အသစ်ဖြစ်တည်ခြင်း
Vol. 53 Ch. 732
ဂိုဏ်းမှ ကောင်းချီးနယ်မြေကို ယူဆောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ကြီးကြပ်ခန့်ခွဲနေရင်း ဝမ်ဝေ့က အနောက်ပိုင်းကုန်းမြေရှိ မိစ္ဆာကျင့်ကြံသူများကို ဓားမဟာမိတ်လိုမျိုး တူညီသည့်နည်းလမ်းမှတဆင့် ထိန်းချုပ်နိုင်မလားဟု စတင်စဉ်းစားနေသည်။
မိစ္ဆာမဟာမိတ်ထဲ သူတို့ကို ဆွဲခေါ်ဖို့ အကျိုးအမြတ်အများကြီး လိုအပ်လိမ့်မယ်…
မိစ္ဆာကျင့်ကြံသူများက အသွေးအသားနှင့် ဝိညာဉ်ကို အသုံးပြုကာ သူတို့၏ ကျင့်ကြံဆင့်နှင့် ခွန်အားကို အတင်းအကြပ် မြှင့်တင်လေ့ရှိကြသည်။
ဝမ်ဝေ့က သူ့အချိန်နှင့် ကံစည်းမျဉ်းကို အသုံးပြုကာ အတိတ်မှ သွေးကို ရယူပေးနိုင်သည်။ သူက ဝိညာဉ်စည်းမျဉ်းကို အသုံးပြုကာ အတိတ်မှ ဝိညာဉ်တချို့ကိုပင် ရယူပေးနိုင်၏။ ထိုနည်းလမ်းက သံသရာကို သက်ရောက်စေသည့်အတွက် စွန့်စားမှုတချို့ ရှိသော်လည်း သူသာ ဂရုစိုက်ပါက အောင်မြင်အောင် လုပ်ဆောင်နိုင်သည်။
ကံဆိုးစွာဖြင့် ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ထိုအကြံအစည်က အကျိုးအကြောင်း မသင့်ကြောင်း သဘောပေါက်သွားခဲ့သည်။
မိစ္ဆာကျင့်ကြံသူတွေက အသွေးအသားကို စုစည်းနိုင်ဖို့ သေမျိုးမြို့တွေဆီ သွားနိုင်တဲ့အချိန်မှာ မဟာမိတ်ကို ဝင်ပြီး တခြားသူအတွက် ဘာလို့အလုပ်လုပ်ပေးချင်မှာလဲ။
ကျင့်ကြံသူများက ကျင့်ဝတ်ဆိုင်ရာကို ဂရုမစိုက်ကြသည့်အတွက် ကျင့်ကြံရေးအရင်းအမြစ်များကို စုဆောင်းဖို့ ပိုမိုလွယ်ကူသည့်နည်းလမ်းကိုသာ ရွေးချယ်ကြလိမ့်မည်။ ထို့ကြောင့် သူတို့က ဝမ်ဝေ့၏ မိစ္ဆာမဟာမိတ်အတွက် အလုပ်လုပ်မည့်အစား သတ်ဖြတ်ရေးစက်ယန္တရား ဖြစ်လာဖို့ရာသာ လိုလားကြလိမ့်မည်။
သူတို့ဝင်ရောက်လာလျှင်ပင် အခြေအနေက တိုးတက်လာမည် မဟုတ်ပေ။ ထိုမိစ္ဆာကျင့်ကြံသူများက မဟာမိတ်မှ ပေးသည့် တာဝန်များကို အလွဲသုံးစားလုပ်ပြီး သူတို့၏ လက်အောက်ငယ်သားများအား တာဝန်ပြန်ပေးခြင်း သို့မဟုတ် မဟာမိတ်အမှတ်များအတွက် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများပင် ပြုလုပ်လာနိုင်သည်။
သူတို့ကို ထိန်းချုပ်ဖို့အတွက် အဓိကပြဿနာက သူတို့ရဲ့ ပြောင်းလဲလွယ်တဲ့ စိတ်ဓာတ်ပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။
အဲဒါဆိုတော့ သူတို့တွေက အင်အားကိုပဲ ကိုးကွယ်တာဆိုတော့ အကြွင်းမဲ့အင်အားကို အသုံးပြုတာက အကောင်းဆုံးချဉ်းကပ်မှုပဲ…
ထို့ကြောင့် ဝမ်ဝေ့က မိစ္ဆာကျင့်ကြံသူများကို သူတို့ဆီ နတ်ဘုရား၏ အကြောက်တရားကို ထည့်သွင်းပေးပြီး ရင်ဆိုင်ဖြေရှင်းဖို့ စီစဉ်ထားခဲ့သည်။ သူတို့က ကောင်းကောင်းမွန်မွန် မပြုမူပါက သတ်ပစ်ရလိမ့်မည်။ အကယ်၍ သူတို့က နာခံဖို့ ငြင်းဆန်ပါက အသင်္ချေအင်ပါယာကမ္ဘာတွင် ယခုမှစ၍ မိစ္ဆာကျင့်ကြံသူများရှိမည် မဟုတ်ပေ။
နောင်အနာဂတ်အတွက်တော့ မပြောနိုင်ပေမဲ့ သူတို့က ငါ့ကို ဆန့်ကျင်မယ်ဆိုရင် ရှင်းထုတ်ပစ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး…
ဝမ်ဝေ့က ရက်စက်သည့် အကြည့်ဖြင့် တွေးလိုက်စဉ် သူတို့၏ ကိစ္စများ လုပ်ဆောင်နေသည့် ဂိုဏ်းအကြီးအကဲများနှင့် တပည့်များက ကြောက်လန့်သွားကြသည်။
ဝမ်ဝေ့က အားနာစွာ ပြုံးလိုက်ပြီးသည့်နောက်တွင် ဂိုဏ်းဆီ ပြန်သွားလိုက်သည်။ ထိုစဉ် ထိုလူများက ဂိုဏ်းချုပ်ကို ရန်စထားသည့် မောင်ကံဆိုးက မည်သူလဲဟု စဉ်းစားနေကြ၏။ သူတို့က ထိုသူအတွက် ဆုတောင်းပေးကာ ခေါင်းအသာယမ်းလိုက်ကြသည်။
………………………………………………………
မသေမျိုးတက်လှမ်းခြင်းကမ္ဘာ၊ ဓမ္မဓားဂိုဏ်း
ကျိလန်ဖန်းနှင့် သူ၏ တာအိုကာကွယ်သူ တိတ်ဆိတ်ဓားအရှင်တို့က အိမ်သို့ ပြန်ရောက်လာကြသည်။
“တာအိုအခွင့်အလမ်းဂိုဏ်းကလူတွေက တကယ်ကို ရူးသွပ်နေတာပဲ” ကျိလန်ဖန်းက ပြောလိုက်သည်။ အိမ်အပြန်လမ်းတွင် ဆန့်ကျင်ကျင့်ကြံသူ ၅ယောက်ထက်မနည်း သူတို့ကို တိုက်ခိုက်ခဲ့ကြ၏။ ကံကောင်းစွာဖြင့် ဓားအရှင်က လိုက်လာကာ သူတို့ကို ကာကွယ်ပေးခဲ့သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းက အားကောင်းလွန်းနေတော့ စွမ်းအားမျှခြေကို ချိုးဖောက်သလို ဖြစ်တာ။ အဲဒါကြောင့် တခြားသူတွေအတွက် သူတို့ကို ဖြေရှင်းချင်နေတာ ပုံမှန်ပါပဲ။” တိတ်ဆိတ်ဓားအရှင်က ပြောလိုက်သည်။ သူက ထိုအခွင့်အရေးကို အသုံးချကာ အသင်္ချေအင်ပါယာကမ္ဘာအပေါ် နားလည်မှုတချို့ ရယူခဲ့သည်။
“အမှန်ပဲ။ အဲဒါက ကျုပ်တို့ဂိုဏ်းအတွက်လည်း အတူတူပဲ မဟုတ်ဘူးလား” ကျိလန်ဖန်း၏ ရုတ်တရက် မြင့်တက်လာမှုကို လူများစွာက သဘောမကျကြပေ။ ကံဆိုးစွာဖြင့် ဓမ္မဂိုဏ်းက တာအိုအခွင့်အလမ်းဂိုဏ်း မဟုတ်ပေ။ သူတို့က ဧကရာဇ် ၅ယောက်ရှိသည့် အားအကောင်းဆုံးဂိုဏ်းထဲမှ တစ်ခု ဖြစ်သော်လည်း သူတို့တွင် ထာဝရဧကရာဇ် မရှိပေ။
ထို့ကြောင့် အင်အားစုအများစုက ဓမ္မဓားဂိုဏ်းကို ထာဝရဧကရာဇ်သာမက ထာဝရအထွတ်အထိပ် ပြုစုပျိုးထောင်နိုင်ဖို့အထိ မစောင့်ဆိုင်းလိုကြပေ။ ကျိလန်ဖန်း ပြသထားသည့် အင်အားနှင့် စွမ်းအားအရ သူသည် ထိုသို့အောင်မြင်မှုမျိုး ရရှိနိုင်ချေ မြင့်မား၏။
တိတ်ဆိတ်ဓားအရှင်က ထိုခေါင်းစဉ်နှင့် ပတ်သက်ပြီး မပြောတော့ဘဲ တခြားတစ်ခုသာ ပြောလိုက်သည် “ဂိုဏ်းချုပ် ဝမ်ထျန်းရဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ချင်လား။ ဒါက ကုသိုလ်စုစည်းဖို့ နည်းလမ်းကောင်းပဲ။ ပြီးတော့…”
“မလိုဘူး။ ဒါက ကျုပ်ရဲ့ ကံကြမ္မာ မဟုတ်ဘူး” ကျိလန်ဖန်းက ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သိသည့်အတွက် ပြန်ဖြေလိုက်သည်။ သူက သူ့ပါရမီဖြင့် ၁၂ဆင့်မြောက် ဓားအဆင့်ကို အလျင်အမြန် ဝင်ရောက်နိုင်ပြီး ထာဝရတက်လှမ်းခြင်းကမ္ဘာတွင် ဖြန့်ဝေပြီး ကုသိုလ်ရယူနိုင်သည်။
ထို့အပြင် သူက ဝမ်ထျန်းထက်အရင် တာအိုကို သက်သေပြနိုင်လေသည်။ ထို့ကြောင့် သူသာအလိုရှိပါက ဓားလမ်းစဉ်အသစ်ကို ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးဆီ ဖြန့်ဝေပြီး ကုသိုလ်အမြောက်အများ စုစည်းနိုင်လေသည်။ တစ်ခုတည်းသော ပြဿနာက ဝမ်ထျန်း၏ သားသာ ဖြစ်၏။
သို့သော်လည်း ကျိလန်ဖန်းက သူ့မိတ်ဆွေကို သစ္စာမဖောက်လိုပေ။ ထိုအရာက သူ့ဓားတာအိုအပေါ် သက်ရောက်မှုရှိလာစေလိမ့်မည်။
“ဂိုဏ်းချုပ်သဘောပါပဲ” တိတ်ဆိတ်ဓားအရှင်က ကံကြမ္မာသည် လုယူတိုက်ခိုက်နိုင်ကြောင်း သိထားလေသည်။ သို့သော်လည်း ဂိုဏ်းချုပ်က မလိုလားသည့်အတွက် ဆက်မပြောတော့ပေ။ ထို့အပြင် ဆုံးဖြတ်ချက်က ဉာဏ်ရှိနေနိုင်၏။ ဂိုဏ်းချုပ်က ထိုလမ်းစဉ်သာ လျှောက်လှမ်းခဲ့လျှင် သူ့မိတ်ဆွေ၏ သားနှင့် ရန်သူ ဖြစ်လာမည်ကို ကြိုတင်မြင်နေရသည်။
အရှင်းဆုံးပြောရလျှင် ဝမ်ဝေ့၏ ပါရမီနှင့် စွမ်းအားက တိတ်ဆိတ်ဓားအရှင်ကိုပင် ထိတ်လန့်စေ၏။
ဒါက ပြဿနာတွေနဲ့ မထိုက်တန်ဘူး…
သူက တွေးလိုက်မိသည်။
“ဂိုဏ်းချုပ် ဒါနဲ့ လက်ကရော”
“ပြဿနာမရှိဘူး” နှစ်အနည်းငယ်ကြာ လေ့ကျင့်ပြီး နေသားကျပြီးသည့်နောက်တွင် သူ့စွမ်းအားက လက်တစ်ဖက် မရှိသည့်အတွက် လျော့ကျသွားမည် မဟုတ်ပေ။
“သူတို့ရဲ့ အကူအညီကို ငြင်းဆန်ဖို့က ကောင်းတယ်ဆိုတာ သေချာရဲ့လား”
“ဟုတ်တယ်။ ဝမ်ဝေ့နဲ့ အကြမ်းဖျင်းပဲ ဆက်ဆံဖူးတယ်ဆိုပေမဲ့ သူက ရည်မှန်းချက် ကြီးမားတဲ့သူဆိုတာကို သိနိုင်တယ်” ကျိလန်ဖန်းက ပြောလိုက်သည်။ သူက ဓားသမားတစ်ဦးအနေဖြင့် ထိုသို့သော အရာမျိုးအပေါ် ပြင်းထန်သည့် ခံစားမှုမျိုးရှိ၏။
“သူ့ရည်မှန်းချက်က ကျုပ်တို့အပေါ် ဘယ်လိုသက်ရောက်လာမလဲဆိုတာကို မသိခင် သူ့အပေါ် ကျေးဇူးကြွေးတင်မထားတာ အကောင်းဆုံးပဲ”
“အမှန်ပဲ” တိတ်ဆိတ်ဓားအရှင်က ဤချဉ်းကပ်မှုနှင့် ပတ်သက်ပြီး သဘောတူလိုက်သည်။ သူ့စိုးရိမ်မှုက လက်တစ်ဖက် ဆုံးရှုံးသွားခြင်းသည် ဓမ္မဓားဂိုဏ်း၏ ထာဝရအထွတ်အထိပ် ပြုစုပျိုးထောင်ပေးသည့် ဖြစ်ရပ်အပေါ် သက်ရောက်မှုရှိလာစေမည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။
“ကောင်းပြီ ကျုပ်က သေမျိုးနယ်ပယ်မှာ ကြာကြာမနေနိုင်ဘူး။ ဂိုဏ်းချုပ် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ” တိတ်ဆိတ်ဓားအရှင်က ပြောလိုက်သည်။
“ကျုပ်ကို ကာကွယ်ပေးလို့ ကျေးဇူးပါ” ကျိလန်ဖန်းက အရိုအသေပေးလိုက်ပြီး တိတ်ဆိတ်ဓားအရှင်က မသေမျိုးနယ်ပယ်ဆီ တက်လှမ်းသွားသည်ကို ကြည့်နေလိုက်၏။ ထို့နောက် သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင်အထိ ထွက်ခွာမသွားဘဲ သီးသန့်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သည်။
သေမျိုးနယ်ပယ်တွင် ထာဝရဦးသျှောင်နှင့် တာအိုဘိုးဘေးများ မရှိဘဲ ကျိလန်ဖန်းက ပြိုင်ဘက်ကင်းပေသည်။ သို့သော်လည်း သူက သူ့ဂိုဏ်းအတွက် အကျိုးကျေးဇူး ရရှိစေဖို့ရာ သူ့အင်အားကို တလွဲအသုံးမပြုဖူးပေ။ အကြောင်းမှာ မသေမျိုးများအတွက် သေမျိုးနယ်ပယ်ဆီ အချိန်တစ်ခုမျှ ဆင်းသက်လာနိုင်သည့် နည်းလမ်းရှိနေကြောင်း သိထား၍ ဖြစ်သည်။
ကျိလန်ဖန်းက မသေမျိုးအဆင့် ပုဂ္ဂိုလ်များဆီမှ လုပ်ကြံသတ်ဖြတ်မှုများကို ခံစားရင်း သိုသိုသိပ်သိပ်နေဖို့ရာ ခက်ခက်ခဲခဲ သင်ယူခဲ့ရသည်။ သူက ထာဝရဦးသျှောင်တချို့ကို သတ်ပြီးသည့်နောက်တွင် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့၏။
မည်သို့ပင်ဆိုစေကာမူ သူက ဧကရာဇ်ဖြစ်လာပြီး ဂိုဏ်းကို အထွတ်အထိပ်သို့ ရောက်ရှိနိုင်စေဖို့အတွက် သီးသန့်ကျင့်ကြံဖို့ရာ ဆုံးဖြတ်လိုက်သည်။
………………………………………….
အသင်္ချေအင်ပါယာကမ္ဘာ၊ အရှေ့ပိုင်းနဂါးပြာကုန်းမြေ၊ ဓားရေးစံအိမ်
ကျန့်ယီက ဝမ်ထျန်း၏ ယခင်ဓားလမ်းစဉ်ကို ဖြတ်တောက်လိုက်သည်ကို ကြည့်ပြီးသည့်နောက် သွေးတစ်ပွက် အန်လိုက်ရသည်။
“ကျစ် ဝမ်ထျန်း မင်းက ဒီလောက်တောင် အရူးထရတယ်လား” သူက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ သူက ဆေးလုံးတချို့ကို ထုတ်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရပြီးသည့်နောက်တွင် ဓားရေးအရှင်က ပေါ်ထွက်လာသည်။
ကျန့်ယီက ဝမ်ထျန်း၏ အပြုအမူအပြီးတွင် သူတို့လိုမျိုး ဓားအခြေစိုက် အင်အားစုများက မည်မျှခံစားခဲ့ရကြောင်း သိနေ၏။
ဓားရေးအရှင်က သက်ပြင်းချကာ “ဒီလမ်းစဉ်အသစ်ရဲ့ ကြွယ်ဝမှုက မိုးမြေရဲ့ ဦးတည်ချက် ဖြစ်နေပြီ”
ကျန့်ယီ၏ မျက်နှာအထက် အမူအရာ ပျက်ယွင်းသွားလေသည်။ မိုးမြေ၏ အလားအလာ သို့မဟုတ် ဦးတည်ချက်ဆိုသည်မှာ မည်သည်နည်း။ တစ်စုံတစ်ခုဖြစ်ပျက်လာပြီး ဘယ်အရာမှ မတားဆီးနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်သည်။ အခုရောက်ရှိလာမည့် စည်ပင်ကြွယ်ဝသည့် ခေတ်ကာလလိုမျိုး ဖြစ်၏။
“မိုးမြေရဲ့ ဦးတည်ချက်နဲ့ဆိုရင်တောင် ကျုပ်တို့လုပ်နိုင်တာ တစ်ခုခုတော့ ရှိရမယ်”
“အကောင်းဆုံးရွေးချယ်မှုက ဝမ်ထျန်းလိုမျိုး ပါရမီရှိတဲ့သူတစ်ယောက်ကို သူတို့ရဲ့ အရည်အချင်းကို အသုံးပြုပြီး ယခင်လမ်းစဉ်ကို အားဖြည့်ပေးဖို့ပဲ” ဓားရေးအရှင်က ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒါက အနည်းငယ်ပဲ နှောင့်နှေးနိုင်လိမ့်မယ်”
ကျန့်ယီက ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည် “တကယ်လို့ ရွှမ်းအာသာ ရှိနေမယ်ဆိုရင် အခွင့်အရေးရှိနိုင်တယ်”
“တာအိုနှလုံးသားဖြေဆေးနဲ့ ပတ်သက်ပြီး သတင်းကြားသေးလား”
“ကံဆိုးတာက အခုထိ ဘာမှမကြားရသေးဘူး” ကျန့်ယီက ပြောလိုက်သည်။
ကျန့်ဝူရွှမ်း၏ အဖြစ်အပျက်အပြီးတွင် စံအိမ်က သူ့ကို လက်မလျှော့ဘဲ ကုသမည့်နည်းလမ်းကို ရှာဖွေနေခဲ့သည်။ သူတို့က တခြားကမ္ဘာ့အသိုက်အဝန်းများထိ လူများကို စေလွှတ်ကာ ကုသနည်းကို ရှာဖွေခိုင်းခဲ့သည်။
သူတို့ရှာတွေ့သည့် တစ်ခုတည်းသော ကုသနည်းက တာအိုနှလုံးသားဖြေဆေးဟုခေါ်သည့် ရှားပါးဝိညာဉ်ဆေးပင်ကို ရှာတွေ့ဖို့ ဖြစ်သည်။ ထိုအရာက ပျက်စီးသွားသည့် တာအိုနှလုံးသားများကို ကူညီကာ ပြင်ဆင်ပေးနိုင်သည်။ ကံဆိုးစွာဖြင့် ထိုဖြေဆေးက အကောင်းဆုံးဖြစ်ပြီး ဒဏ္ဍာရီလာတစ်ခု ဖြစ်နေကာ မည်သူကမှ မမြင်ဖူးကြသလို မကြားဖူးကြပေ။ သူတို့၏ ပိုင်ဆိုင်မှုအတွင်းရှိဖို့ရာ ထည့်ပြောစရာ မလိုတော့ပေ။
ဘန်း
အခန်းအတွင်းမှ ကြောက်မက်ဖွယ် ကောင်းသည့် ဓားဆန္ဒတစ်ခု ရုတ်ချည်းထွက်ပေါ်လာသည့်အတွက် နှစ်ဦးသားက အံ့အားသင့်သွားလေသည်။ သူတို့က ထိုဓားဆန္ဒအရင်းအမြစ်ကို လှမ်းကြည့်လိုက်သည့်အခါ ကျန့်ဝူရွှမ်းဆီမှ ဖြစ်နေ၍ အံ့အားသင့်သွားကြ၏။
“ကျုပ် … မှားသွားခဲ့တယ်” ကျန့်ဝူရွှမ်းက ခပ်ဩဩအသံဖြင့် ပြောလိုက်သည် “ကျုပ်ရဲ့ ဓားရေးက … သွေဖယ်သွားခဲ့တယ်”
သူ့အကြည့်များက တောက်ပလာကာ အသက်ဝင်လာပြီး ယခင်ကလို မှိုင်းတိုင်းတိုင်းအမူအရာမျိုး မဟုတ်တော့ပေ။
“အဆုံးမဲ့ကို တိုက်ရိုက်ဖြစ်ဖြစ်၊ စည်းမျဉ်းပဲ့တင်သံကဖြစ်ဖြစ် ထိန်းချုပ်ဖို့ မကြိုးစားခဲ့သင့်ဘူး” ကျန့်ဝူရွှမ်းက အပြင်းအထန် ချောင်းဆိုးသွား၏။ သို့သော်လည်း သူက သူ့ခန္ဓာကိုယ်၏ အခြေအနေကို လျစ်လျူရှုထားသည်။ တခြားနှစ်ယောက်ကပင် သူ့အား ဝင်ရောက်စွက်ဖက်ခြင်း မရှိသလို ကူညီခြင်းလည်း မရှိပေ။
“ကျုပ် အခြေခံဓားရေးအဖြစ် ဖြည့်သွင်းခဲ့သင့်တာ။ ကျုပ်ရဲ့ဓားဆန္ဒက အဆုံးမဲ့ဓားချက်၊ အဆုံးမဲ့ဖြတ်တောက်ခြင်း၊ အဆုံးမဲ့ဝှေ့ယမ်းခြင်းနဲ့ အဆုံးမဲ့အရှိန်အထိ ဖြစ်နေနိုင်တယ်”
ကျန့်ဝူရွှမ်း၏ ဓားဆန္ဒက သိမ်မွေ့သွားကာ သူ့ကိုယ်ပိုင်ဓားတာအိုကို ရှာဖွေတွေ့ရှိသွားသည်။ ထိုအရာက ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့လိုမျိုး သန့်စင်သည့် ဓားတာအို ဖြစ်၏။
“ရွှမ်းအာ မင်း ပျောက်ကင်းသွားပြီလား” ကျန့်ယီက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
“မဟုတ်သေးဘူး။ ဓားရေးမှာ အဆင့် တက်လှမ်းသွားတာက ကျွန်တော်ကို နိုးထလာစေခဲ့တာ။ ဒါပေမဲ့ ကျွန်တော်ရဲ့ တာအိုနှလုံးသားက ပျက်စီးနေတုန်းပဲ” ကျန့်ဝူရွှမ်းက သူ့ခန္ဓာကိုယ်၏ ဆိုးဆိုးရွားရွား အခြေအနေကို သိနေလေသည်။
“ဒါက…”
“မစိုးရိမ်ပါနဲ့။ ကျွန်တော် အပြည့်အဝ ကုသမဲ့နည်းလမ်းကို ရှာတွေ့ထားတယ်။ ဒါပေမဲ့ ဧကရာဇ်လမ်းစဉ်နဲ့ ကျွန်တော်ကံကြမ္မာက ဒီမျိုးဆက်မှာ ဖြတ်တောက်ခံလိုက်ရပြီ” ကျန့်ဝမ်ရွှီက ကြောက်ဖို့ကောင်းလောက်အောင် တည်ငြိမ်နေလေ၏။
ကျန့်ဝမ်ရွှီက စိတ်ခံစားချက် ကင်းမဲ့သည့် ဓားသမားများနှင့် တူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်သည်။ သူက တာအိုလက်တွဲဖော် ထားရှိဖို့ စိတ်ဆန္ဒ မရှိတော့ဘဲ ဓားအပေါ်ကိုသာ အပြည့်အဝ ပုံအပ်ထားခြင်း ဖြစ်သည်။ ဤဘဝတွင် သူက ဓားအတွက် အသက်ရှင်ကာ ဓားအတွက် သေဆုံးမည်ဖြစ်သည်။
“ကိစ္စမရှိဘူး။ မင်းကိုယ်မင်း စည်းပိတ်လိုက်။ မင်းရဲ့ပါရမီနဲ့ဆိုရင် ထာဝရဧကရာဇ် ဖြစ်လာနိုင်ချေရှိတယ်” ကျန့်ယီက ပြောလိုက်၏။
“ပြီးတော့ ဒီအခြေအနေနဲ့ ဘယ်လိုဖြေရှင်းမယ်လို့ စဉ်းစားထားလဲ” ဓားရေးအရှင်က ရုတ်တရက်မေးလိုက်သည်။
“သိသာတယ် မဟုတ်ဘူးလား။ ကျွန်တော်တို့ဆီမှာ ပိုမိုကောင်းမွန်တဲ့ လမ်းစဉ်ရှိမှတော့ အသုံးမဝင်တဲ့ဟာကို ဘာလို့ဖက်တွယ်နေဦးမှာလဲ”
“ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူး”
“ရိုးရှင်းပါတယ်” သူက ပြန်လည်ချေပလိုက်သည် “ကျွန်တော်တို့က ကျွန်တော်တို့ရဲ့စွမ်းအား အများကြီး ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမဲ့ ဓားအင်အားစု အများစုလည်း အဲ့အတိုင်းပဲ။ လိုက်မမှီတဲ့သူတွေကို ရှင်းထုတ်ပစ်ပြီးတော့ ဒီဓားလမ်းစဉ်အသစ်အတွက် သင့်တော်တဲ့ မျိုးဆက်အပေါ် ပြုစုပျိုးထောင်တာပဲ အာရုံစိုက်ထားရမယ်”
ဓားရေးအရှင်နှင့် ကျန့်ယီတို့က မျက်မှောင်ကြုတ်လိုက်ပြီး ထိုသူ၏ စကားမှ အကျိုးဆက်ကို စဉ်းစားနေကြသည်။
“ဒါက ကပ်ဘေးတစ်ခုဆိုပေမဲ့ အခွင့်အရေးတစ်ခုပဲ” ကျန့်ဝမ်ရွှီက ပြောလိုက်သည် “ကိစ္စတွေက ဓားလိုမျိုး မြင့်တက်ပြီး အားကောင်းမလာခင် ပျက်စီးသွားဖို့ လိုတယ်”
နှစ်ဦးသား၏ အကြည့်က တောက်ပလာကြသည်။
“ငါတို့လို လူအိုကြီးတွေက ဘာမှမသိဘူး” ဓားရေးအရှင်က သက်ပြင်းချကာ ပြောလိုက်သည် “မင်းက ဒီကိစ္စကို တာဝန်ယူလိုက်။ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ သတိထားဖို့ပဲ တောင်းဆိုချင်တယ်” ထို့နောက် သူက ပျောက်ကွယ်သွားသည်။
ကျန့်ယီက သက်ပြင်းချလိုက်ပြီး ပြန်လည်မချေပပေ။
“မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို ကုသဖို့ပဲ အာရုံစိုက်ထား။ ပြီးသွားရင် စံအိမ်သခင်ရာထူးကို မင်းဆီ လွှဲပြောင်းပေးမယ်”
သူကလည်း ပျောက်ကွယ်သွားသည်။
ကျန့်ယီကလည်း သူ့တပည့်သည် အရွယ်ရောက်လာကြောင်း ပြောနိုင်လေသည်။ ထိုသို့အရွယ်ရောက်လာဖို့အတွက် သူ့တပည့်က ဆိုးဆိုးရွားရွား ကံကြမ္မာကို တွေ့ကြုံခံစားရသည်မှာ နှမြောဖွယ်ကောင်းလှသည်။
***