← Chapters

: သီးသန့်ကျင့်ကြံခြင်း

Vol. 53 Ch. 735

: သီးသန့်ကျင့်ကြံခြင်း

Vol. 53 Ch. 735

ဝမ်ဝေ့၏ သီးသန့်ကျင့်ကြံမှုက ကံကြမ္မာသာလွန်တောင်ထိပ်တွင် မဟုတ်သလို ဂိုဏ်းချုပ်၏ ထျန်းဝေတောင်ထိပ်တွင်လည်း မဟုတ်ပေ။ သူက တာအိုသစ်ပင်လျှို့ဝှက်နယ်မြေဟု ခေါ်ဆိုသည့် ကမ္ဘာငယ်အတွင်း ဝင်ရောက်ခဲ့၏။

သူ အထဲဝင်ရောက်သွားသည်နှင့် တာအိုအလင်းရောင်၊ စည်းချက်နှင့် တာအိုအသံများ ထွက်ပေါ်နေသည့် သစ်ပင်များစွာရှိသည့် တောအုပ်ကြီးကို မြင်လိုက်ရသည်။ ထိုကမ္ဘာငယ်၏ အရွယ်အစားက အကောင်းဆုံး မဟာကမ္ဘာနှင့်ပင် ယှဉ်နိုင်ပြီး သစ်ပင်များသာ ရှိနေလေသည်။

ဝမ်ဝေ့က ထိုတောအုပ်ကို ကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

ဂိုဏ်း၏ ဧကရာဇ်တစ်ပိုင်း၊ အထွတ်အထိပ်၊ သူတော်စင်နှင့် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူတို့က သူတို့၏ သက်တမ်းကုန်ဆုံးသွားသည့်အချိန် သို့မဟုတ် အမည်မသိ အကြောင်းအရင်းတချို့ကြောင့် သေဆုံးရတော့မည့်ဆဲဆဲတွင် သူတို့တွင် ရွေးချယ်စရာနှစ်ခု ရှိလေသည်။

ပထမတစ်ခုက သူတို့ကိုယ်သူတို့ သွေးကျောက်တုံးတွင် စည်းပိတ်ကာ ကပ်ဘေးအတွင်း ဂိုဏ်းကို နောက်ဆုံးအကြိမ်အဖြစ် အထောက်အကူပြုပေးဖို့ ဖြစ်သည်။ ဒုတိယအနေဖြင့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ သူတို့၏ စည်းမျဉ်းပလ္လင်နှင့် တာအိုသစ်ပင်တို့ကို ထုတ်ပြီး ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ် ဤလျှို့ဝှက်နယ်မြေအတွင်း ထားရှိစေခြင်း ဖြစ်သည်။

ထို့ကြောင့် မျိုးဆက်တစ်ခုပြီးတစ်ခု ကြာပြီးသည့်နောက်တွင် ဤလျှို့ဝှက်နယ်မြေက ဤအဆင့်အနေအထားအထိ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့သည်။ ထိုအရာက တာအိုအခွင့်အလမ်းဂိုဏ်း၏ အခြေခံအုတ်မြစ်ကို သဏ္ဌာန်ပြမှုတစ်ခုလည်း ဖြစ်ပေသည်။

ဤသို့သော လျှို့ဝှက်နယ်မြေများက ရှေးကျသည့် ဂိုဏ်းများနှင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်လိုမျိုး ဂိုဏ်းသစ်များကြား ကွာခြားမှု ဖြစ်၏။ သူတို့တွင် မဟာဧကရာဇ်အရေအတွက် ဒုတိယနေရာတွင်ရှိသော်လည်း သူတို့၏ တည်ရှိမှုက ထိုသို့သော လျှို့ဝှက်နယ်မြေ ရှိရလောက်အောင်အထိ မနီးကပ်သေးပေ။

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အခင်းတစ်ခုထုတ်ကာ လေထဲတွင် ထိုင်လိုက်သည်။ သူက တင်ပျဉ်ခွေထိုင်နေရင်း သူ့အနားတွင် အချိန်အစီအရင်တစ်ခု ပေါ်ထွက်လာသည်။ သူက အနာဂတ်ဗုဒ္ဓကိုယ် ၃၆၅ ခုနှင့် စိတ်ဝိညာဉ်အမှုန် ထရီလီယံကို ထုတ်ဖော်ကာ မျက်လုံးမှိတ်ပြီး ကျင့်ကြံလိုက်သည်။

ထို့နောက် လျှို့ဝှက်နယ်မြေရှိ သစ်ပင်များက ရုတ်ချည်းဆိုသလို ရှေ့နောက်ဝှေ့ယမ်းလာကာ တာအိုစည်းချက်များ အသက်ဝင်လာသည်။ ဝမ်ဝေ့က သူ့စိတ်သည် အင်မတန် ကြည်လင်သွားပြီး မိုးမြေရှိ စည်းမျဉ်းများက နားလည်ဖို့ ပိုမိုလွယ်ကူလာသည်ကို တွေ့လိုက်ရ၏။

စည်းမျဉ်းနားလည်ခြင်း သစ်ပင်များ၏ ပိုင်ရှင်များက သူ့အား သင်ယူစေဖို့ ခွင့်ပြုပေးထားသည်။

သို့သော်လည်း ဝမ်ဝေ့က ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ ခဏအကြာတွင် သူ့ရှေ့မှောက် စာအုပ်တစ်ခု ပေါ်ထွက်လာပြီး သူက လေ့လာအောင် ဖတ်ရှုလိုက်သည်။ သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်က ကမ္ဘာ၏ ဧကရာဇ်မျိုးနွယ်အများစုထံ ကျူးကျော်ထားပြီးပြီဖြစ်ကာ သူတို့၏ ဧကရာဇ်ကျမ်းများကို ရယူနိုင်လာသည်။

ထိုကျမ်းများတွင် မူလကျမ်း၏ တာအိုစည်းချက် မပါဝင်သော်လည်း သူ့ကြောက်မက်ဖွယ် နားလည်နိုင်စွမ်းဖြင့် နားလည်အောင် လုပ်ဆောင်နိုင်သည်။ သို့သော် သူက အကုန်လုံးကိုတော့ မကျင့်ကြံပေ။

နောက်ဆုံးတွင် ဝမ်ဝေ့က အသင်္ချေတာအို၏ ကံကြမ္မာကို နားလည်ဖို့ ခရီးလမ်းကို စတင်လိုက်သည်။ သူက သူ့ကံကြမ္မာတာအိုကို အသုံးပြုကာ တခြားသော တာအိုများကို ထိန်းချုပ်ဖို့ အတွေးကို ရှိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထိုအရာက ပိုမိုအဆင့်မြင့်မားသည့် ဟွင်သွမ်းတာအိုနှင့် သက်ရောက်မှုမျိုး အတူတူ ရှိလာစေလိမ့်မည်။

ဝမ်ဝေ့က သူ့တာအိုခရီးလမ်းကို ဆက်လက်လုပ်ဆောင်နေစဉ် အချိန်က အရေးမပါတော့ပေ။ သူ့ ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ တာအိုသစ်သီးက ရင့်မှည့်လာခဲ့သည်။ နောက် သူ့ဓမ္မခန္ဓာကိုယ်ကလည်း ဖြစ်တည်လာခဲ့၏။

ဝမ်ဝေ့က ထိုအရာသည် မည်မျှမြင့်မားကြောင်း မသိသော်လည်း ဧရာမကြီးမှန်းတော့ သိလိုက်သည်။ ရှေးခေတ်အချိန်ကတည်းက ယခုအထိ လူတချို့ကသာ အရွယ်အစားနှင့် ပတ်သက်ပြီး သူ့ကို ယှဉ်နိုင်လိမ့်မည်။

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိပ်သီးအထွတ်အထိပ် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း သူက ချက်ချင်း အဆင့်မတက်သေးပေ။ ထိုအစား သူက သူ့တာအိုသစ်သီးကို ပိုမိုလေ့ကျင့်ပေးဖို့အတွက် တာအိုစမ်းသပ်ချက် ဆင့်ခေါ်ဖို့ လျှို့ဝှက်နည်းစနစ်တချို့ကို အသုံးပြုခဲ့သည်။ သူက ထိပ်သီးသို့ ရောက်ရှိသွားသည်ဟု ခံစားမိသည်နှင့် နောက်အဆင့်ကို စတင်လိုက်၏။ သူ့ တစ်ခုတည်းသော မချိတင့်ကဲဖြစ်မှုက သူ့တာအိုသစ်ပင်သည် ငွေရောင် ဖြစ်နေဆဲသာဖြစ်သည်။ ထိုအရာကို ရှောင်လွှဲလို့မရနိုင်မှန်းလည်း သိထားလေ၏။

ကုရွှမ်၏ စစ်ဆေးမှုအတွင်း ဧကရာဇ်တာအိုကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်အကြောင်း သင်ယူခဲ့ကာ သူ့အထွတ်အထိပ်အဆင့်ကို မည်သို့ထူးခြားအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အတွေးတစ်ခု ရရှိခဲ့သည်။ ယခု သူက သူ့အစီအစဉ်ကို အောင်မြင်ဖို့ အဆင့်ကို ရောက်ရှိသွားလေပြီ ဖြစ်၏။

ထိုကျင့်ကြံရေးနည်းစနစ်၏ ၈ဆင့်မြောက်တွင် ကျင့်ကြံသူများက သူတို့သည် နောက်အဆင့်တွင် မပေါင်းစပ်ခင် သူတို့၏ စည်းမျဉ်းသစ်သီးမှ လူဝင်စားကို ဖွဲ့စည်းကြသည်။ စည်းမျဉ်းသစ်သီးက မူလနည်းစနစ်၏ တာအိုသစ်သီးနှင့် တူညီသောကြောင့် သူက သူတို့၏ နည်းလမ်းကို ပုံပွားကူးလိုမိ၏။

ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က စိတ်ဝိညာဉ်အမှုန်တချို့အဖြစ် ကွဲထွက်သွားပြီး တာအိုသစ်ပင်ရှိ ကွဲပြားသော တာအိုသစ်သီး အသီးသီးဖြင့် ပေါင်းစပ်သွားသည်။ ဧကရာဇ်တာအိုကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် သူသည် ကမ္ဘာဦးစိတ်ဝိညာဉ်ကို သူ ကိုယ်တိုင်လူဝင်စားအဖြစ် သန့်စင်နိုင်လိုက်သည်။

ဒန်း…

တာအိုသစ်ပင်မှ ထူးဆန်းသည့် လှိုင်းလုံးတစ်ခုက ဝမ်ဝေ့၏ အသိစိတ်ပင်လယ်ကို ဖြတ်ကာ ထွက်ပေါ်လာသည်။ ထိုလှိုင်းလုံးကြောင့် သူသည် ကမ္ဘာဦးစိတ်ဝိညာဉ်သည် အနည်းငယ် သန့်စင်ခံလိုက်ရကြောင်း ခံစားမိလိုက်၏။ အကယ်၍ သူ့ဝိညာဉ်၏ မူမမှန်အနေအထားကြောင့်သာ မဟုတ်လျှင် ထိုသန့်စင်သည့် ဖြစ်စဉ်က သူ့စွမ်းအားနှင့် အင်အားကို သိသိသာသာ တိုးမြင့်သွားစေလိမ့်မည်။

ကိုယ်တိုင်လူဝင်စားနည်းစနစ်ကို မူလနည်းစနစ်အသစ်မှာလည်း ထည့်ပေါင်းသင့်တယ်…

ဝမ်ဝေ့က တွေးလိုက်မိပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲများကို အာရုံစိုက်လိုက်သည်။

ကိုယ်တိုင်လူဝင်စားခြင်း၏ ရည်ရွယ်ချက်က ကျင့်ကြံသူများအား မိုးမြေရှိ စည်းမျဉ်းများကို ထိန်းချုပ်ရာတွင် သိမ်မွေ့သည့်အဆင့်သို့ ရောက်ရှိစေရန်ဖြစ်၏။ သူ့နည်းလမ်းက သူ့အတွက်ပင် အတူတူအလုပ်ဖြစ်ခဲ့သည်။

ဝမ်ဝေ့က တခြားသော လူဝင်စားများဆီမှ စွမ်းအားကို ရုတ်တရက် စုစည်းလိုက်ပြီး သူ့ခန္ဓာကိုယ်ရှိ အပြောင်းအလဲများကို ခံစားလိုက်သည်။

ငါက ဧကရာဇ်ထိန်းချုပ်ရေးအဆင့်တစ်ပိုင်းကို ရောက်ရှိသွားပြီပဲ…

သူက အစပိုင်းတွင် အစွမ်းထိန်းချုပ်ရေးပညာရပ်ကို အဆင့်(၅)ဆင့် ခွဲခဲ့သည်။ အပြည့်အဝထိန်းချုပ်ရေးအဆင့်၊ ပညာရှင်ထိန်းချုပ်ရေးအဆင့်၊ ကျွမ်းကျင်ပညာရှင် ထိန်းချုပ်ရေးအဆင့်၊ အထွတ်အထိပ် ထိန်းချုပ်ရေးအဆင့်နှင့် ကောင်းကင်တာအို ထိန်းချုပ်ရေးအဆင့်ဟူ၍ဖြစ်သည်။ သို့သော်လည်း သူ ကျင့်ကြံလိုက်သည့်အခါ အထွတ်အထိပ် ထိန်းချုပ်ရေးအဆင့်သည် ကျယ်ပြောလွန်းသည့်အတွက် ကျွမ်းကျင်ပညာရှင် ထိန်းချုပ်ရေးအဆင့်အပြီးတွင် နောက်ထပ် အဆင့်များကို ထပ်မံခွဲခြားခဲ့ရသည်။

သေမျိုးအထွတ်အထိပ်၊ မသေမျိုးထိန်းချုပ်ရေးအဆင့်၊ တာအိုထိန်းချုပ်ရေးအဆင့်နှင့် ဧကရာဇ်ထိန်းချုပ်ရေးအဆင့်နှင့် ကောင်းကင်တာအို ထိန်းချုပ်ရေးအဆင့်ဟူ၍ ဖြစ်သည်။ ယခင်က သူသည် တာအိုထိန်းချုပ်ရေးအဆင့်ကို ရောက်ရှိခဲ့သော်လည်း ယခုတွင် သူက ဧကရာဇ် ထိန်းချုပ်ရေးအဆင့်ကို ဝင်ရောက်သွားပြီ ဖြစ်၏။

ငါ အဲဒီအဆင့်ကို မရောက်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ငါ့စွမ်းအားနဲ့ ကျင့်ကြံဆင့်လိုအပ်နေလို့ပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒါပေမဲ့ ငါက ဒဿမအဆုံးစွန်အုတ်မြစ်ကို ရရှိပြီး မဟာဧကရာဇ်စွမ်းအားကို ရရှိတာနဲ့ ဧကရာဇ်ထိန်းချုပ်ရေးအဆင့်ကို ပြီးမြောက်နိုင်လိမ့်မယ်…

ရှင်းလင်းရေးအတွင်း သူက ကောင်းကင်တာအိုထိန်းချုပ်ရေးဆီ ခိုးကြည့်နိုင်ခဲ့ပြီး နောင်အနာဂတ်၏ အုတ်မြစ်ကို ချမှတ်နိုင်ခဲ့သည်။ သို့သော် ယခုတွင် သူက တာအိုကို သက်သေပြသည်နှင့် ဧကရာဇ်ထိန်းချုပ်ရေးအဆင့်ကို ရောက်ဖို့ အချိန်ကြာကြာလိုအပ်မည် မဟုတ်ပေ။ သူက ကောင်းကင်တာအို ထိန်းချုပ်ရေးအဆင့် ရရှိဖို့ရာသာ အာရုံစိုက်ထားနိုင်၏။

ဝမ်ဝေ့က တွေးတောရင်း အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။

“ဒါက လူမှုအသိုက်အဝန်း အသီးသီးရဲ့ ပေါင်းစပ်ထားမှုရလဒ်ပဲ။ ကျင့်ကြံသူတွေက ကျင့်ကြံရေးနည်းစနစ် အသီးသီးရဲ့ အရေးသာချက်တွေကို ယူသင့်တယ်”

သူက လူတချို့ကသာ ကွဲပြားသည့် ကျင့်ကြံရေးနည်းစနစ်နှစ်ခုကို ပိုမိုကောင်းမွန်သည့်အရာဖြင့် ပေါင်းစပ်နိုင်လောက်အောင် ပါရမီရှိကြောင်း နားလည်လေသည်။ သို့သော်လည်း ကျင့်ကြံသူများက သူတို့၏ စိတ်ကို ဖွင့်လှစ်ကာ တခြားနည်းစနစ်များကို သင်ယူခြင်းဖြင့် အကျိုးအမြတ်မြောက်များစွာ ရှိလာနိုင်သည်။ သူတို့က အလဲအလှယ်လုပ်ကာ ပိုမိုဆက်သွယ်သင့်၏။

အသင်္ချေအင်ပါယာကမ္ဘာက သူတို့ကိုယ်သူတို့ တံခါးပိတ်ကျင့်သုံးခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ ဒီအပြုအမူက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးသွားစေတယ်…

ဝမ်ဝေ့က ထိုကိစ္စများကို စဉ်းစားပြီးသည့်နောက်တွင် သူ့သီးသန့်ကျင့်ကြံရေးအပေါ်သာ အာရုံစိုက်ထားလိုက်သည်။ သူက တုယီနယ်ပယ်ကို စစ်ဆေးကြည့်လိုက်၏။ သူ ထင်ထားသည့်အတိုင်း အထွတ်အထိပ်နယ်ပယ်အဆင့်ကို ထူးကဲအောင်လုပ်ပြီးသည့်နောက်တွင် ဆင့်ကဲ တိုးတက်လာခဲ့သည်။ သူ့ဓမ္မခန္ဓာကိုယ်က ၁.၂၆၉ ထရီလီယံမီတာ ရှိလာပြီးသည့်နောက်တွင် ပြောင်းလဲလာခဲ့သော်လည်း သူက မတူကြောင်း ခံစားမိနေသည်။

ပိုမိုအားကောင်းတဲ့ တုယီနယ်ပယ်က အားကောင်းတဲ့ တာအိုဆန္ဒနဲ့ ညီမျှတယ်…

ဒါက ငါ့အတွက် သတင်းကောင်းပဲ…

ထို့နောက် ဝမ်ဝေ့က ဧကရာဇ်တစ်ပိုင်းအဆင့် တက်လှမ်းဖို့ အာရုံစိုက်ထားလိုက်သည်။ ကျင့်ကြံသူများက ထိုအဆင့်တွင် သူတို့၏ ခန္ဓာကိုယ်နှင့် ဓမ္မခန္ဓာကိုယ်ကို ပေါင်းစပ်ကြပြီး အတုအယောင် တာအိုခန္ဓာကိုယ် သို့မဟုတ် အတုအယောင် ဧကရာဇ်ခန္ဓာကိုယ်ကို ရယူကြသည်။

ဓမ္မခန္ဓာကိုယ်၏ အရွယ်အစားက ဧကရာဇ်တစ်ပိုင်း၏ တကယ့်ခန္ဓာကိုယ် ဖြစ်ပေသည်။ သို့သော်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်အခြေအနေကြောင့် သူတို့ခန္ဓာကိုယ်၏ ၉၉ ရာခိုင်နှုန်းလောက်က ကျုံ့သွားကာ သာမန်လူသားအရွယ် ဖြစ်လာကြပြီး သူတို့၏ တကယ့်ခန္ဓာကိုယ်အစစ်အမှန်ကို တိုက်ပွဲပြင်းပြင်းထန်ထန် တိုက်ခိုက်မှသာ အသုံးပြုလေ့ရှိသည်။

ဒါပေမဲ့ ငါက ကွဲပြားတယ်…

ဝမ်ဝေ့က ပြောင်းပြန်နည်းလမ်းကို ရွေးချယ်ထား၏။ သူက မပေါင်းစပ်ခင် သူ့ဓမ္မခန္ဓာကိုယ်ကို သူ့ခန္ဓာကိုယ်နှင့် အရွယ်အစားတူ ကျုံ့စေလိုက်သည်။

ဒီနည်းစနစ်ရဲ့ ရလဒ်က ပိုမိုအားကောင်းတဲ့တာအိုခန္ဓာကိုယ်ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ငါ ထင်ထားတာထက်တော့ ပိုပြီးတော့ ရှုပ်ထွေးလိမ့်မယ်…

ဓမ္မခန္ဓာကိုယ်က ကျင့်ကြံသူတစ်ယောက်၏ တာအိုသည် ရုပ်ပိုင်းဆိုင်ရာ သဏ္ဌာန်ပြောင်းမှုတစ်ခု ဖြစ်ပြီး အစစ်အမှန်ဖြစ်သလို အတုအယောင်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ဖွဲ့စည်းဖို့ရာအတွက် သင့်တော်သည့် စည်းမျဉ်းလှုံ့ဆော်မှုတို့ လိုအပ်၏။ ထိုအရာက သူ ကျွမ်းကျင်သည့်အရာဖြစ်ပေသည်။ သို့သော်လည်း သူ ထင်ထားသည်ထက် အချိန်ပိုမိုလိုအပ်ခဲ့၏။

“ငါ စောင့်နေရင်းနဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရမယ်”

ဝမ်ဝေ့က သူ့ဓမ္မခန္ဓာကိုယ်သည် သူလိုချင်သည့် အရွယ်အစားသို့ရောက်အောင် စောင့်ဆိုင်းနေရင်း သူ့ခန္ဓာကိုယ်ထဲရှိ တွင်းနက်ကြီးများကို ဖွဲ့စည်းဖို့ အာရုံစိုက်ထားလိုက်သည်။ ယခင်က သူသည် တွင်းနက်ကြီးတစ်သောင်းသာ ရှိခဲ့သည်။ သို့သော် ယခုတွင် သူကရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ပြီးမြောက်ဖို့ရာသာ အာရုံစိုက်ထားလေ၏။

သူက တွင်းနက်ကြီးများကို ဖွဲ့စည်းနေရင်း ဝမ်ဝေ့က ခွန်အားအစစ်အမှန်တာအိုနယ်ပယ်တွင် သူ့အဆင့်က သိသိသာသာတိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။ ထို့နောက် သူက တွင်းနက်ကြီးနှစ်သိန်းခွဲဖွဲ့စည်းနိုင်သည့်အခါ လေးလွှာမြောက်ဖြစ်သည့် မွေးဖွားစ မကောင်းဆိုးဝါး နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဝမ်ဝေ့က လျှို့ဝှက်နယ်မြေအတွင်း ရပ်နေကာ လက်သီးဆုပ်ပြီး လေထဲထိုးချလိုက်သည်။

“ဒါက မကောင်းဆိုးဝါးနတ်ဘုရားတစ်ပါးရဲ့ ခွန်အားလား။ အဲဒါဆို ငါက ငါ့ခန္ဓာကိုယ်တစ်ခုထဲနဲ့ အဆင့်(၁)တာအိုဘိုးဘေးနဲ့တောင် တိုက်ခိုက်နိုင်ပြီ”

မကောင်းဆိုးဝါး နတ်ဘုရားတစ်ပါး၏ ခွန်အားက ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ ၁ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားနှင့် ညီမျှလေသည်။

“မကောင်းဆိုးဝါး နတ်ဘုရားတစ်ရာရဲ့ ခွန်အားနဲ့ဆိုရင် ငါက ကောင်းကင်အလိုဆန္ဒကို လက်သီးတစ်ချက်ထဲနဲ့ ဖျက်ဆီးပစ်နိုင်လိမ့်မယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ဒီစွမ်းအားအဆင့်က ထာဝရဧကရာဇ်ထက်တောင် ကျော်လွန်နေပြီ။ ဒါက မွေးဖွားလာခါစ မကောင်းဆိုးဝါး နတ်ဘုရားတစ်ယောက်ရဲ့ ခွန်အားလား”

ဝမ်ဝေ့က မိုးမြေသည် မည်မျှမမျှတကြောင်း သဘောပေါက်သွားသည့်အခါ ခေါင်းအသာယမ်းလိုက်မိသည်။ ခွန်အားအစစ်အမှန် တာအိုအဆင့်အရ မွေးခါစ မကောင်းဆိုးဝါး နတ်ဘုရားများသည် တာအိုအဆင့်ဖြင့် မွေးဖွားလာကြသည်။ သူတို့က ကြီးထွားကာ ဖွံ့ဖြိုးလာရင်း မဟာတာအိုအရင်းအမြစ် ၂၀ ရာခိုင်နှုန်းကျော်စွမ်းအားကို ရောက်ရှိလာကြသည်။

ထို့နောက် သူက သူ့ဘာသာသူသာ အာရုံစိုက်ထားလိုက်၏။

“လေးဆင့်မြောက်ကို ရောက်ဖို့ တွင်းနက်ကြီး နှစ်သိန်းခွဲ လိုအပ်ခဲ့တယ်။ ငါ သန်းချီ ဖွဲ့စည်းပြီးတဲ့အချိန်မှာဆိုရင်တော့ လေးလွှာမြောက်ထဲမှာ သိပ်ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး” သူက ခွန်အားအစစ်အမှန် တာအိုလမ်းစဉ် လျှောက်လှမ်းရသည်က မည်မျှခက်ခဲကြောင်း သဘောပေါက်သွားရင်း ရေရွတ်လိုက်သည်။

***

All Chapters