← Chapters

နဝမအဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်စေခြင်း

Vol. 53 Ch. 737

နဝမအဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်စေခြင်း

Vol. 53 Ch. 737

ဝမ်ဝေ့က အလွှာအကူးအပြောင်း အစီအရင်ရှိသည့် လျှို့ဝှက်နယ်မြေအတွင်း မတ်တပ်ရပ်နေ၏။ သူက တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းနေရင်း အစီအရင်က လင်းလက်လာသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူနှင့် တစ်ပုံစံတည်းတူသည့် လူတစ်ယောက် ထွက်ပေါ်လာ၏။ တစ်ခုတည်းသော ကွဲပြားချက်က သူ့အနက်ရောင်ဆံပင်နှင့် မျက်ဝန်းသာ ဖြစ်ပေသည်။

“မင်းက ပထမဆုံးကိုး” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့လိုဖြစ်ပုံပဲ” လွတ်လပ်ခွင့် လူဝင်စားက ပြောလိုက်သည်။

“အချိန်ဖြုန်းမနေဘဲနဲ့ ပေါင်းစည်းလိုက်ရအောင်”

“မဟုတ်သေးဘူး။ ငါတို့တွေ ကံကြမ္မာ လူဝင်စားရောက်လာတဲ့အထိ စောင့်ဆိုင်းရမယ်”

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် နောက်ထပ် ဝမ်ဝေ့တစ်ယောက်က အစီအရင်မှ ထွက်ပေါ်လာသည်။ ထိုသူက ကံကြမ္မာလူဝင်စား ဖြစ်၏။ ကျင့်ကြံဆင့် မရှိဘဲ သေမျိုးတစ်ယောက်ဖြစ်နေသော်လည်း သူက သူ့စွမ်းအားကြီး ဝိညာဉ်စွမ်းအားနှင့် မိုးမြေကြားရှိ စည်းမျဉ်းများအပေါ် နက်နက်နဲနဲနားလည်မှုများဖြင့် ထာဝရအရှင်ကိုပင် အလွယ်တကူ သတ်ပစ်နိုင်သည်။

“အားလုံးအဆင်သင့်ဖြစ်ပြီလား” သူက မေးလိုက်၏။

“အင်း”

“အဲဒါဆို စလိုက်ရအောင်”

သုံးယောက်သားက တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ သူ့ခေါင်းအထက် နန်းဆောင်ကိုးခု ထွက်ပေါ်လာပြီး ဝမ်ဝေ့နှင့် လွတ်လပ်ခွင့်လူဝင်စားတို့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည့် ခဲဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ကံကြမ္မာ လူဝင်စားက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကံကြမ္မာကူကောင်က ထိုနန်းဆောင်ရှိ ရေကန်တစ်ခုဆီ ပျံသန်းသွားလေသည်။ နောက်ဆုံးတွင် ဝမ်ဝေ့က ပေါင်းစည်းမှုကို စတင်လိုက်၏။ သူ ပထမဆုံးတွေ့ကြုံခံစားခဲ့ရသည်က လူဝင်စားများ၏ မှတ်ဉာဏ်သာ ဖြစ်သည်။

သူက လွတ်လပ်ခွင့် လူဝင်စားသည် ခန္ဓာကိုယ်သန့်စင်ရေးအဆင့်မှ ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်သည်အထိ မည်သို့ကျင့်ကြံခဲ့ကြောင်း ကြည့်နေရသည်။ ဝမ်ဝေ့က ထိုအခွင့်အရေးကို အသုံးချကာ မူလနည်းစနစ်၏ အဆင့်အတိုင်းကို ပြန်လည်တွေ့ကြုံခံစားလိုက်သည်။ ထိုအရာက တာအိုအပေါ် နက်နက်နဲနဲနားလည်စေပြီး သူ့အတွက် အကျိုးအမြတ်မြောက်များစွာ ရရှိစေသည်။

သူက ကျန့်ချောင်း၏ ခန္ဓာကိုယ်ဖြင့် လွတ်လပ်ခွင့်လူဝင်စားကို ဖန်တီးခဲ့သောကြောင့် ထိုသူက တခြားလူဝင်စားများကဲ့သို့ သေမျိုးဘဝမှ အစပြုစရာမလိုပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့၏ တာအိုနှလုံးသားက ထိုလူဝင်စား၏ တာဝန်များမှတဆင့် သန့်စင်မှုကို ခံလိုက်ရသည်။

ထိုပေါင်းစည်းမှု၏ နောက်ထပ်အကျိုးအမြတ်တစ်ခုက သူ့ခန္ဓာကိုယ်ကို တိုးမြှင့်ပေးခြင်း ဖြစ်၏။ ဝမ်ဝေ့က လူဝင်စားအမျိုးမျိုး ပေါင်းစပ်ထားသည့် ကွဲပြားသော ဟွင်သွမ်းပစ္စည်းများသည် ပေါင်းစပ်ရေးတွင် ပြဿနာဖြစ်လာမည်ကို စိုးရိမ်နေခဲ့မိသည်။

သို့သော် သူ မှားယွင်းသွားခဲ့၏။ ပစ္စည်းများက စွမ်းအားအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်ကို မြင့်မားသည့် အဆင့်သို့ ရောက်ရှိသွားစေသည်။ ထို့ကြောင့် သူတို့က ရှေးဟောင်းခန္ဓာကိုယ်သန့်စင်ကျမ်းကို ကျင့်ကြံနေရင်း ပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် နောက်ဆုံးသော ပေါင်းစည်းမှုက အသားနှင့်အသား ပေါင်းစည်းမှုသာ ဖြစ်နေသည်။

လူဝင်စားများ၏ တွင်းနက်ကြီးများကလည်း ဝမ်ဝေ့၏ ပင်မခန္ဓာကိုယ်ရှိ တွင်းနက်ကြီးများအတွက် အာဟာရ ဖြစ်လာခဲ့သည်။

ဒါကတည်ရှိမှု စွမ်းအားလား…

လူဝင်စားတွေက ကိုယ်ပွားဆိုပေမဲ့ သူတို့က ငါ့ရဲ့ ကိုယ်ခွဲတွေပဲလေ…

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲများကို သုံးသပ်ရင်း တွေးလိုက်မိသည်။

သူက တာအိုသစ်ပင်သည် ငွေရောင်အပိုင်းတွင် ရွှေရောင်တချို့ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ဤသည်က ကံကြမ္မာနန်းဆောင် ၉ခုကို ပေါင်းစည်းရေးအတွက် ဓာတ်ကူးအဖြစ် အသုံးပြုထားသည့် အကျိုးကျေးဇူးသာ ဖြစ်၏။

“ကံကြမ္မာမဲ့ စွမ်းရည်တွေက အခု လူဝင်စားနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ ပြီးပြည့်စုံသွားသလို ခံစားလိုက်ရတယ်။” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

ထို့နောက် သူက ဆက်လက် လုပ်ဆောင်လိုက်၏။

သူက ယင်လူဝင်စားဆီမှ ပျော်ရွှင်ချမ်းမြေ့သည့် ဘဝကို တွေ့ကြုံခံစားခဲ့ရသည်။ ဤသည်မှာ အမျိုးသမီးဘဝ ဖြစ်၏။ ယန်လူဝင်စားဆီမှ ဝမ်ဝေ့က ဆိုးရွားကာ ဝမ်းနည်းမှု၊ သတ်ဖြတ်မှုနှင့် အမှောင်ထု ပြည့်နှက်နေသည့် ဘဝကို တွေ့ကြုံခံစားခဲ့သည်။

သူ့စိတ်ဝိညာဉ် အရိပ်အမြွက်များအပေါ် အခြေခံ၍ ထိုလူဝင်စားနှစ်ယောက်က သေမျိုးတဖန်ကို ဖြတ်ကျော်ခဲ့ကြပြီး တည်ငြိမ်ကာ အလားအလာကောင်းသည့် တာအိုနှလုံးသားကို ရယူခဲ့ကြသည်။ သူတို့၏ သေမျိုးတဖန်က နေမင်းနှင့် လမင်း ဘဝအထိ ပြောင်းလဲသွားသည့်အတွက် ထူးဆန်းလှသည်။

သူ ပေါင်းစည်းပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ယင်ယန်စွမ်းအား ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်၊ ဝိညာဉ်၊ မူလအဆီအနှစ်၊ စည်းမျဉ်း၊ တုယီနယ်ပယ်၊ တိုက်ပွဲအတွေ့အကြုံနှင့် တာအိုနှလုံးသားက တဖန် သိမ်မွေ့သွားပြန်သည်။

သူက သူ့သွေးကြောအတွင်း စီးဆင်းနေသည့် စွမ်းအားကို ခံစားမိလိုက်ကြသည့်အတွက် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ တစ်ခုတည်းသော သူ မပျော်ရွှင်သည့်အရာက တုယီနယ်ပယ်အဆင့်သာ ဖြစ်၏။ ကမ္ဘာမြေမှ မှတ်ဉာဏ်များဖြင့် ထိုလူဝင်စားများက ထိုကျင့်ကြံရေးနည်းစနစ်၏ အကန့်အသတ်ကို တွန်းဖယ်ဖို့ ကြိုးစားခဲ့ကြသည်။

ကံဆိုးစွာဖြင့် သူတို့က ပင်မခန္ဓာကိုယ်မှ ကိုယ်ခွဲများသာ ဖြစ်နေ၍ မအောင်မြင်ခဲ့ကြပေ။ သူတို့က တုယီနယ်ပယ်ကို အသုံးပြုနိုင်ကြသော်လည်း ပင်မခန္ဓာကိုယ်တွင် ရှိသည့်အရာသာ ဖြစ်၏။ အဆိုးရွားဆုံးအပိုင်းက သူတို့က မှတ်ဉာဏ်ပြန်ရလာသည်နှင့် သူတို့၏ ကျရှုံးမှု အကြောင်းအရင်းကို သိသွားကြသည်။

နောက်လူဝင်စားကမူ ကံကောင်းမှု ဖြစ်၏။ ထိုအရာနှင့် ပေါင်းစပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ အမူအရာက ပြောင်းလဲသွားပြီး အဆိုးမြင်ခံစားချက်၊ ဝမ်းနည်းမှု၊ စိတ်ပျက်မှု၊ အပြစ်ရှိစိတ်၊ နာကျင်မှု၊ ဆုံးရှုံးမှုနှင့် ဒေါသတရားတို့ ထွက်ပေါ်လာသည်။ သူက အကျင့်စရိုက်အမျိုးမျိုးကို တွေ့ကြုံခံစားခဲ့ရသည့် စိတ်ကစဉ့်ကလျား လူနာတစ်ယောက်လို ခံစားနေရသည်။

ထို့နောက် သူ့မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေ၏။

သူက သက်ပြင်းချက်ကာ ပြောလိုက်သည်။

“နောက်ဆုံးတော့ သူ့နာကျင်မှုကို ငါ နားလည်သွားခဲ့ပြီ”

သူက ဝူဟုန် သေဆုံးသွားသည်ကို ကြည့်နေရင်း ကံကောင်းမှု လူဝင်စား၏ စိတ်ခံစားချက်များကို တွေ့ကြုံခံစားခဲ့ရသည်။ သူက ထိုသူ၏ ကူကယ်ရာမဲ့မှုနှင့် စိတ်ဓာတ်ကျမှုတို့ကိုပင် ခံစားခဲ့ရပြီး သူ့ကိုယ်ပိုင်အားနည်းချက်နှင့် စွမ်းဆောင်ရည် မလုံလောက်မှုတို့ကို အပြစ်တင်နေခဲ့သည်။

ငါ ဒီလိုအရာမျိုး ဖြစ်ခွင့်မပေးနိုင်ဘူး…

သူက သူမထံ တစ်စုံတစ်ခု ဖြစ်ပျက်သည်ကို မကြည့်ခင် သေဆုံးလိုက်မည်။ သူက သူမကို ကမ္ဘာတွင် တစ်ယောက်တည်း ချန်ထားခဲ့သည့်အတွက် သူ့အပြုအမူသည် တစ်ကိုယ်ကောင်းဆန် ပြောပြခဲ့သော်လည်း သူက ဂရုမစိုက်ပေ။ ဤသို့သော အခြေအနေမျိုးဖြစ်လာပါက တစ်ကိုယ်ကောင်းဆန်ရလိမ့်မည် ဖြစ်သည်။

သူက အသက်ပြင်းပြင်းရှူကာ သူ့စိတ်ခံစားချက်များကို ထိန်းညှိလိုက်၏။

နောက်ပေါင်းစည်းမှုက ကံလူဝင်စား ဖြစ်၏။ ဝမ်ဝေ့က ထိုသူသည် ကံအနှောင်အဖွဲ့များမှ လွတ်မြောက်ဖို့ ကြိုးစားနေသည်ကို မြင်တွေ့ခဲ့ရသည်။

အကြိမ်များစွာ ကျရှုံးပြီးသည့်နောက်တွင် ကံလူဝင်စားက ကံမြစ်ကြောင်းကို ဖန်ဆင်းပြီး သက်ရှိအားလုံး၏ ကံဖြင့် ပေါင်းစပ်ခဲ့ပြီး ကံအရင်းအမြစ် ဖြစ်လာခဲ့၏။ ဤနည်းလမ်းဖြင့် သူသည် ကံကြွေး သို့မဟုတ် အနှောင်အဖွဲ့များဖြင့် ချုပ်နှောင်ထားခြင်း မခံရတော့ပေ။

“ဒီအတွေ့အကြုံက နောက်ပိုင်းကျရင် ငါ့အတွက် အရမ်းကို အသုံးဝင်မယ်လို့ ခံစားနေရတယ်” သူက အပြောင်းအလဲများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။

ထိုလူဝင်စားက သူ ဖန်တီးထားသည့် ကံမြစ်ကြောင်းနှင့် ပေါင်းစပ်ခဲ့သောကြောင့် ဝမ်ဝေ့၏ အနှောင်အဖွဲ့ကင်း ကံကြမ္မာရုပ်ခန္ဓာသည်လည်း သိမ်မွေ့သွားရသည်။ ယခု သူက မဟာဧကရာဇ်တစ်ယောက်၏ ကံခုခံမှုကိုပင် ရှိနေပြီဖြစ်ကာ သူသည် ကံအပြစ်ကြွေး သက်ရောက်မှုမခံရဘဲ ကောင်းကင်အလိုဆန္ဒကမ္ဘာရာချီကိုပင် သတ်ဖြတ်ပစ်နိုင်ပြီ ဖြစ်၏။

ကောင်းတယ်…

မဟာတာအိုအရင်းအမြစ်၏ ဆေးကြောမှုကို ခံယူပြီးသည့်နောက်တွင် ထိုရုပ်ခန္ဓာက ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။

ဝမ်ဝေ့က နောက်လူဝင်စားဖြစ်သည့် သေခြင်းရှင်ခြင်း သို့မဟုတ် သံသရာနှင့် မပေါင်းစပ်ခင် တွေးလိုက်မိသည်။

“အရိပ်အယောင်တွေ အကုန်လုံးကို ရှင်းထုတ်ခဲ့တယ်မလား” ဝမ်ဝေ့က မေးလိုက်သည်။

“အင်း။ လူအိုကြီးငရဲက မိုးမြေကို ပြောင်းပြန်လှန်ပစ်ရင်တောင် ဘာမှတွေ့မှာ မဟုတ်ဘူး” သံသရာလူဝင်စားက ပြောလိုက်၏။

“ကောင်းပြီ” ဝမ်ဝေ့က ဆက်လက် ပေါင်းစည်းလိုက်သည်။ ကိစ္စများက ချောမွေ့နေပြီး ကဏ္ဍအသီးသီး၌ သိသိသာသာတိုးတက်လာသည်။ သူက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူ့မြင်ကွင်းက တိမ်တိုက်လို ဆေးရည်စက်များရှိသည့် အနီရောင်အခန်းတစ်ခုကို မြင်လိုက်ရသည်။

သူက ထိုဆေးစက်များသည် အသင်္ချေအင်ပါယာကမ္ဘာရှိ ယခုမှ မျိုးဆက် ၆ ခုနီးပါး လူဝင်စားများဖြစ်ကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း ဝမ်ဝေ့က နောက်ထပ် ဝိညာဉ်တစ်ခုကို ကြည့်မိသည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။

အဘိုးက တခြားကမ္ဘာ့အသိုက်အဝန်းမှာ ပြန်လည်ဝင်စားသွားတာလား…

သူက ထိုအမျိုးသားအပေါ် နာကျည်းချက်တချို့ ရှိနေသေးသော်လည်း သူ့အဘွားအတွက်မူ မည်မျှအဓိပ္ပာယ်ရှိကြောင်း သိလေသည်။ ထို့ကြောင့် သူက သူ့လူဝင်စားအချိန်ကို သူ့အဘွားနှင့် တူညီအောင် ပြောင်းလဲပေးခဲ့သည်။ နောက်ဆုံးတွင် သူတို့၏ ဝိညာဉ်ကို ချစ်ခြင်းမေတ္တာကံကြမ္မာဖြင့် ဆက်နွယ်ပေးပြီး ကံကောင်းမှု ကောင်းချီးပေးခဲ့သည်။

နောက်ခရီးလမ်းမှာလည်း ကောင်းချီး အားလုံးရပြီးတော့ ချစ်မြတ်နိုးနိုင်ပါစေ…

သူက မျက်လုံးမှိတ်လိုက်ပြီးသည့်နောက်တွင် ဆက်လက် ကျင့်ကြံလိုက်သည်။ နောက်လူဝင်စားက ကြမ္မာ ဖြစ်၏။

ထိုလူဝင်စား၏ သေမျိုးတဖန်က စိတ်ဝင်စားဖို့ ကောင်းလှသည်။ သူက ကမ္ဘာရှိလူအားလုံး၏ ကြမ္မာကို ထိန်းချုပ်သည့် အာဏာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက သူ့တည်ရှိမှု၏ အကြောင်းအရာကို ထုတ်ဖော်ခဲ့ပြီး သူတို့၏ ကံကြမ္မာကို ဆန့်ကျင်ဖို့ ကြိုးစားနေသည့်သူများအား အနိုင်ယူဖို့ ကြိုးစားခဲ့သည်။ လူများစွာက ကြိုးစားခဲ့သော်လည်း မည်သူကမှ မအောင်မြင်ခဲ့ပေ။

ထိုပေါင်းစည်းမှု၏ အကျိုးကျေးဇူး အရှိဆုံးအချက်က သူ့တာအိုနှလုံးသား လေ့ကျင့်ပေးခြင်း ဖြစ်သည်။ သူက ရလဒ်နှင့် ပတ်သက်ပြီး အတော်အတန် ကျေနပ်နေမိ၏။ ထို့အပြင် သူက ထိုသူ၏ ကြမ္မာစာအုပ်ကိုတောင် သူ့တာအိုသက်သေပြပစ္စည်းဖြင့် ပေါင်းစပ်ခဲ့ပြီး အကြွင်းမဲ့ဧကရာဇ်အသုံးအဆောင် သားလောင်းအဖြစ် အသွင်ပြောင်းစေခဲ့သည်။

နောက်ဆုံးသော လူဝင်စားက အစီအစဉ်ကျမှု၊ မကျမှု ဖြစ်၏။ ထိုပေါင်းစည်းအတွင်း ဝမ်ဝေ့က ထိုသူ၏ တာဝန်တစ်လျှောက် ကောင်းကင်တာအိုဖြစ်ရသည်မှာ မည်သို့ခံစားရကြောင်း တွေ့ကြုံခံစားခဲ့ရသည်။

အစီအစဉ်ကျမှုက ကမ္ဘာအနိမ့်တွင် ကောင်းကင်တာအိုကို အစားထိုးခဲ့စဉ်အခါက ထိုသူ၏ စိတ်သည် အေးစက်ကာ မထူးမခြားနားဖြစ်ပြီး တိတ်ဆိတ်သည်ကို ခံစားမိလိုက်သည်။ သူက ထိုအပြောင်းအလဲကို ခုခံဖို့ ကြိုးစားသော်လည်း တစ်ကမ္ဘာလုံး၏ စည်းမျဉ်းကို ထိန်းချုပ်ထားသည့် စိတ်သဘောထားမျိုး ရှိဖို့ရာ မည်သည်ကိုမှ စိတ်မဝင်စားသည့် စိတ်အနေအထားမျိုး ရှိရမည်ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။

သူက အလယ်အလတ်နှင့် မဟာကမ္ဘာ၏ ကောင်းကင်တာအိုဖြစ်လာသည့်အခါ စက္ကန့်ပိုင်းအလိုက် သူ လုပ်ဆောင်ဖို့ လိုအပ်သည့် သတင်းအချက်အလက် ပမာဏက အမြောက်အများဖြစ်သည့်အတွက် အချိန်အတော်ကြာ မပြောင်းမလဲအနေအထားတွင် ရှိဖို့ လိုအပ်သည်။

ထိုလူဝင်စားမှတဆင့် ဝမ်ဝေ့သည် ကောင်းကင်တာအို အလုပ်လုပ်ပုံကို ချောင်းကြည့်နိုင်ခဲ့ပြီး သူ့အစွမ်းထိန်းချုပ်ရေး ပညာရပ်ရှိ ကောင်းကင်တာအို ထိန်းချုပ်ရေးအဆင့်အပေါ် နားလည်နိုင်စွမ်းကို မြှင့်တင်နိုင်ခဲ့သည်။

နောက်ဆုံးတွင် သူက သူ့စိတ်စွမ်းအားကို ထိန်းချုပ်ဖို့ နည်းလမ်းများစွာ သင်ယူခဲ့၏။

“နောက်ဆုံးအဆင့်” ဝမ်ဝေ့က သူ့ကံကြမ္မာနန်းဆောင် ၉ခုက သူ့ပင်မခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူက အသွင်ပြောင်းမှုကို ဖြတ်ကျော်ခဲ့ရသည့်အတွက် သူ့အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးမြင့်လာသည်။

“အခု ပြီးပြည့်စုံသွားသလိုပဲ” ဝမ်ဝေ့က သူ ပိုင်ဆိုင်ထားသည့်အဆင့်က တာအိုဘိုးဘေးစွမ်းအားကို ခံစားမိ၍ ရေရွတ်လိုက်သည်။

“နဝမအဆုံးစွန်အုတ်မြစ်က တကယ်ကို အံ့ဖွယ်ပဲ။ ဂိုဏ်းအတွက်ဘာမှ ချန်ထားလို့မရတာ နှမြောစရာကောင်းလိုက်တာ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ နဝမအဆုံးစွန်အုတ်မြစ်က မိုးမြေရှိလျှို့ဝှက်ချက်ကြီးထဲမှ တစ်ခုဖြစ်သည့်အတွက် တည်ရှိမှု မှတ်တမ်းများကို ချန်ထားခဲ့ခြင်းအား တားဆီးထားလေသည်။

ထို့အပြင် ထိုအရာကိုသိထားသည့်လူများပင် သူတို့၏မှတ်ဉာဏ်များက ဝေဝါးလာပြီဖြစ်ကာ နဝမအဆုံးစွန်အုတ်မြစ်၏ တည်ရှိမှုအကြောင်း သံသယဖြစ်လာလိမ့်မည်။

တစ်ခုတည်းသော ခြွင်းချက်က ဧကရာဇ် ဖြစ်၏။ သို့သော် သူတို့က နဝမအဆုံးစွန်အုတ်မြစ်၏ မှတ်တမ်းများကို ချန်မထားနိုင်ကြပေ။

နမူနာအားဖြင့် ဝမ်ဝေ့ ထွက်သွားပြီးသည့်နောက်တွင် နဝမအဆုံးစွန်အုတ်မြစ်နှင့် ပတ်သက်ပြီး သူ့ဘိုးဘေးများ၏ မှတ်ဉာဏ်က မရှင်းမလင်းဖြစ်ကာ အများစုကမူ တိုက်ရိုက် မေ့လျော့သွားကြလိမ့်မည်။ သို့သော်လည်း သူ၊ တိထျန်း၊ အမျက်ဒေါသနှင့် ချူးလော့တို့က ဒိုင်မေးရှင်းအနိမ့်တွင် ရှိနေသရွေ့ နဝမအဆုံးစွန်အုတ်မြစ်၏ အကြောင်းအရာက သက်ရောက်ခံရမည် မဟုတ်ပေ။

အကယ်၍ ကျင်းမုန်ယောင်က နဝမအဆုံးစွန်အုတ်မြစ်အကြောင်း လက်ရှိဗဟုသုတများကို အသုံးပြုဖို့ အခွင့်အရေးကို မယူခဲ့လျှင် ဝမ်ဝေ့ ထွက်သွားပြီးသည့်နောက်တွင် သူ့စိတ်ထဲမှ ပျောက်ကွယ်သွားလိမ့်မည်။

ဝမ်ဝေ့က သူ့ကံကြမ္မာလူဝင်စားကို ကြည့်လိုက်ကာ

“အဆင်သင့်ဖြစ်ပြီလား”

“ဒါပေါ့”

“အဲဒါဆို သွားကြစို့” သူက သိပ္ပံနှင့် နည်းပညာကမ္ဘာ ပါဝင်နေသည့် သတ္တုလုံးကို ထုတ်ကာ ဝင်ရောက်လိုက်ကြသည်။

***

All Chapters