← Chapters

အစွန်းရောက်နှင့် အကြွင်းမဲ့အပြိုင်

Vol. 53 Ch. 734

အစွန်းရောက်နှင့် အကြွင်းမဲ့အပြိုင်

Vol. 53 Ch. 734

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ မူလစည်းတံဆိပ်ကုန်းမြေ

ဝူဟုန်က ဓားဧကရီ ရှိရာဆီ ကူးသန်းလာလိုက်သည်။

“ဘာဖြစ်လို့လဲ”

“အကြွင်းအမဲ့ဓားလမ်းစဉ်ရဲ့ ကံကြမ္မာက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ကံကောင်းမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာကို ခံစားမိလိုက်တယ်” ဝူဟုန်က ပြောလိုက်သည်။

“အိုး ဒီကောင်လေး အောင်မြင်သွားပြီတူတယ်။” ဓားဧကရီက အကြည့်များ တောက်ပလာကာ ရေရွတ်လိုက်၏။ သူမအနေနှင့် သူသည် သူမလိုမျိုး ခေါင်းကြောမာနေလိမ့်မည်ဟု ထင်ထားခဲ့မိသည်။

“အဲဒါဆိုတော့ ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ အစ်မရဲ့ မျိုးဆက်နဲ့ သက်ဆိုင်နေတာပဲ”

“ဟုတ်တယ်။ တကယ်ကို အတော်ကို ပါရမီထူးကဲတဲ့ကောင်လေးပဲ”

“အော … အစ်မက တစ်ယောက်ယောက်ရဲ့ ပါရမီကို အသိအမှတ်ပြုတယ်ဆိုတော့ သူက အတော်လေး ထူးချွန်နေတာပဲ ဖြစ်ရမယ်” သူမ၏ မိတ်ဆွေက ပါရမီကို အကဲဖြတ်သည့်အခါ မည်မျှတင်းကြပ်ကြောင်း သိထားလေသည်။ သို့သော်လည်း သူမက တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ပြိုင်ဘက်ကင်း ပါရမီရှင်များစွာကို ပြုစုပျိုးထောင်ပေးခဲ့သည်။

အများစုက ကံဆိုးခဲ့သည်မှာ နှမြောစရာကောင်းလှ၏။

“ဟုတ်တယ်။ ငါ့အဆင့်ကို ရောက်ပြီးတော့ ဓားမဟာတာအိုအရင်းအမြစ် နေရာအတွက် စိန်ခေါ်ခံရဖို့ မစောင့်နိုင်တော့ဘူး”

“သူ့ကို အဲ့လောက်တောင် ယုံကြည်တယ်လား”

“အင်း ဒီကောင်လေးရဲ့ ပါရမီက သူ့ထက် မနိမ့်ကျဘူး” ဓားဧကရီက ခေါင်းညိတ်လိုက်၏။

“သူ လိုအပ်နေတာက ကံကောင်းမှုနဲ့ ကြမ္မာပဲ။ ကံကောင်းတာက မကောင်းဆိုးဝါးလို စွမ်းဆောင်ရည်ရှိတဲ့ သူ့သားက အဲဒီလိုအပ်ချက်ကို ဖြည့်စည်းပေးတယ်လေ”

“သူ့သားက ပိုပြီးတော့တောင် ပါရမီ ရှိတယ်လား” ဝူဟုန်က အနည်းငယ် အံ့အားသင့်သွားမိ၏။ ဓားဧကရီဆီမှ ဤသို့စကားမျိုးထွက်လာအောင် လုပ်ဆောင်နိုင်သည်မှာ မည်မျှပါရမီထူးကဲကြောင်း သိလေသည်။

“အင်း တကယ်လို့ ဘာမှ မျှော်လင့်ထားတာသာ ဖြစ်မယ်ဆိုရင် ကပ်ပါးတွေရဲ့ ခေတ်ကာလကို အဆုံးသတ်ပစ်ဖို့ ကံကြမ္မာဖန်တဲ့သူက သူပဲ နေမယ်” ဓားဧကရီက အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“ပြီး‌တော့ အစ်ကိုချီရှန်းအနေနဲ့ သူက ငါတို့အတွက် အစွဲကင်းခြင်းဆီ လမ်းညွှန်ပေးမဲ့သူလို့ ယုံကြည်နေတာ”

“သူက အဲ့လောက်တောင် ပါရမီ ထူးတယ်လား”

“ငါက ဘာကိုမှ အယုံအကြည် မရှိပေမဲ့ အဲ့ကောင်လေးက တကယ်ကို ပါရမီထူးချွန်ပြီးတော့ သူနဲ့ ဆက်နွယ်နေတဲ့ ကံကြမ္မာအမြောက်အများရှိတယ်ဆိုတာ ဝန်ခံရမှာပဲ။ ပြီးတော့ အစ်ကိုချီရှန်းရဲ့ အမြင်ကိုလည်း နင်သိပါတယ်”

ဝူဟုန်က ဧကရာဇ်ချီယွမ်သည် ပါရမီထူးကဲပြီး ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကိုပင် နောင်အနာဂတ်၏ ယွမ်ခေတ်ကာလများစွာတိုင် ကြံစည်ဗျူဟာချခဲ့သည့် ပါရမီရှင်မှန်း သိထားသည်။ ထို့ကြောင့် သူ့အမြင်က ပြိုင်ဘက်ကင်း၏။

“ကောင်းပြီ။ အဲ့ကောင်လေးက တာအိုကို သက်သေမပြရသေးဘူးဆိုတော့ ကိစ္စတော့ မရှိပါဘူး” ဝူဟုန်က ပြောလိုက်သည်။ ထိုသူက ထိုအဆင့်ကို မတက်လှမ်းခင် သူ့သေမျိုးကံကြမ္မာက သူ့ကြမ္မာအားလုံးကို ပြီးမြောက်စေခြင်းမှ ထာဝရနှောင့်နှေးထားစေနိုင်သည့်အတွက် အရာအားလုံးက မသင့်တော်သေးပေ။

“အစ်မ ကုသပြီးရင် အကြွင်းမဲ့ဓားလမ်းစဉ်ရဲ့ ကံကြမ္မာကို ယူမလားလို့ လာမေးတာ။ အဲဒါက ကုသဖို့ နည်းလမ်းကောင်းပဲလေ”

“မလိုတော့ဘူး။ အငယ်လေးတွေနဲ့ တိုက်ဖို့မလိုဘူး” ဓားဧကရီက ဒိုင်မေးရှင်းအမြင့်၏ ကြမ္မာကို ယူဆောင်စဉ် ဝမ်ထျန်းက ဒိုင်မေးရှင်းအနိမ့်၏ ကြမ္မာကို ယူဆောင်နိုင်သော်လည်း သူမက သူမ မျိုးဆက်ဆီမှ အကျိုးကျေးဇူးရရှိသည့်အရာကို ယူမည်မဟုတ်ပေ။

“အဲဒါဆိုလည်း သူ့အတွက် လမ်းစဉ်ဖောက်ပေးသင့်တယ်” ဝူဟုန်က ထပ်ပြောလိုက်သည်။

“အမှန်ပဲ။ ဒါပေမဲ့ ငါ လှုပ်ရှားဖို့ မလိုလောက်ဘူး” ဓားဧကရီက ဓားသမားများသည် မည်မျှ ခေါင်းကြောမာကြောင်း သိထားလေသည်။ အထူးသဖြင့် ဒိုင်မေးရှင်းအမြင့်မှ လူများ ဖြစ်၏။ သူတို့က အကြွင်းမဲ့ဓားလမ်းစဉ်၏ တည်ရှိမှုအကြောင်း ခေတ်ကာလများစွာ သင်ယူခဲ့ရသော်လည်း မည်သူကမှ ထိုလမ်းစဉ်၏ ကြမ္မာကို မစုစည်းကြပေ။ အစွန်းရောက် ဓားလမ်းစဉ်မှ ဓားသမားများက ကြိုးစားသည့်သူအားလုံးကို ရှင်းထုတ်ပစ်လိမ့်မည်။

အတိတ်တုန်းက ဓားဧကရီသည် အစွန်းရောက်ဓားလမ်းစဉ်သည် အကြွင်းမဲ့ဓားလမ်းစဉ်ထက် ပိုမိုကောင်းမွန်ကြောင်း ပြသဖို့ စံပြတချို့ကိုပင် သတ်ခဲ့ဖူးသည်။ သို့သော် ယခုတွင် သူက ထိုအကြွင်းမဲ့ဓားလမ်းစဉ်၏ ကံကြမ္မာကို စုဝေးဖို့ ကြိုးစားသူများကို သတ်ဖို့ ပြင်ဆင်ထားပြီး ဝမ်ထျန်းအား အစွန်းရောက်ဓားလမ်းစဉ်မှ ဓားသမားများဆီမှ ကာကွယ်ပေးထားဖို့ ပြင်ဆင်ထားသည်။

“အခု ငါ စိုးရိမ်မိတာက ကပ်ပါးထဲက တစ်ယောက်က အကြွင်းမဲ့ဓားလမ်းစဉ် ကံကောင်းမှုကို စုဝေးဖို့ တစ်စုံတစ်ယောက်ကို လေ့ကျင့်ပေးမှာကိုပဲ” ဓားဧကရီက ပြောလိုက်သည်။

“တကယ်လို့ သူတို့လုပ်နိုင်ရင်တောင် ကျွန်မတို့တွေ တော်လှန်ရေးဘက်ကို တိတ်တဆိတ် ကူညီပေးပြီး သတ်လို့ ရတယ်” ဝူဟုန်က ပြောလိုက်သည်။ သူမ၏ မိတ်ဆွေက မျိုးဆက်များအတွက် လမ်းဖောက်ပေးနေပြီဖြစ်ကာ သူမက ကူညီပေးမည် ဖြစ်သည်။

“ကောင်းပြီ။ ဒါပေမဲ့ ရှာတွေ့မသွားအောင် သတိထား။ ဘာဖြစ်ဖြစ် သူတို့က ကြိုးစားကြည့်ရင်တောင် အချိန်တိုအတွင်း အောင်မြင်မှာ မဟုတ်ဘူး” လမ်းစဉ် သို့မဟုတ် အတွေးအခေါ်ပိုင်းမှ ကံကောင်းမှုစုစည်းခြင်းသည် ရိုးရှင်းသည့်အရာမဟုတ်ပေ။

“အခြေအနေကို လျှော့တွက်နေတာပဲ” ဝူဟုန်က ပြောလိုက်သည်။

“အချိန်စားသုံးသူက အလျင်လိုနေတဲ့ပုံပဲ။ ပြီးတော့ ကြည့်ရတာ အနည်းငယ် စိတ်ပျက်နေတဲ့ပုံပဲ။ အဲဒါကြောင့် သူတို့ဘက်မှာ ၉ယောက်မြောက်စံပြကို ပြုစုပျိုးထောင်တာက အခြေအနေကို တည်ငြိမ်သွားနိုင်မဲ့ နည်းလမ်းကောင်းပဲ။ အကြွင်းမဲ့ဓားလမ်းစဉ်ကို ထိန်းချုပ်တဲ့သူ တစ်ယောက်ယောက်ဖြစ်မယ်ဆိုရင် ကမ္ဘာကြီးအပေါ် သူ့ထိန်းချုပ်မှုက ပိုမြင့်လာလိမ့်မယ်”

ဓားဧကရီက မျက်မှောင်ကြုတ်လိုက်ပြီး “အဲဒါဆိုရင် တော်လှန်ရေးဘက်မှာ ထောက်ပံ့မှု ပိုတိုးမြှင့်သင့်ပြီ။ မဟုတ်ရင် သူတို့တွေ ကြာကြာခံမှာ မဟုတ်ဘူး”

“အန္တိမသဟဇာတက အလင်းမဲ့အမှန်တရားနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ပြီးပြည့်စုံတဲ့အချိန်ပဲ”

“ရှုကျင်းယောင်ကလည်း သူ့တပည့်ကြောင့် အခြေအနေ သိပ်မကောင်းဘူး” ဝူဟုန်က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ပြောလိုက်သည်။

“အဲဒါဆိုတော့ ဧကရာဇ်ခုံကို အသုံးချရအောင်။ ဘာဖြစ်ဖြစ် သူက ကောင်းကောင်းမွန်မွန် ပုန်းအောင်းပြီးတော့ သူ့ရဲ့ ဝိဇ္ဇာကုသိုလ်ရွှေခန္ဓာနဲ့ ကာကွယ်ပေးခံထားရတာပဲလေ”

“ကောင်းပြီ။ ဒါပေမဲ့ သတိထားဦး။ လူတချို့က အကျိုးဆက်ကို လျစ်လျူရှုပြီး သူ့ကို သတ်ပစ်တာ ဖြစ်နိုင်တယ်”

“အင်း”

ဓားဧကရီက ရုတ်ချည်း သက်ပြင်းချလိုက်ပြီး “ငါတို့တွေ ဒီလိုအခြေအနေထိ ရောက်သွားလိမ့်မယ်လို့ မယုံနိုင်သေးဘူး”

ယခင် သူမ အထွတ်အထိပ်အခြေအနေတွင် ရှိစဉ်အခါက ထိုကပ်ပါးများကို လက်တစ်ချောင်းဖြင့် သတ်ပစ်နိုင်သည်။ သို့သော် ယခုတွင် သူမက ကြွက်တစ်ကောင်လိုမျိုး ပုန်းအောင်းကာ အားနည်းသည့် အဆင့်(၁၁)နှင့် အဆင့်(၁၀)ကြားမှ လူများကိုသာ မှီခိုနေရသည်။

“ကျင့်ကြံရေးလောကက အမြဲတမ်း ပြောင်းလဲနေတာလေ။ ကံကြမ္မာက တစ်သတ်မှတ်တည်း မဖြစ်ဘူး။ အရာအားလုံးမှာ အတက်အကျဆိုတာ ရှိတယ်” ဝူဟုန်ကပြောလိုက်သည်။

“ကျွန်မတို့တွေ တစ်ခါက ဘယ်လောက်မြင့်မားခဲ့တယ်ဆိုတာအပေါ် မူတည်ပြီး ဒီလောက်နိမ့်ကျသွားတာကို အံ့ဩစရာတော့ မရှိဘူး”

“မင်းက ငါ့ထက် အခြေအနေကောင်းလို့ တော်သေးတယ်”

ဝူဟုန်က ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။ အကြွင်းမဲ့တားမြစ်ချက်နှင့် ပတ်သက်ပြီး သူမ၏ မှတ်ဉာဏ်များက ဝေဝါးကာ မရှင်းမလင်းဖြစ်နေသော်လည်း ထိုအတွေ့အကြုံကြောင့် စိတ်အခြေအနေ သိမ်မွေ့သွားသည့် ဖြစ်စဉ်ကို ကျော်ဖြတ်ခဲ့ရမှန်း သိထားသည်။ သူမ၏ အဆင့်တွင် ထိုသို့သော အပြောင်းအလဲမျိုးက ရှားပါးကာ အင်မတန် အဖိုးတန်လှ၏။ ထို့ကြောင့် သူမ၏ အခြေအနေကို မြန်မြန်ဆန်ဆန် နေသားကျခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူမက ဓားဧကရီထက် စွမ်းအားပိုမိုသိမ်းထားနိုင်ခဲ့ပြီး အမဲလိုက်ခံရသည့် အရှက်ကွဲမှုမျိုး မခံစားရပေ။

“ကောင်းပြီ။ ကျွန်မ လုပ်လိုက်မယ်”

“ခဏနေဦး” ဓားဧကရီက ပြောလိုက်သည်။

“ဒါနဲ့ အဲဒီပြင်ပအင်အားစုနဲ့ ဖြေရှင်းဖို့ မလိုဘူးဆိုတာ သေချာရဲ့လား”

သူမက တခြားဟွင်သွမ်းကမ္ဘာများသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက အားနည်းနေသည့် အခွင့်ကောင်းကို အသုံးချကာ ကျူးကျော်လာပြီး အရင်းအမြစ်များနှင့် အကျိုးအမြတ်များ ရယူမည်ကို စိုးရိမ်နေမိသည်။

“မစိုးရိမ်ပါနဲ့။ မေတ္တယျနဲ့ အန္တိမသဟဇာတရှိနေသရွေ့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး” ဝူဟုန်က ထိုနှစ်ယောက်သည် အဆုံးမဲ့တက်လှမ်းခြင်းတစ်လျှောက် တည်ငြိမ်မှုကို လိုလား၍သာ ကပ်ပါး၈ယောက်ကို ထောက်ခံနေသည့် အကြောင်းအရင်းဖြစ်ကြောင်း သုံးသပ်ထားပြီးသား ဖြစ်၏။

မေတ္တယျက လတ်တလော တည်ငြိမ်မှုအကြောင်း ဂရုမစိုက်တော့သော်လည်း အန္တိမသဟဇာတကမူ အတူတူဖြစ်နေဆဲသာ ဖြစ်သည်။ ထို့ကြောင့် သူက ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မည်ကို ခွင့်ပြုမည် မဟုတ်ပေ။

“အဲဒါဆို အလင်းမဲ့အမှန်တရားကရော ငါတို့တွေ စိုးရိမ်သင့်သေးလား”

“စိုးရိမ်နေလို့ ဘာအကျိုးရှိမှာလဲ။ အဲဒီနှစ်ယောက်တောင် ကူကယ်ရာမဲ့နေတာလေ” သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။

အလင်းမဲ့အမှန်တရားက မဟာတာအိုပင် မဖြေရှင်းနိုင်သည့် အရာတစ်ခု ဖြစ်ပေသည်။ ထိုသူနှစ်ဦးက အစွဲကင်းမှုတစ်ပိုင်းအဆင့် ရောက်ရှိနေလျှင်ပင် သူတို့အနေဖြင့် ကူကယ်ရာမဲ့နေလိမ့်မည်။

“ဒီကမ္ဘာကြီးက ရှုပ်ထွေးလွန်းတာကို မေ့သွားတယ်” ဓားဧကရီက မှတ်ချက်ပေးလိုက်သည်။ မဟာတာအိုအရင်းအမြစ်၏ အဆုံးသတ်သို့ ရောက်ရှိပြီးသည့်နောက်တွင် စံပြများစွာက သူတို့သည် ဟွင်သွမ်းစကြဝဠာ၏ အမှန်တရားနှင့် လျှို့ဝှက်ချက်အားလုံးကို ရှာဖွေနိုင်စွမ်းရှိသည်ဟု ခံစားမိခဲ့ကြသည်။

ထိုအတွေးအခေါ်က သူတို့အား ကျယ်ပြန့်လှသည့် ဟွင်သွမ်းစကြဝဠာနှင့် ယှဉ်လိုက်လျှင် မည်မျှပင သေးနုပ်ကာ အရေးမပါကြောင်း သဘောပေါက်စေခဲ့၏။ အဆိုးဆုံးအပိုင်းက ရှေ့ဆက်ရမည့်လမ်းစဉ် ဖြတ်တောက်ခံရခြင်းဖြစ်ကာ သူတို့သည် စကြဝဠာ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်ဖို့ နည်းလမ်း မရှိတော့ပေ။

စံပြများက ကမ္ဘာကြီးသည် လှောင်ချိုင့်တစ်ခု ဖြစ်ကာ သူတို့က တခြားသူများထက် အခွင့်အရေး ပိုရနေသည့် အကျဉ်းသားများသာ ဖြစ်ကြောင်း သိရှိခဲ့ကြသည်။

ဝူဟုန်က သက်ပြင်းချလိုက်ပြီး “ကျွန်မတို့တွေက အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိပါတယ်”

ထို့နောက် သူမက ပျောက်ကွယ်သွားသည်။

…………………………………………………………….

ဝမ်ဝေ့က ဓားမဟာမိတ်ဆီမှ ထွက်ပြေးလုနီးပါး ဖြစ်နေ၏။ သူ့ဖခင်က မဟာမိတ်အစောပိုင်း ဖွဲ့စည်းမှုအခြေအနေတွင် သူ့အား ကူညီစေလိုသည်။ ကံဆိုးစွာဖြင့် သူက ဂိုဏ်းကိုပင် မနည်း စီမံခန့်ခွဲနေရသည်ဖြစ်ကာ တခြားသူများ၏ ပြဿနာကို ဝင်ရောက်ကူညီဖို့ ဆိုထားဖွယ် မရှိတော့ပေ။

သူက သူ့ချစ်ဇနီးလေးနှင့်တွေ့ဖို့ အိမ်ပြန်လာခဲ့လိုက်၏။ အကြောင်းအရင်းတချို့ကြောင့် သူမနှင့် နာရီပိုင်းမျှသာ မတွေ့ရသေးသော်လည်း အတော်အတန် လွမ်းဆွတ်နေမိသည်။ ဝမ်ဝေ့က ရမ္မက်ပြင်းပြင်း ယင်ယန်တိုက်ပွဲအတွင်း ရက်အနည်းငယ်ကြာ ကုန်ဆုံးခဲ့၏။

သူက သီးသန့်ကျင့်ကြံရေး ဝင်ရောက်လိုသော်လည်း လီကျွင်း၏ ပြန်ရောက်လာမှုကို အာရုံခံစားမိလိုက်ကာ သွားရောက်တွေ့ဆုံခဲ့သည်။

“အခြေအနေဘယ်လိုလဲ”

“လှည့်ကွက်တချို့နဲ့ အပြောင်းအလဲတချို့တော့ ရှိပေမဲ့ စစ်ပွဲအဆောင်က ကျွန်တော့်ပိုင်ဆိုင်မှုထဲ ရောက်လာပြီ” လီကျွင်းက ပြောလိုက်သည်။

“လှည့်ကွက်တချို့နဲ့ အပြောင်းအလဲတချို့တဲ့လား” ဝမ်ဝေ့က အဆောင်ကို ရယူဖို့ အင်မတန် လွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့မိသည်။

“အမွေအနှစ် စိတ်ဝိညာဉ်က စစ်ပွဲတာအိုက ကျွန်တော်ရဲ့ သတ်ဖြတ်ရေးတာအိုရဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ ခံစားရပြီးတော့ အဆောင်က ကျွန်တော့်အပေါ် အလကားဖြစ်မယ်လို့ ထင်နေတာလေ။ အဲဒါကြောင့် မပေးချင်ဘူး” လီကျွင်းက စိတ်ဝိညာဉ်ကို ဖျောင်းဖျကာ ထိုသူက စစ်ဆေးမှုအား ဆယ်ဆမက ပိုမိုခက်ခဲစေခဲ့သည်။

“ကောင်းပြီ။ မင်း အောင်မြင်တယ်ဆိုရင် ပြီးတာပါပဲ” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် သတ်ဖြတ်ရေးနှလုံးသားကို ပေးလိုက်သည်။ လီကျွင်းက ထိုအရာ၏ အသုံးဝင်ပုံကို သိထားသည့်အတွက် အကြည့်များ တောက်ပလာ၏။

စစ်ပွဲအဆောင်၊ သတ်ဖြတ်ရေးနှလုံးသားနဲ့ ငါ့ရဲ့ ရူးမိုက်တဲ့ အကြံနဲ့ ပွင့်ချပ် ၆လွှာအဆင့်ကို ရောက်ရှိနိုင်တယ်…

သူက သတ်ဖြတ်ရေးလက်နက်ကို သန့်စင်ပြီးသည်နှင့် သူ့အင်အားက ပိုမိုမြင့်မားလာလိမ့်မည်။

သူက နှလုံးသားကို ဖြည်းဖြည်းချင်း သိမ်းဆည်းလိုက်၏။

“ဒါနဲ့ တိထျန်းနဲ့ တွေ့ခဲ့သေးတယ်”

“ဘယ်လို”

“ဟုတ်တယ်။ သူကလည်း စစ်ပွဲအဆောင်ကို ရှာနေတာ တူတယ်”

“မင်း အဆင်ပြေရဲ့လား။ ဒါပေမဲ့ ကြည့်ရတာ အဆင်ပြေတဲ့ပုံပဲ”

“အဲဒါက ကိုယ်ပွားပဲ ထင်တယ်။ ဒါပေမဲ့ ကျွန်တော်ကို တိုက်ကွက်တစ်ခုတည်းနဲ့ ဒဏ်ရာရစေခဲ့တယ်လေ။ ကျွန်တော်က အခွင့်အရေးကို အသုံးချပြီးတော့ အသက်ကယ်အဆောင်ကို အသက်သွင်းပြီး ထွက်ပြေးလာတာ” လီကျွင်းက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။

“အဲဒါက ဉာဏ်ရှိတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက လီကျွင်းနှင့် ပြောဆိုပြီးသည့်နောက်တွင် နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။ ထို့နောက် သူ့အပြုအမူများက အသုံးမဝင်ကြောင်း သိထားသော်လည်း ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်ကို တိထျန်း၏ လှုပ်ရှားမှုများအား စစ်ဆေးကြည့်ဖို့ တာဝန်ပေးခဲ့သည်။

သူတို့အဆင့်မှ လူများအတွက် သူတို့လမ်းကြောင်းကို ဖုံးကွယ်ဖို့ရာ အလွန်လွယ်ကူလှသည်။ ထို့နောက် သူက သူ့ဇနီးနှင့်အတူ အချိန်ဖြုန်းဖို့ ကိုယ်ပွားကို ချန်ထားခဲ့ပြီး သူကမူ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။

***

All Chapters