← Chapters

သေမျိုးဧကရာဇ် *

Vol. 53 Ch. 739

သေမျိုးဧကရာဇ် *

Vol. 53 Ch. 739

တိထျန်းက ဆက်လက် ကျင့်ကြံနေပြီး တာအိုနားလည်မှုကို နက်ရှိုင်းအောင် လုပ်နေသည်။ သူ့ရှေ့တွင် တာအိုစည်းချက် အမြောက်အများ ထွက်ပေါ်နေသည့် ရွှေရောင်သစ်ပင်ငယ် တစ်ပင် ရှိနေလေသည်။ အကယ်၍ ထိုသစ်ပင်ကို တစ်ယောက်ယောက်သာ မြင်တွေ့သွားပါက ထိုအရာသည် ထာဝရအထွတ်အထိပ်များပင် သေသည်အထိ လုယက်တိုက်ခိုက်ကြလိမ့်မည့် ဒဏ္ဍာရီလာ ဗောဓိသစ်ပင် ရတနာဖြစ်နေ၍ အံ့အားသင့်သွားလိမ့်မည်။

ဗောဓိသစ်ပင်က ကျင့်ကြံသူများအတွက် စည်းမျဉ်း နားလည်ဖို့ရာ မြှင့်တင်ပေးပြီး လွယ်ကူစေသည်။ သေချာသည့် အရွယ်အစားတစ်ခုသို့ ကြီးထွားလာသည်နှင့် မဟာဧကရာဇ်အဆင့်နှင့်အထက်ပင် အကူအညီ ဖြစ်လာနိုင်သည်။ ဒိုင်မေးရှင်းအမြင့်တွင်ပင် ဗောဓိသစ်ပင်က အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်၏။

ထိုအရာက ပင်ကိုရတနာ သို့မဟုတ် ဟွင်သွမ်းရတနာ မဟုတ်သော်လည်း ဗောဓိသစ်ပင်က ထိုရတနာအများစုထက် အဆရာချီ အဖိုးထိုက်တန်ပေသည်။ နှမြောစရာကောင်းလှသည်က ဗုဒ္ဓနှင့် သက်ဆိုင်သည့် ဝိညာဉ်ရတနာများသည် ဒိုင်မေးရှင်းအနိမ့် ဗုဒ္ဓဘာသာ ပျက်သုဉ်းသွားပြီးသည့်နောက် အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားကြောင့် ပျက်သုဉ်းသွားခဲ့ရသည်။

တိထျန်းက ယုံကြည်မှုခေတ်ကာလအတွင်း ဘုန်းကြီးအနေဖြင့် မှတ်ဉာဏ်များ ပြန်လည်နိုးထလာပြီးနောက်မှသာ ဗောဓိသစ်ပင်ကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။ နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် ရေတွက်မရနိုင်သည့် ရတနာများနှင့် များပြားလှသည့် အားစိုက်ထုတ်မှုတို့ဖြင့် သူသည် လက်ရှိ ၅၀စင်တီမီတာခန့် ရောက်အောင် ပြုစုပျိုးထောင်နိုင်ခဲ့သည်။

ဗောဓိသစ်ပင်နှင့် သူ့ဧကရာဇ်ဝိညာဉ်၏ အကူအညီဖြင့် တိထျန်းသည် သူ့ကျင့်ကြံရေးခရီးစဉ် တစ်လျှောက်လုံးမှာ ယခုလောက် အဆင်ပြေမချောမွေ့ဖူးကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက အထွတ်အထိပ် နယ်ပယ်ထိပ်သီးသို့ အလျင်အမြန် ရောက်ရှိသွား၏။

ခိုင်မာသည့်အုတ်မြစ်ကို ရောက်ရှိစေဖို့ သူက သူ့တာအိုသစ်သီးကို အကောင်းဆုံး အခြေအနေတွင် ရှိစေရန် တာအိုစမ်းသပ်ချက်ကိုပင် ဖြတ်ကျော်ခဲ့သည်။ ထို့နောက် သူ့နောက်တွင် ဓမ္မခန္ဓာကိုယ် ၉ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီက ၁.၂၆၉ ထရီလီယံကီလိုမီတာ ရှိနေလေသည်။

တိထျန်းက ပေါင်းစည်းရေးကို စတင်လိုက်၏။ သူ့ခန္ဓာကိုယ် အရွယ်အစားက ကြီးမားလာသည်။ သူက ဓမ္မခန္ဓာကိုယ် အရွယ်အစားရောက်ဖို့ သိပ်မကြာလိုက်ပေ။ ထို့ကြောင့် သူက စက္ကန့်ပိုင်းဖြင့် ပေါင်းစည်းလိုက်၏။ သူ့အပြုအမူက သူ့ခန္ဓာကိုယ်ကို ၁.၂၆၉ ထရီလီယံ ကီလိုမီတာ ကန့်သတ်ချက်ကို ချိုးဖောက်သွားစေသည်။

တိထျန်းက (၉)ခုလုံးနှင့် ပေါင်းစပ်မပြီးမချင်း ဖြစ်စဉ်ကို ထပ်ခါထပ်ခါ ပြုလုပ်နေခဲ့သည်။

“အဲဒါဆိုတော့ ငါက ဒီအဆင့်ကို ထပ်ရောက်လာပြန်ပြီပဲ” တိထျန်းက သူ့တာအိုခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရင်း ပြောလိုက်သည်။ သူ့အင်အားက အဆင့်(၅)တာအိုဘိုးဘေး အင်အားသို့ ရောက်ရုံမျှသာ ဖြစ်၏။

“နောက်ဆုံးအဆင့်” သူက ကျင့်ကြံရေး မလုပ်ဆောင်ခင် ရေရွတ်လိုက်သည်။ သူက ဤမျိုးဆက်၏ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိရန် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ဆုံမှတ်အတွင်းရှိ ပုံရိပ်ယောင်ကမ္ဘာများကို ဖွဲ့စည်းခဲ့သည်။ သူ ပြီးမြောက်သွားသည်နှင့် သူ့အသိစိတ်ပင်လယ်အတွင်း သင်္ကေတများပြည့်နှက်နေသည့် လျှို့ဝှက်ဆန်းကြယ် မျိုးစေ့တစ်ခု ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ခွန်အားကို သိသိသာသာ တိုးမြှင့်ပေးလိုက်၏။

ဝုန်း

သူက လေထုထဲ လက်သီးထိုးခွင်းလိုက်သည့်အခါ လျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါသွားသည်။ ကံကောင်းစွာဖြင့် သူက ပတ်ဝန်းကျင်ကို အားဖြည့်ဖို့ သူ့စွမ်းအားကို အသုံးပြုခဲ့သည်။ မဟုတ်ပါက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်၏။

“မကောင်းဆိုးဝါးနတ်ဘုရား (၁၃)ပါး ခွန်အားပဲ ရှိတာလား” သူက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ သိပ်မကြာခင် သူက ခွန်အားအစစ်အမှန်တာအိုသည် ကျင့်ကြံဖို့ လွယ်ကူသည့် နည်းလမ်း မဟုတ်ကြောင်း နားလည်သွားသည့်အတွက် စိတ်အေးလက်အေး ဖြစ်သွားသည်။

တိထျန်းက အရေးကြီးဆုံးအဆင့် ဖြစ်သည့် နဝမအဆုံးစွန်အုတ်မြစ် ကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သီးသန့်ကျင့်ကြံရေးမှ ထွက်မလာပေ။ သူက အနေအထားကို ပြန်လည်ထိန်းညှိလိုက်ပြီး မျက်လုံးပြန်မှိတ်လိုက်သည်။ သူက အသိစိတ်ပင်လယ်အတွင်း မျောလွင့်နေသည့် ခရမ်းရောင်သတ္တုလုံးတစ်ခုကို မြင်လိုက်ရပြီး မိနစ်ပိုင်းကြာ စိုက်ကြည့်နေမိသည်။

ကန့်သတ်ချက် ချိုးဖောက်ရေး ကိရိယာကို စုပ်ယူခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သလို သူ့တွင် ရွေးချယ်မှု မရှိမှန်း သိထားသော်လည်း သူ့တစ်စိတ်တစ်ပိုင်းကမူ ထိုအရာကို အသုံးပြု၍ သူ့ဇနီးကို ပြန်လည်အသက်သွင်းလို၏။ ထို့ကြောင့် သူက စတင်အသုံးမပြုခင် အသက်ပြင်းပြင်းရှူလိုက်သည်။

နဝမအဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်ပြီးသည့်နောက်တွင် တိထျန်းက သူ မရောက်နိုင်သည့် စွမ်းအား မျက်နှာကျက်တစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ သူက ထိုမျက်နှာကျက်၏ အမြင့်ကို အနည်းငယ်မျှ တွန်းလိုက်နိုင်သော်လည်း မကျော်လွှားနိုင်ပေ။

သို့သော်လည်း သူက ကန့်သတ်ချက် ချိုးဖောက်ရေး ကိရိယာကို အသုံးပြုလိုက်သည်နှင့် မျက်နှာကျက်ပေါ်မှ အက်ကြောင်းများကို ခံစားမိလိုက်သည်။

ဘန်း

တိထျန်းက သူ့အပေါ် ထားရှိသည့် မိုးမြေကန့်သတ်ချက်သည် အတင်းအကြပ် ချိုးဖောက်ခံလိုက်ရကြောင်း ခံစားမိလိုက်၏။ ထို့နောက် သူ့အင်အားသည် သိသာထင်ရှားသည့် အမြန်နှုန်းဖြင့် တိုးပွားလာသည်ကို ခံစားမိလိုက်သည်။ အထူးသဖြင့် တာအိုအပေါ် သူ့နားလည်နိုင်စွမ်း ဖြစ်၏။ သူ့ရွှေရောင်တာအို သစ်ပင်တစ်ဝက်က ခရမ်းရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။ အံ့ဖွယ်ပင်လယ် ၉ခု ပေါင်းစပ်ထားသည့် သူ့အံ့ဖွယ်ပင်လယ်က အမြောက်အများ ကျယ်ပြန့်လာ၏။ သူ့ဝိညာဉ်က အားဖြည့်ခံလိုက်ရကာ ထင်မှတ်မထားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားပြီး သူ့စွမ်းအားကပင် သူ တွေးထားသည်ထက် ကျော်လွန်၍ သန့်စင်ခံလိုက်ရသည်။

တိထျန်းက ဘဝတွင် ဤသို့စွမ်းအားမျိုးကို တစ်ခါမှ မခံစားခဲ့ဖူးပေ။ သူက အထွတ်အထိပ်သက်ရှိအဖြစ် ပြောင်းလဲသွားသလိုမျိုး ဖြစ်သည်။ ထိုအသွင်ပြောင်းမှုအတွက် တစ်ခုတည်းသော စိတ်ပျက်စရာက သူ့ခန္ဓာကိုယ်သာ ဖြစ်၏။ သူက မကောင်းဆိုးဝါးနတ်ဘုရား ၁၅ပါးခွန်အားကိုသာ ရောက်ရှိခဲ့သည်။

“ဒါက မဟာဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားလား” တိထျန်းက စိတ်ဝင်စားစရာကောင်းစွာ ရေရွတ်လိုက်သည်။ သူက အထွတ်အထိပ်ဖြစ်ကာ ပြိုင်ဘက်ကင်းသလို ခံစားမိနေသည်။ သူ့စိတ်ထဲ မိုးမြေကြားရှိ ဘာမဆိုရယူနိုင်ကြောင်း တွေးနေမိသည်။

တိထျန်းက ရုတ်ချည်းဆိုသလို အန္တရာယ်ကို ခံစားမိလိုက်ပြီး သူ့စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သူ့အားကောင်းလှသည့် တာအိုနှလုံးသားနှင့် သူ့စိတ်အခြေအနေက တည်ငြိမ်သွားပြီး ရုတ်တရက် ခွန်အားတိုးပွားလာမှုကို သူ့စိတ်အပေါ် သက်ရောက်မှု မရှိစေခဲ့ပေ။

“ဒါက နဝမအဆုံးစွန်အုတ်မြစ် ရရှိဖို့ အားကောင်းတဲ့ တာအိုနှလုံးသားလိုနေတဲ့ အကြောင်းအရင်းများလား”

သူက သူ့လက်ရှိအင်အားကို ထိန်းချုပ်နိုင်မည့် အားကောင်းသော တာအိုနှလုံးသား မရှိပါက တစ်စုံတစ်ခု ဆိုးဆိုးရွားရွား ဖြစ်ပျက်သွားနိုင်ကြောင်း သိလေသည်။ ထိုအင်အားကို ဆုံးရှံးသွားနိုင်သလို အဆိုးဆုံးအနေဖြင့် သေဆုံးသွားနိုင်၏။

ဟမ်…

သူက ခေါင်းမော့ကာ ရေရွတ်လိုက်၏။ သူ့အမြင်က လျှို့ဝှက်နယ်မြေကို ထိုးဖောက်သွားပြီး တိမျိုးနွယ်၏ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ ကောင်းကင်ယံထက် အမြင်ရုပ်လွှာများစွာ ထွက်ပေါ်နေပြီး အသင်္ချေအင်ပါယာကမ္ဘာကို လွှမ်းခြုံထားလေသည်။

တိထျန်းက မျက်မှောင်ကြုတ်လိုက်၏။

“ငါ အဆင့်တက်သွားမှုကို အာရုံခံမိသွားတာလား”

သူက ကောင်းကင်တာအိုနှင့် ဆက်ဆံရေးကောင်း မရှိပေ။ ထို့ကြောင့် သူက ဟွင်သွမ်းရတနာကို အသုံးပြု၍ ထိုအရာ၏ အမြင်အောက်မှ ဖုံးကွယ်ထားခဲ့သည်။ သို့သော် ယခုတွင် သူအဆင့်တက်မှုကို ရှာဖွေတွေ့ရှိသွားဟန်ပေါ်၏။

ဒါက အစစ်အမှန်ကောင်းကင်တာအိုရဲ့ လက်ချက်ပဲနေမယ်…

တိထျန်းက ထိုအမြင်ရုပ်လွှာနှင့် ပတ်သက်ပြီး မပျော်ရွှင်စွာ တွေးလိုက်မိသည်။ ဤကြီးကျယ်လှသည့် မြင်ကွင်းမျိုးဖြင့် လူတချို့က ဤသို့ ဂုဏ်ပြုရသည့် အကြောင်းအရင်းကို မှန်းဆမိလောက်သည်။

ကောင်းကင်မှ ခရမ်းရောင်ကုသိုလ် အမြောက်အများက လျှို့ဝှက်နယ်မြေရှိ တိထျန်းဆီ ကျရောက်လာပြီး သူ့စိတ်ထဲ သတင်းအချက်အလက်များ ဝင်ရောက်လာသည်။

သူက နဝမအဆုံးစွန်အုတ်မြစ် ကန့်သတ်ချက်ကို ချိုးဖောက်ခြင်းက သူ ထင်ထားသလို ရိုးရှင်းသည့် ကိစ္စမဟုတ်ကြောင်း သဘောပေါက်သွား၍ မျက်မှောင်ကြုတ်လိုက်သည်။

“သေမျိုးဧကရာဇ်” သူက မျက်မှောင်ကြုတ်လိုက်၏။ ဒဿမအဆုံးစွန်အုတ်မြစ်ကို ရရှိခြင်းက ဟွင်သွမ်းစကြဝဠာတစ်ခုလုံးတွင် ပထမဆုံးဖြစ်သည့်အတွက် မဟာတာအိုက သူ့အား သေမျိုးဧကရာဇ်ဂုဏ်ပုဒ်ကို ချီးမြှင့်ခဲ့သည်။

ထိုဂုဏ်ပုဒ်ဖြင့် သူသည် တာဝန်ယူစရာများစွာ မရှိဘဲ ခေတ်ကာလသားတော်နှင့် ယှဉ်နိုင်လောက်သည့် ကံကောင်းမှုနှင့် ကြမ္မာကို ပိုင်ဆိုင်သွား၏။ သူက တည်ရှိမှုနားလည်စေဖို့ တခြားသူများနှင့် ယှဉ်လိုက်လျှင် အချိန်ပိုရလာပြီး ဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေးကို မြင့်မားလာစေသည်။

တတိယအနေဖြင့် သူ့သက်တမ်းက တစ်ယွမ်ခေတ်ကာလ ကန့်သတ်ချက်ကို ချိုးဖောက်သွားလေ၏။ သေမျိုးဧကရာဇ်အနေဖြင့် သူက ၉ယွမ်ခေတ်ကာလကို နေထိုင်နိုင်သည်။ ထို့အပြင် သူက ကံကြွေးဆေးကြောစရာ မလိုဘဲ မျိုးဆက်တိုင်းတွင် ကောင်းကင်အလိုဆန္ဒကို ပါဝင်ဆင်နွှဲနိုင်၏။

နောက်ဆုံးအနေနှင့် သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် အသက်ရှည်အရင်းအမြစ်ကို သုံးစွဲလိုက်သလိုမျိုး အသက်ပိုတစ်သက် ရရှိလာလိမ့်မည်။

“ဒီလောက်တောင် အကျိုးအမြတ်များတယ်လား”

တိထျန်းက ထိုအရာများဆီမှ အကျိုးအမြတ်မြောက်များစွာ ရရှိလိမ့်မည်မှန်း သိလိုက်သည်။ ကံကောင်းမှုနှင့် ကြမ္မာအမြောက်အများဖြင့် သူသည် ကောင်းကင်တာအို၏ လှည့်ကွက်များကို စိုးရိမ်စရာ မလိုတော့ပေ။ ထို့အပြင် သူ့အသက်ရှင်နိုင်ချေကလည်း သိသိသာသာ တိုးပွားလာ၏။ ခေတ်ကာလ၏ သားတော်နှင့် သမီးတော်တို့၏ ကံကြမ္မာဖြင့်ပင် သူ့ကို သတ်ဖို့လွယ်မည် မဟုတ်ပေ။

ဒုတိယစွမ်းရည်က ထာဝရဧကရာဇ် ဖြစ်လာနိုင်မည့် အခွင့်အရေးကို တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ သက်တမ်းအများစုက အမြဲလိုလို အဖိုးတန်လေ့ရှိရာ မျိုးဆက်တိုင်း၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ကံကြွေးသက်ရောက်မှု မခံရသည့်စွမ်းရည်ကို ထည့်မပြောရသေးပေ။

နောက်ဆုံးတွင် သူက ဧကရာဇ် ဖြစ်လာပြီးသည့်နောက်တွင် အပိုတစ်သက် ရရှိဦးမည် မဟုတ်ပါလော။

တိထျန်းက အသာပြုံးလိုက်ပြီးနောက် ပြန်လည်စိတ်ငြိမ်သွား၏။ ထို့နောက် သူ့စိတ်ထဲ နောက်ထပ် သတင်းအချက်အလက်တစ်ခု ထွက်ပေါ်လာသည်။ သေမျိုးဧကရာဇ်ဖြစ်လာပြီး ထိုအုတ်မြစ်အသစ်ကို ဖန်တီးခဲ့သည့် ပထမဆုံးသူအနေနှင့် နာမည်ပေးပိုင်ခွင့် ရှိသည်။

“နဝမအဆုံးစွန်အုတ်မြစ်ရှိတယ်ဆိုတော့ ဒဿမသာလွန်အုတ်မြစ်လို့ခေါ်မယ်”

ထိုစကားများကို ပြောလိုက်သည်နှင့် မဟာတာအို၏ မှတ်တမ်းက ပြောင်းလဲသွားကာ တာအိုအုတ်မြစ်အသစ်တစ်ခု ထပ်တိုးလာသည်။ စံပြများ၊ မကောင်းဆိုးဝါးနတ်ဘုရားများနှင့် အစွဲကင်းတစ်ပိုင်းအဆင့် သက်ရှိများကပင် စကြဝဠာ၏ အပြောင်းအလဲများကို ခံစားမိလိုက်ကြ၏။ သို့သော်လည်း လူတချို့ကသာ ထိုမှတ်တမ်းအသစ်ကို ရှာဖွေနိုင်ကြသည်။

လူများစွာက ထိုသို့အောင်မြင်မှုမျိုး ရရှိသူကို ရှာဖွေလိုကြသည်။ ကံဆိုးစွာဖြင့် မဟာတာအိုက တိထျန်း၏ တည်ရှိမှုကို တိုက်ရိုက်ကာကွယ်ပေးထားပြီး မည်သူ့ကိုမှ ရှာဖွေခွင့်မပေးခဲ့ပေ။

သို့သော်လည်း ကြောက်မက်ဖွယ် တည်ရှိမှုများက အပြောင်းအလဲ အရင်းအမြစ်မှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ ဖြစ်နေကြောင်း ရှတွေ့သွားကြသည်။

တိထျန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ သူက ခရမ်းရောင်ကုသိုလ်ကို ကြည့်လိုက်ပြီး ထပ်မံ ပြုံးလိုက်မိ၏။ ထို့နောက် သူက ထိုအရာကို သိမ်းဆည်းလိုက်သည်။ ဤသည်က ရှည်ကြာလှသည့်ခရီးလမ်းတွင် ပထမဆုံးခြေလှမ်း ဖြစ်မည်မှန်း သိထားသည်။

သူ့ကို အံ့အားသင့်သွားစေသည်က သူ့အသိစိတ်ပင်လယ်အတွင်း နောက်ထပ် သတင်းအချက်အလက်တစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း အရင်းအမြစ်ကမူ ဧကရာဇ်တိုင် ၉လုံး ဖြစ်၏။ ထိုသူက သူ့အတွက် ဒဿမသာလွန်အုတ်မြစ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေနှင့် ကောက်ချက်ချမှုများစွာကို ချန်ထားခဲ့သည်။

“ဒီလူက တကယ်ကို ကောင်းကင်ဘုံ သွေဖယ်နေတဲ့ ပါရမီရှင်ပဲ” တိထျန်းက အကြောင်းအရာများကို ပြန်လည်သုံးသပ်ပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။ သူက နှမြောတသဖြင့် ခေါင်းအသာယမ်းလိုက်သည်။ သူသာ ဒဿမသာလွန်အုတ်မြစ်ကို ရရှိဖို့ အစွဲအလန်းကြီးမနေခဲ့ပါက ထိုသူ၏ အောင်မြင်မှုကို နားလည်နိုင်မည်မဟုတ်ပေ။

သူ့အမွေအနှစ်က ငါ့အတွက် အရမ်းကို အကျိုးရှိလာလိမ့်မယ်။ ဒါပေမဲ့ ငါ့မှာ တခြားတစ်ခု လုပ်စရာရှိသေးတယ်…

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သင်္ကေတများစွာကို ဖန်တီးလိုက်သည်။ သူက မန္တန်တစ်ခု ချမှတ်နေဟန်ပေါ်၏။ သို့သော် သူ့စွမ်းအားဖြင့် ချက်ချင်းမဟုတ်သေးပေ။ ထို့အပြင် တိထျန်းက သတိကြီးကြီးထားထားသည်။

ငါ့ရဲ့ စွမ်းအားအသစ်နဲ့ဆိုရင် သူ သိမှာ မဟုတ်ဘူး။ ငါ စိုးရိမ်ရမဲ့လူတွေက အဲဒီလူအိုကြီးတွေပဲ…

တိထျန်းက ဆက်လက် မကျင့်ကြံခင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

……………………………………

သိပ္ပံနှင့် နည်းပညာကမ္ဘာ

ဝမ်ဝေ့နှင့် ကံကြမ္မာ လူဝင်စားတို့က အဖြူရောင်အခန်းအတွင်း တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေကြသည်။ ထိုသူက အချိန်တချို့ကြာမြင့်နိုင်ကြောင်း သိပြီးသည့်နောက်တွင် သူက သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲများနှင့် ယခင် ပေါင်းစည်းမှု အတွေ့အကြုံကို လေ့လာဖို့သာ ဆုံးဖြတ်လိုက်သည်။

***

All Chapters