တွင် သူက လက်ဖဝါးပုံရိပ်အားချိုးဖျက်ရန်အတွက်  သူ၏ဓားဖြင့် လေကိုထိုးခွင်းခဲ့ပြီး ယန်ကျုံးမှာ ခြေရာလက်ရာပင်ကျန်ရစ်ခြင်းမရှိ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

ယခင်က ယွင်လိုင်အင်ပါယာ၏ နတ်ဆိုးသားရဲတောင်တန်းတွင်  မီးတောင်အတွင်းမှမြေမီးတောက်အား လုယူရန်ထပ်မံဆုံတွေ့ခဲ့ပြီး ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ခဲ့သည်။ အဆုံးသတ်၌ ၎င်းထပ်ပြီးထွက်ပြေး

လွတ်မြောက်သွားပြန်သည်။

နောက်ဆုံးအကြိမ် ထျန်းမြောင်အင်ပါယာ၌ သွေးနတ်ဆိုး၏ ကြက်သွေးရောင်ကမ္ဘာငယ်အတွင်းသူတို့တွေ့ဆုံခဲ့မှုကိုရှစ်ဖုန့်အမှတ်ရဆဲဖြစ်သည်။ ထိုအချိန်က သူတို့ကြက်သွေးရောင်ရေပေါ်

တွင်တိုက်ခိုက်ခဲ့ကြပြီး သူကသူ၏ကာယခန္ဓာခွန်အား

ကိုအသုံးပြုခဲ့သည်။

အချိန်တိုင်း သူနှင့်တွေ့ဆုံခဲ့တိုင်းတွင်  တိုက်ပွဲတစ်ခု  ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။

အချိန်တိုင်းဤပုဂ္ဂိုလ်နှင့်တွေ့ဆုံလိုက်တိုင်းတွင် ဤလူက ပို၍ သန်မာလာသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်သည်။ ဤလူ၏ပါရမီက  တကယ့်ကို ထူးခြားအံ့ဖွယ်ပင်ဖြစ်သည်။

ဤအခိုက်အတန့်တွင်   ညကောင်းကင်ယံထဲ၌ ထိုးခွင်းပျံသန်းနေသောယန်ကျုံးမှာ ရုတ်တရက်တစ်စုံတစ်ခုအားခံစားလိုက်ရသည်။ညကောင်းကင်ယံထဲရှိ အဖြူရောင်ပုံရိပ်က  တန့်သွားပြီး ရွေ့လျားမှုအားရပ်တန့်လိုက်သည်။ ထို့နောက် ယန်ကျုံးကလှည့်လိုက်ပြီး

အောက်သို့ငုံ့ကြည့်လိုက်၏။  အောက်ဘက်ရှိအနက်ရောင်

ပုံရိပ်အားတွေ့လိုက်ရသောအခါတွင် ယန်ကျုံးကသူ၏ လက်သီးတို့အား တင်းနေအောင်ဆုပ်လိုက်ပြီး သူ၏ချောမောသောမျက်နှာထက်၌ နှင်းလွာတစ်ခုဖုံးနေသကဲ့သို့ဖြစ်သည်။

“ရှစ်….ဖုန့်”

ယန်ကျုံးက အံကိုတင်းတင်းကြိတ်၍  မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။ထို့နောက်ယန်ကျုံး၏ပုံရိပ်ကအောက်သို့ထိုးဆင်း

လာပြီးရှစ်ဖုန့်၏ အထက်၌ဝင့်ကြွားစွာရပ်တန့်လိုက်၏။  သူခေါင်းငုံ၍ ရှစ်ဖုန့်အားကြည့်လိုက်သည်။

“မင်း..မင်းတကယ်ပဲထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ကိုလာခဲ့တာပဲ”

ယန်ကျုံးက ရှစ်ဖုန့်အားငုံ့ကြည့်၍ အေးစက်စွာပြောလိုက်သည်။ ထို့နောက်သူကဆက်ပြော၏။

“ကောင်းတယ်.ကောင်းတယ် ..ပြိုင်ပွဲမှာငါမင်းကိုသေချာပေါက်သတ်ပစ်မယ်”

“ဒီသခင်လေးကိုသတ်မှာလား..ဟမ့်”

ညကောင်းကင်ယံထက်၌လွင့်မျော

ရပ်တည်နေသော အဖြူရောင်ပုံရိပ်အားမော့ကြည့်၍  ရှစ်ဖုန့်ကအေးစက်စွာတီးတိုးပြောလိုက်သည်။

“မင်းဒီသခင်လေးကိုသတ်ချင်တယ်ဆိုရင်…မင်းမှာအဲ့လိုလုပ်နိုင်တဲ့စွမ်းရည်ရှိဖို့လိုတယ်”

“ဒီလူကဘယ်သူလဲ. ဒီလူကိုငါအရင်ကလုံးဝ မမြင်ဖူးပါဘူး..သူကယန်ကျုံးကို အားနည်းတဲ့အချိန်တုံးက စော်ကားခဲ့တာဖြစ်မယ်..ဒီလူရဲ့ကျင့်ကြံမှုက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်မှာ

ပဲရှိသေးတယ်.. သူစီးထားတဲ့ကျားဖြူက  အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ပဲ.. သူက အင်အားကြီးမိသားစုတစ်ခုခုကဖြစ်မယ်”

“ယန်ကျုံးက နိုင်ငံငယ်လေးတစ်ခုက ဆင်းရဲတဲ့မိသားစုတစ်ခုက လာတာလို့ငါကြားခဲ့တယ်.. ယေဘုယျအားဖြင့်  အင်အားကြီးမိသားစုက တပည့်တွေက  ဆင်းရဲတဲ့သူတွေကကိုအနိုင်ကျင့်နေ

ကြပဲမဟုတ်လား. ဟမ့်.သူကအခြားသူတွေကိုအမြဲနှိမ့်ချကြည့်ရှုပြီးဆင်းရဲတဲ့သူတွေကိုအနိုင်ကျင့်နေကြပဲ….အဲ့အတွက်နာကျင်မှုအပြည့်နဲ့တန်ကြေးကိုသူပြန်ပေးဆပ်ရမှာပဲ”

“ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက် တစ်ခါကယန်ကျုံးကိုအနိုင်ကျင့်ဖူးတာလား.. အကယ်၍ထျန်းလျန်အင်ပါယာရဲ့

တော်ဝင်မြို့တော်အတွင်းသတ်ဖြတ်ခြင်းကို တားမြစ်ထားတာကြောင့်မဟုတ်ရင် ..ဒီလူတော့ယန်ကျုံးသတ်တာကို ခံရပြီးလောက်ပြီ..ဒါပေမဲ့သူကယန်ကျုံးကိုစော်ကားခဲ့တာက‌ကြောင့်  ..ခပ်ကြာကြာသူအသက်ရှင်မှာတော့မဟုတ်ဘူး…သူ့ရဲ့မိသားစုတစ်ခုလုံးတောင်သက်ရောက်မှုကိုခံစားရပြီးတော့ သူ့ရဲ့ရူးမိုက်မှုကြောင့်ဖျက်ဆီးခံရလောက်တယ်”

သူ့ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှုများနှင့် အထင်သေးစွာလှောင်ပြောင်သောအကြည့်တို့အား  ကြားနေရသော်လည်း ရှစ်ဖုန့်က မကြားသကဲ့သို့သာနေသည်။ သူက အဖြူလေးအားပြောလိုက်သည်။

“သွားစို့”

“ဝေါင်း”

ရှစ်ဖုန့်အမိန့်ပေးသောအခါတွင် ကျားဖြူကဒေါသတကြီးတစ်ချက်

ဟိန်းလိုက်သည်။ ဤလူများကသူ၏ကိုယ်ပေါ်မှပုဂ္ဂိုလ်၏  သိုင်းပါရမီအားမည်ကဲ့သို့နား

လည်နိုင်ပါမည်နည်း။သူ၏ စစ်မှန်သောခွန်အားအားမည်ကဲ့သို့နားလည်နိုင်ပါမည်နည်း။

အဖြူလေး၏ ဒေါသတကြီးဟိန်းမှုကြောင့် ဧရိယာအတွင်းလေပြင်းတစ်ချက်

တိုက်သွားသည်။ ကာကွယ်မှုလျော့နေသောလူများစွာမှာ  ဘေးသို့လွင့်သွားရ၏။ အော်သံများနှင့်ဆဲဆိုသံများ ထွက်ပေါ်လာသည်။ သို့သော် အဖြူလေးက၎င်းတို့အားဂရုစိုက်နေခြင်းမရှိပေ။ ၎င်း၏ကျောထက်ရှိရှစ်ဖုန့်နှင့်အတူ  မှောင်မိုက်သောညကောင်းကင်ယံ

အတွင်းသို့ဒုန်းဆိုင်းပြေးသွားသည်။

ထို့နောက်အောက်ဘက်မှ အော်သံများနှင့်ကျိန်ဆဲသံများကိုကြားရ၏။

“ကောင်လေး မင်းဒီလိုမျိုးထွက်ပြေးလို့ရမယ်မထင်နဲ့. ငါ့နဲ့နောက်တစ်ခေါက်ထပ်ပြီးမတွေ့စေနဲ့.. မဟုတ်ရင် ယန်ကျုံးကမင်းအသက်ကိုမယူရင်တောင်ငါမင်းအသက်ကိုအရင်ဆုံးယူမယ်”

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters